09/10/2026
⚽ GIRLS CAN PLAY TOO! ⚽
💪 ဘောလုံးဆိုတာ ယောက်ျားလေးတွေအတွက်ပဲ မဟုတ်ပါဘူး။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ မိန်းကလေးတိုင်းလည်း ကစားခွင့်ရှိပါတယ်။ 💪
ဘောလုံးကစားခြင်းဟာ ဘောလုံးကျွမ်းကျင်မှု တိုးတက်လာစေရုံသာမက ကလေးတွေရဲ့ ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေကိုပါ တိုးတက်စေပါတယ်။
ဘောလုံးကစားခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
Physical Fitness | ကိုယ်ခန္ဓာကြံ့ခိုင်မှု
ပုံမှန်လေ့ကျင့်ကစားခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှု ပိုမိုကောင်းမွန်လာပြီး ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှုပုံစံကို တည်ဆောက်နိုင်ပါတယ်။
Teamwork | အသင်းအဖွဲ့စိတ်ဓာတ်
အသင်းဖော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၊ အချင်းချင်း ကူညီတတ်ခြင်းနဲ့ အတူတကွ ရည်မှန်းချက်တစ်ခုဆီ လျှောက်လှမ်းတတ်ခြင်းတို့ကို သင်ယူနိုင်ပါတယ်။
Confidence | ကိုယ့်ကိုယ်ကို ယုံကြည်မှု
စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ခြင်းနဲ့ မိမိရဲ့ တိုးတက်မှုကို မြင်တွေ့လာခြင်းကနေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာနိုင်ပါတယ်။
Discipline | စည်းကမ်းနဲ့ တာဝန်ယူမှု
လေ့ကျင့်ချိန်ကို လေးစားခြင်း၊ နည်းပြရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းနဲ့ ကြိုးစားအားထုတ်မှုကို ဆက်လက်ထိန်းသိမ်းခြင်းတို့ကို သင်ယူနိုင်ပါတယ်။
Friendship | ခင်မင်ရင်းနှီးမှု
အသင်းဖော်အသစ်တွေနဲ့ မိတ်ဆွေဖွဲ့နိုင်ပြီး အချင်းချင်း လေးစားမှု၊ နားလည်မှုနဲ့ ကူညီဖေးမမှုတွေကို တည်ဆောက်နိုင်ပါတယ်။
Discover Their Potential | မိမိရဲ့ အရည်အချင်းကို ဖော်ထုတ်ခြင်း
လေ့ကျင့်မှုနဲ့ အတွေ့အကြုံတွေကနေ မိမိရဲ့ အားသာချက်တွေကို ရှာဖွေတွေ့ရှိပြီး အရည်အချင်းတွေကို တဖြည်းဖြည်း မြှင့်တင်နိုင်ပါတယ်။
သမီးလေးက ဘောလုံးကစားဖို့ ဝါသနာပါနေတယ်ဆိုရင် သူ့ရဲ့ ဝါသနာနဲ့ အိပ်မက်တွေကို အားပေးလိုက်ပါ။ မိန်းကလေးတစ်ယောက်ဖြစ်လို့ ဘောလုံးကစားဖို့ မသင့်တော်ဘူးဆိုတာ မရှိပါဘူး။ အရေးကြီးတာက ကြိုးစားချင်စိတ်၊ သင်ယူလိုစိတ်နဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုတို့ပါပဲ။
(English Version)
⚽ GIRLS CAN PLAY TOO! ⚽
💪 Football isn't just for boys. Every girl who loves the game deserves the opportunity to play, learn, and grow. 💪
At Power Soccer Academy, we warmly welcome girls who are passionate about football and eager to develop their skills.
Football is more than just a sport. It helps children build physical fitness, develop essential life skills, strengthen friendships, and discover their potential.
Physical Fitness
Regular training encourages active lifestyles, improves physical fitness, and helps children develop healthy habits.
Teamwork
Girls learn to cooperate with teammates, support one another, communicate effectively, and work together toward shared goals.
Confidence
Learning new skills, overcoming challenges, and celebrating progress can help girls develop greater self-confidence.
Discipline
Training encourages punctuality, respect, commitment, perseverance, and responsibility.
Friendship
Football creates opportunities to make new friends, build meaningful relationships, and develop mutual respect and understanding.
Discover Their Potential
Through practice and experience, girls can discover their strengths, improve their abilities, and continue developing their potential.
If your daughter dreams of playing football, encourage her to follow her passion! Being a girl should never be a reason to hold back her dreams.
With dedication, encouragement, and the right guidance, every girl deserves the opportunity to learn, improve, and enjoy the beautiful game.