21 fitness center

21 fitness center 21 fitness center
Demoso kayah state
loikaw- thauuge road. Opening monday to sat
morning 5Am to 9Am
1pm to 8pn

 #အလေးမခြင်း_နှင့်_အဆီကျခြင်း အလေးမခြင်းကြောင့် ကိုယ်တွင်းကြွက်သားပမာဏတက်လာပြီးခန္ဓာကိုယ်ကို ကျစ်လျစ်လာစေပါတယ်။ကြွက်သား၏...
14/05/2021

#အလေးမခြင်း_နှင့်_အဆီကျခြင်း

အလေးမခြင်းကြောင့်
ကိုယ်တွင်းကြွက်သားပမာဏတက်လာပြီး
ခန္ဓာကိုယ်ကို ကျစ်လျစ်လာစေပါတယ်။
ကြွက်သား၏သိပ်သည်းဆသည်
အဆီ၏သိပ်သည်းဆထက်
၁၈% ပိုပါတယ်။

ကြွက်သားတစ်ပေါင် တက်လာသည်နှင့်
တစ်နေ့ကို ကယ်လိုရီ ၅၀ အပိုလောင်ကျွမ်းပါတယ်။
ဒါဟာ Resting Matabolic Rate (RMM) အခြေအနေမှာဖြစ်ပါတယ်။
သင်ဘာလှုပ်ရှားမှုမှ မလုပ်သည့်တိုင်
တစ်နေ့ကို ၅၀ ကယ်လိုရီ အပိုလောင်ကျွမ်းနေမှာပါ။

အကယ်၍ လူသစ်တစ်ယောက်အနေနဲ့ ကြွက်သား ၁၀ပေါင်လောက်
လအတန်ကြာမှာတက်လာရင် သူ့ခန္ဓာကိုယ်ဟာ
အထွေအထူးလှုပ်ရှားမှုမရှိဘဲ တစ်နေ့ကို ကယ်လိုရီ(၅၀၀)လောက်
လောင်ကျွမ်းနေပါလိမ့်မယ်။ ဝိတ်ချလိုသူများအတွက် သတင်းကောင်းပါနော်။
(ကစားသက်အတန်အသင့်ရှိသူများအတွက်ကတော့ တစ်နှစ်လုံးနေလို့ ကြွက်သား(၁၀)ပေါင်တက်ဖို့ မလွယ်တော့တာတွေ့ရပါတယ်)

ဒီနေရာမှာ ပြောစရာရှိပါတယ်။
ဟာ...(၁၀)ပေါင်တောင်တက်လာမှတော့ ပိုဝမှာပေါ့။
ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ သိပ်သည်းဆဆိုတာ အဲဒါပါပဲ။
ကြွက်သားရဲ့သိပ်သည်းဆဟာ 1.06g/mlဖြစ်ပြီး
အဆီကတော့ 0.9g/mlခန့်ဖြစ်ပါတယ်။
ဆိုလိုတာက တစ်လီတာရေသန့်ဘူးထဲကိုကြွက်သားအပြည့်ထည့်ချိန်ရင် 1.06ကီလိုလေးမှာဖြစ်ပြီး
အဲဒီဘူးထဲကိုပဲ အဆီထည့်ချိန်ရင် 0.9ကီလိုသာရှိမှာပါ။
ကြွက်သားကဝိတ်ပိုများပေမယ့်
အရွယ်အစားကျ အတူတူသာဖြစ်ပါတယ်။

နောက်တစ်ခုက အလေးမလေ့ကျင့်ခန်းတစ်ခါလုပ်ပြီးရင်
နောက်ထပ်(၃၆)နာရီအထိ ဇီဝရုပ်ဖြစ်ပျက်နှုန်းတွေတက်နေပါလိမ့်မယ်။
ဆိုပါတော့ သင်ကငုတ်တုတ်ထိုင်ပြီး တီဗီကြည့်တာ တစ်နာရီကို ပုံမှန် ကယ်လိုရီ ၆၀ ကုန်ရင်
အဲဒီpost Workout metabolismအတွင်းမှာ
ကယ်လိုရီ ၇၀ ကုန်ပါလိမ့်မယ်။
ဟာ.....ကယ်လိုရီ-၁၀ ပိုလောင်တာများကွာ လို့
ပြောစရာရှိပါတယ်။ တစ်နာရီကို ပုံမှန်ထက် ၁၀-ကယ်လိုရီပိုလောင်ကျွမ်းရင်
၃၆နာရီဆို ကယ်လိုရီအပို၃၆၀ လောင်ကျွမ်းပါလိမ့်မယ်။

နိဂုံးချုပ်ရရင်
အလေးမခြင်းဟာ Cardioလေ့ကျင့်ခန်းတွေလိုမျိုး
ကစားနေစဉ်အတွင်း ကယ်လိုရီလောင်ကျွမ်းမှု မမြင့်ပါဘူး။
ဒါပေမယ့် ကစားပြီးတဲ့အချိန်မှာ ရမယ့်အကျိုးကျေးဇူးတွေကတော့
✅ပျော့ဖတ်ဖတ်သင့်ခန္ဓာကိုယ်ဟာ ကြွက်သားပမာဏတိုးလာမှုကြောင့် ကျစ်လျစ်လာပါမယ်။
✅ကြွက်သားပမာဏတိုးလာတာနဲ့အမျှ အနားယူနေချိန်မှာပါ ကယ်လိုရီတွေပိုလောင်ကျွမ်းပါမယ်။
✅ ဒါတင်မက ကစားပြီး(၃၆)နာရီအတွင်းမှာပါ
ကယ်လိုရီတွေအပိုလောင်ကျွမ်းနေဦးမှာဖြစ်ပါတယ်။

ဒါက Cardioလေ့ကျင့်ခန်းတွေထက်သာတဲ့အချက် ဆိုပေမယ့် Cardioလေ့ကျင့်ခန်းတွေမှာလည်း Weight Training ထက်သာတဲ့အချက်တွေရှိသေးတာပေ့ါနော်။

ဘာပဲဖြစ်ဖြစ်.......အဲဒီလိုကယ်လိုရီတွေ အချိန်တိုင်းပိုပိုပြီးလောင်ကျွမ်းနေဖို့ဆိုတာ ဝိတ်ချချင်တဲ့သူတွေ အလိုချင်ဆုံးဆုလာဘ်မဟုတ်ပါလားခင်ဗျာ 😉

ရေးသားသူ - စိုးမြင့်ဝေ (Pku Gym)

▄▄▄▄▄▄▄▄▄▄▄▄

လူပိန်တို ့ရဲ ့Gym ထဲကအမှားများခန္ဓာကိုယ်ကြီးထွားလိုသူတိုင်း မှားမှန်းမသိဘဲမှားမြဲ မှားနေဆဲသော အမှားအချို ့ကို တင်ပြပေးပ...
08/01/2021

လူပိန်တို ့ရဲ ့Gym ထဲကအမှားများ

ခန္ဓာကိုယ်ကြီးထွားလိုသူတိုင်း မှားမှန်းမသိဘဲ
မှားမြဲ မှားနေဆဲသော အမှားအချို ့ကို တင်ပြပေး
ပါမည်။သို ့မှသာ Gym ထဲအချိန်ကုန် ငွေကုန်နေသော လူပိန်များ လျော့နည်းသွားမှာ အသေအချာဖြစ်ပါသည်။

***ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲရေးအတွက်
အမြဲတမ်းအမှန်တရားမှာ-
-မှန်ကန်ကောင်းမွန်သော အာဟာရ နှင့်
-စနစ်ကျသေချာတိကျသော လေ့ကျင့်ရေး
နည်းစနစ်များ ကို အကောင်းဆုံး ပေါင်းစပ်ရန်
မဖြစ်မနေလိုအပ်သည်ဆိုသော အချက်ဖြစ်ပါ
သည်။***

ယခုဆောင်းပါးတွင် လေ့ကျင့်ခန်းနှင့် ပါတ်သက်
သောအမှားများကို ထောက်ပြဆွေးနွေးပါမည်။
အာဟာရအတွက် သီးသန် ့ဆောင်းပါးရေးပေး
ပါမည်။

လိုရင်းဆက်ရလျင်-

-exercises form မမှန်ခြင်း
ဤပြသနာသည် ယနေ ့ခေတ် လူငယ်များ အများ
ဆုံးကြုံရသည့် ပြသနာဖြစ်သည်။ ကျွန်တော်တို ့
ခေတ်က ဆရာများသည် exercise formကိုမမှန်
မခြင်း ပြုပြင်ပေးသည့် အလေ့အထရှိခဲ့သော်
လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ယနေ ့
ခေတ်နည်းပြငယ် အချို ့သည်ပင်လျင် Form
မမှန်နိုင်သည့် ပြသနာကို ကြုံနေရခြင်းပင်ဖြစ်
သည်။
***ဘယ်လိုဆော့ဆော့ ကြီးတယ် ဆိုသော်လည်း
စနစ်တကျဆော့ရင် လှလှပပကြီးမယ်
ဆော့ချင်သလိုဆော့ရင် ကြီးချင်သလို (သောက်တလွဲတွေ)ကြီးလာလိမ့်မယ် ဆိုတာမှတ်ထား
ပါ။

-အရေးအကြီးသောအမှားသည် လေ့ကျင့်ရေ
ပရိုဂရမ်နှင့် ရက်ခွဲကစားသည့်အမှားးးးးးးးဖြစ်သည်။ ဒါဆို ဘာတွေမှန်သလဲ?

