X BOOM GYM

X BOOM GYM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from X BOOM GYM, No-328, Aung Theikhti Street, Kyee Pwar Yay Ward, ThingunGyun, Yangon.

17/02/2023

Gym ပဲသွားနေလို့ စိတ်ချနေသောသူမ 👉💃
Gym က ကိုကြီးနဲ့ ကျွန်တော် 👉🙈

ကျန်းမာတဲ့သူဆိုတာ ✅ ကောင်းမွန်စွာ အိပ်စက်နိုင်ရမည်။ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် ဆီလိုတိုနင် - မယ်လတိုနင် ဟန်ချက်ညီ...
20/07/2022

ကျန်းမာတဲ့သူဆိုတာ

✅ ကောင်းမွန်စွာ အိပ်စက်နိုင်ရမည်။

ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် ဆီလိုတိုနင် - မယ်လတိုနင် ဟန်ချက်ညီရမည်။ မနက်ခင်း နေရောင်ခြည်က ဆီလိုတိုနင်ကို အားကောင်းစေပြီး ညအမှောင်က မယ်လတိုမင်ကို တိုးပွားစေတယ်။ ဒါကြောင့် မနက်ပိုင်း နေရောင်ခံပါ။ ညအချိန် ဖုန်းကဲ့သို့ အီလက်ထရွန်နစ်ပစ္စည်းတွေ လျော့သုံးပါ။

✅ ကောင်းမွန်စွာ နိုးထနိုင်ရမည်။

ကောင်းမွန်စွာ နိုးထနိုင်ဖို့ သိုင်းရွိုက်ဟိုမုန်း နှင့် ကော်တီဆောဟိုမုန်းကဲ့သို့သော အရေးကြီးဟိုမုန်းတွေ ဟန်ချက်ညီရတယ်။ အိပ်ယာထချိန် နာကျင်ခက်ခဲနေလျှင် ဗိုက်တာမင် D နှင့် ဟိုမုန်းတွေစစ်ကြည့်ပါ။

✅ အစာစားပြီးတဲ့အခါ လေပွခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း မရှိရဘူး။

အစာမကြေတဲ့အခါ လေပွခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းတွေဖြစ်လာပြီး စွမ်းအင်လျော့နည်းသွားတတ်တာကြောင့် ဇီဝဖြစ်စဉ်တွေ ဟန်ချက်ပျက်သွားလိမ့်မည်။ ဒါကြောင့် အသက် ၅၀ ကျော်လာလျှင် Digestive Enzymes သောက်သင့်ပါပြီ။ Fasting က အစာကြေစေဖို့ အထောက်အကူပြုပါတယ်။

✅ စားသမျှ အဆီမဖြစ် စွမ်းအင်ဖြစ်နိုင်ရမည်။

ကယ်လိုရီ စွမ်းအင်ဖြစ်ဖို့ ဗိုက်တာမင်များ နှင့် သတ္ထုဓာတ်များလိုပါတယ်။ အစာမကြေတဲ့အခါ စုပ်ယူမှုပြသနာရှိလာပြီး ဗိုက်တာမင်များ နှင့် သတ္ထုဓာတ်များချို့တဲ့သွားတတ်တယ်။ စားသမျှကယ်လိုရီက စွမ်းအင်မဖြစ်ဘဲ အဆီဖြစ်သွားတယ်။ အဝလွန်ခြင်းဆိုတာ အဟာရပို၍ပြည့်ဝနေခြင်းမဟုတ်ဘဲ အဟာရချို့တဲ့နေခြင်းသာဖြစ်တယ်။ ဒါကြောင့် အစာလမ်းကြောင်း ဟန်ချက်ညီညီရှိပါစေ။

✅ ပျော်ရွှင်မှုကို ခံစားနိုင်ရမည်။

ပျော်ရွှင်မှုဟိုမုန်းကို အစာလမ်းကြောင်းမှာ ဖန်တီးလေ့ရှိတာကြောင့် အစာလမ်းကြောင်း မကောင်းတဲ့အခါ စိတ်ပိုညစ်တတ်တယ်။



Alcohol ရဲ့ Chemical က Ethanol ပါ။Ethanol က ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာသွားပြီး Action ပေးပါတယ်။ဘာ Action လဲ ဆိုတော့ 👉 အ...
15/07/2022

Alcohol ရဲ့ Chemical က Ethanol ပါ။

Ethanol က ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာသွားပြီး Action ပေးပါတယ်။
ဘာ Action လဲ ဆိုတော့
👉 အာရုံကြောတွေ တစ်ခုနဲ့ တစ်ခုဆက်သွယ်သတင်းပို့တာကို နှေးစေပါတယ်။
👉 ကြွက်သားလှုပ်ရှားမှုတွေ နှေးစေတဲ့ အတွက် အာလေးလျှာလေး နဲ့ လူက လေးလေးကြီးဖြစ်သွားပါတယ်
👉 လူကို ခြေတစ်လှမ်းနဲ့တစ်လှမ်း အကွာအဝေး၊ အစိပ်အကျဲ တူအောင် Balance ထိန်းတဲ့ cerebellum ကို အဆိပ်သင့်စေတဲ့ အတွက် ဒယိမ်းဒယိုင် ဖြစ်ပါတယ်
👉 ကျွန်တော်တို့တွေကို ငယ်ငယ်ထဲက ဒါတွေမလုပ်ရဘူး၊ ဒီလိုမပြောရဘူး၊ ဒီလိုဆိုရင်ရိုင်းတယ်၊ ဒီလိုဆိုရင် ရှက်စရာကြီး ဆိုပြီး တစ်သက်လုံးမှတ်သားလာတဲ့ (Inhibition 👉 မကောင်းတာတွေကို မလုပ်နဲ့ ဆိုပြီးတားဆီးတဲ့ နေရာကို) အလုပ်မလုပ်အောင် သွားပိတ်ပါတယ်
အဲ့တော့ အရက်သောက်ရင် ရဲသွားတယ်ဆိုတာ (ဟီရိ ဩတ္တပ္ပ ဆိုတဲ့ မကောင်းတာလုပ်ရမှာကို ရှက်တာ၊ ကြောက်တာ မရှိတော့တာပါ)

👉👉👉
အာရုံကြော ဆက်သွယ်မှုတွေ ကို နှောင့်နှေးစေတာက ဘယ်မှာအသိသာဆုံးလဲဆိုတော့
ကားမောင်းတဲ့ အခါမှာပါ
ပုံမှန်ဆိုရင် ရှေ့မှာကားရှိတယ် Break အုပ်လိုက်ပါပြီ

အရက်အလွန်အကျွံသောက်ထားတဲ့အခါမှာ ရှေ့မှာကားတွေ့တယ်မျက်လုံးက
ဦးနှောက်က ကားဆိုတော့ ဘာလုပ်ရမှာလဲ 🤷‍♂️
ရပ်ရမှာလေ ဆိုပြီး ပြန်ဆက်သွယ်တော့ 😥
ကလန်ကဆန် နဲ့ ဘာလို့ရပ်ရမှာလဲ ဖြစ်ပြန်ရော 🤷‍♂️
မရပ်ရင်တိုက်မှာပေါ့ 😥
တိုက် တိုက်ကွာ 🤷‍♂️
တိုက်ရင်သေမှာပေါ့ ဆိုပြီး တွေးမိတော့မှ Break နင်းပါတယ်။

