Natchaung football teams

Natchaung football teams professional. footballer

Logos☺We will win, every years.🏅🎖🥇🏆
03/08/2020

Logos☺
We will win, every years.
🏅🎖🥇🏆

နတ်ချောင်းအသင်းများ ခြေစမ်းပွဲတွေများများကန်ပြီး  အတိုးတက်ဆုံးအသင်းဖြစ်စေချင်ပါတယ်ဗျာ🙏
31/07/2020

နတ်ချောင်းအသင်းများ ခြေစမ်းပွဲတွေများများကန်ပြီး အတိုးတက်ဆုံးအသင်းဖြစ်စေချင်ပါတယ်ဗျာ🙏

08/02/2020

8.2.2020. Final ပွဲစဥ် penaltyကန်သွင်းမှု
🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅🥅
ဇော်ပိုင်ပိုင်Fc 🆚 မဟာမိတ်
⚽⚽⚽⚽⚽ ⚽⚽⚽⚽
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

8.2.2020🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲                                       F...
08/02/2020

8.2.2020
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
FINAL
ဇော်ပိုင်ပိုင်Fc. 1️⃣ 🆚 0️⃣ မဟာမိတ်Fc
🏆
🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁
Final ပွဲစဥ်တွေရဲ့ ထုံစံအတိုင်း ပြင်းထန်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ယနေ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာတော့ ဇော်ပိုင်ပိုင်Fc အသင်းရဲ့ တိုက်စစ်ကို မဟာမိတ်Fcအသင်းက ထိန်းချုပ်နိုင်ခဲ့တာ ကိုတွေ့မြင်ခဲ့ရပါတယ်။ဇော်ပိုင်ပိုင်Fc အသင်းရဲ့ အပိုင်အခွင့်အရေးတချို့ကို မဟာမိတ်Fc အသင်းရဲ့ ဂိုးသမားကျော်ဆန်း
လက်စွမ်းပြနေခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။
နှစ်သင်းလုံးက အပြန်အလှန်တွန်းတိုက်ကစားခဲ့ကြပြီး
ဒီပွဲစဥ်မှာတော့ ကွင်းလယ်ဒိုင်လူကြီးက အဝါကဒ်ပြား
များအသုံးပြုခဲ့ရပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့အမျှ ကစားသမားများအချေအတင်ဖြစ်ခဲ့ကြတာကိုလဲ
မြင်တွေ့ခဲ့ရပါတယ်။ပွဲကစားချိန်ပြီးသည် အထိသရေရလဒ်သာ ထွက်ပေါ်ခဲ့လို penlity ကန်သွင်းရာမှာတော့
ဇော်ပိုင်ပိုင်Fcအသင်းက မဟာမိတ်Fc အသင်းကို
၅-၄ ရလဒ်နှင့် အနိုင်ယူပြီး ပထမဆု🏆ကိုရရှိသွားပါတယ်။

08/02/2020

Feb 8.2.2020
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆
FINAL
မဟာမိတ်Fc. 🆚 ဇော်ပိုင်ပိုင်Fc
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
အုပ်စုA ကဇော်ပိုင်ပိုင်Fc နှင့် အုပ်စုB က မဟာမိတ်Fc
တို့ တွေ့ဆုံကြတာဖြစ်ပါတယ်။နှစ်သင်းလုံးက အုပ်စုဗိုလ်နှင့်တက်လာတဲ့ အသင်းတွေဖြစ်ပါတယ်။semi final မှာ
တွေ့ဆုံခဲ့တဲ့ အသင်းတွေကို နှစ်ဂိုးသွင်းယူကာ final ကို
တက်ရောက်လာကြတာဖြစ်ပါတယ်။ဒီနေ့ညနေမှာတော့
ချန်ပီယံ🏆အသင်း ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆🇲🇲🏆