-လူသစ်များသည် တစ်ပါတ်လျင် သုံးရက်ထက်
ပိုမကစားသင့်ပါ။ဒါပေမဲ့ ချာတိတ်တွေက Gym
Fees သွင်းရတာတန်အောင် တပါတ်ကို ခြောက်
ရက်လောက် ကစားနေကြတယ်😤

-ကစားချိန် တစ်ချိန်မှာ Full body ပဲကစား
သင့်ပါတယ်။

-ရုပ်အဆိုးဆုံးသောအမှားက တစ်နေ ့မှာ
Body part တစ်ခုသာ ကစားတဲ့ သောက်တလွဲ
Split ပဲဖြစ်တယ်။ ဥပမာ တနင်္လာနေ ့မှာ
ရင်အုပ် အင်္ဂ ါနေ ့မှာ နောက်ကျော 😂😂
အဲ့လိုကစားလိုကမှတ်ထား မင်းနာမည်
ငဖောင်ရိုး ဖြစ်နေဦးမှာပဲ😆

-Full-body ကစားတယ်ဆိုပီး chest ၂မျိုး
အောက်ပိုင်း ၃ မျိုးလုပ်နေရင်လည်း စောစော
စီးစီးဂိသွားမယ် ငါ့ညီရဲ ့။ဒီတော့

-Major lift သုံးလေးခုနဲ ့တင် Full body
Workout sessionတခုက လုံလောက်နေပါပီ။

-အာ့လေးနဲ ့တက်မလား မမေးနဲ ့ လူသစ်
Natural စစ်စစ် ကိုယ်ပြောသလို ကစား
ကိုယ်ပြောသလို စားလို ့ ပထမသုံးလမှာ
ပေါင် ၂၀ တက်ခဲ့သူတွေအများကြီးနော်။

ဒါဆိုဆရာနဲ ့ ခြောက်လဆော့မယ် ပေါင်လေး
ဆယ်တက်မလားဆိုပီး ကပ်မမေးနဲ ့အားတီ
အဲ့လို ့non stop တက်ကြစတမ်းဆို
လူတွေ body weight လည်း ပေါင်ငါးရာ
ဒေဘာဒေဖြစ်ကုန်မပေါ့ဟ😂😂
ကိုယ်ပြောတာက လူသစ်တွေ ပထမစစခြင်း
သုံးလေးလ သိပ်အရေးကြီးတယ်။ လူအတော်
များများ နှစ်ပေါက်အောင်ဆော့လည်း ငါးပေါင်
ဆယ်ပေါင်ထက် ပိုမတက် ဒီကြားထဲ ချီးပန်း
ရင်အဲ့ဒါတွေအကုန် ကုန်ရော😆
အချိန်တွေကုန် လူတွေပမ်းမဖြစ်ဘူးလား
ဖြစ်တယ် ပြောင်းလဲချင်တယ်ဆိုရင်
ဒီပို ့စ်မှာလမ်းညွှန်တဲ့အတိုင်း လုပ်ကြည့်စမ်းပါ။

လိုသလောက်မရပေမဲ့ လုပ်သလောက်တော့
ရကိုရစေရမယ် အားတီတို ့။

I dare you guys

ဖတ်လို ့ဖီးလ်ဖြစ်ရင် share ကွာ။
Copy ယူလည်း ဖြတ်ညှပ်ကပ်မလုပ်ပဲ
Credit အပြည့်ပေးပါနော့

လေးစားလျက်-
နိုင်ဦး-၁၁၉




အာသာဖြေဖျောက်ခြင်းနှင့် ကိုယ်ခန္ဓာ တည်ဆောက်ခြင်း======================Gym ဆော့တဲ့ ကိုကို ကာလသားတွေ စိုးရိမ်တဲ့ တစ်ချက်ရှ...
26/11/2020

အာသာဖြေဖျောက်ခြင်းနှင့် ကိုယ်ခန္ဓာ တည်ဆောက်ခြင်း
======================
Gym ဆော့တဲ့ ကိုကို ကာလသားတွေ စိုးရိမ်တဲ့ တစ်ချက်ရှိပါတယ် ။ တကိုယ်ရည် အာသာဆန္ဒ ဖြေဖျောက်ခြင်း (ma********on ) ဟာ ခန္ဓာကိုယ်ကြွက်သား တည်ဆောက်မှုကို ထိခိုက်စေနိုင်သလားဆိုတဲ့ အချက်ပါပဲ။ တစ်ချို့လူငယ်တွေ သူငယ်ချင်း အချင်းချင်းစကြတဲ့အခါ " ဟာ မင်း ဟန်းပလေး(Hand play ) လုပ်လာတာလား ။ သွားပြီ။ မင်းဆော့ထားတာတွေကုန်ပြီ ။" လို့ ပြောတတ်ကြတယ်။ အဲ့ဒီတော့ အမျိုးသားတွေ အတွက် မေးခွန်း တစ်ခုရှိလာပါတယ်။ Ma********on ဟာ ကြွက်သားတည်ဆောက်မှုကို ထိခိုက်စေနိုင်သလား ???ဆိုတာပါပဲ။ အဖြေရှာကြည့်တော့ တစ်ချို့ အမျိုးသားတွေက အလွန်အကျွံ Ma********on လုပ်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ ကျဆင်းတာကြောင့် body building ကိုထိခိုက်တယ်လို့ ထင်ကြပါတယ်။ အဲလိုတွေးမဲ့အစား လျှောက်လည် ၊ကိုယ်ကြိုက်တဲ့ အစားအစာတွေစား အနားယူပြီး ပြန်လည် နိုးထတက်ကြွလိုက်စမ်းပါ။ ဒါဆို Ma********on က ကြွက်သား ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေက ဘာတွေပါလဲ ? ပထမတစ်ချက်က သုတ်စွန့်ထုတ်လိုက်တဲ့အခါ zinc ဓာတ်တွေ ပါသွားလို့ပါပဲ။ အလွန်အကျွံ Ma******te လုပ်တဲ့အခါ zinc ဓာတ် ချို့တဲ့လာနိုင်ပါတယ်။zinc ဟာ တက်စတိုစတီရုန်း (testosterone) ပမာဏကို ထိန်းထားပေးဖို့ လိုအပ်တယ်လို့ လေ့လာချက်တစ်ချို့ကပြောပါတယ်။ ဒုတိယကတော့ အများစုလက်ခံထားတဲ့အချက်ဖြစ်တဲ့ ပုံမှန် Ma********on လုပ်ခြင်းဟာ တက်စတိုစတီရုန်းပမာဏ ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ပထမတစ်ချက်ကို ပြန်စပြောရင် သုတ်စွန့်ထုတ်လိုက်တဲ့အခါမှာ အာဟာရဓာတ်တွေ ပါသွားတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီပမာဏက အရမ်းနည်းပါတယ်။ ဖြစ်နိုင်ချေတစ်ခုတော့ရှိပါတယ် ။ ဒါကတော့ သင်ဟာ zinc ပမာဏ နဂိုတည်းက နည်းနေပြီး မကြာခဏ Ma******te လုပ်နေရင်တော့ zinc ဓာတ်ချို့တဲ့မှုတော့ ဖြစ်နိုင်တာပါပဲ။ zinc ဟာတက်စတိုစတီရုန်းပမာဏကို ထိန်းချုပ်ခြင်း အပြင် ကြွက်သားရဲ့ကြီးထွားမှုအတွက်လည်း အရေးပါပါသေးတယ် ။ အဲ့ဒီတော့ သင်ဟာ မကြာခဏ သုတ်စွန့်ထုတ်နေရင်တော့ အစာစားသုံးတဲ့အခါမှာ zinc ဓာတ်ကို ပိုဖြည့်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ တက်စတိုစတီရုန်းပမာဏပါပဲ။ ဒါက ဇီဝသိပ္ပံပညာရှင်တွေ အများဆုံးဆွေးနွေးကြတဲ့ အကြောင်းအရာပါ။ ဒါကလည်း တက်စတိုစတီရုန်းဟာ သင့်မှာ ကြွက်သားဘယ်လောက်တည်ဆောက်မယ် ခန္ဓာကိုယ်မှာ အဆီဓာတ် (အဲ့ဒီဟော်မုန်းဟာ ကိုလက်စထရောကတေ တည်ဆောက်တာပါ ) ဘယ်လောက်ရှိမလဲ အပေါ်မှာ မူတည်ပြီးအရေးပါနေလို့ပါပဲ။ အဲ့ဒီတော့ gymကစားပြီး body building လုပ်နေတဲ့သူတွေက သူတို့ရဲ့ ဝါသနာအရ စိတ်ဖြေခြင်း (လက်ဆော့ခြင်း )က ထိခိုက်မှုဖြစ်လာမှာကို စိုးရိမ်ကြတာပါ။ ကိုကိုကာလသားတွေအတွက် သတင်းကောင်းရှိပါတယ်။ လေ့လာချက် အတော်များများအရ သုတ်စွန့်ထုတ်တဲ့ အတွက် တက်စတိုစတီရုန်း ပမာဏကို မထိခိုက်စေပါဘူးတဲ့ ။ အသေးအဖွဲသက်ရောက်မှုလေးတွေရှိနိုင်ပေမဲ့ သင့်ရဲ့ gym ကစားနေတဲ့ ဖြစ်စဉ်ကို အနှောက် အယှက်မပေးပါဘူး။ အမျိုးသားတွေကို Ma******te မလုပ်ခိုင်းဘဲ လေ့လာမှုပြုလုပ်တဲ့အခါ သူတို့ရဲ့ တက်စတိုစတီရုန်းပမာဏဟာ ခုနှစ်ရက်မြောက်နေ့မှာ အမြင့်ဆုံးဖြစ်ပြီး နောက်တစ်နေ့မှာ ပုံမှန်ပမာဏကို ပြန်လည်ရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဟော်မုန်းပမာဏမြင့်နေချိန်မှာ (၇ ရက်မြောက်နေ့လို့ ခန့်မှန်းပေမဲ့ ) Ma******te မလုပ်ဖို့ အကြံပေးပေမဲ့ သာမန်လူတစ်ယောက်အတွက် ခန့်မှန်းဖို့ခက်တဲ့ ကိစ္စပါပဲ ။ Gym မဆော့ခင် သုံးလေးနာရီလောက်က Hand play လုပ်တာ ။ ဆော့ပြီးတဲ့အခါမှာ လုပ်တာတွေက Body Building ပေါ်သက်ရောက်မှု မရှိပါဘူး ။ သင်တစ်ခုခု ခံစားရတယ်ဆိုရင်တောင် သင့်ရဲ့ အစားအသောက်မှာ အာဟာရဓာတ် မပြည့်ဝလို့ ဒါမှမဟုတ် သင့်ရဲ့ စိတ်အစွဲကြောင့်ပဲ ဖြစ်ပါမယ်။ တချို့ ကိုလူပျိုတွေ (တချို့ အိမ်ထောင်သည်တွေအပါအဝင် ) တစ်ပတ်ကို နှစ်ကြိမ်ခန့် Ma********on လုပ်ပါတယ်။ တစ်ချို့က တစ်ပတ်မှာ ၇ရကျ လက်ကစားကြပါတယ်။တစ်ချို့ကတော့ တစ်လမှာ တစ်ကြိမ်သာ လုပ်ဖြစ်ကြတာလည်း ရှိပါတယ်။ ဒါဟာ ပုံမှန်ဖြစ်စဉ်ပါပဲ ။ သင့်ရဲ့ အာဟာရ micro nutrients တစ်ချို့ ပါသွားပေမဲ အစားအသောက်တွေနဲ့ ပြန်လည်ဖြည့်တင်းလို့ရပါတယ်။ သင် Ma******te လုပ်တဲ့အခါ 5-15 calories , ဆီလီနီယမ် , zinc နဲ့ ဗီတာမင် B အုပ်စုတွေ ဆုံးရှုံးနိုင်ပေမဲ့ ပမာဏ အနည်းငယ်ပဲဖြစ်ပါတယ်။ သုတ်ရည်ဟာ ရေဓာတ်အခြေခံဖြစ်တဲ့အတွက် ပြန်လည် ဖြည့်ဆည်းလို့ လွယ်ကူပါတယ်။ အဓိကကတော့ ကြွက်သားတည်ဆောက်ဖို့ အတွက် zinc လိုအပ်တာကြောင့် Zinc ဓာတ်ပါတဲ့ အားဆေးတစ်ခုခု ဖြည့်တင်းပေးခြင်းဟာ ကြွက်သားအတွက်ရော တက်စတို စတီရုန်းပမာဏကို ထိန်းထားဖို့ အတွက်ရော ကောင်းမွန်ပါတယ်။ လူအတော်များများက Ma********on လုပ်တာနဲ့ လိင်ဆက်ဆံဖော်နဲ့ ဆက်ဆံတာ( relationship s*x )ဟာ သဘောသဘာဝ အတူတူပဲလို့ ထင်ကြပါတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး ။ သူတို့ဟာ မတူညီတဲ့ လိင်မှုကိစ္စ အမျိုးအစား နှစ်မျိုးဖြစ်ပါတယ်။Ma********on ဟာ တစ်ယောက်ထဲရှိနေတဲ့အချိန်မှာ အလုပ်များတဲ့ အာသာဖြေမှုဖြစ်ပါတယ်။ relationship s*x ထက်စာရင် ပိုပြီး များများစားစား ပြမူကြပါတယ်။ သင်ဟာ Ma******te လုပ်ချင်ရင် gym မကစားခင် လေးငါးနာရီလောက် အလိုမှာ လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားတည်ဆောက်ဖို့အတွက် ခွန်အားလိုအပ်ပါတယ်။ တစ်ချို့ အမျိုးသားတွေဟာ ma******te လုပ်ပြီးတဲ့အခါမှာ အပန်းပြေသွားသလိုခံစားရပြီး အိပ်ပျော်ချင်တဲ့အထိ ဖြစ်ပါတယ်။ အိပ်လည်း အိပ်တတ်ကြပါတယ်။ အဲ့ဒါဟာ ခန္ဓာကိုယ်က oxytocin ဟော်မုန်းထွက်လာပြီး မြင့်တက်လာတာကြောင့် တကိုယ်လုံးကို ပြေလျော့သွားစေသလို ma******te မလုပ်ခင်ထက် ပိုပြီးလည်း ခွန်အားလျော့ကျစေလို့ပါပဲ။ လိင်မှုကိစ္စတစ်ခုလုပ်ပြီး ချက်ချင်းပဲ gym လေ့ကျင့်ခန်းတွေရဲ့ ညွှန်ကြားချက်ကို လိုက်လုပ်နေလို့လည်း ဆော့ကစားနေဖို့လည်း အဆင်မပြေပါဘူး။ သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်တဲ့အချိန် ၊ သင့်မှာ ပုံမှန် ခွန်အားနဲ့ စွမ်းအင်တည်ဆောက်လို့ရဖို့ အတွက် Ma********on လုပ်ပြီး အချိန်သုံးလေးနာရီလောက် အနည်းဆုံးခွာပြီးမှ သင့်ရဲ့ fitness center ကို သွားပါ။