အလွန်အကျွံမူးပြီးမောင်းရင် တစ်ခုခုကိုတော့ တိုက်ဖူးကြမှာပါ၊ ပြဿနာတက်ဖူးကြမှာပါ။

အဲ့ဒါကြောင့်လည်း "မူးရင် မမောင်းနဲ့ ဆိုတာ ဖြစ်လာတာပါ"

👉👉👉
ညဘက် သောက်ပြီးပြီ ကဲပြီးပြီ

နောက်နေ့မနက်

အစာဝင် အစာအန်၊ ရေဝင် ရေအန်၊ တံထွေးမျိုချရင်တောင် အန်ပါတယ်။
သေလောက်အောင် ​ခေါင်းကိုက်ပါတယ်။

#ဘာလို့လဲ ⁉️
အဆိပ်တွေကို တရားလွန်သောက်တဲ့ အခါ ခန္ဓာကိုယ်က အူထဲရောက်တဲ့ အဆိပ်တွေကို ထပ်စုပ်ပြီး ဒုက္ခရောက်မှာ စိုးရိမ်တဲ့ အတွက် အစာအိမ်တွေ အူတွေ မလှုပ်တော့ပါဘူး။
အဲ့တော့ ဘာထည့်ထည့် အောက်မဆင်းနိုင်လို့ အပေါ်ပဲ ပြန်လျှံတတ်ပါတယ်။

အရက်ထဲမှာက မူးရစ်စေတဲ့ Alcohol အပြင် ဘေးထွက်ပစ္စည်းအနေနဲ့က Aldehyde တွေပါတတ်ပါတယ်။
အဲ့ဒီ Aldehyde တွေကို ဖယ်ထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျများတဲ့ အတွက် Aldehyde ပမာဏနည်းလေ စျေးကြီးလေပါပဲ။

ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံဖြစ်တော့ ဘယ်ကနေရမှန်း မသိတဲ့ အရက်ဖြူ၊ ၄-၅ ထောင်တန် Whiskey တို့ဆိုတာ Aldehyde တွေ အများကြီးပါ ပါတယ်။
👉 အဲ့ဒါကြောင့် အရက်အရှိန်တတ်တယ် အရက်ကို အသည်းက ဖျက်ပြီးမှ Aldehyde တွေကို စဖျက်တဲ့ အတွက် အရက်တွေကုန်တဲ့ အချိန်နောက်နေ့မနက်ဟာ Aldehyde ရဲ့ ဒဏ်အခံရဆုံးပါပဲ။

Blue Label တို့လို ၃ သိန်းဝန်းကျင်တန်တဲ့ အရက်မျိုးသောက်ရင်တော့ Aldehyde ဒဏ်သိပ်မခံရသလို အများကြီးလည်းမသောက်ဖြစ်ဘူးပေါ့။

ဦးနှောက်ကို ဒုက္ခပေးသလို၊သောက်သမျှအရက်ကို အသည်းက ဖျက်ပေးရတဲ့ အတွက် အသည်းဆဲလ်တွေ ပျက်စီးပါတယ်၊ အသည်းအဆီဖုံး အသည်းရောင် အသည်းခြောက်ပါတယ်။

👉👉👉
အသည်းရဲ့ တစ်နေ့လုပ်ပေးနိုင်တဲ့ ပမာဏပေါ်မူတည်ပြီး တစ်နေ့သောက်လို့ရတဲ့ ပမာဏကို Unit နဲ့ပြပါတယ်။

ယောကျ်ားလေးဆိုရင် တစ်နေ့ (၃) Units
မိန်းကလေးဆိုရင် တစ်နေ့ (၂) Units

အဲ့ဒီ Unit တွေဘယ်လိုတွက်တာလဲ ဆိုတော့

သောက်တဲ့ပမာဏ (Volume) နဲ့ အရက်ရာခိုင်နှုန်း (Alcohol percentage) ကိုမြှောက်ပြီး ၁၀၀၀ နဲ့ စားပါတယ်။

ဥပမာ ။ ။ မြန်မာဘီယာတစ်ခွက် ၃၃၀ ml အမြှောက် (အရက်ရာခိုင်နှုန်းက ၅%) = ၁၆၅၀
အဲ့ဒီ ၁၆၅၀ ကို ၁၀၀၀ နဲ့စား = ၁.၆၅ Units ပါ။

Johnee Walker တစ်ပက် က ၃၀ ml အမြှောက် (အရက်ရာခိုင်နှုန်းက ၄၀%) = ၁၂၀၀
အဲ့ဒီ ၁၂၀၀ ကို ၁၀၀၀ နဲ့စား = ၁.၂ Units ပါ။

အဲ့တော့ ယောက်ျားလေးတစ်ယောက်ဟာ တစ်နေ့ကို အလွန်ဆုံး Beer ဆိုရင် (၂) ခွက်နီးပါး။
အရက်ဆိုရင် (၃) ပက်နီးပါး ပဲ သောက်လို့ရပါတယ်။

တစ်ပတ်စာစုပြီး TGIF မှာ ၂၁ Units သောက်မယ်ဆိုပြီး မရပါဘူး၊ တစ်ရက်ကို (၃) Units ကျော်ရင် အသည်းက ပြန်ပြင်လို့ မရအောင်ပျက်ပါတယ်။
(ပြန်ပြင်လို့ မရအောင်ပျက်ပါတယ် ဆိုတာ (၃) Units အောက်သောက်ရင် အသည်းပျက်ပေမယ့် ခန္ဓာကိုယ်က အထိုက်အလျောက်ပြန်ပြင်ပေးလို့ရပါတယ်)

အဲ့တော့ တစ်နေ့ကို
ယောကျ်ားလေးဆိုရင် တစ်နေ့ (၃) Units
မိန်းကလေးဆိုရင် တစ်နေ့ (၂) Units လူတိုင်းရလားဆိုတော့
မရပါဘူး။

- အသည်းရောဂါရှိတဲ့သူ (B ပိုး၊ C ပိုး၊ Autoimmune liver disease ၊ အသည်းအဆီဖုံး၊ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ)
- နှလုံးအလုပ်မလုပ်တဲ့လူတွေ (Heart Failure)
- ဆီးချိုဝေဒနာရှင်
- သွေးတိုးဝေဒနာရှင်
- နှလုံးကြီးနေတဲ့လူ
- နှလုံးခုန်မမှန်တဲ့လူ
- သွေးတွင်းအဆီများတဲ့လူ
- အစာအိမ်ရောဂါသည်
စတဲ့ လူတွေက လုံးဝ မသောက်ရပါဘူး။

