Hein INGO Professional Training

Hein INGO Professional Training သင်တန်းတက်တိုင်းလဲ မတတ်ဘူးဆိုတာဟာ တတ်အောင်သင်တတ်တဲ့ သင်တန်းနဲ့မတွေ့ခင်အထိကိုပြောတာပါ 💚

27/12/2025

ကိုယ်မကြားဖူးသော၊ ကိုယ်တခါမှ မရောက်ဖူးသေးသော INGO လောကထဲမှာ လက်ရှိကိုယ်ရဲ့ လုပ်ရည်ကိုင်ရည်၊ ပညာအရည်အချင်းတွေနဲ့ အလုပ်မှ ရပါ့မလား၊
အဆင်မှ ပြေပါ့မလား ဆိုသော ညီငယ်၊ ညီမငယ်များအတွက်

ကျနော်တို့ "ဟိန်း"အိုင်အန်ဂျီအိုအသက်မွေးမှုသင်တန်းရဲ့ ရပ်တည်ချက်ကိုက

1) သင်တန်းသားတိုင်း အိုင်အန်ဂျီလောကနဲ့ ရင်းနှီးစေပြီး၊ အလုပ်အကိုင်များ လွယ်လင့်တကူ ရနိုင်စေရေး၊

2) သင်တန်းများတွင် သင်သောဘာသာရပ်များကိုလည်း အိုင်အန်ဂျီအိုလောကတွင် လက်တွေ့ အသုံးချ၍ ဖြစ်အောင်သာ ရည်ရွယ်၍ အပိုအလို မပါစေဘဲ သင်ကြားပေးခြင်း ဖြစ်ပါတယ်။

"ဟိန်း" အိုင်အန်ဂျီအို အသက်မွေးမူသင်တန်းက ဘာတွေ လုပ်ပေးမှာလဲ ?

ပထမဆုံးအနေနဲ့ အလုပ်စလျောက်ဖို့ ပြင်ဆင်တဲ့ဆီကနေ ကျွမ်းကျင်ဝန်ထမ်းတွေ ဖြစ်တဲ့အထိ
ကူညီပံ့ပိုးပေးသွားမှာပါ။

သင်တန်းတက်ပြီး အလုပ်အမြန်ဆုံးရဖို့ ဘယ်အဖွဲ့တွေကို ဘယ်လိုလျောက်ရတယ်၊ အင်တာဗျူးတွေမှာ ဘယ်လိုဖြေလိုက်ရင် ကိုယ့်ကို ရွေးချယ်နိုင်တယ် ဆိုတာတွေ၊ အခြေခံဝန်ထမ်းမှာဘဲ ရပ်မနေဘဲ၊ သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ပေးပြီး၊ ရာထူး၊ လစာကောင်းကောင်းတွေရဖို့ တဦးချင်းစီအပေါ်မှာ မွမ်မံပြင်ဆင်ခြင်း စတာတွေ လုပ်ပေးပါတယ်။

Hein INGO Professional Training ဖွင့်လှစ်မည့်သင်တန်းများ

1) INGOs Job Application (Cover Letter, CV) & Job Hunting
အလုပ်လျှောက်ရန် ကာဘာလက်တာ၊ စီဗီ ရေးသည်မှ စ၍ အလုပ်ရှာပုံ အသေစိတ်၊ 5 Days (10 Hours)

2) Intensive INGOs Interview Course
အနီးကပ် အင်တာဗျူးသင်တန်း၊ 1 Day (3 Hours)

3) Admin & Financial Management Course
ငွေစာရင်း/ဘတ်ဂျက်စီမံမှုသင်တန်း၊ 10 Days (25 Hours)

4) Logistics Supply Chain Management Course
ထောက်ပို့စီမံမှုသင်တန်း 10 Days (25 Hours)

5) Human Resource Management Course
လူသားအရင်းအမြစ်စီမံမှုသင်တန်း၊ 10 Days (25 Hours)

6) INGOs Capacity Building Courses
ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ

7) Basic Health Care Courses
အခြေခံကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ၊

8)Basic English Written and Spoken Course
နေ့စဉ်သုံး၊ လုပ်ငန်းသုံး အခြေခံအင်္ဂလိပ်နှင့် လုပ်ငန်းသုံး Email ရေးပုံများ (30 Hours)

ဒါကြောင့် ညီငယ်၊ ညီမငယ်တို့ရဲ့ ကြောင့်ကြစိတ်များပျောက်အောင် "ဟိန်း" မှ
လက်ကမ်းကြိုဆိုပါတယ်။

"ဟိန်း" အိုင်အန်ဂျီအို အသက်မွေးမှုသင်တန်း

(01-296671, 09254269693, 09897806200)

With English စကားပြောနိုင်မှ – I just got recognized as one of their rising fans! 🎉
19/09/2024

With English စကားပြောနိုင်မှ – I just got recognized as one of their rising fans! 🎉

22/08/2024
13/08/2024

𝑩𝒆𝒔𝒕 𝒐𝒇 𝑳𝒖𝒄𝒌 𝑺𝒊 𝑻𝒉𝒖 𝑵𝒂𝒊𝒏𝒈 !!!