ခရက်ဒစ်: ခွန်းညိုသွေး

Wsda Dom

 #အရေးပါသည့်_ကယ်လိုရီတွက်နည်း(ဆောင်းပါးအနည်းငယ်ရှည်ပါသည်။သို့သော် ဗဟုသုတ ရမည်ဟု ထင်မြင်မိပါသည်။)          ~~~~~~~~~~~~~ ...
16/11/2020

#အရေးပါသည့်_ကယ်လိုရီတွက်နည်း

(ဆောင်းပါးအနည်းငယ်ရှည်ပါသည်။သို့သော် ဗဟုသုတ ရမည်ဟု ထင်မြင်မိပါသည်။)
~~~~~~~~~~~~~
ယခုတင်ပြမည့် ကယ်လိုရီ တွက်နည်းဟာ အကောင်းဆုံး ကယ်လိုရီ တွက်နည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာကျော် trainer များနှင့် team အချို့တွင် ယခုလက်ရှိ အသုံးပြုလျက်ရှိကြောင်း ပဏာမ အစီရင်ခံတင်ပြအပ်ပါသည်။

ခန္ဓာကိုယ်ကြီးထွားချင်လို့ပဲဖြစ်ဖြစ်၊ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်တစ်နေ့တာလိုအပ်သည့်အစားအစာပမာဏ(ကယ်လိုရီ)ကို သတ်မှတ်ထားသည့်၊ရွေးချယ်ထားသည့်အတိုင်းသာ၊ စားသင့်တာ အားလုံးသိပြီးဖြစ်ပါတယ်။

ခန္ဓာကိုယ်ကြီးထွားချင်ရင် တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုတိုးစားရမယ်၊ အဆီချ ချင်ရင် တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ပမာဏထက် လျော့စားရမယ်။ဒီသဘောတရားက ရိုးရှင်းပါတယ်။

မရှင်းတာက မိမိအတွက် တစ်နေ့တာ လိုအပ်သည့် ကယ်လိုရီ ကို ဘယ်လိုတွက်ရမလဲ ဆိုတဲ့ ပြဿနာပါ။*

တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ကို တွက်မယ်ဆိုရင် မိမိမှာ အဆီ% ဘယ်လောက်ရှိသလဲ အရင်တိုင်းကြရပါတယ်။ In body mechine နဲ့ တိုင်းသလို Caliper စသည်ဖြင့် တိုင်းကြပါတယ်။

ပြဿနာ က အဲဒါတွေမရှိတဲ့ နေရာမှာ ဘယ်လိုတိုင်းရမလဲ(ကျွန်တော်ကိုလည်း messenger ကနေ ခဏခဏ မေးခံရတဲ့ မေးခွန်းပါ)။ကျွန်တော်လည်း တတ်နိုင်သလောက်ရှာဖွေလေ့လာခဲ့ပါတယ်။ အခုတင်ပြမဲ့ နည်းဟာ အဆီ% သိစရာမလိုတဲ့အတွက် အားလုံးအဆင်ပြေပြီး၊ ကမ္ဘာ မှာ နာမည်ပြီး trainer တွေ gym တွေမှာ အတော်များများ အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။ ဆက်လက်လေ့လာကြည့်ပါမယ်။

အောက်ပါအချက် ၃ ချက်ကို အရင်သိထားရန်လိုအပ်ပါတယ်.....

1. BMR လို့ခေါ်တဲ့ your basal metabolic rate ကို သိရပါမယ်။

2. TDEE လို့ခေါ်တဲ့ your total daily energy expenditure ကို သိရပါမယ်။

3.နောက်ဆုံး အနေနဲ့ တစ်နေ့တာ စားသုံးရမည့် ကယ်လိုရီ your target daily calorie intake ကို သိရပါမယ်။

( basal metabolic rate )

BMR ဆိုတာ ဘာလှုပ်ရှားမှုမှ မလုပ်ပဲ အိပ်ယာပေါ်မှာ လှဲနေစဉ်မှာ ခန္ဓာကိုယ် မှ သုံးစွဲနေသည့် energy ကိုဆိုလိုပါတယ်။တနည်းအားဖြင့် ၂၄ နာရီပတ်လုံး အသက်ရှင်သန်ရန်အတွက် အနည်းဆုံးလိုအပ်သည့် energy ကိုဆိုလိုပါသည်။

University ofNevada မှ ပညာရှင်များဟာ ၁၉၉၀ မှာ BMR တွက်ထုတ်နိုင်တဲ့ Mifflin-St. Jeor equation နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်...

= 10 x weight (in kilograms) + 6.25 x height (in centimeters) 5 x
age (in years) + 5

Formula ကြည့်ပြီး စိတ်မပျက်ပါနှင့် အင်မတန်လွယ်ကူပါသည်။

1.မိမိ weight (in kilograms) ကို 10 နှင့်အရင်မြှောက်ပါ။
2.မိမိ၏ အရပ် height (in centimeters) ကို 6.25 နှင့်မြှောက်ပါ။
3.မြှောက်လို့ရသည့် 1,2 ကို ပြန်ပေါင်းပါ(1+2)။
4. မိမိ၏ အသက် age(in years) ကို 5 နှင့် မြှောက်ပါ။
5.(1+2) ပေါင်းရသည့် ရလဒ် မှ နုတ်ပါ။
6.နောက်ဆုံး ရလဒ် တွင် 5 ထည့်ပေါင်းပါ။

ဥပမာ။ ။ အသက် ၄၁ နှစ်၊ အရပ် ၅' ၁၁" { ၇၁" ၂.၅၄ = ၁၈၀ cm } ၊ ပေါင် ၂၀၀ { ၂၀၀ ၂ . ၂ = ၉၁ kg } ရှိ လူတစ်ဦးအား နမူနာ တွက်ပြပါမည်။

1. Weight(kg) ၉၁ ၁၀ = ၉၁၀

2.height(cm) ၁၈၀ ၆. ၂၅ =၁၁၂၅

3.(1+2) ၉၁၀ + ၁၁၂၅ = ၂၀၃၅

4. အသက် ၄၁ ၅ = ၂၀၅

5. ၂၀၃၅ - ၂၀၅ = ၁၈၃၀

6.၁၈၃၀ + ၅ = ၁၈၃၅

= ၁၈၃၅

(အနီးစပ်ဆုံး ၁၈၀၀ ယူပါမည်။)

မိမိကိုယ်ကို အစားထိုးတွက်ကြည့်ပါ။

(Total Daily Energy Expenditure)

TDEE ဆိုတာ ခန္ဓာကိုယ်ဟာ ၂၄ နာရီ(တစ်ရက်) အတွင်းစုစုပေါင်း လောင်ကျွမ်းအသုံးပြုလိုက်တဲ့ ကယ်လိုရီ ကိုခေါ်ပါတယ်။

စုစုပေါင်း လောင်ကျွမ်းအသုံးပြုလိုက်တဲ့ ကယ်လိုရီ TDEE ထဲမှာ BMR ရယ်၊ နေ့စဉ်လှုပ်ရှားသွားလာမှု၊ လေ့ကျင့်ခန်းပြုလုပ်မှု၊ စားလိုက်သည့် အစားအစာများကို ချေဖျက်သည့်အခါ အသုံးပြုလိုက်သည့် စွမ်းအင်..... စသည်...စသည်တို့ပါဝင်ပါတယ်။

( # # # စားသုံးလိုက်သည့် အစားအစာများကို ချေဖျက်သည့်အခါ ချေဖျက်ခြင်း၊ စုပ်ယူခြင်းတို့တွင် စွမ်းအင်ကို အသုံးပြုရပါတယ်။ အဲဒီဖြစ်စဉ်ကို Thermic Effect of Food (TEF) ဟုခေါ်ပါသည်။ တစ်ချို့က Thermogenesis ဟုလည်းပြောဆိုကြပါသည်။

ဤသို့စားသုံးလိုက်သည့် အစားစာ တွေကို ချေဖျက်ဖို့ စွမ်းအင်သုံးစွဲမှုဟာ TDEE မှ 10% ကို ရယူသုံးစွဲပါတယ်။ဗဟုသုတ ရရန်အတွက်သာဖြစ်ပါသည်။ # # #)

လူတစ်ဦးချင်းစီ၏ လူနေမှု ဘဝ ပုံစံမှာ မတူညီပါ။ ထို့ကြောင့် ပညာရှင်များလေ့လာတွေ့ရှိစမ်းသတ်ချက်များအရ အောက်ပါအတိုင်း လူတစ်ဦး၏ နေထိုင်မှုအပေါ်မူတည်ပြီး နေ့စဉ် လှုပ်ရှားသွားလာမှု + လေ့ကျင့်ခန်းပြုလုပ်စဉ်မှာလောင်ကျွမ်းသွားသည့် ကယ်လိုရီ ကိုတွက်ယူခြင်းဖြင့် TDEE ကို သိရှိနိုင်ပါသည်။

1. BMR x 1.15 = Sedentary (little or no exercise) ရုံးအထိုင်များသည့်သူများ၊ လေ့ကျင့်ခန်း မလုပ်သူများ။

2. BMR x 1.2 to 1.35 = Light activity (1 to 3 hours of exercise or sports per
week) တစ်ပတ်လျင် ၁ နာရီ မှ ၃ နာရီ ခန့် ပေါ့ပေါ့ပါးပါးနဲ့ လေ့ကျင့်ခန်း လုပ်သူများ။

3. BMR x 1.4 to 1.55 = Moderate activity (4 to 6 hours of exercise or sportsper week) တစ်ပတ်လျင် ၄ နာရီ မှ ၆ နာရီ ပြင်းအား အသင့်တင့်ဖြင့် လေ့ကျင့်ခန်း လုပ်သူများ။

4. BMR x 1.6 to 1.75 = Very active (7 to 9 hours of exercise or sports per
