12/09/2026
🔕 အားကစားကို အားကစားနဲ့ပဲ နှိုင်းယှဥ် သင့်တယ်..❗
ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲသွားတာနဲ့အညီ....လူတွေရဲ့ အတွေးခေါ် အယူဆ တွေဟာလည်း ပြောင်းလဲသွားတယ်....အဲဒါ ကောင်းတဲ့အရာပါ ။
ဒါပေမယ့် ပြောင်းလဲသွားတဲ့ အပေါ်မှာတော့ ကောင်းခြင်း နဲ့ ဆိုးခြင်း ပြောင်းလဲမှု ဆိုပြီးလို့တော့ ရှိတယ်ဗျ။
ခေတ်ပြောင်းလဲသွားတယ် ဆိုတာ ဘာကိုပြောတာလဲ....❓
လူတွေရဲ့ အတွေးခေါ် အယူဆ နည်းပညာ တိုးတတ်မှု အသုံးအဆောင် အစရှိတဲ့ အမျိုးမျိုးသော ပြောင်းလဲသွားတာကို ဆိုလိုတာပါ ( လူတွေရဲ့ပြောင်းလဲမှု) အဲတာ ကို ခေတ် ပြောင်းလဲတယ် လို့ဆိုလိုတာပါ။
ထားပါ....အခုဘော်လုံးအားကစားအကြောင်းထဲ ဝင်ရအောင်.....
တစ်ချို့ ဘော်လုံးချစ်ပရိတ်သတ်က ဘော်လုံးနဲ့ပတ်သတ်ပြီး ကစားသမားပဲဖြစ်ဖြစ် နည်းဗျူဟာ နည်းပြတွေပဲဖြစ်ဖြစ် အမျိုးမျိုးနဲ့ နှိုင်းယှဥ်မှုတွေ,ဝေဖန်သုံးသပ်မှုတွေ ပြုလုပ်လာကြတယ်။
အရင်ခေတ်ကဆို သတင်းစာထဲ, TV တွေထဲမှာပဲ မြင်ရတွေ့ရတာပေါ့(နည်းလမ်းမှန် ဝေဖန် နှိုင်းယှဥ်မှု) % များတယ်။
ခုနောက်ပိုင်း ကစားသမားချင်း နှိုင်ယှဥ်မှု, ဘော်လုံးနည်းလမ်း, နည်းပညာ , ရသ စစ်နဲ့ ဘယ်သူက ဘယ်သူ့ထက် ဘော်လုံးနည်းစနစ်ပိုင်းရော စိတ်ဓာတ်ပိုင်းပါ ပိုသာလဲ... နှိုင်းယှဥ်လာကြတဲ့အခါ....
တစ်ချို့ဆိုရင် ဘော်လုံးအကြောင်း မပြောနဲ့ ကိုယ်ကဖြစ် အပြင်မှာ တစ်ခါမှ ဘော်လုံး မကစားဖူး မထိတွေ့ဖူးပဲ ပတ်ဝန်းကျင် ရဲ့ အနေထားနဲ့ လက်ခံထားးတဲ့ ကစားသမားအတိုင်း လိုက်ပြီး နှိုင်းယှဥ် ပြောဆိုနေကြတဲ့ ပိုစ် တော်တော်များများ ရှိလာပြီ။
ဘော်လုံးအကြောင်း အချက်ကျကျ မပြောနိုင်ရင်တောင် မဆီမဆိုင် ဘော်လုံး အပြင်ဘက်က အရာတွေနဲ့တော့ ဘော်လုံးရဲ့ အနှစ်သာရ နဲ့ ကစားသမားတစ်ဦးရဲ့ ဘော်လုံးပါရမီ ကို နှိုင်းယှဥ်, ဝေဖန်, တိုက်ခိုက်မှု မလုပ်သင့်ပါဘူး။
ဥပမာ-
မက်ဆီ နဲ့ ရော်နယ်ဒို
အများကြီးပြောစရာမလိုဘူး...ရော်နယ်ဒို ကို မက်ဆီနဲ့ ယှဥ်ပြီး နှိုင်းယှဥ်ပြရဲ တာ သူ့ရဲ့ဘော်လုံးလောက နဲ့ မဟုတ်ပဲ ဘော်လုံးအပြင်ဘက်က ရော်နယ်ဒိုရဲ့ lifestyle နဲ့ ဆိုရှယ်မီဒီယာ ကြောင့်ပဲ လို့ပြောရင် သူ့ဖန်တွေက လက်ခံချင်ကြအုံးမယ်မထင်ဘူး။
ထားလိုက်ပါ.... လက်မခံနိုင်လည်း ဒါဟာ အမှန်တရာပဲ...✔✅
အခု ပုံ... ဘာစီလိုနာ ချန်ပီယံလိဒ် ဖလားရခြင်းမရခြင်းနဲ့ ပတ်သတ်ပြီး ဘော်လုံးလောကနဲ့ လားလားမှ မသတ်ဆိုင်တဲ့ Iphone 18 နဲ့ လာနှိုင်းယှဥ်လာကြပြန်ပြီ... 😁
ဒီလောက်ပါပဲ....
ဘော်လုံးကိုဘော်လုံးအကြောင်းနဲ့ပဲ နှိုင်းယှဥ်ကြပါ....🤞🏻