Richard Saw

Richard Saw Football Free Tip⚽✅⛳ https://t.me/SYNtip1

🏆 Congratulations PSG! 🏆UEFA Champions League ချန်ပီယံ PSG 🇫🇷Back-to-Back Champions! 🔥UCL Final ပွဲစဉ်ဟာ တကယ်ကို အကြိတ်အ...
30/05/2026

🏆 Congratulations PSG! 🏆

UEFA Champions League ချန်ပီယံ PSG 🇫🇷

Back-to-Back Champions! 🔥

UCL Final ပွဲစဉ်ဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်းစလုံး အကောင်းဆုံးယှဉ်ပြိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ PSG က ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
👏

🏆✨

🔴 “Glory Glory Man United” 🎶မန်ချက်စတာယူနိုက်အသင်းရဲ့2026/2027 ရာသီသစ် အိမ်ကွင်းဂျာစီကိုတရားဝင် မိတ်ဆက်ထုတ်ပြန်လာခဲ့ပါပြ...
14/05/2026

🔴 “Glory Glory Man United” 🎶

မန်ချက်စတာယူနိုက်အသင်းရဲ့
2026/2027 ရာသီသစ် အိမ်ကွင်းဂျာစီကို
တရားဝင် မိတ်ဆက်ထုတ်ပြန်လာခဲ့ပါပြီ
အနီရောင် classic style ကို modern design နဲ့ပေါင်းစပ်ထားပြီး👹👹👹
ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းတဲ့ပုံစံကြောင့်
Fan တွေအများစု သဘောကျနေကြပါတယ် 🔥
ဒီဂျာစီနဲ့အတူ
မန်ယူတို့ အောင်မြင်မှုတွေ ပြန်ယူလာနိုင်မလားဆိုတာလည်း
စောင့်ကြည့်ရတော့မှာပါ 👀🏆

📌 မန်ယူဖန်တွေကတော့
ဒီဂျာစီကို 10 မှာ ဘယ်လောက်ထိ rating ပေးကြမလဲ? 🤔

🏆  UEFA Champions League စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့်  #ရီးရဲလ်ဘက်တစ်မနေ့ညက အယ်လ်ချီကို ၂-၁ နဲ့ အနိုင်ယူနိုင်...
13/05/2026

🏆 UEFA Champions League စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့်
#ရီးရဲလ်ဘက်တစ်

မနေ့ညက အယ်လ်ချီကို ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပြီးနောက် ရီးရဲဘက်တစ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို တရားဝင် ရရှိသွားခဲ့ပါတယ်။ 💚🤍

ဘက်တစ်တို့အတွက်တော့ ဒါဟာ 2005/06 ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် UCL ပြန်တက်လာခြင်းဖြစ်ပြီး ချန်ပီယံလိဂ်စင်မြင့်နဲ့ ၂၀ နှစ်နီးပါး ဝေးကွာနေခဲ့ရတာလည်း ဖြစ်ပါတယ်။ ✨

လာမယ့် 2026/27 UCL ပြိုင်ပွဲမှာ လာလီဂါက အသင်း (၅) သင်း ပါဝင်ခွင့်ရရှိထားပြီး —

🔹 ဘာစီလိုနာ
🔹 ရီးရဲမက်ဒရစ်
🔹 ဗီလာရီးရဲလ်
🔹 အက်သလက်တီကို မက်ဒရစ်
🔹 ရီးရဲဘက်တစ်

တို့က စပိန်ကိုယ်စားပြု ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ 🇪🇸🔥
💚Real Betis!


UCL FinalPSG-Arsenal
12/05/2026

UCL Final

PSG-Arsenal

EPL ပွဲစဥ်(36)စပါး1-1လိဒ်    #စပါးတို့တကယ်တန်းဆင်းတော့မှာလား  အိမ်ကွင်းမှာ အကောင်းဆုံးပုံစံတွေပြခဲ့ပေမယ့် သရေတမှတ်သာခွဲယ...
12/05/2026

EPL ပွဲစဥ်(36)
စပါး1-1လိဒ်

#စပါးတို့တကယ်တန်းဆင်းတော့မှာလား

အိမ်ကွင်းမှာ အကောင်းဆုံးပုံစံတွေပြခဲ့ပေမယ့် သရေတမှတ်သာခွဲယူခဲ့တဲ့ လန်ဒန်က ကြက်ဖ ကြီး

