King Of Street -KOS

King Of Street -KOS More than football

ဒီလိုအချိန် လမ်းမပေါ်မှာ wဂိုးကန်ပြီး ဘောလုံးပွဲစောင့်ခဲ့တယ့် ညတွေကို သတိရမိနေရဲ့ … ဝေးကွာနေတယ့် ဘော်ဒါတွေကို သတိရလျက် ✌...
30/05/2026

ဒီလိုအချိန် လမ်းမပေါ်မှာ wဂိုးကန်ပြီး ဘောလုံးပွဲစောင့်ခဲ့တယ့် ညတွေကို သတိရမိနေရဲ့ …

ဝေးကွာနေတယ့် ဘော်ဒါတွေကို သတိရလျက် ✌🏻


26/05/2026

Ronaldinho ငယ်ငယ်တုန်းကလို့ပြောတာပဲ 🙄



26/05/2026

The Art Of Defending 💪


Send a message to learn more

24/05/2026
KOS က ပြောပြပေးမယ့် ကစားကတော့ ပေါ်တူဂီအသင်းရဲ့ ကျောNo. 7 ကိုဝတ်ဆင်ဘူးတယ့် ကစားသမားတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် 🤘⚽ Ricardo...
24/05/2026

KOS က ပြောပြပေးမယ့် ကစားကတော့
ပေါ်တူဂီအသင်းရဲ့ ကျောNo. 7 ကိုဝတ်ဆင်ဘူးတယ့် ကစားသမားတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် 🤘

⚽ Ricardo Quaresma (ရီကာဒို ကွာရက်စမာ)

" ကွာရက်စမာက ပေါ်တူဂီကလပ် Sporting CP အကယ်ဒမီကနေ ကြီးပြင်းလာတာပါ။ အာလုံးသိကြတဲ့ စီရော်နယ်ဒို (Cristiano Ronaldo) နဲ့ တစ်ကျောင်းတည်းဆင်းပေါ့..
၂၀၀၁ ခုနှစ်၊ အသက် ၁၇ နှစ်သားလောက်မှာပဲ
Sporting စီနီယာအသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့တယ်။
အဲဒီအချိန်တုန်းက သူက ရော်နယ်ဒိုထက်တောင် ပိုပြီး လူပြောများ၊ ပိုပြီး မျှော်လင့်ချက်အကြီးကြီး အထားခံခဲ့ရတဲ့ ပါရမီရှင်ခြေစွမ်းမျိုးပိုင်ဆိုင်ခဲ့တဲ့ ကစားသမားမျိုး ဖြစ်ခဲ့တယ်။"

"သူ့ဘဝမှာ အအောင်မြင်ဆုံးနဲ့ ခြေစွမ်းအပြတ်ဆုံးအချိန်တွေကို ပြောပါဆိုရင် FC Porto အသင်းမှာ ကစားခဲ့တဲ့ အချိန်တွေကိုပဲ ပြေးမြင်ကြလိမ့်မယ်။ ဘာစီလိုနာမှာ တစ်ရာသီပဲကစားပြီး အဆင်မပြေဖြစ်ခဲ့လို့ ၂၀၀၄ မှာ ပေါ်တိုကို ပြောင်းလာတာ။
အဲဒီမှာတင် သူ့ရဲ့အကောင်းဆုံး ပုံစံကို ပြန်ရခဲ့တယ်။"

ကလပ်ကစားသမားဘဝ အဓိက အောင်မြင်မှုတွေကို ကြည့်ရအောင် -

၁။ FC Porto (၂၀၀၄ - ၂၀၀၈)
ဒါက သူ့ရဲ့ ရွှေခေတ်ပဲ။ အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့ ဆုဖလားတွေ အများကြီး သိမ်းကျုံးယူခဲ့တယ်။
* Portuguese League (ပေါ်တူဂီလိဂ်ဖလား): ၃ ကြိမ် (၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
* Taça de Portugal (ပေါ်တူဂီရှုံးထွက်ဖလား): ၁ ကြိမ် (၂၀၀၅-၀၆)
* Intercontinental Cup: ၁ ကြိမ် (၂၀၀၄)