week)တစ်ပတ်လျင် ၇ နာရီ မှ ၉ နာရီ လေ့ကျင့်ခန်း လုပ်သူများ။

5. BMR x 1.8 to 1.95 = Extra active (10+ hours of exercise or sports per
week)တစ်ပတ်လျင် ၁၀ နာရီ အထက် လေ့ကျင့်ခန်း လုပ်သူများ။

မိမိ၏ BMR ကိုသိပြီဆိုလျင် အထက်ဖော်ပြပါအတိုင်း လူနေမှု ဘဝပုံစံအပေါ်မူတည်၍ တစ်နေ့တာလုံးမှာ လိုအပ်သည့် ကယ်လိုရီ TDEE ကို တွက်လို့ရပါပြီ။

အထက်မှာ နမူနာ တွက်ပြသူ၏ BMR ၁၈၀၀ ဖြစ်ပါတယ်။ တစ်ပတ်လျင် ပုံမှန်လှုပ်ရှားသွားလာပြီး ၄ နာရီ မှ ၆ နာရီ ပြင်းအား အသင့်တင့်ဖြင့် လေ့ကျင့်ခန်း လုပ်သူဖြစ်လျင် {၁၈၀၀ ၁.၅၅ = ၂၇၉၀ }
(အနီးစပ်ဆုံး ၂၈၀၀ ယူပါမည်။)

ဖော်ပြပါ လူ အတွက် တစ်ရက်လျင် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ TDEE မှာ ၂၈၀၀ ကယ်လိုရီ ဖြစ်ပါသည်။

#တစ်နေ့တာ_စားသုံးရမည့်_ကယ်လိုရီ (Target Daily Calorie Intake)

TDEE ကိုသိပြီးလျင် နောက်ဆုံးအနေနဲ့ တစ်နေ့တာ စားသုံးရမည့် ကယ်လိုရီ ကို တွက်ရန်အဆင့်သို့ရောက်လာပါပြီ။

တစ်နေ့တာ ဘယ်လောက်စားရမလဲဆိုတာဟာ မိမိ၏ ရည်မှန်းချက်၊ ဖြစ်ချင်သည့် အပေါ်မူတည်ပါသေးသည်။

၁. မိမိက ဝိတ်ချ( အဆီချ)ချင် တာလား။

၂.ကြွက်သားများကြီးထွားချင်တာလား။

၃.ပုံမှန်ဝိတ်ထိန်းထားချင်တာလား။

စသည်တို့အပေါ်မူတည်၍ စားရမည့် ပမာဏ ကွဲပြားသွားပါသည်။

#ဝိတ်ချချင်သည့်သူများအတွက်_တစ်နေ့တာလိုအပ်သည့်_ကယ်လိုရီ

အဆီချချင်ပါက တစ်နေ့တာ လိုအပ်သည့်ကယ်လိုရီ ပမာဏ TDEE မှ လျော့ချ ကန့်သတ်စားရပါမယ် (cutting လုပ်သည်ဟုလည်း ခေါ်ကြပါသည်)။လျော့ပြီးစားရမည်ဟုဆိုရာတွင် ဘယ်လောက် ပမာဏ လျော့စားရမလဲ ဆိုတာ အရေးကြီးလှပါတယ်။လိုအပ်သည့် ပမာဏထက် လျော့မစားမိစေရန်နှင့် ပိုပြီးမစားသုံးမိစေရန် အတွက်

မိမိ၏ TDEE တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ မှ 75% သာစားသုံးရပါမည်။

ဥပမာ....

တင်ပြထားသည့် သူ၏ TDEE မှာ ၂၈၀၀ ဖြစ်ပါသည်။ TDEE ၏ 75 % သာစားရမည်ဖြစ်သဖြင့်

၂၈၀၀ ၀.၇၅ = ၂၁၀၀ ဖြစ်ပါသည်။အဆီချလျင်ပါက အထက်ပါသူအနေဖြင့် တစ်ရက်လျင် ၂၁၀၀ ကယ်လိုရီ သာစားသုံးရပါမည်။

စားရမည့် ကယ်လိုရီ ပမာဏကိုသိပြီဆိုရင် မိမိစားရမည့် ပမာဏ ထဲတွင် protein(ပရိုတိန်း) , carbs(ကာဗိုဟိုက်ဒရိတ်)နှင့် fat(အဆီ) များကိုဘယ်အတိုင်းအတာ ပမာဏ အထိ ဖြည့်သွင်းစားသုံးရမလဲ ဆိုတဲ့ မေးခွန်းဖြစ်လာပြန်ပါတယ်။ လွယ်ကူပါသည်။

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၄၀ % သည် ပရိုတိန်း ပမာဏ ဖြစ်ရပါမည်။ (ပရိုတိန်း 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၄၀ % သည် ကာဗိုဟိုက်ဒရိတ် ပမာဏ ဖြစ်ရပါမည်။ (ကာဗိုဟိုက်ဒရိတ် 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၂၀ % သည် အဆီ ပမာဏ ဖြစ်ရပါမည်။ (အဆီ 1 g တွင် 9 ကယ်လိုရီ ရှိပါသည်။)

မိမိစားသည့် ပမာဏ တွင် protein, carbs, fat အချိုးစားမှာ 40/40/20% ပါဝင်ရပါမည်။

တစ်ဖန်အလွယ်တွက်ချင်သူများအနေဖြင့်...

bodyweight တစ်ပေါင်လျင် ပရိုတိန်း 1.1 g ၊ ကာဗိုဟိုက်ဒရိတ် 1.1g နှင့် အဆီ 0.25 g စားပေးရပါမည်။

ဥပမာ... အထက်မှာ တင်ပြထားသူသည် အဆီချမည်ဆိုပါက တစ်ရက်လျင် ၂၁၀၀ ကယ်လိုရီ လိုအပ်သည်ကိုတင်ပြထားပြီးဖြစ်ပါသည်။စားရမည့် အစားအစာ များတွင် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် နှင့် အဆီ ဘယ်လောက် ပါဝင်စားရမည်ဆိုလျင်...

1. 2,100 x 0.4 = 840 and 840 / 4 = 210 (grams of protein per day)

2. 2,100 x 0.4 = 840 and 840 / 4 = 210 (grams of carbohydrate per
day)

3. 2,100 x 0.2 = 420 and 420 / 9 = 47 (grams of dietary fat per day)

#အလွယ်တွက်ချင်သူများအနေဖြင့်....

1. 200 (pounds) x 1.1 = 220 (grams of protein per day)

2. 200 x 1.1 = 220 (grams of carbohydrate per day)

3. 200 x 0.25 = 50 (grams of dietary fat per day)

ဤသို့ဆိုလျင် အဆီချချင်ပါက တစ်နေ့တာ စားရမည့် ကယ်လိုရီ ပမာဏကို တွက်တတ်ပြီဟုယူဆပါသည်။ ထို့အပြင် မိမိစားရမည့် အစားအစာများတွင်လည်း protein, carbs နှင့် fat အဘယ်မျှပါဝင်ရမည်ကိုလည်း သိရှိနိုင်ပြီဖြစ်ပါသည်။


#ကြွက်သားများကြီးထွားချင်သည့်သူများအတွက်_တစ်နေ့တာလိုအပ်သည့်_ကယ်လိုရီ

ထုတင်ခြင်းလို့အများက သတ်မှတ်ကြသည့် ကြွက်သားများဖြင့်ကြီးထွားချင်လျင် တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ TDEE ထက်ပို၍ စားသုံးရပါမည်။ လိုအပ်တာထက်ပိုစားမိလျင်လည်း မလိုအပ်ပဲ အဆီများတက်လာမှာ ဖြစ်ပါသည်။ ဘယ်လောက် ပမာဏ အထိတိုး၍ စားရမှာပါလဲ။
အဆီအတက်နဲပြီး ကြွက်သားများကြီးထွားရန် အတွက် TDEE ၏ 110% ကို စားသုံးရပါမယ်။

TDEE ၂၈၀၀ရှိသည့်သူအတွက်

၂၈၀၀ ၁.၁ = ၃၀၈၀ (၃၁၀၀) ဟုယူပါမည်။ ကြွက်သား များကြီးထွား လိုပါက အထက်ပါသူအနေဖြင့် တစ်ရက်လျင် ၃၁၀၀ ကယ်လိုရီ စားသုံးရပါမည်။

စားရမည့် ကယ်လိုရီ ပမာဏကိုသိပြီဆိုရင် မိမိစားရမည့် ပမာဏ ထဲတွင် protein(ပရိုတိန်း) , carbs(ကာဗိုဟိုက်ဒရိတ်)နှင့် fat(အဆီ) များကိုဘယ်အတိုင်းအတာ ပမာဏ အထိ ဖြည့်သွင်းစားသုံးရမလဲ... လွယ်ကူပါသည်။

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၂၅ % သည် ပရိုတိန်း ပမာဏ ဖြစ်ရပါမည်။ (ပရိုတိန်း 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၅၅ % သည် ကာဗိုဟိုက်ဒရိတ် ပမာဏ ဖြစ်ရပါမည်။ (ကာဗိုဟိုက်ဒရိတ် 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၂၀ % သည် အဆီ ပမာဏ ဖြစ်ရပါမည်။ (အဆီ 1 g တွင် 9 ကယ်လိုရီ ရှိပါသည်။)

မိမိတစ်နေ့တာ စားရမည့် ပမာဏ တွင် protein, carbs, fat မှာ 25/55/20% ပါဝင်ရပါမည်။

တစ်ဖန်အလွယ်တွက်ချင်သူများအနေဖြင့်...

bodyweight တစ်ပေါင်လျင် ပရိုတိန်း 1 g ၊ ကာဗိုဟိုက်ဒရိတ် 2.2 g နှင့် အဆီ 0.35 g စားပေးရပါမည်။