#သောက်တော့_ဘာဖြစ်လဲ ⁉️

သောက်ရင် အသည်းခြောက်၊ ရေဖျင်းဆွဲ၊ သွေးအန်၊ သေတတ်ပါတယ်။

အစကတော့ အပျော်အပျော်နဲ့ နောက် တဖြည်းဖြည်း မသိမသိ စွဲသွားတတ်ပါတယ်။

လူငယ်ပိုင်းမှာကျတော့လည်း အဖွဲ့ထဲမှာ မသောက်တတ်တဲ့သူတစ်ယောက်ရှိရင်ကို တာဝန်မကျေသလို ခံစားနေရတော့ မသောက်တတ်တဲ့သူငယ်ချင်းကို ပျက်စီးပါစေဆိုတဲ့ ဆန္ဒမရှိပေမယ့် အတူတူပျော်ချင်တဲ့ အတွက် နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်ပါတယ်။
မသောက်တတ်ခင်က Sponsor ပေးကြပေမယ့် သောက်တတ်သွားရင် ဝေပုံကျဖြစ်သွားပါတယ်။

အခုခေတ်ကာလက အပျော်တွေ၊ Night life တွေက အရမ်းလွတ်လပ်လာတော့ အကုန်လုံးကိုမဆိုလိုပေမယ့် (လူငယ်တော်တော်များများ သောက်တတ်ပါတယ်)
လူငယ်တွေပဲ ဘာလို့ပြောနေရတာလဲ ဆိုတော့ ခေါက်ရိုးကျိုးနေတဲ့ လူလတ်နဲ့လူကြီးတွေက ပြောရခက်တော့ အခုမှ ခြေစလှမ်းခါစလေးတွေ ခြေမကျွံခင် နှုတ်စေချင်လို့ပါ။

👉👉👉
ခင်ဗျားက ဆရာကြီးလာလုပ်နေတယ်။ ခင်ဗျားကြတော့ မသောက်ဘူးလား ဆိုရင်။

လူမှုအဖွဲ့အစည်း၊အသိုင်းအဝိုင်းနဲ့ နေနေတာဖြစ်တဲ့ အတွက် ငြင်းဆန်လို့မရတာတွေရှိသလို၊ ပျော်ချင်လို့ သိသိကြီးနဲ့ မိုက်တာတွေလည်း ရှိပါတယ်။

ဒါပေမယ့် အစရှိ အနောင်နောင်ဆိုသလို ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပဲ ဖြစ်သွားကြမှာ စိုးလို့ပါ။
ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား သိရမယ်ဆိုသလို
ကိုယ်သောက်တဲ့ အရက် ဘာလို့မူးလဲ၊ ဘာဆိုးကျိုးတွေရှိလဲ၊ ဘာမှကောင်းကျိုးမရှိဘူး ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းပါ။

"တန်ဆေး လွန်ဘေး" ဆိုတဲ့ အထဲမှာ အရက်မပါ ပါဘူး။

တန်ရုံသောက်လို့လည်း ဆေးမဖြစ်ပါဘူး ဆိုတာပြောပြရင်း 🙆



 ွေလုပ်တယ် #အကြီးအကျယ်_အငတ်ခံတယ်_ကိုယ်အလေးချိန်ကတကယ်ကျသွားတယ် #ဒါပေမယ့်_ပြန်တက်လာတာပဲဒီတစ်သက်တော့ ပိန်တော့မယ် မထင်ပါဘူး။...
05/07/2022

ွေလုပ်တယ်
#အကြီးအကျယ်_အငတ်ခံတယ်_ကိုယ်အလေးချိန်ကတကယ်ကျသွားတယ်
#ဒါပေမယ့်_ပြန်တက်လာတာပဲ

ဒီတစ်သက်တော့ ပိန်တော့မယ် မထင်ပါဘူး။

ပတ်ဝန်းကျင်မှာ အမြဲကြားနေရတဲ့ စကားသံတွေပါ။

ကျွန်တော်တို့တွေက အစားအသောက်မက်တယ်လေ၊ ကြိုက်ကြတယ်
- မြန်မာ့စားစရာမှ မဟုတ်ဘူး
- တရုတ်စာလည်း ကြိုက်တယ်
- အန္ဒိယစာလည်း ကြိုက်တယ်
- ကိုရီးယားစာလည်း ကြိုက်တယ်
- ယိုးဒယားစာလည်း ကြိုက်တယ်
- အီတလီစာလည်း ကြိုက်တယ်
- Western Foods တွေလည်း ကြိုက်တယ်
- KFC လည်း ကြိုက်တယ်၊ Lotteria လည်း ကြိုက်တယ်လေ

ငွေရေးကြေးရေးကလည်း ပြေလည်ကြတော့ လျှာအရသာခံကြတာပေါ့။

ဝင်ငွေရဲ့ လေးပုံတစ်ပုံကို လျှာအရသာခံတာမှာ သုံးကြတယ် နောက်လေးပုံတစ်ပုံကို Weight လျှော့တဲ့ Diet ဝယ်စားတယ်၊ Gym ဖိုးသွင်းတယ်လေ
ကျန်တဲ့ တစ်ဝက်က အလှပရေးရာမှာ သုံးကြမှာပေါ့ (စတာပါ)

👉👉👉

ကိုယ်အလေးချိန်လျှော့ကြတဲ့ လူတွေမှာ အများအားဖြင့် ရည်ရွယ်ချက်ရှိကြတယ်လေ။

ဘာ ရည်ရွယ်ချက်လဲ 👉 မင်္ဂလာဆောင်ရှိလို့ Pre-wedding ရိုက်မလို့၊ သူငယ်ချင်းမင်္ဂလာဆောင်/အလှူသွားမလို့၊ ဘွဲ့နှင်းသဘင်ရှိလို့
အစရှိတဲ့ အရာတွေဖြစ်နေတော့

တကယ်လုပ်ပါတယ်၊ လေ့ကျင့်ခန်းတွေ အားကြိုးမာန်တတက်
မစားသလောက်ကို အငတ်ခံကြပါတယ်။

👉 အဲ့လောက်လုပ်တော့ ကိုယ်အလေးချိန်က တကယ်ကြီးကိုကျပြီး Slim ဖြစ်သွားကြပါတယ်။

ဒါပေမယ့် ရည်ရွယ်ချက်က ရေတိုပဲလေ ၊ ပွဲတွေလည်းပြီးရော အပီပြန်ကျိတ်ကြတာပေါ့၊
အဲ့ဒီပွဲနေ့မှာကို စပြီး #ဆွဲကြတာ

ဝုန်း ဒိုင်း ဆိုပြီး ချထားသမျှက ရက်ပိုင်းအတွင်းပြန်တက် သွားရောလေ။

အဲ့ဒါနဲ့ မထူးဇာတ်ခင်းပြီး ဆက်စားကြတာပေါ့။

👉👉👉

​ဘီစကစ် တစ်ချပ်ကို Calories 40 ရှိတယ်
ခပ်သွက်သွက် လမ်းလျှောက်တာ နာရီဝက်ကို Calories 100 ပဲ သုံးတယ်၊ အဲ့တော့ ဘီစကစ် ၂ ချပ်ခွဲစာပဲရှိတယ်လေ 👉 ချွေးပြိုက်ပြိုက်ကျအောင် လမ်းလျှောက်ရတာက