07/02/2020

6.2.2020 Semi final ဒုတိယပွဲစဥ်ရလဒ်
မဟာမိတ်Fc 2️⃣🆚0️⃣ အင်အားFc
🏁🏴🏳🏁🏴🏳🏁🏴🏳🏁🏴🏳🏁🏴🏳🏁🏴🏳
ထင်ထားတာထက်ပိုပြီးအကျိတ်အနယ်ရှိခဲ့တဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ်။ပွဲစစကတည်းက အင်းအားFc အသင်းရဲ့
ထိုးဖောက်ကစားဟန်တွေကို မြင်တွေ့ခဲ့ရပါတယ်။မဟာမိတ်Fc အသင်းရဲ့ နောက်တန်းနှင့်ဂိုးသမားကို အလုပ်ရှုပ်စေခဲ့ပြီး အင်အားFc အသင်းက အခွင့်အရေးတချို့လဲရရှိခဲ့ပါတယ်။ မဟာမိတ်Fc အသင်းရဲ့ ဂိုးသမား
လက်စွမ်းပြမှုတွေကြောင့်သာ အင်အားFc အသင်း ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။အင်အားFc အသင်းရဲ့ အဓိကကစားသမားလို့ ဆိုရလောက်တဲ့ အောင်မြင့်မြတ် ကို
မဟာမိတ်Fc အသင်းက အခွင့်အရေးမရရှိအောင် ကောင်းမွန်စွာ ထိန်းချုပ်ကစားခဲ့တာကိုလဲမြင်တွေ့ခဲ့ရပါတယ်။ပထမပိုင်းပီးခါနီးမှာတော့ အင်အားFc အသင်းရဲ့
တိုက်စစ်ဆင်လာတဲ့ ဘောလုံးကို မဟာမိတ်Fc အသင်းက ဖြတ်ယူပြီး တန်ပြန်တိုက်စစ်ကို အကောင်းဆုံးပုံဖော်ကာ ရရှိလာတဲ့အခွင့်အရေးကို ဝါရင့်ကစားသမားကြီး😁
ကိုမင်းမောင်ဌေး က ကောင်းဆုံးအသုံးချနိုင်ခဲ့လို့ တစ်ဂိုးဂိုးမရှိရလဒ်နှင့် ပထမပိုင်းကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အင်အားFc အသင်းရဲ့တိုက်စစ်နှင့် မဟာမိတ်Fc အသင်းရဲ့ နောက်တန်းတို့ရဲ့ အားပြိုင်မှုတွေကို ပွဲချိန်တော်တော်များများမှာတွေ့မြင်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ အင်အားFc အသင်းရဲ့ ဆိုဒ်ဘက်ကစားသမား သန့်ဇင်အောင် ရဲ့ကန်သွင်းမှုက ဂိုးဘားတိုင်ထိခဲ့တာတွေ၊လူစားဝင်ကစားသမား ဂျာပုရဲ့ အပိုင်ခေါင်းတိုက်ချက်ကို မဟာမိတ်Fc အသင်းရဲ့ဂိုးသမားနေရာယူမှန်မှန်နှင့်ကာကွယ်နိုင်ခဲ့တာတွေကြောင့် အင်အားFc အသင်း ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။အင်အားFc အသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုမြင်တွေ့နေရပေမယ့် တကယ်တမ်းဂိုးရရှိသွားတာကတော့ မဟာမိတ်Fc အသင်းဘဲဖြစ်ပါတယ်။အဆိုပါဂိုးကိုတော့ သက်ကြီးကစားသမား😁 ကိုသာဘေးက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။အင်အားFcအသင်းကချေပဂိုးရရှိရန်ကြိုးပမ်းခဲ့ကြပေမယ့် နောက်ဆုံးမှာတော့
ဝါရင့်ကစားသမားကြီးတွေရဲ့ မဟာမိတ်Fc အသင်းကို
ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာအနိုင်ရရှိသွားခဲ့တဲ့ မဟာမိတ်Fc အသင်းကတော့ Finalကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

05/02/2020

6.2.2020
မဟာမိတ်Fc VS အင်အားFc
❓❔❓❔❓❔❓❔❓❔❓❔ဘယ်အသင်းက final ကိုတက်သွားမလဲ?
နတ်ချောင်းရွာအခြေစိုက် အသင်းနှစ်သင်းတွေ့ဆုံတာဖြစ်ပါတယ်။မဟာမိတ်Fc အသင်းက ဝါရင့်ကစားသမားကြီးများနှင့်ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။အင်းအားFc အသင်းကတော့ လူငယ်ကစားသမား
အများအပြားနှင့်ဖွဲ့စည်းထားခဲ့တဲ့အသင်းဖြစ်ပါတယ်။
ဝါရင့်ကစားသမားကြီးတွေနှင့်ဖွဲ့စည်းထားတဲ့ မဟာမိတ်Fc အသင်းဘဲ အနိုင်ရရှိသွားမလား?????
နတ်ချောင်းလူငယ်ကစားသမားတွေနှင့်ဖွဲ့စည်းထားတဲ့
အင်အားFc အသင်းကဘဲအနိုင်ရသွားမလား?????
😁😁😁