ဥပမာ... အထက်မှာ တင်ပြထားသူသည် ကြွက်သားများဖြင့် ထုတင် မည်ဆိုပါက တစ်ရက်လျင် ၃၁၀၀ ကယ်လိုရီ လိုအပ်သည်ကိုတင်ပြထားပြီးဖြစ်ပါသည်။စားရမည့် အစားအစာ များတွင် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် နှင့် အဆီ ဘယ်လောက် ပါဝင်စားရမည်ဆိုလျင်...

daily calorie intake would be 3,100 calories, so:

1. 3,100 x 0.25 = 775 and 775 / 4 = 194 (grams of protein per day)

2. 3,100 x 0.55 = 1,705 and 1,705 / 4 = 425 (grams of carbohydrate
per day)

3. 3,100 x 0.2 = 620 and 620 / 9 = 70 (grams of dietary fat per day)

*အလွယ်တွက်ချင်သူများအနေဖြင့်....

1. 200 (pounds) x 1 = 200 (grams of protein per day)

2. 200 x 2.2 = 440 (grams of carbohydrate per day)

3. 200 x 0.35 = 70 (grams of dietary fat per day)

ဤသို့ဆိုလျင် ကြွက်သားများဖြင့် ထုတင်လိုပါက တစ်နေ့တာ စားရမည့် ကယ်လိုရီ ပမာဏကို သိရှိနိုင်ပြီး မိမိစားရမည့် အစားအစာများတွင်လည်း protein, carbs နှင့် fat အဘယ်မျှပါဝင်ရမည်ကိုလည်း သိရှိနိုင်ပြီဖြစ်ပါသည်။

#ခန္ဓာကိုယ်ထိန်းသိမ်းချင်သည့်သူများအတွက်_တစ်နေ့တာလိုအပ်သည့်_ကယ်လိုရီ

မိမိခန္ဓာကိုယ်ကို ထိန်းသိမ်းချင်သူများအတွက် နည်းလမ်း ၂ မျိုးရှိပါသည်။

၁. နေ့စဉ် တူညီသည့် ပမာဏ ကိုစားသုံးခြင်း (TDEE)ဖြစ်ပါသည်။ ယနေ့ပိုမိုစားမိပါက၊ နောက်နေ့လျော့စားခြင်းလည်း လုပ်နိုင်ပါသည်။

၂.ပိုပြီး အလုပ်လုပ်သည့် နေ့တွင် တိုးစားပြီး၊ အလုပ်မလုပ်သည့်နေ့တွင် လျော့စား၍လည်းရပါသည်။

သို့သော် အထက်တွင်တင်ပြထားသည့် မိမိ၏ TDEE အတိုင်းစားခြင်းသည် သာလွန်ကောင်းမွန်ပါသည်။လူတစ်ဦး၏ နေထိုင်မှုအပေါ်မူတည်ပြီး နေ့စဉ် လှုပ်ရှားသွားလာမှု + လေ့ကျင့်ခန်းပြုလုပ်စဉ်မှာလောင်ကျွမ်းသွားသည့် ကယ်လိုရီ TDEE အတိုင်းပြန်လည် စားသုံးပေးပါက အသုံးပြုလိုက်သည့် ကယ်လိုရီ ပမာဏ နှင့် စားလိုက်သည့် ပမာဏ တူညီနေပါသဖြင့် bodyweight ထိန်းသိမ်းထားသည့် အခြေအနေ ဖြစ်ပါသည်။ဆိုလိုသည်မှာ မိမိ၏ TDEE အတိုင်းသာ စားသုံးရန်ဖြစ်ပါသည်။TDEE တွက်နည်းကို... ရုံးအထိုင်များသည့်သူများ၊ လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်သူများ...စသည်ဖြင့် အထက်တွင် တင်ပြထားပြီးဖြစ်ပါသည်။

ဖော်ပြပါ လူ အတွက် တစ်ရက်လျင် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ TDEE မှာ ၂၈၀၀ ကယ်လိုရီ ဖြစ်ပါသည်။ခန္ဓာကိုယ်ထိန်းသိမ်းမည်ဆိုပါက သူ၏ TDEE အတိုင်းသာ စားသုံးရပါမည်။

စားရမည့် ကယ်လိုရီ ပမာဏကိုသိပြီဆိုရင် မိမိစားရမည့် ပမာဏ ထဲတွင် protein(ပရိုတိန်း) , carbs(ကာဗိုဟိုက်ဒရိတ်)နှင့် fat(အဆီ) များကိုဘယ်အတိုင်းအတာ ပမာဏ အထိ ဖြည့်သွင်းစားသုံးရမလဲသိရန်လိုအပ်ပါသည်။

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၃၀ % သည် ပရိုတိန်း ပမာဏ ဖြစ်ရပါမည်။ (ပရိုတိန်း 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၄၅ % သည် ကာဗိုဟိုက်ဒရိတ် ပမာဏ ဖြစ်ရပါမည်။ (ကာဗိုဟိုက်ဒရိတ် 1 g တွင် 4 ကယ်လိုရီ ရှိပါသည်။)

*တစ်နေ့တာလိုအပ်သည့် ကယ်လိုရီ ၏ ၂၅ % သည် အဆီ ပမာဏ ဖြစ်ရပါမည်။ (အဆီ 1 g တွင် 9 ကယ်လိုရီ ရှိပါသည်။)

မိမိတစ်နေ့တာ စားရမည့် ပမာဏ တွင် protein, carbs, fat မှာ 30/45/25% ပါဝင်ရပါမည်။

တစ်ဖန်အလွယ်တွက်ချင်သူများအနေဖြင့်...

bodyweight တစ်ပေါင်လျင် ပရိုတိန်း 1 g ၊ ကာဗိုဟိုက်ဒရိတ် 1.6 g နှင့် အဆီ 0.4 g စားပေးရပါမည်။

ဥပမာ... အထက်မှာ တင်ပြထားသူသည် bodyweight ကို ထိန်းမည်ဆိုပါက တစ်ရက်လျင် ၂၈၀၀ ကယ်လိုရီ လိုအပ်သည်ကိုတင်ပြထားပြီးဖြစ်ပါသည်။စားရမည့် အစားအစာ များတွင် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် နှင့် အဆီ ဘယ်လောက် ပါဝင်စားရမည်ဆိုလျင်...

1. 2,800 x 0.3 = 840 and 840 / 4 = 210 (grams of protein per day)

2. 2,800 x 0.45 = 1,260 and 1,260 / 4 = 315 (grams of carbohydrate
per day)

3. 2,800 x 0.25 = 700 and 700 / 9 = 78 (grams of dietary fat per day)

အလွယ်တွက်ချင်သူများအနေဖြင့်...

1. 200 (pounds) x 1 = 200 (grams of protein per day)

2. 200 x 1.6 = 320 (grams of carbohydrate per day)

3. 200 x 0.4 = 80 (grams of dietary fat per day)

ဤသို့ဆိုလျင် ခန္ဓာကိုယ် ထိန်းမည်ဆိုပါက တစ်နေ့တာ စားရမည့် ကယ်လိုရီ ပမာဏကို သိရှိပြီး မိမိစားရမည့် အစားအစာများတွင်လည်း protein, carbs နှင့် fat အဘယ်မျှပါဝင်ရမည်ကိုလည်း သိရှိနိုင်ပြီဖြစ်ပါသည်။

#အနှစ်ချုပ်အနေဖြင့်

၁.အဆီချချင်သူများအနေဖြင့် TDEE ၏ 75% စားသုံးပေးရမည်။

၂.ဝိတ်တင်ချက်သူများအနေဖြင့် TDEE ၏ 110% စားသုံးပေးရမည်။

၃.ဝိတ်ထိန်းချင်သူများအနေဖြင့် TDEE အတိုင်းသာ စားသုံးပေးရပါမည်။

သို့ဖြစ်ပါ၍ မိမိ၏ ရည်မှန်းချက် အပေါ်မူတည်၍ တစ်နေ့တာစားရမည့် ကယ်လိုရီကို တွက်နိုင်ပြီဟု ယူဆမိပါသည်။

မိတ်ဆွေများ၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွန်တော် လေ့လာမိသမျှ တင်ပြအပ်ပါသည်။


လေးစားစွာဖြင့်

Htinkyaw Wazi
Olympia Fitness Centre(သုဝဏ္ဏ)

အဆီချသူတွေသိသင့်တဲ့လျို ့ဝှက်ချက် အဆီချလိုသူတွေ ဖန်တရာတေအောင် ကြားဖူးနေကြတာက၊ အဆီချဖို့ဆိုရင်အစားလျော့စား  ရမယ်၊ လေ့ကျင်...
13/10/2020

အဆီချသူတွေသိသင့်တဲ့လျို ့ဝှက်ချက်

အဆီချလိုသူတွေ ဖန်တရာတေအောင်
ကြားဖူးနေကြတာက၊ အဆီချဖို့ဆိုရင်
အစားလျော့စား ရမယ်၊ လေ့ကျင့်ခန်း
တွေ တိုးလုပ်ရမယ် ဆိုတာမျိုးပေါ့။ အဲ့အယူ
အဆတွေက မမှားပါဘူး။ ဒါပေမဲ့ လိုအပ်နေ
တဲ့ လျို့ဝှက်ချက်လေး၊ ကိုမျှဝေပေးပါ့မယ်။

ယခုလို Covid ကာလမှာ၊ Gym တွေပိတ်
တော့ Home workout လုပ်ပီး အား
မလို အားမရဖြစ်နေသူများ၊

အကယ်၍သင်ဟာ တနေ့ကို ရှစ်နာရီ