𝚈𝚊𝚗𝚐𝚘𝚗 - 𝚂𝚒𝚗𝚐𝚊𝚙𝚘𝚛𝚎 - 𝙳𝚞𝚋𝚊𝚒 - 𝙰𝚋𝚞 𝙳𝚑𝚊𝚋𝚒
𝙰𝚞𝚐𝚞𝚜𝚝 13, 2024.

ပထမဆုံးနေ့

မျက်စိသူငယ်နားသူငယ်နဲ့ ပထမဦးဆုံးနေ့ဘာများဖြစ်လာမှာလဲ ???

ဒီ Video မှာ အိပ်ရာထဲအချိန်အကြာကြီးစိတ်ကူးယဉ်ခဲ့တဲ့ ပထမဆုံးနေ့အကြောင်းလေး သဘောလောက်ပြလိုက်မယ်၊

ပြချင်တဲ့ရည်ရွယ်ချက်က အစီအစဉ်တကျလုပ်ထားတာမရှိ၊ အူကြောင်ကြောင်ဖြစ်နေမဲ့သူ‌တွေအတွက်ပါ၊ လူတိုင်းနဲ့တော့ မဆိုင်ပါဘူး၊

ကိုယ်တွေ့ရမဲ့လူတွေကို ကိုယ်ကိုတိုင်ရွေးချယ်ပိုင်ခွင့်မရှိဘူး ဆိုတာကိုတော့ အိမ်မှာစိတ်ကူးယဥ်နေတုန်းထဲက ကြိုသိကောင်းသိပါလိမ့်မယ်၊ တချို့လဲသဘောကောင်းပါတယ်၊ တချို့တော်တော်လေး မျက်နှာကြောတင်းလိမ့်မယ်၊

အဲ့တော့ ရိုးသားကြိုးစား ဖိုးသခွားလေးတို့ရေ ...

ဘောပင်ထုတ်၊ ဗလာစာအုပ်ဖွင့်၊ ဒါလေးတွေလိုက်မှတ်ထား၊

ပထမဆုံး First Impression လေးတချက် အရင်ကောင်းအောင်လုပ်ရလိမ့်မယ်၊

ပြုံးပြုံးလေးနေ၊ ယဉ်ယဉ်ကျေးကျေးပြော၊ ဘာမဆိုအကူအညီပေးဘို့ အဆင်သင့်ဖြစ်နေအောင်လုပ်ထား၊ အဲ့ဒီ့အကျိုးကျေးဇူးတချိန်မှာ သူတို့ဆီကပြန်ရလိမ့်မယ်၊

ရောက်ရောက်ချင်း ကိုယ့်ထက်အရင်‌ရောက်နေတဲ့ အကျဉ်းသားဟောင်းကြီးတွေနဲ့ တွေ့တဲ့အခါ ဘယ်သူကဘာရာထူးမှန်းမသိ၊ စိတ်ထဲကဘယ်လိုရှိမှန်းမသိ၊ လူတိုင်းကို ဆရာလို့ခေါ်ပါ၊ ဆရာမဟုတ်တဲ့လူက ဆရာမဟုတ်ကြောင်းပြောလာပါလိမ့်မယ်၊

ကိုယ့်သဘောနဲ့ကိုယ် ထမင်းမစားနဲ့၊ ရေမ‌သောက်နဲ့၊ ခွင့်မတောင်းဘဲ သေးတောင်မပေါက်မိပါစေနဲ့၊ ယူနီဖေါင်းအမြန်လဲ၊ အခြေအနေကြည့်၊ မေးခွန်းတွေစမေးရပါလိမ့်မယ်၊

ဖိုးသခွားတို့ရေ ကိုယ့်မိဘအိမ်မဟုတ်ဘူးနော်၊ အလိုက်ကန်းဇိုးမသိဘဲ မမေးသင့်တာတွေချည်းမေးနေရင် ကိုယ်လူပေါမှန်း အထုတ်ဖြည်ပြသလိုဖြစ်နေလိမ့်မယ်၊ အလုပ်တဘက်နဲ့ ဘယ်သူကမှစိတ်ရှည်မနေဘူး၊ မမေးတတ်ရင် ငြိမ်ငြိမ်လေးနေ၊ ကိုယ့်ဟာကိုယ်လိုက်မှတ်၊ ဟိုကဟောက်လိုက်မှ မျက်နှာပျက်မသွားစေနဲ့၊

