Flexth Yoga

Flexth Yoga Certified 200hrs YTTC ( The Yoga Mandala - Singapore), 300hrs YTTC ( Yoga Vidya Mandirum- India)

Aim to promote the three factors for essential foundation of physical fitness:
- Flexibility
- Strength
- Mobility

19/08/2026

"အမြဲတမ်း အားတင်းပြီး အတင်းတွန်းလုပ်နေရလို့... မောပန်းလက်ပန်းကျနေပြီလား? 🧘‍♀️🌿"

မင်္ဂလာပါရှင်... Flexth Yoga မှ တီချယ်သီတာပါ။
ဒီနေ့တော့ မမတို့၊ ညီမလေးတို့ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ သတိမထားမိတတ်တဲ့ "ဖိအားပေးခြင်း (Pressure)" နဲ့ "တွန်းအားပေးခြင်း (Support)" ရဲ့ အရေးကြီးတဲ့ ကွာခြားချက်လေးကို မျှဝေပေးချင်ပါတယ်ရှင်။

❌ "ဖိအားပေးတယ်ဆိုတာ ရလဒ်တခုကိုအမြန်လိုချင်လို့
ခန္ဓာကိုယ်ကို အတင်းအကျပ် စေခိုင်းခြင်းပါ"
သူများတွေ လှပကျစ်လျစ်နေတာကို တွေ့တဲ့အခါ၊ ရေရှည် အားစိုက်ထုတ်ရမှာမျိုးကို မလုပ်ချင်လို့ချက်ချင်းရလဒ်လိုချင်တဲ့ လောဘနဲ့ ကိုယ့်ခန္ဓာကိုယ်ကို အလွန်အကျွံ ဖိအားပေးမိတတ်ကြတာမျိုးပါ။ ဥပမာ— workout အပြင်းစားတွေကို တရက်တည်းအချိန်များများကျင့်လိုက်တာမျိုးပေါ့။ ဒါပေမဲ့ ရက်တိုတိုနဲ့ ရလဒ်ချက်ချင်းမထွက်လာတဲ့အခါ စိတ်ရောကိုယ်ပါ ငြီးငွေ့လက်ပန်းကျပြီး ရပ်နားပစ်လိုက်တတ်ကြပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်က ပိုမိုပင်ပန်းနွမ်းနယ်လာပြီး ကြွက်သားဒဏ်ရာတွေရတာ၊ အရင်ထက် ပိုမိုဝိတ်တက်လာတာမျိုးတွေအထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
🌿 "တွန်းအားပေးတယ်ဆိုတာ
မိမိကိုယ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် အရှိန်ယူတင်ပေးတာပါ"
တကယ်တော့ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တာဟာ ကိုယ့်အရှိန်နဲ့ကိုယ် ပုံမှန်လေး လေ့ကျင့်ပေးတဲ့ "Consistency (ပုံမှန်ရှိမှု)" သာ ဖြစ်ပါတယ်။
ဒီနေ့ကျင့်တယ်၊ မနက်ဖြန် ဆက်ကျင့်တယ်။ ၁ လ၊ ၂ လမှာ ချက်ချင်းကြီး မသိသာသေးပေမယ့် အချိန်တစ်ခုရောက်တဲ့အခါ အဆစ်အမြစ်နဲ့ ကြွက်သားတွေ ပိုမိုပျော့ပျောင်းသန်မာလာပြီး မယုံနိုင်လောက်အောင် သိသိသာသာ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

💡 "၆ လစာနဲ့ Unlimited Plan တွေကို မေးပြီး ဝယ်ကြတဲ့ အကြောင်းရင်း"
Flexth Yoga မှာ ၁ လစာ၊ ၃ လစာကနေ စတင်လေ့ကျင့်ဖူးသူတိုင်း နောက်ပိုင်းမှာ ၆ လစာနဲ့ Unlimited Plan တွေကို မေးပြီး ပြောင်းလဲဝယ်ယူကြတာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် ရေရှည် Consistency ရဲ့ တန်ဖိုးကို လက်တွေ့သိရှိသွားကြလို့ပါပဲ။
ဒါကြောင့် ဒီတစ်ခါမှာတော့... အရင်က Member အဟောင်းတွေကိုသာ သီးသန့်ပေးလေ့ရှိတဲ့ (၂၀% လျှော့ဈေး အထူးအခွင့်အရေး) ကို စနစ်တကျနဲ့ ရေရှည်ပြောင်းလဲချင်တဲ့ Member အသစ်များအတွက်ပါ တန်းတူ ခံစားခွင့်ပေးလိုက်ပါပြီရှင်။

📍 Flexth Yoga App - အထူး ၂၀% လျှော့ဈေးနှုန်းများ:
(၆) လစာ Bundle (Beginner to Pre Intermediate Set) : ၆၄,၅၀၀ ကျပ် အစား ၅၁,၅၀၀ ကျပ် သာ
(၁) နှစ်စာ Unlimited Plan: ၁၁၅,၀၀၀ ကျပ် အစား ၉၂,၀၀၀ ကျပ် သာ
(၂ နှစ်စာ နှင့် ၃ နှစ်စာ Unlimited Plan များကိုလည်း ၂၀% သက်သာသော ဈေးနှုန်းဖြင့် Messenger တွင် အသေးစိတ် စုံစမ်းနိုင်ပါသည်)

ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားမပေးဘဲ၊ မှန်ကန်တဲ့ တွန်းအားနဲ့ ရေရှည်ကျန်းမာလှပစေဖို့ Flexth Yoga နဲ့အတူ အခုပဲ စတင်လိုက်ရအောင်ရှင်။

မေတ္တာဖြင့်..
Namaste 🙏
Flexth Yoga (Teacher Thida)









#2026






04/08/2026

"သူများတွေအတွက်ပဲ အချိန်ပေး၊ စိတ်ပေးရင်း... ကိုယ်တိုင် စိတ်မောလူမော ဖြစ်ပြီး Burnout ဖြစ်နေပြီလား? 🧘‍♀️✨"

မင်္ဂလာပါရှင်... တီချယ်သီတာပါ။

ဒီနေ့တော့ မမတို့၊ ညီမလေးတို့အတွက် အရမ်းတန်ဖိုးရှိပြီး စိတ်ထဲမှာ ငြိမ်းချမ်းမှုအပြည့် ပေးနိုင်မယ့် အတွေးအမြင်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

တီချယ် မကြာသေးမီက "Boundaries = Freedom" (နယ်နိမိတ် သတ်မှတ်ခြင်း = လွတ်လပ်မှု) ဆိုတဲ့ စိတ်ပညာ စာအုပ်လေးတစ်အုပ်ထဲ က အကြောင်းပါ။ ဒီစာအုပ်ကိုကြည့်ရင်း တီချယ် စိတ်ထဲမှာ မမတို့၊ ညီမလေးတို့အကြောင်းကို ချက်ချင်း ပြေးမြင်မိတာပါပဲ။

လူတော်တော်များများဟာ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစု၊ အလုပ်ခွင်နဲ့ ပတ်ဝန်းကျင်ကြားမှာ "သူများ စိတ်မဆိုးအောင်၊ သူများ စိတ်ချမ်းသာအောင်" ဆိုပြီး အရာရာကို လိုက်လျော ပံ့ပိုးပေးရင်းနဲ့ပဲ ကိုယ့်ကိုယ်
ကိုယ် စိတ်ရော ခန္ဓာပါ လက်ပန်းကျပြီး စိတ်ဓာတ်ကျ/နွမ်းနယ်တာမျိုး (Burnout) ဖြစ်နေကြရတာပါ။

