03/09/2026
ရင်ဘတ်ချင်းအပ်၊ ကျောချင်းကပ်ထားတဲ့
ချယ်လ်ဆီးနဲ့ ဗီလာ
ချယ်လ်ဆီးကို ဗီလာဂိုးသမား မာတီနက်ဇ်
ရောက်လာပြီးနောက် ဒီနှစ်သင်းကြား ကစားသမားအပြန်အလှန်ပြောင်းရွှေ့တာက ပြီးခဲ့တဲ့
လေးနှစ်အတွင်းမှာ ၈ ကြိမ်အထိရှိခဲ့ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်နွေရာသီကစတင်ပြီး
ပရီးမီးယားလိဂ်အသင်းတွေထဲ ကစားသမားအပြန်အလှန်
ပြောင်းရွှေ့တာအများဆုံးအရေအတွက်ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ တော့ဒ်ဘိုလေဉီးဆောင်တဲ့ BlueCo က
ချယ်လ်ဆီးကိုပိုင်ဆိုင်ပြီးနောက် ချူကွီမီကာကို
ပေါင်သန်း ၂၀ ၊ ကယ်လီ်မန်းကို ပေါင် ၁၉ သန်းပေးပြီး
ဗီလာကနေ ခေါ် ယူခဲ့တယ်။ အဲဒီနွေရာသီမှာပဲ ဗီလာက မက်ဆန်ကို ပေါင် ၃၇ ဒဿမ ၅ သန်း၊
ဒီဆာဆီကို ပေါင် ၅ သန်းနဲ့ ပြန်ပြီး ခေါ် ယူခဲ့တယ်။
လက်ရှိနွေရာသီမှာ ချယ်လ်ဆီးနဲ့ ဗီလာကြား
အပြန်အပြောင်းအရွှေ့လေးကြိမ်ရှိခဲ့ပြီး
မော်ဂန်ရော်ဂျာစ်နဲ့ မာတီနက်ဇ်က ချယ်လ်ဆီးရောက်လာပြီး ဂါနာချိုနဲ့ ဂျက်ဆန်က ဗီလာရောက်ခဲ့ပါတယ်။
မော်ဂန်ရော်ဂျာစ်ကို ပေါင် ၁၁၇ သန်းနဲ့
ဝယ်ပြီး အလွဲထိပ်ခေါင် ဂျက်ဆန်ကို ပေါင် ၆၅ သန်း၊
ဂါနာချိုကိုအငှားစာချုပ်ပြည့်ရင် ပေါင် ၄၃ သန်းနဲ့
ရောင်းထုတ်ခွင့်ရမယ့်သဘောတူညီချက်ထည့်ထားပြီး
ချယ်လ်ဆီး ရှင်းထုတ်နိုင်တာ ချီးကျူးချင်စရာပါ။
၂၀၂၂ ခုနှစ်ကစတင်ပြီး ချယ်လ်ဆီးက ဗီလာကနေကစားသမား ခေါ် ယူမှုအတွက်
ပေါင် ၁၆၃ ဒဿမ ၅ သန်း၊
ှီဗီလာက ချယ်လ်ဆီးကနေ ကစားသမား ခေါ် ယူမှုအတွက်
ပေါင် ၁၀၂ ဒဿမ ၅ သန်း သုံးခဲ့ပါတယ်။
အတိတ်ကို ပြန်ကြည့်ရင်လည်း ဗီလာနဲ့ချယ်လ်ဆီးအသင်းကြား ကစားသမားကူးလူးဆက်ဆံတာတွေ
ရှိခဲ့ပါတယ်။ အေဘရာဟမ်၊ ဘာကလေ၊ ဒရင့်ဝါတာ၊
ဘာထရန်၊ ဆစ်ဒ်ဝဲလ်၊ အန်ဒီတောင်ဆန်၊ ဂျွန်တယ်ရီတို့ပါ။
လက်ရှိအချိန်မှာ ချယ်လ်ဆီးနဲ့ ဗီလာကြား
မိတ်ဖက်ကလပ် ဆန်နေတာအတွက်
ပြိုင်ဘက်အသင်းအမှုဆောင်ချုပ်တွေ မျက်စိစပါးမွှေးဆူးနေကြပါတယ်။
ချယ်လ်ဆီးက ဗီလာနဲ့အပြင် ဘရိုကျတနျနဲ့လညျး
မိတ်ဖက်ဆန်ပြီး ကစားသမားအပြန်အလှန်
ပြောင်းရွှေ့တာ ၈ ကြိမ်ရှိခဲ့ပါတယ်။ အဲဒီနောက်
ကစားသမားအပြန်အလှန်ပြောင်းရွှေ့တာ
အများဆုံးအသင်းနှစ်သင်းအဖြစ်
နယူးကာဆယ်နဲ့ နော်တင်ဟမ်ဖောရက်စ်က
၆ ကြိမ်နဲ့ရပ်တည်နေပါတယ်။
ထူးခြားတာက ချယ်လ်ဆီးနဲ့ အာဆင်နယ်ဟာ
လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ပေမယ့်
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကစားသမားအပြန်အလှန်
ပြောင်းရွှေ့တာ ၅ ကြိမ်အထိရှိခဲ့တာပါ။
လက်ရှိနွေရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေကြားထဲ
ကစားသမားအပြန်အလှန် ပြောင်းရွှေ့နှုန်းမြင့်မားနေပြီး
ချယ်လ်ဆီးနဲ့ ဗီလာကတော့ ရင်ဘတ်ချင်းအပ်၊
ကျောချင်းကပ်ထားကြပါတယ်။