နည်းနည်းလေးစားထား အဲ့လောက် ပြန်လုပ်ရတာလား လို့ဆိုရင်

တကယ်က ကျွန်တော်တို့ ခန္ဓာကိုယ်က လူသားအားလုံးအတွက် အဆင်ပြေရအောင် ဖန်တီးပေးထားတာပါ။

အဲ့ဒီလောက်လေးတောင် မစားနိုင်ကြလို့ နံရိုးအပြိုင်းပြိုင်းနဲ့ အရိုးပေါ်အရေတင်နေကြတဲ့ Africa က လူတွေအတွက်ကတော့ ခန္ဓာကိုယ်က စီမံထားသလို နည်းနည်းစားရရုံ နဲ့ များများအလုပ်လုပ်နိုင်မှ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။

အဲ့လောက်ထိ ဝေးဝေးမကြည့်ရင်တောင် အလုပ်ကြမ်းလုပ်တဲ့ ကာယလုပ်သားတွေကိုကြည့်ပါ (ကုန်ထမ်းတဲ့လုပ်သားတွေ၊ ဆိုက်ကားဆရာတွေ)

သူတို့က စားနိုင်တဲ့လူတွေထဲပါ ပါတယ် တစ်ခါစားရင် ထမင်းတစ်လုံးချက်လောက် ကုန်အောင်စားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ခန္ဓာကိုယ်က ဝတုတ်မနေပါဘူး ၊ ပြန်သုံးတဲ့ စွမ်းအင်က စားတာထက်များနေတာကိုး။
(အိမ်မှာ ထမင်း တစ်လုံးချက်ဆိုရင် ကျွန်တော်တို့ (၂) ယောက် မနက်ညရပါတယ် အဲ့လောက်ပဲ စားတာတောင် ဝ တုတ်နေရလား ဆိုရင် ကျွန်တော်တို့ က လှုပ်မှမလှုပ်ကြပဲကိုး)

👉👉👉
ဒီလောက်အများကြီးပြောတာ သေချာသာဖတ်မယ်ဆိုရင် သိလောက်ပါပြီနော်

1. တကယ်မစားတဲ့သူက မဝ လာပါဘူး
2. စားပေမယ့် သုံးတာက များရင်လည်း ဝ မလာပါဘူး

👉👉👉

ခန္ဓာကိုယ်ကြီး က Set Point တစ်ခုကို မှတ်ထားပါတယ်၊
ဥပမာ။ ။ ကျွန်တော်ဆိုရင် ပေါင် ၁၈၀ ကို Set point အနေနဲ့မှတ်ထားပါတယ်။

ကြိုက်လို့ အများကြီးစားတဲ့နေ့တွေ ဆိုရင် ဝမ်းတွေအများကြီးသွားပြီး လိုတာထက်ပိုတာတွေကို ထုတ်ပစ်လိုက်ပါတယ်။
ဟင်းမကြိုက်လို့ နည်းနည်းပဲ စားတဲ့နေကြတော့ စားသမျှအကုန် စုပ်ယူလိုက်တဲ့ အတွက် ဝမ်းသွားတာ နည်းပါတယ်။

အဲ့လိုနည်းနဲ့ ကိုယ်အလေးချိန်ကို အမှတ်တစ်ခုမှာထားပြီးထိန်းပါတယ်။

👉👉👉
ဒါပေမယ့် ကျွန်တော်က ဘာစားစား အကုန်ကြိုက်နေတော့ နေ့တိုင်းအများကြီးစားဖြစ်နေတဲ့အခါ ခန္ဓာကိုယ်က သူ့ရဲ့ Set Point (ချိန်ထားတဲ့အမှတ်) ကိုတိုးလိုက်ပါတယ်။

😅 ၁၈၂ ပေါင်၊ အဲ့ဒီ အလေးချိန်မှာ မြဲနေပါတယ်။
အပေါ်ကပြောသလို 😀 ပိုစားရင် ထုတ်ပစ်ပါတယ်၊ 😀 လိုတဲ့နေ့တွေဆို အကုန်သိမ်းပါတယ်။

အစားက မလျှော့ မလျှော့နဲ့ ထပ်ကြာလာတော့ Set Point ကို ထပ်မြှင့်ပါတယ်။
အဲ့လိုနည်း နဲ့ ကိုယ်အလေးချိန် တက်တက်လာရတာပါ။
👉👉👉
Diet Plan တွေလုပ်လိုက်တဲ့ အခါ
အူမှာရှိတဲ့ အာဟာရတွေစုပ်တဲ့ နေရာတွေ(Receptors) များလာပါတယ်၊ လျှော့စားနေတဲ့ အတွက် ဝင်လာသမျှကို တစ်ခုတစ်လေမှ အလွတ်မပေးပဲ အကုန်ယူပါတယ်။
အဲ့ဒါကြောင့် Diet plan တွေ စားနေရင် ၊ ဝမ်းချုပ်ပါတယ်။

ခန္ဓာကိုယ်က Set Point ကို ထိန်းဖို့ အကြီးအကျယ်ကြိုးစားပါတယ်။

မစားပဲတာ အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့ အခါ ခန္ဓာကိုယ်က Set point ကို ချလိုက်ပါတယ်။

အဲ့ဒါနဲ့ ကိုယ်အလေးချိန် ကျလာပါတယ်။

ကိုယ်အလေးချိန်ကျပေမယ့် အပေါ်မှာ ပြောထားတဲ့
အူထဲက Receptors တွေက များသထက်များလာပါတယ်။
ခန္ဓာကိုယ်ကြီး အာဟာရပြတ်မသွားဖို့အရေး အာဟာရတစ်ခုတစ်လေမှ လွတ်မထွက်သွားရအောင် စုပ်ယူပေးဖို့ ကြိုးစားနေတာပါ။

လူက ကိုယ့်ရည်ရွယ်ချက်ပြည့်လို့ ပြန်စစားလိုက်တာနဲ့ကို ဝင်လာသမျှ အာဟာရတစ်ခုတစ်လေမှ လွတ်မထွက်သွားရအောင် စုပ်ယူပါတော့တယ်။

အဲ့လိုနဲ့ လနဲ့ချီပြီး ချထားရတဲ့ ကိုယ်အလေးချိန်ဟာ ရက်ပိုင်း အတွင်း ပြန်တက်ပါတော့တယ်။

ဝုန်း ဒိုင်းကြီး ပြန်တက်တဲ့ ကိုယ်အလေးချိန်ဟာ အရင် ကိုယ်အလေးချိန် ပြန်ရောက်တဲ့ အခါမှာတော့ ပြန်တန်းသွားပါတယ်။

{{ အကြီးအကျယ် Diet Plan တွေစားပြီး ပြန် ဝ လာတဲ့လူဟာ ဘာနဲ့ တူလည်း ဆိုတော့ အကြီးအကျယ်နေမကောင်းဖြစ်ထားတဲ့ လူနဲ့တူပါတယ်