ဒီစာအုပ်ရဲ့ အဓိက ဆိုလိုရင်းကတော့... "Boundaries (နယ်နိမိတ်/စည်း)" ဆိုတာ အတ္တကြီးတာ သို့မဟုတ် သူများကို ပစ်ပယ်လိုက်တာ မဟုတ်ပါဘူး။ "ငါ့ရဲ့ စိတ်နဲ့ ခန္ဓာ မပင်ပန်းရအောင် ဒီအထိပဲ လက်ခံမယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးစွာနဲ့ ကာကွယ်ပေးတဲ့ အကာအကွယ်စည်းလေးတွေ သတ်မှတ်လိုက်တာပါ။ အဲ့ဒီလို စည်းလေးတွေ သတ်မှတ်ပေးနိုင်မှသာ စိတ်ရဲ့ တကယ့် "လွတ်လပ်မှု (Freedom)" နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရရှိနိုင်မှာဖြစ်ကြောင်း လမ်းညွှန်ထားတာ ဖြစ်ပါတယ်ရှင်။

💡 ဒီစာအုပ်ထဲမှာပါတဲ့ နယ်နိမိတ် (Boundaries) ၅ မျိုးနဲ့ ယောဂကျင့်စဉ် ဘယ်လို ဆက်စပ်နေသလဲ?

တီချယ် စာအုပ်ဖတ်ရင်း ယောဂနဲ့ ချိတ်ဆက်ပြီး တွေးမိတာလေးတွေကို အသေးစိတ် ရှင်းပြပေးချင်ပါတယ်ရှင်။

၁။ Emotional Boundary (စိတ်ခံစားချက်ဆိုင်ရာ စည်း)
ပတ်ဝန်းကျင်က လူတွေရဲ့ အဆိုးမြင်စိတ်၊ ဒေါသနဲ့ သောကတွေကို ကိုယ့်ဆီ အဝင်မခံဘဲ သူများစိတ်ကို လိုက်မခံစားမိအောင် တားဆီးပေးတာပါ။ ယောဂကျင့်စဉ်ဟာ ကိုယ့်ရဲ့ အသက်ရှူမှု (Pranayama) ပေါ်မှာပဲ အာရုံစိုက်စေတာမို့ အပြင်က ရှုပ်ထွေးမှုတွေကို ခဏ မေ့ထားနိုင်ပြီး စိတ်ကို အေးချမ်းရှင်းလင်းသွားစေပါတယ်။

၂။ Time Boundary (အချိန်ဆိုင်ရာ စည်း)
တစ်နေ့တာလုံးမှာ အရာရာကို "သူများအတွက်" ပဲ အချိန်ပေးခဲ့ရပြီးပြီမို့... တစ်နေ့ကို မိနစ် (30) မှ (၆၀) မျှ "ဒါဟာ ငါ့ရဲ့ ကိုယ်ပိုင်အချိန်ပဲ" ဆိုပြီး မိမိကိုယ်ရေးကိုယ်တာ အချိန်လေး သီးသန့် သတ်မှတ်ပေးတာပါ။ ဒီအချိန်လေးမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း ( ကျန်းမာရေးအတွက် အားကစားတခုခုလုပ်တာမျိုး) ဥပမာ ယောဂဖျာပေါ် ရောက်အောင် သွားလိုက်တာဟာ စိတ်ရော ခန္ဓာပါ အပြည့်အဝ အနားပေးလိုက်တာပါပဲ။

၃။ Relationship Boundary (ပတ်ဝန်းကျင် ဆက်ဆံရေးဆိုင်ရာ စည်း)
သူများ စိတ်ချမ်းသာဖို့အတွက်ပဲ အရာရာကို လိုက်လျောမနေဘဲ... ကိုယ့်ကျန်းမာရေးနဲ့ စိတ်ငြိမ်းချမ်းမှုကို မထိခိုက်အောင် မလိုအပ်တဲ့ ကိစ္စတွေကို အားမနာတမ်း "No" လို့ ငြင်းပယ်တတ်လာတာပါ။

၄။ Work Boundary (အလုပ်ဆိုင်ရာ စည်း)
အလုပ်ချိန်ပြီးသွားရင် အလုပ်ကိစ္စတွေကို ခေါင်းထဲကထုတ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို စည်းခြားလိုက်တာပါ။ အလုပ်နဲ့ စိတ်ဖိစီးမှုတွေကို ခဏ မေ့ထားပြီး ကိုယ်ဝါသနာပါတာတခုခုလုပ်တာမျိုးနဲ့ အကျိုးရှိစွာ အချိန်ကုန်စေတာပါ ။

၅။ Internal Boundary (မိမိကိုယ်တွင်း စည်းကမ်း)
ဒါကတော့ အဓိကကျတဲ့ ကိုယ်တွင်း စည်းကမ်းပါပဲ။ မိမိကိုယ်တွင်း စည်းကမ်းဆိုတာ အိပ်မောကျနေတဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေကို ပြန်လည်နိုးထစေဖို့ "Consistency - ပုံမှန် မပြတ်လေ့ကျင့်ခြင်း" ဆိုတဲ့ စည်းကမ်းလေးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်တာ ဖြစ်ပါတယ်ရှင်။

🤸‍♂️ ယောဂမှာ Advanced Pose တွေအထိ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ဆိုရင်...

အထက်မှာပြောခဲ့တဲ့ Internal Boundary (မပြတ် လေ့ကျင့်ပေးခြင်း) က အရမ်း အရေးကြီးပါတယ်ရှင်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားဆိုတာ သရေပင်နဲ့ တူလို့ပါပဲ။

ကြွက်သားရဲ့ သဘာဝက သရေပင်လိုပါပဲရှင်။ ဒီနေ့ လေ့ကျင့်လိုက်ပြီး မနက်ဖြန် မလေ့ကျင့်ဘဲ ပစ်ထားလိုက်ရင် အရင်အတိုင်း ပြန်တင်းမာသွားတတ်ပါတယ်။ ဒါကြောင့် ကြွက်သားတွေ သန်မာနေဖို့နဲ့ yoga Pose တွေကို ဒဏ်ရာမရဘဲ လွတ်လပ်စွာ (Freedom) လုပ်ဆောင်နိုင်ဖို့အတွက် ပုံမှန် အလေ့အကျင့် (Consistency) လေး ရှိနေဖို့ လိုပါတယ်။ဒီနေ့ကျင့်တယ်၊ မနက်ဖြန် ဆက်ကျင့်တယ်။ ဆက်တိုက်ကျင့်သွားမယ်ဆိုရင်တော့ အဆစ်အမြစ်နဲ့ ကြွက်သားတွေက ပိုမို ပျော့ပျောင်းသန်မာလာပြီး စိတ်ရော၊ ခန္ဓာပါပေါ့ပါးလန်းဆန်းနေမှာပါ။

🌿 သူများအတွက်ပဲ အချိန်မပေးဘဲ... ကိုယ့်အတွက် ကိုယ်ပိုင် Boundary လေး သတ်မှတ်လိုက်ပါ

သူများ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးရင်း စိတ်မောနေမယ့်အစား... Flexth Yoga နဲ့အတူ တစ်နေ့ကို မိနစ် ၄၀ မျှ ကိုယ်ပိုင် Boundary လေး သတ်မှတ်ပြီး အခုပဲ စတင် လေ့ကျင့်ကြည့်ပါ။