05/02/2020

5.2.2020(ယနေ့)မှာကန်သွားတဲ့
semi final ပထမပွဲစဥ်ရလဒ်
ဇော်ပိုင်ပိုင်Fc 2️⃣🆚1️⃣စွမ်းပြည့်အောင်Fc
🏁🏳🏁🏳🏁🏳🏁🏳🏁🏳🏁🏳🏁🏳🏁🏳🏁🏳
ပြိုင်ပွဲကတော့ semi ပွဲစဥ်ဆိုတဲ့အတိုင်း အကျိတ်အနယ်
ရှိလှပါတယ်။အပြန်အလှန်တိုက်စစ်ဆင်မှုတွေအများအပြားကိုတွေ့မြင့်ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်
ဇော်ပိုင်ပိုင်Fc အသင်းရဲ့ ကန်သွင်းယူမှုတွေကို ⚽👟
စွမ်းပြည့်အောင်Fc အသင်းရဲ့ ဂိုးသမားက လက်စွမ်းပြ
နေလို့သာ ဂိုးတွေကိုစောစောမမြင်ခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ဇော်ပိုင်ပိုင်Fc အသင်းက
ဖိကစားခဲ့ပြီး ဂိုးးတွေရရှိခဲ့ပါတယ်။
ဦးဆောင်ဂိုးနှစ်ဂိုး⚽⚽ ပေးလိုက်ရပေမယ့်
စွမ်းပြည့်အောင်Fc အသင်းက အားမလျော့ဘဲ ကြိုးကြိုးစားစားကစားပြီးချေပဂိုးနှင့်အနိုင်ဂိုးရရှိအောင်ကြိုးပမ်းခဲ့ကြပါတယ်။ ဇော်ပိုင်ပိုင်Fc အသင်းရဲ့ နောက်တန်းနှင့်ဂိုးသမားကို အလုပ်ရှုပ်စေခဲ့ပြီး ချေပဂိုးလဲရရှိလာခဲ့ပါတယ်။နောက်ပိုင်းမိနစ်တွေမှာ
ဇော်ပိုင်ပိုင်Fc အသင်းက သတိထားကစားပြီး ပွဲကိုထိန်းချုပ်သွားခဲ့တာကြောင့် 2-1 ရလဒ်နှင့်အနိုင်ရရှိသွားခဲ့ပါတယ်။

5.2.2020 မှာတွေ့ဆုံမယ့်Semi final ပထမပွဲစဥ်မှာတော့ဇော်ပိုင်ပိုင်Fc 🆚 စွမ်းပြည့်အောင်Fc အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်...
05/02/2020

5.2.2020 မှာတွေ့ဆုံမယ့်
Semi final ပထမပွဲစဥ်မှာတော့
ဇော်ပိုင်ပိုင်Fc 🆚 စွမ်းပြည့်အောင်Fc အသင်းတို့
ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

03/02/2020

3.2.2020
ပွဲစဥ်(၂၀)
Future Term Fc vs စွမ်းပြည့်အောင်Fc
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
အုပ်စုပွဲစဥ်တွေရဲ့ နောက်ဆုံးပွဲစဥ်ဖြစ်ပါတယ်။ယခုပွဲစဥ်ဟာ Future Term အတွက်အရေးမကြီးပေမယ့်
စွမ်းပြည့်အောင်Fc အသင်းအတွက် အုပ်စုဗိုလ်နေရာကို
သိမ်းပိုက်နိုင်မယ့် အခွင့်အရေးဖြစ်တာကြောင့် ပိုမိုကြိုးစားကစားသွားကြမှာဖြစ်ပါတယ်။Future Term Fc
အသင်းကလဲ မိမိတို့အသင်းရဲ့ ဂုဏ်သိက္ခာအတွက်
ပြန်လည်ခုခံကစားသွားကြမှာကြောင့်.............

Address

Ye-U
457888

Website

Alerts

Be the first to know and let us send you an email when Natchaung football teams posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category