အန္တရာယ်အကင်းဆုံးက ကိုယ်ဆရာခေါ်ရမဲ့ ကောင်တစ်ကောင်လိုက်ရှာပြီး ပြုံးပြုံးလေးသူ့ဝေယျာဝစ္စဝိုင်းလုပ်ပေးပါ၊ ဘယ်သူကချဥ်းကပ်ရလွယ်တယ်၊ ဘယ်သူကဖြင့်အကြောကိုမတည့်ဘူးစသည်ဖြင့် ကိုယ့်ဉာဏ်ပါဘဲ၊

အိမ်မှာခပ်ချေချေနေခဲ့တဲ့သူတယောက်အနေနဲ့ အခုသူများမျက်နှာကြည့်ပြီးနေဘို့တောင် ဘယ်သူ့မျက်နှာကြည့်ရမှန်းမသိဖြစ်နေတာကိုတော့ ဝဋ်ခံနေရတယ်လို့ သဘောထားချင်ထား၊ ကိုယ့်သဘောပါဘဲ၊

ပျော်စရာအချိန်ရောက်လို့လာပါပြီ ...

တနေ့လုံး ဟိုလူ့ကြည့်ဒီလူ့ကြည့်နဲ့ စိတ်ရောလူရော ပင်ပင်ပန်းပန်းလုပ်ပြီးနားချိန်ရောက်တဲ့အခါ ...

ကိုယ်တယောက်ထဲဖြစ်နေတာကိုသတိထားမိလိမ့်မယ်၊

ညီလေးရေ ...

ဒီနေ့ညက တော်တော်ရှည်လိမ့်မယ်၊ အိပ်ရာပြောင်းသွားပြီ၊ မအိပ်လို့လဲ မရပြန်ဘူး၊ တချို့ယောက်ျားကြီးတန်မဲ့ ခိုးငိုတဲ့လူတွေရှိတယ်၊ ငါတို့ဆုံးဖြတ်ချက်များ မှားပြီလားဆိုပြီး စိတ်ဓါတ်အကြီးအကျယ်ကျသွားတဲ့လူတွေရှိတယ်၊ အေးဆေးနေပါ၊ အသက်ဝအောင်ရှူ၊ ပြီးသွားလိမ့်မယ်၊

လူတိုင်း ဒီနေရာမကျော်လို့မရဘူး၊ အိပ်ရခက်နေမှန်းသိတယ်၊ ဒါပေမဲ့ အိပ်တော့ညီလေး၊ မနက်ဖြန် ဟိုကောင်တွေမင်းကိုဘာတွေခိုင်းကြမလဲမသိဘူး၊ ခုလောက်ဆို မင်းအတွက်စီစဉ်ပြီးနေကြပြီ၊ သဘ်ောဆို ဘယ်အချိန်နှိုးမယ်မှန်းတောင် မသိကြဘူး၊ အခုက ထရမဲ့အချိန်ကြိုသိနေသေးတယ်၊ ကံကောင်းပါတယ်၊

Internet ခေတ်မှာမွေးပြီး အစစအရာရာ Download ချက်ချင်းဆွဲလို့ရတယ် ဆိုတဲ့လူငယ်‌တွေအတွက် နောက်ဆုံးတစ်ခုတော့ မှာလိုက်အုန်းမယ် ...

(ငါတို့ကလည်း မပြောရမနေနိုင်လို့ပါ)

လူတိုင်းကို တလေးတစားဆက်ဆံဘို့ဘယ်တော့မှ မမေ့ပါနဲ့၊ သူတို့ဟာ ကိုယ့်ဘဝတည်ဆောက်ရေးကို လွယ်ကူအောင်ဝိုင်းဝန်းဆောင်ရွက်ပေးမဲ့လူတွေဖြစ်နိုင်သလို ...

တစ်ချိန်တည်းမှာ နေ့တိုင်းစိတ်ဒုက္ခတွေအများကြီးနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားအောင် အရောက်ပို့နိုင်တဲ့လူတွေလည်းဖြစ်တယ် ...

☘️☘️☘️
🌱🌱🌱

Pls kindly vote for my beautiful niece ...🥇🏆🏅( သူ့ပုံလေးကိုတို့ပြီး အသဲလေးနှိပ်လိုက်ရုံပါ၊ Thank you so much 😊😊😊 )
24/01/2024

Pls kindly vote for my beautiful niece ...

🥇🏆🏅

( သူ့ပုံလေးကိုတို့ပြီး အသဲလေးနှိပ်လိုက်ရုံပါ၊ Thank you so much 😊😊😊 )

25/12/2023

The question is...
Do you love your job ???

🌊🐠🐙
⛵⛴️🦑

Address

Yangon
11182

Telephone

+959897806200

Website

Alerts

Be the first to know and let us send you an email when Hein INGO Professional Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein INGO Professional Training:

Share