အစကနေစပြီး အဆင့်မြင့် Pose တွေအထိ တဆင့်ချင်း စနစ်တကျ မပြတ်တောက်ဘဲ တက်လှမ်းနိုင်ဖို့အတွက် Flexth Yoga ရဲ့ (၃) လစာ Package များကို (၃၂,၅၀၀ ကျပ်) မှ စတင်၍ ဝယ်ယူနိုင်ပါတယ်ရှင်။

🎁 (၃) လစာ Package ဝယ်ယူသူများအတွက် အထူးတန်ဖိုးများ:

(၂) လစာဖိုး ပေးရုံနဲ့ (၁) လစာ လက်ဆောင် (Free) ရမည့်အပြင်

ကိုယ့် Level နဲ့ ကိုက်ညီတဲ့ Program တွေ အကုန်လုံးပါဝင်တဲ့ (Set လိုက် အပြည့်အစုံ) ကို ရရှိမှာမို့ မပြတ်မတောက် စနစ်တကျ တောက်လျှောက် လေ့ကျင့်သွားနိုင်မှာပါရှင်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:

(၃) လစာ (Level အလိုက် Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)

(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍

Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

စိတ်ရော ကိုယ်ပါ ကောင်းမွန်အောင်... ကိုယ့်အတွက် Boundaries လေးတွေ သတ်မှတ်ပြီး Flexth Yoga နဲ့အတူ စိတ်၏ လွတ်လပ်မှုကို အခုပဲ ရယူလိုက်ပါရှင်။ 😊💖

မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga (Teacher Thida).









#2026



Flexth Yoga ရဲ့ Online Offline Schedule လေးပါ။ August လအတွက် စတင်လက်ခံနေပါပြီရှင်။ Seat Confirmed ဖြစ်ဖို့အတွက် Messenge...
26/07/2026

Flexth Yoga ရဲ့ Online Offline Schedule လေးပါ။
August လအတွက် စတင်လက်ခံနေပါပြီရှင်။
Seat Confirmed ဖြစ်ဖို့အတွက် Messenger
ကနေ စာရင်းပေးသွင်းလို့ရပါတယ်ရှင်။
လူအပြည့်မြန်လို့ မြန်မြန်စာရင်းပေးသွင်းဖို့တော့လိုပါတယ်ရှင်။

Online schedule လေးကို comment မှာ ကြည့်ပေးပါနော်။

Namaste 🙏
Flexth Yoga.



22/07/2026

"၁ ရက်ကို ၅၀၀ ကျပ်တည်းနဲ့... YouTube မှာ စမ်းတဝါးဝါး ရှာဖွေလေ့ကျင့်နေရတဲ့ ပြဿနာကို အပြီးတိုင် ရှင်းလိုက်ပါ 🧘‍♀️💡"

ယောဂကို စတင်လေ့ကျင့်နေသူအများစု ကြုံတွေ့ရလေ့ရှိတဲ့ အကြီးမားဆုံး အခက်အခဲတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ Facebook နဲ့ YouTube တို့လို အွန်လိုင်းမှာ တွေ့မြင်မိတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ကောင်းနိုးရာရာ လေ့ကျင့်ကြည့်ကျပါတယ်... တခါတလေ ကိုယ်နဲ့အဆင်ပြေတာမျိုးတွေ့တတ်ပေမဲ့ တခါတရံမှာ ကိုယ့်
ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ လွဲချော်နေတတ်တော့ တပုဒ်ပြီးတပုဒ် ရှာဖွေလေ့ကျင့်ရင်း အချိန် ကုန်လူပန်းဖြစ်
တတ်ကြပါတယ်။
ဘာလို့လဲဆိုတော့ ယောဂဆိုတာ အမျိုးအစား ပုံစံအမျိုးမျိုး ရှိလို့ပါပဲ။

ကိုယ်က လှုပ်ရှားမှု မြန်မြန်ဆန်ဆန် ကြိုက်တာလား?

ဖြေးဖြေးနဲ့ အကြောဆန့်တာ ကြိုက်တာလား?

ဒါမှမဟုတ် ကြွက်သားသန်မာစေမယ့် Strength ပိုင်းကို ကြိုက်တာလား?

ကိုယ့်ရဲ့ Favourite အကြိုက်နဲ့ ကိုယ့် ခန္ဓာကိုယ် Energy ချင်း မကိုက်ညီတဲ့ ဗီဒီယိုတွေကို သွားလေ့ကျင့်မိတဲ့အခါ ပေါ့ပါးလန်းဆန်းသွားတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်က ပိုပြီး ပင်ပန်းနွမ်းနယ် နာကျင်ကျန်ခဲ့တတ်ပါတယ်။

✨ စမ်းတဝါးဝါး ရှာဖွေနေစရာမလိုဘဲ စနစ်တကျနဲ့ စမ်းသပ်လေ့ကျင့်နိုင်မယ့် Flexth Yoga

Flexth Yoga မှာတော့ Beginner ကနေ Advanced အထိ Level အလိုက် စနစ်တကျ သင်ရိုး (System) ပြုလုပ်ပေးထားတဲ့အပြင်... မိမိနဲ့ ဘယ်လို လေ့ကျင့်ခန်းမျိုးက ကွက်တိကျမလဲဆိုတာကိုလည်း Page Messenger မှာ တီချယ်သီတာနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးပြီးမှ ကိုယ်နဲ့ အကိုက်ညီဆုံး Program ကို စတင် ရွေးချယ်နိုင်ပါတယ်။

ဥပမာ ဒီ Video မှာပါတဲ့ Road to Wellness ဆိုတဲ့ Program လေးမှာယောဂကို အစကနေ စနစ်တကျ လေ့ကျင့်ချင်သူတွေအတွက် သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အကြောအခြင်တွေကို လုံးဝ ထိရောက်သွားအောင် စနစ်တကျ သီးသန့် ရေးဆွဲထားတာ ဖြစ်ပါတယ်။

💡 ၁ ရက်ကို (၅၀၀ ကျပ်) ဝန်းကျင်တည်းနဲ့ ၁ လစာ အစီအစဉ်ကို စတင်လိုက်ပါ။

"ငါနဲ့ တကယ်ရော ကိုက်ရဲ့လား" ဆိုတာကို ပိုက်ဆံအများကြီး ကုန်စရာမလိုဘဲ စမ်းသပ်ကြည့်နိုင်အောင် Flexth Yoga ရဲ့ (၁) လစာ Program များကို (၁၆,၀၀၀ ကျပ်) မှ စတင်၍ မိမိ လေ့ကျင့်ချင်တဲ့ Level အလိုက် ရွေးချယ် ဝယ်ယူနိုင်ပါပြီရှင်။

တစ်ရက်ကို တွက်ကြည့်ရင် (၅၀၀ ကျပ်) ဝန်းကျင်မျှသာ ကျသင့်မှာမို့... အပြင်မှာ ရေသန့်တစ်ဗူး ဝယ်သောက်တဲ့ ကုန်ကျစရိတ်လေးနဲ့တင် ကိုယ့်အိမ်မှာတင် ကိုယ်နဲ့ ကိုက်ညီတဲ့ ယောဂကျင့်စဉ်တွေကို စနစ်တကျ စတင်လေ့ကျင့်နိုင်သွားမှာပါရှင်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:

(၁) လစာ Program များ: ၁၆,၀၀၀ ကျပ်မှ စတင်၍ (၁ ရက်လျှင် ၅၀၀ ကျပ် ဝန်းကျင်)

(၃) လစာ (Level အလိုက် Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)

Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨

တွေ့ရာ ဗီဒီယိုတွေနဲ့ အချိန်မကုန်တော့ဘဲ ကိုယ်နဲ့ အကိုက်ညီဆုံး ယောဂ Program လေးကို ရှာဖွေဖို့ အခုပဲ Messenger မှာ အေးဆေး လာရောက်တိုင်ပင် ဆွေးနွေးလိုက်ပါရှင်။ 😊💖

မေတ္တာဖြင့်.
Namaste 🙏
Flexth Yoga (Teacher Thida).