အာဆင်နယ်က ဝက်ဟမ်းကို အနိုင်ယူသွားလို့ လိဒ်တို့ အော်တိုတန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။
ဒီပွဲမှာ စပါးတို့အတွက် ဝက်ဟမ်းကို တန်းဆင်းဇုန် အမှတ်ဖြတ်ဖို့ အခွင့်အရေးကောင်းရှိခဲ့ပေမယ့် အိမ်ကွင်းမှာတောင် သရေကျအောင်သာ ကစားနိုင်ခဲ့တာ အံ့သြစရာပါပဲ။ 😮
စပါးတို့ ကံကြမ္မာ မျက်နှာသာမပေးတဲ့ သရေဖြစ်ခဲ့ည


အခုဆို စပါးရဲ့ လက်ကျန်နှစ်ပွဲက ဥရောပဝင်ခွင့် တိုက်ပွဲဝင်နေတဲ့
⚔️ ချဲလ်ဆီး
⚔️ အဲဗာတန်
ဆိုတဲ့ ခက်ခဲတဲ့ပွဲတွေ ဖြစ်နေပြီး တန်းဆင်းအန္တရာယ် ပိုကြီးလာပြီ။

တစ်ဖက်မှာတော့ ဝက်ဟမ်းက
⚔️ နယူးကာဆယ်
⚔️ လိဒ်
တို့နဲ့ တွေ့ရမှာဖြစ်လို့ တန်းဆက်ကြံဖို့ အခွင့်အရေး ပိုကောင်းသွားခဲ့ပါတယ်။ 👀

#စပါးကိုတန်းမဆင်းဖို့မျှော်လင့်မိတယ်
အသင်းကြီး စာရင်း ဝင်တွေကို ကောင်းကောင်းဒုက္ခပေးစွမ်းနိုင်တဲ့စပါး




#သင့်ယုံကြည်မှုကိုတန်ဖိုးထားထိန်းသိမ်းသွားမည်

EPL က ကမ္ဘာ့အကောင်းဆုံးလိဂ်ဆိုတာ   အခုရာသီမှာတော့ ပိုပြီး သက်သေပြလာနိုင်ခဲ့ပြီလား?? 👀🔥(2025/2026) ဥရောပပြိုင်ပွဲကြီး (၃)...
08/05/2026

EPL က ကမ္ဘာ့အကောင်းဆုံးလိဂ်ဆိုတာ အခုရာသီမှာတော့ ပိုပြီး သက်သေပြလာနိုင်ခဲ့ပြီလား?? 👀🔥

(2025/2026) ဥရောပပြိုင်ပွဲကြီး (၃) ခုလုံးရဲ့ ဖိုင်နယ်မှာ EPL ကလပ်တွေ တက်ရောက်လာနိုင်ခဲ့ပါတယ် 🏆

🏆 ချန်ပီယံလိဂ် — အာဆင်နယ်
🏆 ယူရိုပါလိဂ် — အက်စတွန်ဗီလာ
🏆 ကွန်းဖရန့်လိဂ် — ခရစ်စတယ်ပဲလေ့စ်

EPL အသင်းတွေ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေဟာ နိုင်ငံမတူတဲ့ လိဂ်တွေကနေ တက်လာခဲ့တာပါ။

🇫🇷 PSG — ချန်ပီယံလိဂ်
🇩🇪 ဖရိုင်းဘတ် — ယူရိုပါလိဂ်
🇪🇸 ဗလက်ကာနို — ကွန်းဖရန့်လိဂ်

အထူးသဖြင့် အိုလီဗာ ဂလက်စနာရဲ့ ခရစ်စတယ်ပဲလေ့စ်က EPL မှာ သင်္ချာနည်းအရ တန်းဆင်းနိုင်ခြေ ရှိနေသေးပေမယ့် ဥရောပ ကွန်းဖရန့်လိဂ်ဖိုင်နယ်အထိ တက်ရောက်လာနိုင်ခဲ့တာက EPL ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုကို ပြသနေပါတယ် 🔥

နောက်ဆုံးမှာတော့
ဥရောပဖလား (၃) လုံးစလုံးကို အင်္ဂလန်မြေဆီ သယ်ဆောင်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ 👀🏆




တောဘုရင်ကြီး မျက်စိလည်တော့လေမလားဟ
04/05/2026

တောဘုရင်ကြီး မျက်စိလည်တော့လေမလားဟ

Adresse

Mdy
Mandal
FOOTBALL

Varslinger

Vær den første som vet og la oss sende deg en e-post når Richard Saw legger inn nyheter og kampanjer. Din e-postadresse vil ikke bli brukt til noe annet formål, og du kan når som helst melde deg av.

Del