အကြီးအကျယ်နေမကောင်းဖြစ်တော့ မစားနိုင်မသောက်နိုင်နဲ့ ပိန်ချုံးသွားပါတယ်၊ ဒါပေမယ့် နေစကောင်းတာနဲ့ တစ်ပြိုင်နက် အစားတွေကျိတ်ပါတော့တယ် (ခန္ဓာကိုယ်က သူ့ Set Point ကိုပြန်ဆွဲတင်တာပါ) နလန်ထတဲ့လူနာ အရမ်းစားတယ်ဆိုတာ ပြုစုဖူးတဲ့လူရှိရင် သိကြမှာပါ ဖုတ်ဝင်တယ်လို့ထင်ရတယ်လို့တောင် ပြောတတ်ကြပါတယ်၊ အရင်ကိုယ်အလေးချိန် ပြန်ရောက်တဲ့အခါ အရမ်းစားနေတာတွေက ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်}}

👉👉👉
ခန္ဓာကိုယ်က Set Point ဆိုတာရှိတဲ့ အတွက် ကိုယ်အလေးချိန် ဟာ အရမ်းချလို့မရပါဘူး။

Healthy Weight Loss လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် Weight ချဖို့က #တစ်ပတ်ကို #တစ်ပေါင်ပဲချရပါတယ်။

တစ်ပေါင်အတွက် Calories က 3,500 လိုပါတယ်။
တစ်နေ့ကို Calories 500 လျှော့ရင် တစ်ပတ်ဆိုရင် 3,500 ရပါတယ်။ အဲ့ဒါဆို တစ်ပေါင်ကျပါမယ်။

အရေးကြီးတာက ရေရှည်ထိန်းနိုင်ဖို့ပါ အစားလျှော့တာနဲ့ အပေါ်မှာပြောခဲ့သလို အူထဲက Receptors တွေတက်လာပါလိမ့်မယ်။
အဲ့တော့ လျှော့စားပြီ ဆိုရင် အမြဲလျှော့သွားရမှာဖြစ်လို့ တစ်သက်လုံးလျှော့စား နိုင်သလောက်ပဲ တဖြည်းဖြည်းလျှော့ပါ။

#ဘယ်လိုလုပ်ရမလဲ ⁉️

အကြမ်းအားဖြင့်

တစ်နေ့ ထမင်း (၃) နပ်စားတယ်။
တစ်နပ်မှာ ထမင်း အလုတ် (၂၀) စားတယ်ပေါ့

(Diet Plan တွေက ညစာတစ်ခုလုံး ဖြုတ်တတ်ကြပါတယ် 👉 တစ်သက်လုံး ညစာ မစားပဲမှ မနေနိုင်တာ ဖြုတ်လိုက်လည်း ပြန်စားတာနဲ့ ပြန်တက်ပါလိမ့်မယ်)

1. ပထမ အဆင့် ထမင်း (၃) နပ်၊ တစ်နပ် အလုတ် (၂၀) စားနေတာကို ၊ လေ့ကျင့်ခန်း တစ်ခုခု စလုပ်ပါ (ဘာလုပ်ရမလဲ မသိရင် ကျွန်တော်ပြထားတဲ့ လေ့ကျင့်ခန်းလုပ်ပါ)

အရင်လောက်ပဲစားပြီး လေ့ကျင့်ခန်းလုပ်လိုက်တဲ့အတွက် တစ်နေ့ကို အရင်ကထက် Calories 100 ကျော်လောက် အနှုတ်ပြပါပြီ။

2. ဒုတိယ အဆင့်က ထမင်း (၃) နပ်၊ တစ်နပ်မှာ (၂) လုတ်စာလောက်လျှော့စားပါ။ လျှော့စားတဲ့နေရာမှာ အရွက်တွေဖြည့်စားလိုက်ပါ။

လေ့ကျင့်ခန်းက Calories 100 ကျော်လောက် အနှုတ်ပြပြီး တစ်နေ့ (၆) လုတ်စာ လျှော့စားတာကနေ Calories 150 လောက် ထပ်ပြီး အနှုတ်ပြပါပြီ။

တစ်နပ်ကို ***(၂) လုတ်စာပဲ လျှော့စားရမှာပါ။ တစ်ရက်ကို Calories 250 အနှုတ်ပြတဲ့အတွက် တစ်ပတ်ဆိုရင် 1750 Calories အနှုတ်ပြပါမယ်။
ဒီအတိုင်း (၂) ပတ်ဆိုရင် Calories 3500 အနှုတ်ပြတဲ့ အတွက် တစ်ပေါင်ကျပါပြီ။

3. တတိယ အဆင့်က ထမင်းစားပြီးတိုင်း လမ်းလျှောက်ပါ။ မနက်စာစားပြီး (၁၀) မိနစ်၊ နေ့လည်စာစားပြီး (၁၀) မိနစ်၊ ညစာစားပြီး (၁၀) မိနစ် တစ်နေ့လုံးစာ ဆိုရင် မိနစ် (၃၀) လမ်းလျှောက်ဖြစ်ပါပြီ

မိနစ် (၃၀) လမ်းလျှောက်ရင် နောက်ထပ် Calories 100 ထပ် အနှုတ်ပြပါတယ်။

တစ်နေ့ Calories 350 အနှုတ်ပြနေပါပြီ။

4. အဲ့လိုတွေ လုပ်နေရင်းနဲ့ အချိုရည်တွေ၊ သွားရည်စာတွေ ကြိုးစားပြီး ဖြတ်ပါမယ်။ အချိုရည် တစ်ခွက်ဟာ Calories 150 ရှိပါတယ်

အချိုရည်သောက်နေကျလူဟာ အချိုရည်ဖြတ်လိုက်နိုင်ရင် နောက်ထပ် Calories 150 အနှုတ်ပြပါပြီ။

တစ်နေ့ကို စုစုပေါင်း Calories 500 အနှုတ်ပြနေပါပြီ။

တစ်ပတ်ကို Calories 3,500 ပါ 👉 တစ်ပေါင်ကျပါပြီ။

တစ်ပတ်ကိုမှ တစ်ပေါင်ထဲကျတယ် ဘာလုပ်ရမှာလဲ လို့ဆိုရင်

တစ်ပတ် တစ်ပေါင်ဟာ တစ်လကို (၄) ပေါင်ကျပါတယ်၊ သုံးလ ဆိုရင် (၁၂) ပေါင်ကျပါတယ်။
တစ်နှစ်ဆိုရင် (၄၈) ပေါင်တောင် ကျသွားပါလိမ့်မယ်။

((ဒါဟာ လေ့ကျင့်ခန်း တစ်နေ့ နာရီဝက်လုပ်မယ်
တစ်နပ်ကို စားနေကျထက် ထမင်း (၂) လုတ်လျှော့စားမယ်
အစာစားပြီးတိုင်း လမ်းလျှောက်မယ်
အချိုရည်၊ သကြား၊ သွားရည်စာဖြတ်မယ် ))
👉 ဒီလောက်နဲ့ ရလာမှာပါ။