#2026

13/07/2026

ယောဂကျင့်ရင် ဒဏ်ရာရတတ်တယ် ဆိုတာ တကယ်ပဲ ဟုတ်ပါသလား? 🧘‍♀️🩹"

"သူငယ်ချင်းတစ်ယောက်က ယောဂကျင့်ရင်း အကြောပြတ်သွားလို့၊ ခါးနာသွားလို့..." စတဲ့ စကားမျိုးတွေကို ကြားဖူးကြမှာပါ။ တကယ်တော့ ယောဂကျင့်ရင်း ဒဏ်ရာရသွားတယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ အဓိကကတော့ ပုံစံမမှန်တာရယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထက် လောဘက ရှေ့ဦးသွားပြီး Limit ကျော်သွားတာရယ်ကြောင့် ဖြစ်တတ်ပါတယ်။

ယောဂကျင့်တယ်ဆိုတာ တကယ်တော့ အကွက်တွေ လိုက်ပြိုင်နေတာ မဟုတ်ဘဲ "ကိုယ့်စိတ်ကိုယ် သတိပေးနေတဲ့ ကျင့်စဉ်" တစ်ခုပါ။

❌ "သူများကို အားကျပြီး လိုက်လုပ်ရာကစတဲ့ လောဘ"
အွန်လိုင်းက Marketing ကြော်ငြာတွေမှာ "ရက်တိုတိုနဲ့ ယောဂ အဆင့်တစ်ခု ရောက်ရမယ်" ဆိုတာတွေကို ကြည့်ပြီး အတင်းလိုက်လုပ်ကြတာမျိုး ရှိပါတယ်။ သင်တန်းသူတစ်ချို့က မေးတတ်ကြတယ်... "တီချယ်... ၃ လပြည့်ရင် Intermediate Level ကို တက်လို့ရပြီလား" တဲ့။

ဒါဟာ ကိုယ့်ခန္ဓာကိုယ် သဘာဝပေါ် မူတည်ပါတယ်။

မွေးရာပါ ခန္ဓာကိုယ် ပျော့ပြောင်းတဲ့သူဆိုရင် အချိန်တိုအတွင်း လုပ်နိုင်ပါလိမ့်မယ်။

အရင်က အားကစားတစ်ခုခု လုပ်ခဲ့လို့ ကြွက်သားသန်မာပြီးသားသူဆိုရင်လည်း အားစိုက်ရတဲ့ အကွက်တွေကို မြန်မြန်လုပ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီနှစ်ခုလုံး မရှိထားဘူးဆိုရင်တော့ အချိန်တစ်ခု ပေးရမှာ သဘာဝပါပဲ။ Beginner ချင်း တူရင်တောင် ကိုယ့်ခန္ဓာကိုယ်က လက်မခံသေးရင် သူများကို အားမကျဘဲ ကိုယ့်အရှိန်နဲ့ကိုယ် သွားဖို့ လိုပါတယ်။

🤸‍♂️ "ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် နားထောင်ပါ"
ဥပမာ - ခြေထောက်နှစ်ဖက် ဘေးကား (Split) လုပ်တဲ့အခါမျိုးမှာ သွေးပူနေတုန်း သူများက အတင်းလာဖိပေးရင် ခဏတော့ ဆင်းသွားနိုင်ပေမယ့်၊ တကယ်တမ်း ပြီးသွားတဲ့အခါ အကြောတွေ ဒဏ်ရာရသွားတတ်ပါတယ်။

ဒါကြောင့် ယောဂဆရာမတွေက အတင်းဖိချတာမျိုး လုံးဝမလုပ်ပါဘူး။ သာသာလေးပဲ ကိုင်ပြီး ထိန်းပေးရတာပါ။ (Hands-on Adjustment) ဆိုတာ ခန္ဓာကိုယ်က ကြမ်းပြင်နဲ့ ထိလုထိခင် ဖြစ်နေပြီး အလားအလာရှိတဲ့သူကိုပဲ သာသာလေး ပံ့ပိုးပေးတာပါ။ အဝေးကြီး လိုနေသေးတဲ့သူကို အတင်းတွန်းချရင် ဒဏ်ရာရမှာ ဖြစ်လို့ ဆရာမတွေက လုံးဝ မကိုင်ပါဘူး။

ယောဂဆိုတာ အပြင်ကနေ အတင်းတွန်းအားပေးပြီး လုပ်ရတာမျိုး မဟုတ်ဘဲ ကိုယ့်အထဲကနေ သဘာဝအတိုင်း စီးမျောလုပ်ဆောင်ရတာပါ။ လုပ်နေရင်း သက်သောင့်သက်သာ မရှိတော့ဘူး၊ နာကျင်လာပြီဆိုရင် အဲ့ဒါ ယောဂ မဟုတ်တော့ပါဘူး။ (မကြိုးစားရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးနော်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ Allowance အတိုင်းအတာအတွင်းမှာပဲ ကြိုးစားရမှာပါ)။

🤝 "ဆရာမနဲ့ သင်တန်းသူ ကြားက ပူးပေါင်းဆောင်ရွက်မှု"
ပုံစံမှားနေရင် ပြင်ပေးဖို့က ဆရာမရဲ့ တာဝန်ပါ။ ဒါပေမဲ့ ကျန်တဲ့ အသိတရား (Awareness) ကတော့ ကိုယ့်ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။

Pose တစ်ခု လုပ်နေရင်း သက်သောင့်သက်သာ မရှိတာမျိုး ဖြစ်လာရင်၊ ဒါမှမဟုတ် ရုတ်တရက် အလှည့်အပြောင်းမှာ တစ်နေရာရာက နာသွားရင် ချက်ချင်းရပ်ပြီး ဆရာမကို ပြောပြဖို့ လိုပါတယ်။ ဆရာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွင်းထဲမှာ ဘာဖြစ်နေလဲဆိုတာကို လှမ်းမမြင်နိုင်လို့ ကိုယ်တိုင်က အခြေအနေကို ပြောပြမှသာ ဒဏ်ရာမရအောင် အချိန်မီ ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

🧩 Flexth Yoga App ထဲမှာတော့ ဒီလို ပြဿနာမျိုးတွေ မဖြစ်ရအောင်...