အိပ် သူဖြစ်ပီး လေ့ကျင့်ခန်း ကို၊ တရက်
တစ်နာရီ လုပ်တတ်သူဖြစ်လျင်၊ ထိုလေ့
ကျင့်ခန်း လုပ်သော တစ်နာရီသည် သင့်တနေ့
တာရဲ့ ၄% ရှိပါတယ်။

အိပ်ချိန်ဖယ်ပီး ၊ ကျန်တဲ့ သင့်တနေ့တာရဲ့
၆၃% ကို အသုံးချပုံမှန်မယ်ဆိုရင် ကိုယ်အလေး
ချိန်ချဖို့ ဘာခက်တော့မလဲဗျာ????

သင့်တနေ့တာရဲ့၆၃ % ကို အသုံးချပီး
ဝိတ်ချမယ်ဆိုရဲ့ အဓိကသော့ ချက်က၊
NEAT လို့ခေါ်တဲ့Non-Exercise Activity
Thermogenesis ကိုသိထားရပါမယ်။ အဲ့ဒါ
ကဘာလဲ ဆိုတော့၊ လေ့ကျင့်ခန်း မဟုတ်
တဲ့ တခြားလှုပ်ရှားမှုတွေကို ဆိုလိုတာပါ။
ဥပမာ၊ လမ်းလျောက် အိမ်သန့်ရှင်းရေး
လုပ် စျေးဝယ်ထွက်ခြင်း၊လှေကား အတက်အဆင်းလုပ်ခြင်းနဲ့ကလေး ထိန်းခြင်း
စတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ NEAT ဟာ၊ လေ့ကျင့်ခန်း
ထက်ကို ပိုပီးကယ်လိုရီတွေ လောင်ကျွမ်း
စေနိုင်ပါတယ်။ (အဲ့လိုပြောလို့လေ့ကျင့်ခန်း
ကအကျိုးမရှိဘူး ပြောတာမဟုတ်ဖူးနော်😁
Exercises benefit တွေကအများကြီးပါ။)
Neat နဲ့ exercise ပေါင်းစပ်နိုင်ရင်တော့ best
ပေါ့ဗျာ။ လေ့ကျင့်ခန်း မလုပ်ဖြစ်လို့၊ မလုပ်
နိုင်လို့ဆိုပီး လက်လျော့စရာ မရှိပါဘူးဆိုတာ
Alert လုပ်ရင်း၊ အဆီချဖို့အရမ်းအရေး
ပါတဲ့ NEAT အကြောင်းကို မျှဝေရခြင်းပါ။

😷 ခုလိုရောဂါတွေ ထူပြောနေချိန်မှာ၊ အထိုင်
များပီး၊ ဖုန်းသုံး၊ ဂိမ်းနှိပ်နေတဲ့ သင့်မိတ်ဆွေ
တွေကို အကျိုးပြုသောအားဖြင့် မန်းရှင်းခေါ်
၍၎င်း၊ ဤ post ကို share ၍၎င်း မျှဝေနိုင်ပါ
တယ်။ ဤ page ကိုလည်း၊ like share
လုပ်ခြင်းဖြင့် support လုပ်ပေးပါဦး

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉








ဘီယာဗိုက်ဗိုက်များ********************နှစ်ပေါင်းများစွာ သောက်လာခဲ့သမျှဘီယာတွေကြောင့် သင့်ဗိုက်စူစ ပြုနေပြီလား ?မပူပါနဲ့ ...
02/09/2020

ဘီယာဗိုက်ဗိုက်များ
********************
နှစ်ပေါင်းများစွာ သောက်လာခဲ့သမျှဘီယာတွေကြောင့် သင့်ဗိုက်စူစ ပြုနေပြီလား ?

မပူပါနဲ့ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ။ လေ့လာတွေ့ရှိချက်တွေအရ ဘီယာသောက်သုံးသူ အများစုဟာ အသက်ကြီးလာလေ အထူးသဖြင့် အမျိုးသားတွေဟာ ဘီယာဗိုက်ထွက်လာကြလေ့ရှိပါတယ် ။

ဒါပေမယ့် ဘယ်အရာတွေက ဘီယာဗိုက်ကို ဖြစ်စေသလဲ ဘီယာသောက်တဲ့လူတိုင်း ဘီယာဗိုက်မထွက်ကြပါဘူး ။ ဒါဆို ဘာကြောင့်များ ဒီဘီယာဗိုက်ထွက်လာသလဲ

ဘယ်အရာတွေက ဘီယာဗိုက် ထွက်လာစေသလဲ ?

အဓိက ဘီယာမှမဟုတ်ပါဘူး အရမ်းများတဲ့ကယ်လိုရီတွေက သင့်ခါးကို ဘောင်းဘီအပြင်လျှံထွက်စေတဲ့ ဘီယာဗိုက်တွေ ဖြစ်လာစေတာပါ ။ ကယ်လိုရီပါတဲ့ အစားအစာ ယမကာတွေဟာ သင့်ကို ဗိုက်ပူလာစေမှာပါ ။ ဒါပေမယ့် အရက်နဲ့ဆက်စပ်တဲ့ အရာတွေကတော့ ဗိုက်နားတဝိုက်ကို ပိုဝစေပါတယ် ။

နောက်ပြီး ဘီယာသောက်တဲ့အခါ အတူတူတွဲစားတဲ့အမြည်းတွေကလဲ ကယ်လိုရီ မနည်းလှပါဘူး ။ ဘားတွေ ပါတီတွေမယ်ဆိုရင် လွယ်လင့်တကူရတဲ့ ဆီကြော်အမြည်းတွေက သင့်ဗိုက်ကို ပိုပိုဆူလာစေမှာပါ ။

ဘာလို့ ဒီဗိုက်မှာမှ စုရသလဲ ?

ကျနော်တို့ တစ်နေ့တာ လိုအပ်တာထက် ပိုမိုစားမိတဲ့ ကယ်လိုရီတွေဟာ အဆီအဖြစ် ခန္ဓာကိုယ်ကသိုလှောင်ထားပါတယ် ။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ သိုလှောင်ထားလဲဆိုတာတော့ တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး ။

အမျိုးသမီးတွေဟာ အရေပြားအောက်အဆီလွှာပိုများပြီး အဲ့နေရာတွေမယ် အဆီအများစု စုလေ့ရှိတာကြောင့် သူတို့ရဲ့ လက်မောင်းတွေ ပေါင်တွေ တင်ပါးတွေမယ်ပိုမိုပြီး စုတတ်ပါတယ် ။ အမျိုးသားတွေမှာတော့ အရေပြားအောက်အဆီလွှာနည်းသောကြောင့် ဗိုက်မှာပဲ ပိုစုတာတွေ့ရပါတယ် ။နောက်ပြီး အသက်အရွယ်ကြီးတဲ့သူတွေမှာဆိုရင်လဲ လှုပ်ရှားမှုနည်းသောကြောင့် ပိုမိုပြီး ဘီယာဗိုက်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် ။

ဘီယာဗိုက် ထွက်တာ ဘာဖြစ်သလဲ ?

ဘီယာဗိုက်ထွက်ခြင်းကြောင့် သင့်အဝတ်အစားတွေ ကြပ်ထုပ်သွားတာထက် ဆိုးတဲ့ ကျန်းမာရေးဆိုးကျိုးတွေရှိပါတယ် အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ ၊ သွေးတိုးရောဂါ ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေပိုအဖြစ်များလာပါတယ် ။နောက်ပြီး ခန္ဓာကိုယ်က ဒီလို ဗိုက်အလေးကြီးကို သယ်ထားရတဲ့အတွက် ဒူးနာခြင်းလိုတွေဖြစ်စေတတ်ပါတယ်

ဒါဆို ဒီဘီယာဗိုက်ကို ဘယ်လိုဖျောက်မလဲ ?

မျက်လှည့်ပြသလို အလွယ်တကူဖျောက်ပစ်ဖို့တော့ မလွယ်ပါဘူး ကိုယ်လက်လှုပ်ရှားများများ လုပ်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ဘီယာသောက်သုံးတာကို တတ်နိုင်သလောက်လျှော့ချခြင်းဟာ ပထမဆုံးခြေလှမ်းပါပဲ ။ နောက်ပြီးရင် ကျန်းမာတဲ့အစားအစာမျိုးတွေ ကြိုတင်စားသုံးထားတာကလဲ ဆီကြော်အမြည်းတွေကို အများကြီးစားမိခြင်းမှ ကာကွယ်ပေးပါတယ် ။

လေ့ကျင့်ခန်းလုပ်ရင် ပျောက်သွားမလား ?

ဘယ်ရီရိုက်တာမျိုးတွေလို ဝမ်းဗိုက်အသားပေး လေ့ကျင့်ခန်းတွေက ဗိုက်ကြွက်သားတွေကိုသန်မာစေပြီး အဆီအနည်းငယ်ကျစ်သွားတာကလွဲရင် ဘီယာဗိုက်ကြီးက ပျောက်မသွားပါဘူး ။ လုံးဝပျောက်သွားဖို့အတွက် အဖြေကတော့ ဝိတ်ချခြင်းပဲ ဖြစ်ပါတယ် ။

အေရိုးဗစ် လေ့ကျင့်ခန်းတွေ ရေကူးတာတွေ စက်ဘီးစီးတာတွေ က ဝိတ်ကျစေပါတယ် အစားလျှော့စားခြင်းတစ်ခုထဲထက် လေ့ကျင့်ခန်းတွဲလုပ်ခြင်းက ပိုမိုပြီးဝိတ်ကျစေပါတယ် ။

သတင်းကောင်းကတော့ သင်ဝိတ်စချပြီဆိုတာနဲ့ ဗိုက်အနားတစ်ဝိုက်ကအဆီတွေဟာ ကျန်တဲ့နေရာတွေထက် အရင်ဆုံးလောင်ကျွမ်းပါတယ်တဲ့ ။

ကဲ ဒီနေ့ကစပြီး ဘီယာဗိုက်ကြီးကို ဖျောက်ပစ်ကြရအောင်
Crd
ဒေါက်တာရှိန်းသူဟန်

အလိုတေရှိတယ်😅
18/08/2020

အလိုတေရှိတယ်😅

အဆီချလိုသူများ သိသင့်သော points များ1  အဆီအမြန်ချခြင်း ( ဥပမာ တစ်လအတွင်း၊ရက် ၂၀ အတွင်း ကိုယ်အလေးချိန် လျော့ချခြင်း)သည် လ...
12/08/2020

အဆီချလိုသူများ သိသင့်သော points များ