၂။ Inter Milan (၂၀၀၈ - ၂၀၁၀)
မော်ရင်ဟိုလက်ထက် အင်တာမီလန်ကို ပြောင်းခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ ၂၀၁၀ မှာ အင်တာမီလန်တို့ ဖလားသုံးလုံး (Treble) ရတော့ သူက အသင်းလူစာရင်းထဲမှာ ပါခဲ့တာမို့ ကံကောင်းတယ်လို့ ပြောရမယ်။
* UEFA Champions League: ၁ ကြိမ် (၂၀၀၉-၁၀)
* Serie A: ၂ ကြိမ် (၂၀၀၈-၀၉၊ ၂၀၀၉-၁၀)

၃။ Beşiktaş (တူရကီကလပ်)
တူရကီမြေမှာလည်း ကွာရက်စမာက ပရိသတ်တွေရဲ့ အသည်းစွဲ စတား ဖြစ်ခဲ့ပြန်ရော။
* Süper Lig (တူရကီလိဂ်ဖလား): ၂ ကြိမ် (၂၀၁၅-၁၆၊ ၂၀၁၆-၁၇)

🇵🇹 နိုင်ငံလက်ရွေးစင်အသင်းနဲ့ အမြင့်ဆုံးအောင်မြင်မှု
"ကလပ်အသင်းတွေတင်မကဘူး... ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း သူက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။ အထူးသဖြင့် ပေါ်တူဂီအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ Euro 2016မှာ Quaresma က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး Euro 2016 Trophy ကို ဆွတ်ခူးနိုင်ခဲ့တယ် တော်တော်များများ စသိခဲ့ကြတဲ့ အချိန်လည်းဖြစ်မယ်ထင်ပါတယ်။"

🪄"ဘောလုံးလောကမှာ Quaresma လို့ ပြောလိုက်ရင် လူတိုင်းပြေးမြင်တာတစ်ခုပဲ ရှိတယ်။ အဲဒါက 'Trivela' (ခြေဖမိုးအပြင်ဘက်နဲ့ ကန်တဲ့ကန်ချက်) ပဲ ။
သူ့ရဲ့ ကစားဟန်က အရမ်း မျက်စိပသာဒရှိပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်တယ်။ ညာတောင်ပံကနေ ဘယ်ခြေနဲ့ ဖြတ်တင်မယ့်အစား ညာခြေဖမိုးအပြင်ဘက်နဲ့ လှလှပပ ကွေးပြီး ဖြတ်တင်တာ၊ ဂိုးသွင်းတာတွေက သူ့ရဲ့ အမှတ်တံဆိပ် (Signature) ပဲ။ ခေါင်းမာပြီး စိတ်ကူးပေါက်သလို ကစားတတ်တဲ့ ပါရမီရှင်အမျိုးအစားမို့လို့ နည်းပြတချို့နဲ့တော့ အဆင်မပြေတာမျိုး ရှိခဲ့ဖူးတယ်။
ဒါပေမဲ့ ရော်နယ်ဒိုလို သွေးအေးအေးနဲ့ စံချိန်တွေတင်တဲ့ စက်ရုပ်ကြီးလို မဟုတ်ဘဲ၊ ကွာရက်စမာက ကွင်းထဲမှာ အနုပညာဆန်ဆန်နဲ့ စုန်းစုန်းမြုပ် ရူးသွပ်ပြခဲ့တဲ့ 'လမ်းဘေးဘောလုံးအနုပညာရှင် (Street Soccer Artist)' တစ်ယောက်လို့ တင်စားရင် မမှားဘူး။ ဘောလုံးကို ပျော်ရွှင်ဖို့အတွက်ပဲ ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ပေါ့ဗျာ။"

နောက်ထပ် post မှာ ဘယ်လိုကစားသမားလည်းဆိုတာ ကိုယ်တိုင်ခံစားလိုက်ပါ ✌🏻

Box 🖊️

24/05/2026

EMILIE HAAVI

27/03/2026

3rd Generation ?

တချိန်ကအသင်းရဲ့ အရန်ခုံဆိုပြီး အထင်သေးပြီးလှန်းမကြည့်နဲ့..ထိုင်နေတဲ့ကောင်တွေက ဆရာတွေကြီး 🙄
15/02/2026

တချိန်ကအသင်းရဲ့ အရန်ခုံဆိုပြီး အထင်သေးပြီးလှန်းမကြည့်နဲ့..
ထိုင်နေတဲ့ကောင်တွေက ဆရာတွေကြီး 🙄


Address

Shwe Pyi Thar Township Stadium, Nawarat Zay St
Yangon
11411

Telephone

+959776872246

Website

Alerts

Be the first to know and let us send you an email when King Of Street -KOS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to King Of Street -KOS:

Shortcuts

Share