အဆင့်တစ်ခုချင်းစီ၊ Pose တစ်ခုချင်းစီကို တိုက်ရိုက်ကြီး ခုန်ကူးခိုင်းတာမျိုး လုံးဝမလုပ်ပါဘူး။ Pose တစ်ခုကို အဆင်ပြေပြေ ရောက်သွားစေဖို့အတွက် ကြားထဲက ချိတ်ဆက်ပေးတဲ့ စီးမျောမှု Flow တွေကို စနစ်တကျ အများကြီး ထည့်သွင်းသင်ပေးထားပါတယ်။ ကိုယ့်ခန္ဓာကိုယ်က လက်မခံရင် ပိုပြီး သက်သောင့်သက်သာ ဖြစ်မယ့် လှုပ်ရှားမှုပုံစံလေးတွေဆီ ပြောင်းလဲပြီး ကိုယ့်အရှိန်နဲ့ကိုယ် ဘေးကင်းကင်း လေ့ကျင့်သွားလို့ ရအောင် ပြင်ဆင်ပေးထားပါတယ်ရှင်။

ဒါကြောင့် ဒဏ်ရာအန္တရာယ်ကင်းကင်းနဲ့ အခြေခံကစလို့ စနစ်တကျ လေ့ကျင့်ချင်တယ်ဆိုရင်တော့ မိမိ Level နဲ့ ကိုက်ညီမယ့် (၃) လစာ Set အပြည့်အစုံ နဲ့ စတင်ဖို့ အထူးညွှန်းချင်ပါတယ်ရှင်။ (၁) လစာတွေလို Program တစ်ခုတည်းတင်မဟုတ်ဘဲ Level အလိုက် လိုအပ်တဲ့ Flow တွေ အကုန်လုံးကို စုံစုံလင်လင်နဲ့ စိတ်ချလက်ချ လေ့ကျင့်နိုင်မှာပါရှင်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:

(၃) လစာ (Level အလိုက် Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)

(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍

Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

လောဘမပါဘဲ ကိုယ့်ခန္ဓာကိုယ်ကို သေသေချာချာ နားထောင်ရင်း၊ စနစ်တကျနဲ့ ဘေးကင်းတဲ့ ယောဂခရီးစဉ်ကို Flexth Yoga နဲ့အတူ စတင်လိုက်ကြရအောင်နော်။

မိမိနဲ့ ကိုက်ညီမယ့် Level အလိုက် Set အစီအစဉ်လေးတွေကို Messenger မှာ အခုပဲ အားမနာတမ်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖

မေတ္တာဖြင့်..
Namaste 🙏
Flexth Yoga (Teacher Thida).
















#2026

Sportwear ထဲမှာဆို N’modes က ကိုယ့်အကြိုက်ဆုံးတွေထဲကတခု၊ N’modes ရဲ့ sportwear တွေကိုစဝတ်တာ ခုမှမဟုတ်ဘူး လွန်ခဲ့တဲ့ ၅နှစ...
04/07/2026

Sportwear ထဲမှာဆို N’modes က ကိုယ့်အကြိုက်ဆုံးတွေထဲကတခု၊ N’modes ရဲ့ sportwear တွေကိုစဝတ်တာ ခုမှမဟုတ်ဘူး လွန်ခဲ့တဲ့ ၅နှစ်ကျော်ထဲကပဲနော်😍😍
သူ့ design တွေက unique ဖြစ်ပြီး quality အရမ်းကောင်း၊ဝတ်ရတာလဲသက်တောင့်သက်သာရှိတော့ ပေးရတဲ့စျေးနဲ့အရမ်းတန်လို့ fully recommend ပေးပါတယ်ရှင်။
(နောက်ဆုံးမှာ ပြထားတာ N’modes ကဝယ်ထားတဲ့ ကိုယ်ရဲ့ screenshot လေးတွေ😊😊)