1 အဆီအမြန်ချခြင်း ( ဥပမာ တစ်လအတွင်း၊
ရက် ၂၀ အတွင်း ကိုယ်အလေးချိန် လျော့ချခြင်း)
သည် လုံးဝမကောင်းပါ။ တချို့က အချိန်
အကန့်အသတ်ထက် တစ်ပါတ်လျင် ကိုယ်အလေး
ချိန်၏ ၁% လျော့ချခြင်း (ဥပမာ ပေါင် ၂၀၀
ရှိသူတစ်ယောက်က တပါတ်ကို ၂ ပေါင်ချပီး
တလကို ၈ ပေါင်ချခြင်းမျို း) သည် ခန္ဓာကိုယ်
တွင်းမှ ကြွက်သားမျှင်များပါလောင်ကျွမ်းသွား
ပါသည်။ ကိုယ်အလေးချိန် မြန်မြန်ချခြင်းသည်
လုံးဝ မကောင်းပါ။

သုတေသနများအရ တစ်ပါတ်ကို ကိုယ်အလေးချိန်
၁% လျော့ချ သူများနှင့် တစ်ပါတ်လျင် ကိုယ်အလေးချိန်၏ ၀.၇% သာလျော့ချသူများကို ဆန်းစစ်
ကြည့်ရာ အမြန်အဆီချသော အုပ်စုသည် ငါးပါတ်
ခွဲ အကြာတွင် ကိုယ်အလေးချိန် ၉ ပေါင်လျော့ချ
နိုင်ပီး၊ ၎င်းတွင် အဆီ ၇ ပေါင်၊ ကြွက်သား ၁ ပေါင်
ကျသွားပီး၊ အချိန် ယူပီး အဆီချသော အုပ်စုက
၈.၅ ပါတ်အကြာတွင် အဆီ ၁၁ ပေါင်ကျပီး၊
ကြွက်သား ၂ ပေါင် တက်လာသည် ကို
တွေ့ရှိခဲ့ရပါသည်။

အထက်ပါသုတေသနကဲ့သို့သော အချိန်ယူ၍
အဆီချခြင်းသည် ပိုကောင်းသော ရလာဒ်များ
ကိုဖော်ဆောင်နိုင်ကြောင်း တွေ့ရှိထားသော သုတေ
သနများစွာရှိပါသည်။ ထို့ကြောင့် အဆီအမြန်
ချတာ လုံးးးးးးးးးးဝ မကောင်းပါ

2 ကျွန်တော်တို့ကြားဖူးနေကြတာက
အဆီချသူများသည်၊ အနပ်ငယ်များများခွဲစား
ခြင်းသည် ကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်ဆန်စေ
ပီး အဆီချရန် ပိုကောင်းသည်ဟူသော ခံယူချက်
ကိုရပ်တံ့ရပါတော့မည်။ သုတေသီများက
တနေ့တာလိုအပ်သော ကယ်လိုရီကို အနပ်ငယ်
များစွာ ခွဲစားသော အုပ်စုနှင့်၊ တနေကုန် သမား
ရိုးကျ ၃ နပ်သာ ခွဲစားသောအုပ်စုဟူ၍ ခွဲ၍
လေ့လာကြည့်ရာ အဆီလောင်ကျွမ်းသော
ရလာဒ်မှာ ထူးခြားခြင်းမရှိအတူတူပင် ဖြစ်သည်
ကိုတွေ့ရပါသည်။

ဤလေ့လာတွေ့ရှိချက်အရ -
၁- တနေ့တာလိုအပ်သော ကယ်လိုရီထက်
လျော့စားမည်ဆိုလျင်
၂- အလုပ်များသော သူများအနေနှင့် တစ်နေကုန်
အနပ်ငယ်များစွာ အလုပ်ရှုပ်ခံ၍စားရန် မလိုဘဲ
သမားရိုးကျ သုံးနပ်ကို သတ်မှတ်ထားသော
ကယ်လိုရီ Range အတွင်းစားနိုင်လျင် အဆီကျ
ပါသည်။

3 ကိုယ်အလေးချိန် လျော့ချရင်းနဲ့ six
Packs ပြူးပြဲထွက်ချင်နေသော ညီငယ်များသတိ သုတေသန တစ်ခုတွင် ပြိုင်ပွဲဝင်ရန်
မာဆယ်ခွဲ ဒိုင်းယက်လုပ်နေသော ကာယဗလ
သမားများကို ဆန်းစစ်ကြည့်ရာ ပြိုင်ပွဲတက်ချိန်
တွင်၎င်းတို့ကိုယ်တွင်းမှ သိုင်းရွိုက်ဟိုမုန်း
သည် ၆၀% နီးပါး အထိကျဆင်းနေသည်ကို
တွေ့ရပါသည်။ သို့ဆိုလျင် RMR လည်းကျနေ
ပီး၊ တက်စတိုစတီရုန်း၊ leptin နှင့် အင်ဆူလင်
တို့၏ concentration လည်းကျဆင်းနေမည်
ဖြစိသည်။ ပြိုင်ပွဲပီး ပုံမှန်ပြန်လည်စားသောက်
မှသာ၊ ဟိုမုန်းများ ပုံမှန်အခြေအနေ ပြန်လည်
ရောက်ရှိမည်ဖြစ်သည်။
ဒါကြောင့် six packs သည် ကျန်းမာခြင်း
ကိုတိုင်းတာသော ပေတံမဖြစ်သင့်ပါကြောင်း

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉











 #အရပ်ရှည်နည်းအရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ။ အွန်လိုင်းမှာ အမေးများတယ်။ လက်တွေ့ ဆေးခန်းလာပြသူတွေလည်း မနည်းပါ။ သေချာတွက်ကြည...
03/08/2020

#အရပ်ရှည်နည်း

အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ။ အွန်လိုင်းမှာ အမေးများတယ်။ လက်တွေ့ ဆေးခန်းလာပြသူတွေလည်း မနည်းပါ။ သေချာတွက်ကြည့်ရင် အရပ်ရှည်အောင် လုပ်နိုင်တဲ့နည်းတွေ မ်ားမ်ားစားစားမရွိဘူး။ အရပ်ရှည်ဖို့ (1) အစားအသောက်
(2) အနေအထိုင် နဲ့
(3) လေ့ကျင့်ခန်းကို အဓိကထားပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
----------------------
(1)
အရင်ဆုံးအနေနဲ့ အရပ်ရှည်နိုင်တဲ့ #အစားအသောက် တှကျေို လေ့လာကြည့်ရအောင်။

အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အသားဓာတ် (အမိုင်နိုအက်ဆစ်) မ်ားမ်ား လိုအပ်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။

ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊ဒိန်ခဲ၊ထောပတ်၊ငါး၊အသား၊အသည်း စတာတွေက ကောင်းတယ်။
#နွားနို့ မွာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အခြေခံပရိုတင်းတွေ များစွာပါဝင်တယ်။ အရပ်ရှည်ဖို့ တစ်ရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက်အထိသောက်ပါ။ မလိုင်ထုတ်ပြီး နွားနို့မှာ အဆီပိုတွေ မရှိတော့လို့ ပိုကောင်းတယ်။ မနက်စောစော နွားနို့တခွက်သောက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ကြည့်ပါ။ မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွဲပြီး စနစ်တကျလုပ်ဆောင်သင့်တယ်။

#ကြက်ဥ ကလည်း အသားဓာတ်တမျိုးပါပဲ။ ကြက်ဥအကာမှာ albumin ပရိုတင်းတွေ ကြွယ်ဝစွာပါဝင်တယ်။ သတိပြုရမှာက ကြက်ဥအနှစ်မှာ အဆီပိုတွေပါလို့ ဝတဲ့သူတွေအနေနဲ့ ကြက်ဥအကာကိုသာ စားသုံးသင့်တယ်။ အရပ်ရှည်အောင် ကြက်ဥ နှစ်လုံးကို နေ့စဉ်သုံးပါ။

အရိုးပါ ဝါးစားနိုင်တဲ့ #ငါးသေးလေး တွေ တပတ် သုံးကြိမ်စားပေးပါ။
ဒါ့ပြင် ကြက်သား၊အမဲသား စတာတွေကလည်း ကြီးထွားခြင်းကိုဖြစ်စေလို့ လိုအပ်တယ်။
တစ်ရက်ကို #အသား အနည်းဆုံး (၅၀)ဂရမ် စားပေးပါ။

သက်သက်လွတ်သမားတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အသီးအရွက်တွေကနေလည်း အသားဓာတ္ကို ရနိုင်တယ်။ အသီးအရွက်ထဲမှာ ပဲသီး၊ပဲတောင့်ရှည်၊ပဲတီစိမ်း၊တို့ဖူး၊မုန်လာဥဖြူ၊တရုတ်မုန်လာ၊ဟင်းနုနွယ်၊ပဲပုတ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာထုပ်၊ရုံးပတေသီးစတာတွေက ကောင်းတယ်။ အသားဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ #ပဲပုတ် က အကောင်းဆုံးဖြစ်တယ်။ ဂျပန်တွေ အရပ်ရှည်လာတာ ပဲပုတ်စားတာလည်း ပါတယ်။ နေ့စဉ် ပဲပုတ် (၅၅)ဂရမ်လောက် စားပေးသင့်တယ်။

#အုတ်ဂျုံ ဆိုတာလည်း ပဲပုတ္လိုပဲ အသားဓာတ်ကြွယ်ဝတယ်။ ယာဂုကျိုရာမှာ သုံးကြတယ်။ အားသာခ်က္က အသားဓာတ္ကို ဖြည့်ဆည်းပြီး အဆီပိုတွေ လျှော့နည်းစေတာ ဖြစ်တယ်။ မနက်စာစားတိုင်း အုတ်ဂျုံ ဂရမ်(၅၀)ပါရင် ၆လအတွင်း အရပ်သိသိသာသာ ရှည်လာစေတယ်။