မလောပါနဲ့ Slow and Steady ပါပဲ။

အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် #မလိမ်ဖို့ပါပဲ၊
ကိုယ့်ကိုယ်ကိုယ် #ရိုးသားဖို့ပါ

ငါ Weight လျှော့နေတယ် ဆိုပြီး ဟိုဟာခိုးစား ဒီဟာခိုးစားလုပ်နေရင် မထူးပါဘူး။

Gym သွားပြီး Weight တုံးကြီးတွေ ကို အရွတ်တွေ၊ အဆစ်တွေနာအောင် "မ" နေဖို့ မလိုသလို၊ Diet Plan တွေကို တစ်နေ့ သောင်းဂဏန်း နီးနီးပေးပြီး ဝယ်စားဖို့ မလိုပါဘူး။

ကိုယ်စားနေကျ ချက်နေကျဟင်းတွေကိုပဲ စားပုံစားနည်းပြင်လိုက်ရုံပါပဲ

အဆီလျှော့စား၊ အချိုလျှော့စား၊ အငန်လျှော့စားရင် ပိုသိသိသာသာ ကျလာနိုင်သလို၊ ပိုပြီး Fit ဖြစ်လာပါလိမ့်မယ်။

ဘာလို့ ရေတိုရည်မှန်းချက်တွေထားပြီး ခန္ဓာကိုယ်ကို နှိပ်စက်နေမလဲဗျာ
ရေရှည်ရည်မှန်းချက်ကို မလျှော့သောဇွဲနဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားကြပါစို့ဗျာ
ဒီစာဖတ်မိတဲ့ အချိန်က စပြီး (၂) လုတ်လျှော့စားကြပါစို့

သွေးတိုး၊ဆီးချိုအစရှိတဲ့ ရောဂါဘယကင်းပြီး
သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ ။



ုန်းစည်သူလွင်

Whey Protein အကြောင်းတစ်စေ့တစ်စောင်း.....Gymကစားတဲ့သူတော်တော်များများ whey protein ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်...
30/06/2022

Whey Protein အကြောင်းတစ်စေ့တစ်စောင်း.....

Gymကစားတဲ့သူတော်တော်များများ whey protein ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ တချို့ဆိုရင်မသုံးမဖြစ်supplementအဖြစ်ကို whey proteinကိုသုံးနေကျပါတယ်။ ထို့ကြောင့် whey proteinကို ဘယ်လိုဘယ်ပုံ ပြုလုပ်ထားသလဲ ဘယ်လိုအသုံးဝင်လဲ ဘယ်လိုအမျိုးအစားတွေရှိလဲ ဘယ်လိုသောက်သုံးရမလဲဆိုတာတွေကို အားလုံးနားလည်ရလွယ်အောင်ရှင်းပြပေးသွားမှာပါ။

၁. Whey Protein ဆိုတာဘာလဲ

Wheyဆိုတာနို့ကထုတ်ယူထားတာပါ။ နို့မှာ wheyလို့ခေါ်တဲ့အပိုင်း (20%) နှင့် Caseinလို့ခေါ်တဲ့အပိုင်း(80%) ဟူ၍နှစ်ပိုင်းပါဝင်ပါတယ်။ နို့ကနေcheeseအခဲဖတ်တွေထုတ်ပြီးသွားရင် ကျန်တဲ့အပိုင်းဟာwheyရဲ့ကုန်ကြမ်းပဲဖြစ်ပါတယ်။ ထိုကုန်ကြမ်းတွေကိုအဆင့်ဆင့်ပြောင်းလဲပြင်ဆင်ပြီး ကျန်တော်တို့သောက်သုံးနေတဲ့ အရသာအမျိုးမျိုးနဲ့ အမှုန့်ပုံစံဖြစ်အောင်ပြောင်းလဲရပါတယ်။
Whey proteinဟာ အခြားသောsourceများမှရသောproteinများလိုပဲ amino acidsများစွာနှင့်ဖွဲ့စည်းထားပြီး ပျက်စီးသွားသောတစ်ရှုးလ်များကိုပြုပြင်ဖို့နှင့် ကြွက်သားတည်ဆောက်ဖို့သုံးကြပါတယ်။ wheyနှင့် အခြားအသားဓာတ်sourceများမတူသောအချက်မှာ whey တွင်BCAAပမာဏများစွာပါဝင်ခြင်း အထူးသဖြင့် leucineပါဝင်ခြင်းပင်ဖြစ်သည်။

၂. Whey proteinက ဘာအလုပ်လုပ်ပေးသလဲ

Gymစကစားမယ့်သူတွေအတွက်တော့ wheyဟာ အစားအသောက်တွင်လုံလုံလောက်လောက်မရနိုင်သော ခန္ဓာကိုယ်တွင်သဘာဝအလျောက်မတည်ဆောက်နိုင်သော essential amino acids ၉မျိုးပါဝင်ပါသောကြောင့် wheyဟာ အပြည့်စုံဆုံးproteinပင်ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့သလိုပဲ wheyတွင် BCAA သုံးမျိုးဖြစ်သည့် leucine, Isoleucine, Valine များစွားပါဝင်သည်။ ထိုသုံးမျိုးက ကြွက်သားပမာကိုတိုးတက်စေသလို အလုံးအထည်မကျအောင်လည်းထိန်းပေးနိုင်သည်။ အချိန်အကြာကြီးကစားခြင်း အလွန်အမင်းပြင်းပြင်းထန်ထန်ကစားရာတွင်လည်း energyပြည့်ဝအောင်ထောက်ပံ့ပေးသည်။
Wheyတွင်ပါဝင်သော leucineသည် လေ့လာချက်များအရ ကြွက်သားတည်ဆောက်မှုနှုန်းကိုမြှင့်တင်ပေးရာတွင် သက်ရောက်မှုအရှိဆုံးဖြစ်သည်။ whey တစ်ဇွန်း 25gပမာဏတွင် leucineပျှမ်းမျပမာဏ 3gနီးပါးပါဝင်ပါတယ်။ အားကစားသမားတစ်ယောက်အတွက်တော့ whey proteinဟာ မရှိမဖြစ် supplementတစ်ခုဆိုလည်းမမှားပါဘူး။

၃. Whey protein အမျိုးအစားများ

Wheyမှာအမျိုးအစားခွဲတွေရှိတာကြားဖူးတဲ့သူလည်းကြားဖူးမှာပါ။ Whey Concentrate, Whey Isolate, Whey Hydrolysate ဆိုပြီးအဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါတယ်။ အများစုက ဘယ်အမျိုးအစားကဘယ်လိုကောင်းပြီးဘယ်လိုသုံးရမလဲမသိကျပါဘူး။ ထို့ကြောင့်အမျိုးအစားတစ်ခုစီရဲ့မတူညီပုံတွေကိုပြောပေးသွားပါမယ်။

A. Whey Concentrate

ဒီWheyအမျိုးအစားမှာ protein80%နှုန်းပါဝင်ပါတယ်။ ကျန်တဲ့20%ဟာ carbနှင့်fatဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ carbနှင့်fatပါဝင်မှုဟာ အခြားနှစ်မျိုးထက်ပိုများပါတယ်။