’modes

01/07/2026

အသက် ၃၀၊ ၄၀ ကျော်လာလို့ ဆုံးရှုံးလာတဲ့ ကြွက်သားထုကို ထိန်းသိမ်းဖို့... ယောဂကော တကယ်ပဲ လုံလောက်ရဲ့လား? 🧘‍♀️✨"
"အသက် ၃၀ ကျော်၊ ၄၀ ထဲ ရောက်လာတာနဲ့ တစ်နှစ်ထက်တစ်နှစ် လူက ပိုပြီး ပင်ပန်းလွယ်လာတယ်၊ အသားအရေတွေ လျော့တွဲလာသလိုပဲ" ဆိုပြီး ခံစားနေရပြီလား?
ဆေးပညာအရ ဒါဟာ သဘာဝပါပဲ။ အသက် ၂၅ နှစ်ကျော်တာနဲ့ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုနဲ့ ကြွက်သားစွမ်းအား (Muscle Strength) တွေဟာ ဆယ်စုနှစ်အလိုက် တဖြည်းဖြည်း ချို့တဲ့ဆုံးရှုံးလာတတ်ပါတယ်။ ဒီလို အသက်အရွယ်ကြောင့် ကြွက်သားထု လျော့နည်းလာခြင်းကို ဆေးပညာအရ Sarcopenia လို့ ခေါ်ပါတယ်။
ဒီပြဿနာကို ကာကွယ်ဖို့အတွက် "အလေးမခြင်း (Weight Training)" ကသာ ကြွက်သားတက်စေတာပါ။
ယောဂကတော့ အကြောဆန့်ရုံ သက်သက်ပဲလို့ အများစုက ထင်နေကြဆဲပါ။
တကယ်တော့... ယောဂဆိုတာ အကြောဆန့်ရုံတင် မဟုတ်ပါဘူးရှင်။
🧪 သိပ္ပံပညာနဲ့ ကမ္ဘာကျော်သုတေသနတွေက ဘာပြောသလဲ?
Harvard Health Publishing ရဲ့ လေ့လာချက်များအရ ယောဂကျင့်ခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန် (Bodyweight) ကို စနစ်တကျ ပြန်လည်အသုံးချပြီး ကြွက်သားတွေကို သန်မာစေတဲ့ Isometrics (Isometric Resistance Training) အားကစားတစ်မျိုး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ယောဂ Pose တွေကို ထိန်းထားရတဲ့အခါ ကြွက်သားတွေကို အားစိုက်ညှစ်ထားရလို့ အလေးမစရာမလိုဘဲ ကြွက်သားထုကို တင်းရင်းခိုင်မာလာစေတာပါ။
ဒါ့အပြင် နိုင်ငံတကာ အရိုးပွရောဂါဆိုင်ရာ သုတေသနတွေအရ ယောဂကျင့်စဉ်တွေဟာ ကြွက်သားကို သန်မာစေရုံတင်မကဘဲ အဆစ်အမြစ်တွေပေါ်မှာ သင့်တော်တဲ့ ဖိအား (Mechanical Stress) ကို ပေးစွမ်းနိုင်တာမို့... သွေးဆုံးခါနီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကို ကာကွယ်ပေးပြီး အရိုးသိပ်သည်းဆ (Bone Density) ကိုပါ မြှင့်တင်ပေးနိုင်ကြောင်း သက်သေပြထားပါတယ်။
💪 Pose တစ်ခုတည်းနဲ့ တကိုယ်လုံးက ကြွက်သားတွေကို Activate ဖြစ်စေခြင်း
ယောဂကျင့်ခြင်းဟာ ကြွက်သားတစ်ခုချင်းစီ (Particular Muscle) ကိုပဲ ကွက်ပြီး ကျင့်ရတာမျိုးမဟုတ်ပဲ မျှခြေ (Balance) ကို ရှာရတာပါ။
ဥပမာ - ယောဂရဲ့ အဆင့်မြင့် Pose တစ်ခုဖြစ်တဲ့ Headstand ကို ကြည့်ပါ။ ဒါဟာ ခေါင်းတခုတည်း၊ လက်မောင်းတခုတည်းနဲ့ ထိန်းထားရတာ လုံးဝမဟုတ်ပါဘူး။ လက်ဖျံ၊ ပခုံး၊ ဗိုက်ညှစ်အား (Core)၊ ပေါင်ကြွက်သားနဲ့ ခြေသလုံးညှစ်အားအထိ တကိုယ်လုံးမှာရှိတဲ့ Main Muscle အများစု က ဟန်ချက်ညီညီ ဝိုင်းဝန်းပံ့ပိုးပေးမှသာ ရပ်တည်နိုင်တာပါ။ Pose တစ်ခုတည်းနဲ့ တကိုယ်လုံးက ကြွက်သားတွေကို နိုးကြား (Activate) သွားစေတာ ယောဂရဲ့ ထူးခြားတဲ့ အားသာချက်ပါပဲ။
🧠 အာရုံစူးစိုက်မှုချင်း မတူညီတဲ့ စိန်ခေါ်မှု
ယောဂကျင့်ခြင်းဟာ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုနဲ့ ခန္ဓာကိုယ်အင်အားကို တပြိုင်တည်း ပေါင်းစပ်ပြီး စက္ကန့်တိုင်းမှာ Focus အပြည့် ထားရတာပါ။ ဒါကြောင့်ပဲ ယောဂကျင့်တဲ့အခါ အပြင်ပန်းကြည့်ရင် လွယ်လွယ်လေးနဲ့ ငြိမ်နေသလို ထင်ရပေမယ့်၊ တကယ်တမ်းမှာတော့ တကိုယ်လုံးက ကြွက်သားတွေ အလုပ်လုပ်နေရလို့ ချွေးပြိုက်ပြိုက် ကျလာရတာ ဖြစ်ပါတယ်။
ဒါကြောင့် ယောဂရဲ့ စစ်မှန်တဲ့ စွမ်းအားကို သိချင်ရင်တော့ ဘေးကနေ ကြည့်နေရုံနဲ့ မရဘဲ၊ ကိုယ်တိုင် ဖျာပေါ်တက်ပြီး ကျင့်ကြည့်မှသာ ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေ နိုးထလာတာကို လက်တွေ့ ခံစားရမှာ ဖြစ်ပါတယ်ရှင်။
🌿 Flexth Yoga App နဲ့အတူ အိမ်မှာတင်
စနစ်တကျ စတင်လိုက်ပါ။
အပြင်က Yoga Studio တွေအထိ သွားဖို့ အချိန်မပေးနိုင်ရင်တောင် စိတ်ပူစရာမလိုပါဘူး။ Flexth Yoga App လေး ရှိရုံနဲ့ အိမ်မှာတင် အချိန်မရွေး၊ နေရာမရွေး မိမိအချိန်လေးနဲ့မိမိ စနစ်တကျ လေ့ကျင့်နိုင်ပါပြီ။
(၁) လစာ Program တစ်ခုချင်းစီကို ခွဲဝယ်ရင် (၁၆,၀၀၀ ကျပ်) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Program တစ်ခုတည်းပဲ ရမှာပါ။ ဒါပေမဲ့ (၃) လစာ Set ကို တစ်ခါတည်း ဝယ်ယူလိုက်မယ်ဆိုရင်တော့-
၁။ (၂) လစာဖိုး ပေးရုံနဲ့ (၁) လစာ လက်ဆောင် (Free) ရသလိုမျိုး ၃၂,၅00 ကျပ်တည်းနဲ့ ၃ လတိတိ လေ့ကျင့်ခွင့် ရပါမယ်။ ၂။ ကိုက်ညီတဲ့ Level အလိုက် Program အစုံရမယ်: မိမိနဲ့ကိုက်ညီတဲ့ Level အလိုက် Program တွေ အကုန်လုံးပါဝင်တဲ့ (Set လိုက် အပြည့်အစုံ) ကို ရရှိသွားမှာဖြစ်လို့ အခြေခံကနေစပြီး စနစ်တကျ တောက်လျှောက် လေ့ကျင့်သွားနိုင်မှာပါရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ (Level အလိုက် Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨ (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"အသက် ၃၀၊ ၄၀ ကျော်ပေမယ့်လည်း ယောဂရဲ့ စွမ်းအားနဲ့အတူ အမြဲတမ်း ကျစ်လျစ်နုပျိုနေဖို့" မိမိနဲ့ ကိုက်ညီမယ့် Level အလိုက် Set အစီအစဉ်လေးတွေကို Messenger မှာ အခုပဲ အားမနာတမ်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga (Tr Thida).



















#2026

🪷 ယောဂဟာ အပြင်ပန်းပုံစံထက် အတွင်းစိတ်ရဲ့ ပြောင်းလဲမှုတွေကို သိရှိနိုင်ပြီး လက်တွေ့ဘဝတွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ပါတယ်...
21/06/2026

🪷 ယောဂဟာ အပြင်ပန်းပုံစံထက် အတွင်းစိတ်ရဲ့ ပြောင်းလဲမှုတွေကို သိရှိနိုင်ပြီး လက်တွေ့ဘဝတွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်

ဒီ International Yoga Day မှာ ယောဂဆိုတာ ခက်ခဲတဲ့ Pose တွေ လုပ်နိုင်ဖို့ပဲ မဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကို နားထောင်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့၊ နေ့စဉ်ဘဝထဲမှာ ဟန်ချက်ညီမှုကို ရှာဖွေတတ်ဖို့ ဖြစ်တယ်ဆိုတာ သတိရကြရအောင်နော်

ယောဂကျင့်တဲ့ နေ့တိုင်းက ပြီးပြည့်စုံဖို့ မလိုပါဘူး။
စတင်လိုက်ဖို့ပဲလိုပါတယ်ရှင်

၅ မိနစ်ဖြစ်ဖြစ်၊ ၁၀ မိနစ်ဖြစ်ဖြစ်
ယောဂဖျာလေးပေါ်ကို ပြန်လာတဲ့ အချိန်တိုင်းက ကိုယ့်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

အသက်ရှူပါ။
လှုပ်ရှားပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ 💙

Happy International Yoga Day
Namaste 🙏
Flexth Yoga.

19/06/2026

"အစားအသောက် အငတ်ခံ၊ အပြင်းအထန် ကျင့်ပြီး နားလိုက်မှ အရင်ကထက် ပိုဝလာလို့ စိတ်ညစ်နေရပြီလား? 🧘‍♀️❌"

ဇွန်လထဲ ရောက်လာတော့ မိုးလေးအေးအေးနဲ့ အားကစားလုပ်ရတာ ပိုပြီး စိတ်ပါလက်ပါ ရှိလာပါတယ်။ အထူးသဖြင့် ကလေးအမေတွေဆိုရင်လည်း ကလေးတွေ ကျောင်းပြန်တက်ပြီမို့ ကျောင်းပို့ပြီးချိန်မှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ နည်းနည်း ပြန်ရလာကြသလို၊ ရုံးသမား မမတွေလည်း နွေရာသီလို ပူအိုက်မနေတော့လို့ လေ့ကျင့်ခန်း လုပ်ချင်စိတ်လေးတွေ တိုးလာကြတဲ့ အချိန်ပါပဲ။