အစားအသောက်တွေထဲမှာ #အဆီအဆိမ့်ရှောင် သင့်တယ်။ အာလူးကြော်၊ကွတ်ကီ၊ချောကလက်၊ပီဇာ၊ဟမ်ဘာကာ၊မြန်မာလုပ် မုန့်ပဲသရေစာတွေက အာဟာရမမြောက်တဲ့အပြင် အဆီတက်စေတဲ့ အစားအစာတွေဖြစ်လို့ ရှောင်သင့်တယ်။ အဆီပိုများတာနဲ့အမျှ ခန္ဓာကိုယ်ဝိတ်များလာပြီး အရိုးတွေကို အပေါ်က ဖိထားသလိုဖြစ်စေတယ်။ ဒီအခ်က္က အရိုးတွေ ကြီးထွားခြင်း နှောင့်နှေးစေနိုင်တဲ့အချက်ဖြစ်တယ်။

အစားအသောက်တွေစားတဲ့အခါ သတိပြုရမှာတွေ ရှိတယ်။ စားတဲ့အခါ တနေ့သုံးကြိမ် စားသုံးတာထက် #အကြိမ်အရေအတွက်များများ နဲ့ အစားအသောက် #စုံလင် အောင် စားသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တထိုင်တည်း အစာများများစားခြင်းက အင်ဆူလင်ဟော်မုန်း ရုတ်တရက် တက်လာစေလို့ပါပဲ။ အင်ဆူလင်ဟော်မုန်းက growth hormone(ကြီးထွားဟော်မုန်း) ထွက်ပေါ်ခြင်းကို တားဆီးပေးတယ်။ ဂလူးကို့စ်ရုတ်တရက်များလေ အင်ဆူလင်တက်လေဖြစ်ပြီး ကြီးထွားခြင်းကို ပိုမိုနှေးကွေးသွားစေတယ်။

(2)
အစားအသောက်ပြီးရင် ဒုတိယအရေးကြီးတာက #အနေအထိုင် ပါ။

လူတွေဟာ အပျင်းကြီးတဲ့သတ္တဝါထဲမှာ ပါဝင်ကြတယ်။ အားနေရင် ထိုင်ချင်တာ သဘာဝပါ။ ဒီနေ့ခေတ်လူသားတွေရဲ့ နေပုံထိုင်ပုံကြည့့်လိုက်ရင် အိပ်တာနဲ့ထိုင်တာကလွဲရင် လှုပ်ရှားသူက ခပ်နည်းနည်းပါ။ ဒီထဲမွာ ဆရာဝန်တွေနဲ့ ကွန်ပျူတာပညာရှင်တွေကတော့ အဆိုးဆုံး ဖြစ်မယ်။ အထိုင်များသူတွေဟာ ယေဘုယျအရပ်ပုကြတယ်။ ထိုင်တဲ့လူတွေရဲ့ ကျောရိုးအနေအထားကို သတိထားလေ့လာကြည့်ရင် အမ်ားစုဟာ ခါးမတ်မတ်ထိုင်လေ့မရှိဘဲ ကိုင်းနေတာကို တွေ့ရလိမ့်မယ်။ အထိုင်များသူတွေအတွက် ခါးရိုးက ကောက်နေတာဖြစ်လို့ ပုံမှန်ထက် အရပ်ပုသွားစေတယ်။

အရပ်ရှည်ချင်သူတွေ ဒီအခ်က္ကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။
ထိုင်တဲ့အခါဖြစ်ဖြစ် နောက်ဆုံးအိပ်တဲ့အခါဖြစ်ဖြစ် ခါးရိုးကို ဆန့်ဆန့်ထားပါ။
အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာထက် ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်တယ်။ ရသမျှအချိန်အတွင်း အကျိုးရှိအောင် ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။
နောက်ပိုင်းမှာ သိလာတာက အိပ်စက်ခြင်းက ကြီးထွားဟော်မုန်းကို ထွက်စေတယ်။
အိပ်ရေးဝဝအိပ်စက်ခြင်းက ကြီးထွားမှုပေါ် သက်ရောက်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး ၂နာရီအကြာမှာ ပစ်ကျူထရီက ကြီးထွားဟော်မုန်းတွေ စတင်ထွက်လာတယ်။ တရက္ကို ပျမ်းမျှ (၈)နာရီလောက် အိပ်စက်ခြင်းက အရပ်ရှည်ခြင်းကို အားပေးတယ်။

(3)
အနေအထိုင်တတ်သွားရင် #လေ့ကျင့်ခန်း လုပ်ဖို့ ဆက်လက်ကြိုးစားသင့်တယ်။

အရပ်ရှည်ဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ အဖြေက ရှင်းပါတယ်။ #ခုန် ရတဲ့လေ့ကျင့်ခန်းတွေနဲ့ #ခါးဆန့်ခြေထောက်လှုပ် ရတဲ့ လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်။
ဥပမာ- ကြိုးခုန်တာ၊ဘတ်စကတ်ဘော၊ဘောလီဘော၊တဲနစ်၊ကြက်တောင်စတာတွေက ခုန်ရခါးဆန့်ရတာဖြစ်လို့ အရပ်ရှည်စေတယ်။
အလားတူ ရေကူးတာ၊ဘားဆွဲတာ၊ဘောလုံး၊ဘေ့စ်ဘော၊အေရိုးဗစ်၊ဂျင်မ်ကစားတာ၊လမ်းအမြန်လျှောက်တာမျိုးဟာ ခြေထောက်လှုပ်ပြီး ခါးဆန့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အရပ်ပုသူတွေအတွက် အထူးသင့်တော်တယ်။
အထက်ပါ လေ့ကျင့်ခန်းတွေထဲက မိမိနှစ်သက်ရာ လေ့ကျင့်ခန်းကို တစ်ရက်လျှင် နာရီဝက်ခန့် လုပ်ပေးပါ။

ကြားထဲမှာ အရပ်ရှည်စေမယ့် အစားအသောက်၊ဆေးဝါးသောက်သုံးနိုင်တယ်။ အရိုးအတွက် ကယ်စီယမ်၊မဂ္ဂနီစီယမ်၊ဖော့စဖားရပ်၊ သွပ်ဓာတ်၊သံဓာတ်နဲ့ ဗီတာမင် ဒီ စတာတွေ အဓိကလိုအပ်ပါတယ်။

ဗီတာမင်အားဆေးတွေအပြင် ကြီးထွားဟော်မုန်းကို တုပပြီးလုပ်တဲ့ HGH သောက်ဆေး၊ထိုးဆေးတွေလည်း ရှိသေးတယ်။ ဘေးထွက်ဆိုးကျိုးတော့ များပါတယ်။ တခါက HGH ထိုးဆေးနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဆေးပညာဗဟုသုတအနေနဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးတယ်။ ဒါကိုဖတ်ပြီး ဆေးပညာစာဖတ်ပရိသတ်နှစ်ဦးကတော့ ဝမ်းသာအားရနဲ့ ဆေးခန်း လာမေးတယ်။ မကောင်းတာက ဒီဆေးမျိုးက ဘေးထွက်ဆိုးကျိုးများတဲ့အပြင် ကရိကထများလွန်းတယ်။ လူနာအတွက် သိပ်အဆင်မပြေပါ။ အရပ်ရှည်အောင် တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ကြီးထွားဟော်မုန်းထွက်အောင် အားပေးတဲ့ဆေးတွေတော့ ရှိတယ်။ ဒီထဲမွာ ကေတာ့ ပိုနာမည်ကြီးတယ်။ ပဲပုတ်မှာပါသလို အသည်းအားဆေးတွေအနေနဲ့ သုံးတယ်။ ပစ်ကျူထရီကို လှုံ့ဆော်ပြီး ကြီထွားဟော်မုန်းတွေ ပိုထွက်လာစေတယ်။ ဆေးသောက်တဲ့အခါ L-Arginine ပါတဲ့ဆေးတွေသောက်ရင် ကြီးထွားမှုကို မြန်လာစေတယ်။

အားလုံးကို ခြုံပြီးပြောရရင် အရပ်ရှည်ဖို့ ကြီးထွားဟော်မုန်းက အရေးပါတယ်။အရိုးတွေသန်မာဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်တယ်။ ပရိုတင်းပါတဲ့ အစားအသောက်တွေကို နေ့စဉ် စားသင့်တယ်။ အိပ်ရေးဝဝအိပ်စက်ဖို့နဲ့ အနေအထိုင်တတ်ဖို့လည်း အရေးကြီးသေးတယ်။ ဒီအခြေခံအချက်တွေနြဲ့ပည့်စုံပြီးရင် ဆက်လုပ်မှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူမ်ားကိုအားမကိုးပဲ မိမိကိုယ်တိုင် စနစ္တက် စတင်လုပ်ဆောင်ကြည့်ပါ။ အသက်(၂၁)နှစ်အရွယ် အတွင်း သိသိသာသာ အရပ်ရှည်လာတာ တှေ့ရပါလျိမ့ျမယျ။

ဒေါက်တာ အေးမင်းထူး
https://m.facebook.com/DREAMBIG.Gymknowledge/

Address

Ywathit

Opening Hours

Monday 05:00 - 20:00
Tuesday 05:00 - 20:00
Wednesday 05:00 - 20:00
Thursday 05:00 - 20:00
Friday 05:00 - 20:00
Saturday 05:00 - 20:00

Website

Alerts

Be the first to know and let us send you an email when 21 fitness center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share