B. Whey Protein Isolate

Isolateမှာတော့ carbတွေfatတွေကိုဖယ်ထားကာ proteinပါဝင်မှု 90-95%ထိဖြစ်လာပါပြီ။

C. Whey Protein Hydrolysate

Hydrolyzed whey ဆိုတာတစ်နည်းအားဖြင့်ပြောရရင် ကြိုတင်ချေဖျက်ထားသောwheyအမျိုးအစားဖြစ်ပါတယ်။ အခြားwheyအမျိုးအစားနှစ်မျိုးဟာ အူတွင်စုပ်ယူနိုင်သောပုံစံသို့ပြောင်းရန် ချေဖျက်ရေသေးသောကြောင့် လိုချင်သောeffectရရန်အနည်းငယ်စောင့်ရသည်။ Hydrolyzed wheyသည် ချက်ချင်းစုပ်ယူနိုင်သောကြောင့် ကြွက်သားတည်ဆောက်ဖို့ရန်ချက်ချင်းအသုံးပြုနိုင်သည်။

ဘယ်အမျိုးအစားအကောင်းဆုံးလဲ??

အပေါ်ကပြောထားတာတွေအရဆိုရင်တော့ whey isolate နှင့် hydrolyzed wheyက whey concentrate ကပိုကောင်းတယ်ထင်ရပါတယ်။ သို့ပေမဲ့ ရေရှည်သုံးပြီးလေ့လာထားတာတော့မရှိသေးပါဘူး။
ထို့ကြောင့် ကိုယ်ကအရသာကောင်းတာကြိုက်တယ် ပိုက်ဆံလည်းအရမ်းမသုံးချင်ဘူးဆိုရင်တော့ Whey Concentrate ကပိုပြီးအဆင်ပြေမှာပါ။ အခြားနှစ်မျိုးထက်စျေးလည်းပိုသက်သာပြီး အချိုးပိုများလို့အရသာလည်းပိုကောင်းပါတယ်။ အကယ်၍ သင်က ပြိုင်ပွဲနီးလို့ အစားဖြတ်နေလို့အချိုအဆီနည်းတာသုံးချင်ရင်တော့ Whey isolateကိုရွေးသင့်ပါတယ်။ ကစားပြီးပြီးချင်း သွေးထဲကိုamino acids တွေမြန်မြန်ရောက်စေချင်ရင်တော့ Hydrolyzed wheyကိုရွေးချယ်သင့်ပါတယ်။

4. Whey protein ရဲ့ကောင်းကျိုးများ

A. ကြွက်သားတည်ဆောက်မှုကိုပိုမိုမြှင့်တင်ပေးခြင်း

ပုံမှန်gymကစားပြီး wheyသောက်ခြင်းက ကြွက်သားအလုံးအထည်ပိုမိုကြီးထွားလာစေပြီး ခွန်အားလည်းပိုတက်စေသည်။ International Journal Of Sport Nutrition And Exercise Metabolism ရဲ့လေ့လာချက်တစ်ခုအရ wheyသောက်ပြီးgymကစားသူက wheyမသောက်ပဲကစားသူထက် အဆီမဲ့ကြွက်သားပမာဏ 5% သို့မဟုတ် 5.5ပေါင်ခန့် ပိုမိုကြီးထွားလာတာတွေ့ရပါတယ်။

အခြားprotein sourceများဖြစ်သော casein တို့ soyတို့ထက် wheyသည် ကြွက်သားပမာဏ နှင့် ခွန်အားတည်ဆောက် တိုးတက်မှုတွက် သာလွန်ကြောင်းတွေ့ရသည်။ ၁၀ပတ်ကြာလေ့လာသော လေ့လာမှုတစ်ခုတွင် wheyသောက်ပြီးgymကစားသူများသည် Caseinသောက်ပြီးgymကစားသူများထက် အဆီမဲ့ကြွက်သားlean muscleပမာဏပိုတက်သည့်အပြင် အဆီလည်းပိုမိုကျလာကြောင်းတွေ့ရပါတယ်။

B. ကျန်းမာရေးနှင့်ညီစွာဝိတ်ကျစေခြင်း

Proteinပမာဏများသောdietကိုစားသုံးခြင်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းစေကာ ကာလကြာမြင့်စွာဝိတ်ထိန်းထားပေးနိုင်သည်။
Wheyကိုသောက်သုံးခြင်းဟာ dietတွင်proteinပမာဏမြှင့်တင်ရန်အလွယ်ကူဆုံးနည်းဖြစ်ပြီး ကယ်လိုရီလျော့သောdietနှင့်လည်းသင့်တော်သည့်အတွက် ကိုယ်အလေးချိန်လျော့ချစေနိုင်သည်။ 2008ခုနှစ်ပြုလုပ်သောလေ့လာမှုတစ်ခုတွင် အဝလွန်သောလူများအား whey proteinတိုက်ပြီးလေ့လာကြည့်ရာ whey proteinသောက်သောအုပ်စုက မသောက်သောအုပ်စုထက် အဆီပိုကျကြောင်းတွေ့ရသည်။

C. ဗိုက်ဆာခြင်းကိုထိန်းပေးခြင်း

Whey proteinဟာ ကျန်းမာရေးနှင့်ညီစွာ ဝိတ်ကျစေသည့်အပြင် အစားစားချင်စိတ်ကိုလျော့ချပေးပါတယ်။ 2009ခုနှစ်ပြလုပ်တဲ့လေ့လာချက်အရ proteinအမျိုးမျိုးရဲ့ အစားစားချင်စိတ်ကိုထိန်းပေးနိုင်စွမ်းကိုလေ့လာကြည့်ရာ whey proteinဟာ Casein, soy proteinတို့ထက် အစားစားချင်စိတ်ကိုလျော့ချပေးကြောင်းတွေ့ရပါတယ်။

5. ဘယ်အချိန်မှာ ဘယ်လိုသောက်ရမလဲ

Whey ကို သောက်သည့်အခါ 25-30gm ပမာဏကို မကစားခင်သောက်မည်ဆိုပါက မကစားခင်၁-၂နာရီအလို ကစားပြီးသောက်မည်ဆိုပါက နာရီဝက် တစ်နာရီခန့် အတွင်းသောက်ပေးရပါမယ်။

အစားရှော့ချင်သူများအတွက်လည်း wheyကိုအစာပြေအနေနဲ့ oatmeal နဲ့ရောပြီးသောက်သုံးနိုင်ပါသေးတယ်။

6. များများစားစားသောက်လို့ရလား???