ဒီလိုအချိန်မှာ အင်္ကျီအကျပ်လေးတွေ ပြန်ဝတ်နိုင်ဖို့ "ဝိတ်ချမယ်" ဆိုပြီး စိတ်ကူးလိုက်တာနဲ့ လူတော်တော်များများ အရင်ဆုံး လုပ်လေ့ရှိတာက အစားအသောက်တွေကို တင်းကျပ်လွန်းတဲ့ အထိန်းအချုပ်ကြီးနဲ့ "အငတ်ခံတာ" ပါပဲ။

❌ "အငတ်ခံခြင်း" နဲ့ "ရွေးချယ်စားတတ်မှု မရှိခြင်း" ရဲ့ ဆိုးကျိုးများ
တကယ်တော့ အစားအသောက်ကို အငတ်ခံပြီး ဝိတ်ချတာဟာ စစ်မှန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို အာဟာရ ဖြတ်တောက်လိုက်တဲ့အခါ ဆေးပညာအရ စိတ်ဖိစီးမှု ဟော်မုန်း (Cortisol) တွေ ပိုထွက်လာပြီး Stress ပိုရစေပါတယ်။ ပြီးတော့ အပြင်းအထန် အငတ်ခံ၊ အပြင်းအထန် ကျင့်ပြီး စိတ်မရှည်လို့ နားလိုက်တဲ့အခါ ယိုယို (Yo-Yo Effect) ဖြစ်ပြီး အရင်ကထက် ပိုပြီး ဒိုင်းခနဲ ပြန်ဝလာတတ်ပါတယ်။

ဒါပေမဲ့ "အငတ်ခံစရာမလိုဘူး" ဆိုတာကလည်း တွေ့ကရာ အကုန်စားလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးရှင်။ အငတ်ခံစရာမလိုဘူးဆိုပြီး ဝိတ်တက်စေမယ့် Burger တွေ၊ ကြေးအိုးတွေ အဆင်မခြင် လျှောက်စားနေရင်လည်း ဘယ်လိုမှ ဝိတ်ကျလာမှာ မဟုတ်ပါဘူး။ အဓိက လိုအပ်တာက "အစားအသောက်အပေါ် Awareness (အသိပညာ) ရှိရှိနဲ့ မှန်ကန်တာကို ရွေးချယ်စားသောက်ဖို့" ပါပဲ။

✅ ယောဂက ဘာကြောင့် အဆီကျပြီး ပြန်မဝလာတာလဲ?
ယောဂဟာ အပြင်ပန်း ကြွက်သားတွေကိုတင် သုံးတာမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်း (Internal Organs) တွေ၊ အထူးသဖြင့် အစာခြေစနစ်နဲ့ ဟော်မုန်းစနစ် (Metabolism) ကို အတွင်းပိုင်းကနေ ပြုပြင်မွမ်းမံပေးတာပါ။

ယောဂကျင့်တဲ့အခါ အစားအသောက်အပေါ် စိတ်အလိုလိုက်တာမျိုး မဟုတ်ဘဲ သတိတရားနဲ့ ရွေးချယ်စားသောက်တတ်တဲ့အလေ့ (Mindful Eating) အလိုလို ဖြစ်လာပါတယ်။ ယောဂရဲ့ သဘာဝက ချက်ချင်းကြီး ဒိုင်းခနဲ ဝိတ်ကျသွားမှာမျိုး မဟုတ်သလို၊ အကြောင်းအမျိုးမျိုးကြောင့် ခတ္တနားလိုက်ရင်တောင်မှ ဒိုင်းခနဲ ပြန်တက်လာတာမျိုး လုံးဝမရှိပါဘူး။ အတက်နှေးသလို၊ အကျလည်း နှေးပြီး ခန္ဓာကိုယ်ကို စနစ်တကျ ထိန်းညှိပေးတာ ဖြစ်ပါတယ်။

💬 "တီချယ်ရေ... ယောဂကျင့်ရင် ဝိတ်ကျလား? Fit ဖြစ်မယ့် Program ရော ရှိလား?"

ကျွန်မဆီကို လာလာမေးကြတဲ့ မေးခွန်းလေးပါ။ ကျွန်မ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေပါတယ်။
"Beginner အဆင့်မှာတင်တော့ ချက်ချင်းကြီး ဝိတ်ကျဖို့ မဖြစ်နိုင်သေးပါဘူးရှင်။ ဒါပေမဲ့ အစားအသောက် Awareness ရှိရှိနဲ့ တွဲဖက်ပြီး ဇွဲရှိရှိ ကျင့်လာတာကြာလို့ Pre-Intermediate Level လောက် ရောက်လာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ Dynamic Power က ပိုကောင်းလာပြီး ကယ်လိုရီတွေ (Calories Burn) အများကြီး ဖြစ်လာတာမို့ သိသိသာသာကို စနစ်တကျ Fit ဖြစ်ပြီး အဆီကျလာမှာပါရှင်။"

ကျောင်းလည်းဖွင့်၊ မိုးလည်းအေးတဲ့ ဒီလိုရာသီမှာ အပြင်က Yoga Studio တွေအထိ သွားဖို့ အချိန်မပေးနိုင်ရင်တောင် စိတ်ပူစရာမလိုပါဘူး။ Flexth Yoga App လေး ရှိရုံနဲ့ အိမ်မှာတင် အချိန်မရွေး၊ နေရာမရွေး မိမိအချိန်လေးနဲ့မိမိ စနစ်တကျ လေ့ကျင့်နိုင်ပါပြီ။

🎁 အခုပဲ (၃) လစာ Set လေးနဲ့ မိမိနဲ့ကိုက်ညီတဲ့ Level အလိုက် စနစ်တကျ စတင်လိုက်ပါ

(၁) လစာ Program တစ်ခုချင်းစီကို ခွဲဝယ်ရင် (၁၆,၀၀၀ ကျပ်) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Program တစ်ခုတည်းပဲ ရမှာပါ။ ဒါပေမဲ့ (၃) လစာ Set ကို တစ်ခါတည်း ဝယ်ယူလိုက်မယ်ဆိုရင်တော့-

၁။ (၂) လစာဖိုး ပေးရုံနဲ့ (၁) လစာ လက်ဆောင် (Free) ရသလိုမျိုး ၃၂,၅၀၀ ကျပ်တည်းနဲ့ ၃ လတိတိ လေ့ကျင့်ခွင့် ရပါမယ်။
၂။ ကိုက်ညီတဲ့ Level အလိုက် Program အစုံရမယ်: မိမိနဲ့ကိုက်ညီတဲ့ Level အလိုက် Program တွေ အကုန်လုံးပါဝင်တဲ့ (Set လိုက် အပြည့်အစုံ) ကို ရရှိသွားမှာပါ။ (ဥပမာ - Beginner Set ကို ယူလိုက်တာနဲ့ အဲ့ဒီ Level မှာရှိတဲ့ Program ၃ ခုလုံးကို တစ်ခါတည်း ဖွင့်ပေးသွားမှာမို့ တစ်ခုချင်းစီ ထပ်ဝယ်စရာ မလိုတော့ပါဘူးရှင်။)

ဒါဟာ မိမိလေ့ကျင့်ချင်တဲ့ Level ထဲက Program တွေကို စုံစုံလင်လင်နဲ့ စနစ်တကျ တောက်လျှောက် လေ့ကျင့်သွားလို့ရမယ့် တကယ့်ကို အတန်ဆုံး အခွင့်အရေးကြီးပါပဲရှင်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:

(၃) လစာ (Level အလိုက် Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)

(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍

Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

ခန္ဓာကိုယ်ကို ညှင်းပန်းပြီး အငတ်ခံမယ့်အစား... အစားအသောက်ကိုလည်း စနစ်တကျ ရွေးချယ်စားသုံးရင်း Flexth Yoga ရဲ့ Program တွေနဲ့အတူ ကျန်းမာပြီး လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရေရှည်ပိုင်ဆိုင်ဖို့ အခုပဲ Messenger မှာ လာရောက်ဆွေးနွေးလိုက်ပါရှင်။ 😊💖

မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.













