06/06/2024
မူးယစ်ကင်းစင်တဲ့ နယ်မြေရယ်လို့တော့
မရှိပါဘူး 'မကြည်ပြာ'
လူတိုင်းဟာ ကိုယ့်စိတ္တဇနဲ့ ကိုယ်
ယစ်မူးနေကြတာချည်းပါပဲ ။
တချို့က အာဏာကို ယစ်မူးတယ်
တချို့က အသပြာကို ယစ်မူးတယ်
တချို့က ဥစ္စာကို ယစ်မူးတယ်
တချို့ကျ အချစ် နဲ့ အနုပညာကို ယစ်မူးတယ် ။
ကျွန်တော်ဟာ စတုတ္ထလူတန်းစားပါ 'မကြည်ပြာ'
ကျွန်တော့် စိတ္တဇရဲ့ယစ်မူးမှုက
ကမ္ဘာကြီးကို ဖျက်စီးနိုင်စွမ်း မရှိပါဘူး
ဒါပေမဲ့ အခန့်မသင့်ရင် တော့ ဘဝကို
ပျက်စီးစေနိုင်ပါတယ် ။
#ရွှေစွန်ညို(လွန်းညရေပြာအိုင်)