#2026





04/06/2026

အားကစားလုပ်ဖို့ တကယ်ပဲ ပိုက်ဆံအများကြီး လိုသလား?" 🧘‍♀️💡

"အားကစားလုပ်ဖို့ အရင်းအနှီးများတယ်၊ အချိန်မရှိဘူး" ဆိုတဲ့ စကားလုံးတွေက တကယ်တော့ မမတို့၊ ညီမလေးတို့ကို ကျန်းမာရေးနဲ့ အဝေးဆုံးကို ပို့ဆောင်ပေးမယ့် အကြောင်းပြချက်တွေပါပဲ။

နေ့စဉ် လမ်းလျှောက်ရင်ရတာပဲ၊ အိမ်မှုကိစ္စ လုပ်တာတွေကလည်း ခန္ဓာကိုယ် လှုပ်ရှားမှု (အားကစား) တွေပါပဲ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အားကစားချင်း ဘာကွာသွားလဲ?

လမ်းလျှောက်တာက ငွေကုန်ကြေးကြသက်သာပြီး လေကောင်းလေသန့်ရှုရှိုက်ရလို့ကျန်းမာရေးအတွက် အထူးကောင်းမွန်ပေမဲ့ လမ်းလျှောက်ပြီး အကြောသေချာမလျော့ပေးရင် ခြေသလုံးကြွက်သား နဲ့ ပေါင်ကြွက်သားတွေ တောင့်တင်းနေတာမျိုး ၊ ခြေကျင်းဝတ်နာတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လမ်းလျှောက်တာဟာ ရှေ့ကိုပဲ ဦးတည်သွားတဲ့ လှုပ်ရှားမှု (One Plane Movement) ဖြစ်ပါတယ်။ အဲ့ဒီလို ပုံစံတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ အသုံးပြုရတဲ့အခါ ကြွက်သားတွေက အဲ့ဒီနေရာမှာပဲ စုပြီး တင်းလာပါတယ်။ ကိုယ်က လမ်းလျှောက်ပြီးပေမဲ့ ပြန်ပြီး အကြောမလျှော့ဘူး (Stretch မလုပ်ဘူး) ဆိုရင် Mobility (အရွေ့စွမ်းအား) တွေ ကျဆင်းလာပြီး ခန္ဓာကိုယ်က ပိုပြီး တင်းမာနာကျင်လာတတ်ပါတယ်။

ဒါဆိုရင် အကြောတွေ ဖြေလျှော့ဖို့ သင်တန်းတွေသွား၊ ပိုက်ဆံတွေ အများကြီး သုံးရတော့မှာလား?

လုံးဝ မဟုတ်ပါဘူး။ အပြင်သင်တန်းတွေ သွားဖို့ဆိုရင် သင်တန်းကြေးအပြင်၊ သွားလာစရိတ်၊ အဝတ်အစားနဲ့ အချိန်တွေပါ အများကြီး ရင်းနှီးရပါတယ်။ တကယ်တော့ ယောဂကျင့်ခြင်းဟာ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ ထိရောက်မှု အမြင့်ဆုံး အားကစားတစ်ခုပါ။ Flexth Yoga App လေး ရှိရုံနဲ့ ကိုယ့်အိမ်မှာပဲ၊ ကိုယ့်အချိန်နဲ့ ကိုက်ညီအောင် နေရာမရွေး လေ့ကျင့်လို့ ရနေပါပြီ။

🎁 Flexth Yoga ကို စတင်တော့မယ်ဆိုရင် ဘယ် Program က အတန်ဆုံး ဖြစ်မလဲ?

တကယ်လို့ မမတို့က ယောဂကို စနစ်တကျ စတင်ချင်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ အတန်ဆုံးဖြစ်မယ့် "၃ လစာ (3 Months Set)" လေးကို အထူးညွှန်းချင်ပါတယ်ရှင်။ ဘာကြောင့်လဲဆိုတော့...

လက်ရှိမှာ Flexth Yoga ရဲ့ (၁) လစာ အစီအစဉ်များ (1 Month Plans) ကို Level အလိုက် ဈေးနှုန်း အနည်းငယ် တက်ပြီး ပြင်ဆင်သတ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်ရှင်။ (ဥပမာ - ၁ လစာ Program တစ်ခုချင်းစီကို ဝယ်ယူမယ်ဆိုရင် ၁၆,၀၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်အထိ ကျသင့်မှာဖြစ်ပြီး၊ ကိုယ်ဝယ်လိုက်တဲ့ Program တစ်ခုတည်းကိုပဲ လေ့ကျင့်ခွင့်ရမှာ ဖြစ်ပါတယ်)

ဒါပေမဲ့... (၃) လစာ Set ကို ရွေးချယ်မယ်ဆိုရင်တော့-

၁။ (၂) လစာဖိုး ပေးရုံနဲ့ (၁) လစာ လက်ဆောင် (Free) ရသလိုမျိုး ၃၂,၅၀၀ ကျပ်တည်းနဲ့ ၃ လတိတိ လေ့ကျင့်ခွင့် ရပါမယ်။
၂။ Program တွေ အကုန်ရမယ်: Program တစ်ခုတည်း မဟုတ်တော့ဘဲ၊ ကိုယ့် Level နဲ့ ကိုက်ညီတဲ့ Program တွေ အကုန်လုံးပါဝင်တဲ့ (Set လိုက် အပြည့်အစုံ) ကို ရရှိသွားမှာပါ။ (ဥပမာ - Beginner Set ကို ယူလိုက်တာနဲ့ Road to Wellness အပြင် တခြား Beginner Program တွေ အကုန်လုံးကိုပါ တစ်ခါတည်း ဖွင့်ပေးသွားမှာပါရှင်။)

ဒါဟာ Program တွေကို တစ်ခုချင်းစီ လိုက်ဝယ်စရာမလိုတော့ဘဲ၊ အခြေခံကနေစပြီး စနစ်တကျ လေ့ကျင့်သွားလို့ရမယ့် တကယ့်ကို အတန်ဆုံး အခွင့်အရေးကြီးပါပဲရှင်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:

(၃) လစာ (Set အပြည့်အစုံ): ၃၂,၅၀၀ ကျပ်မှ စတင်၍ (အတန်ဆုံး Package 💎)

(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍

Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

"လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီး ပေါ့ပါးလန်းဆန်းချင်ရင်တော့ Flexth Yoga နဲ့အတူ အကြောလျှော့ဖို့ မမေ့ပါနဲ့ရှင်။"

ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Level နဲ့ အတန်ဆုံး ၃ လစာ Set လေးကို ရယူဖို့ အခုပဲ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းလိုက်ပါရှင်။ 😊💖

မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.













#2026


Address

No 32, Kyaut Myaung Zay Street, Tarmwe Township
Yangon
11211

Telephone

+959799224954

Website

Alerts

Be the first to know and let us send you an email when Flexth Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Flexth Yoga:

Shortcuts

Share

Category