Proteinကိုအများကြီးလွန်လွန်ကျွံကျွံစားရင်တော့ ဗိုက်မအီမသာဖြစ်မှာပါ (လေလည်ရင်လည်းနံဟောင်နေမှာပါ)။ proteinများများစားချင်က ကျောက်ကပ်ထိမထိကတော့ သေချာလေ့လာမှုရလဒ်မရှိသေးပါဘူး။
အကယ်၍ ဘေးထွက်ဆိုးကျိုးနည်းအောင် သင်ဟာစနစ်တကျလိုအပ်သလောက်ပဲ proteinကိုစားမယ်ဆိုပါက သင်တစ်နေ့တာလိုအပ်မယ့်ပမာဏကိုအရင်တွက်ချက်ရပါမယ်။ ထိုပမာဏတစ်ခါထဲအများကြီးမစားပဲ 25-30gm ပမဏနည်းနည်းစီ ခဏခဏခွဲစားပေးသင့်ပါတယ်။ အသားဓာတ်များများစားရင် ရေသောက်နည်းလို့မရပါဘူး။

နိခုံးချုပ်ပြောရရင်တော့ whey proteinဆိုတာ ကစားပြီးတဲ့အချိန်မျိုးလူကမောပန်းနေတဲ့အချိန်မျိုးမှာ အသားတွေဝါးရမြိုရတာတကယ်ကိုပင်ပန်းလှပါတယ်။ ထို့အပြင်ထမင်းဘူးသယ်ရပြုရတာလည်း အလုပ်တစ်လုပ်ဖြစ်တဲ့အတွက် အလွယ်တကူဖျော်သောက်နိုင်တဲ့ whey protein powderတွေ ခေတ်စားလာပါတယ်။ ကျန်တော်တို့နိုင်ငံမှာလည်းယခုဆိုစျေးနှုန်းမှန်ပစ္စည်းမှန်နဲ့ ဝယ်ယူလို့ရနိုင်ပါပြီ။

အားလုံးဗဟုသုတရစေရန်ရည်ရွယ်ချက်ဖြင့်
စေတနာရှေ့ထားလျက်



#ရဲမင်းဦးဆေး၁

 #အငန်တွေစားပြီး_သွေးပေါင်ချိန်လို့_တက်နေရင်တော့_သွေးကျဆေးသောက်လိုက်တယ် #သွေးတိုးရောဂါတော့မရှိဘူး           အငန်တွေစားရင...
27/06/2022

#အငန်တွေစားပြီး_သွေးပေါင်ချိန်လို့_တက်နေရင်တော့_သွေးကျဆေးသောက်လိုက်တယ်
#သွေးတိုးရောဂါတော့မရှိဘူး



အငန်တွေစားရင် သွေးပေါင်ချိန်တက်တယ် ဘာဆေးသောက်ရမလဲ ❓
ချဉ်လွန်း စပ်လွန်းတာတွေ စားရင် ဗိုက်အောင့်တယ် ဘာဆေးသောက်ရမလဲ ❓
ဆိုတာက
👉 အရက်သောက်လိုက်ရင် မူးတယ် ဆရာရေ မမူးရအောင် ဘာလုပ်ရမလဲ ဆိုသလိုပါပဲ
မမူးချင်ရင် #အရက်မသောက်ပါနဲ့

ဆရာက အဲ့လို စိတ်မပုတ်ပါနဲ့ 🤨
အရင်က မဖြစ်ဖူးဘူး အခုမှ သွေးပေါင်တက်လာတာ၊ အခုမှ ဗိုက်အောင့်လာတာ အဲ့ဒါကြောင့် မေးရတာ ဆိုပြီး ထပ်ပြောတတ်ကြပါတယ်။

အရင်က မဖြစ်ဘူး အခုမှ ဖြစ်လာတယ် ဆိုထဲက မကောင်းတဲ့ အကျင့်ကို အချိန်ကြာမြင့်စွာ လုပ်ခဲ့တယ် ဆိုတာပါပဲ။
စိတ်အလိုလိုက်ပြီိး လုပ်နေတာကို ခန္ဓာကိုယ်က တတ်နိုင်သလောက် လိုက်ပြီး ပြင်ဆင်ပေးခဲ့ပေမယ့် မတတ်နိုင်တော့တဲ့ အခါ ဝေဒနာတွေ ခံစားလာရတာပါ။

ဝေဒနာ ကနေ ကြာရှည်လာတဲ့အခါ ရောဂါတွေဖြစ်လာပါလိမ့်မယ်။
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ စတာတွေဟာ မဖြစ်ခင်ကပဲ ကြိုပြီး ကာကွယ်လို့ရပါတယ်

ဖြစ်ပြီဆိုတာ နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့
- နှလုံးရောဂါ
- ကျောက်ကပ်ရောဂါ
- လေဖြတ်ရောဂါ တွေဖြစ်မလာရအောင်ပဲ ကုသလို့ ရပါတော့တယ် သွေးတိုး/ဆီးချို ပျောက်အောင် မကုသနိုင်ပါဘူး။

ဆက်ပြီး စိတ်အလိုလိုက်နေရင်တော့ နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ၊ လေဖြတ်ရောဂါတွေ ဖြစ်လာတော့တာပေါ့ဗျာ။
_________
#အငန်တွေစားရင်_ဘာလို့သွေးပေါင်တက်တာလဲ ❓

အရသာရှိတဲ့ (ငန်တဲ့) အစာတွေထဲမှာ Sodium ဆိုတဲ့ ဓာတ်ဆားဓာတ်ပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ရေကိုထိန်းသိမ်းပေးပါတယ် (ရေကြိုက်တယ်ပေါ့)

ရေကြိုက်တော့ Sodium တွေများရင် ခန္ဓာကိုယ်ထဲမှာ ရေတွေအများကြီး ထိန်းထားတဲ့အတွက် (သွေးကြောတွေထဲ လှည့်ပတ်နေတဲ့ သွေးပမာဏ) Volume တိုးလာတဲ့အတွက် သွေးပေါင်တက်ရခြင်း ဖြစ်ပါတယ်။

အငန်တွေစားရင် ခန္ဓာကိုယ်ထဲ ရေပမာဏ များ/မများသိသာစေတာကတော့
ငန်တဲ့အစာတွေစားရင် ရေငတ်ပါတယ်၊ ရေငတ်တော့ ရေတွေအများကြီးသောက်ပါတယ် ဒါပေမယ့် ဆီးသွားတာနည်းပါတယ်။ (အများကြီးဝင်သွားပြီး နည်းနည်းပဲထွက်တယ်ဆိုတာ အထဲမှာ အများကြီးကျန်ခဲ့တာပါ)

👉 သွေးပေါင်ချိန်ကြည့်ပါ တက်နေပါလိမ့်မယ်။
_________
#အိမ်မှာဆားမသုံးဘူး_ကြက်သားမှုန့်ပဲသုံးတာ

အဲ့ဒီကြက်သားမှုန့်ထဲမှာ ဆားပမာဏ မြောက်မြားစွာပါဝင်ပါတယ်။

#အချိုမှုန့် (Mono Sodium Glutamate) 👉 Sodium ပါဝင်ပါတယ်။

မနက်စာ ပဲနံပြားလေးစားတာလေ

ပဲပြုတ်က ဆီနဲ့ဆားနဲ့ အရသာကောင်းကောင်းလေး
နံပြားက မုန့်ဖုတ်ဆိုဒါ ပါတယ် (အဲ့ဒါလည်း Sodium ပဲ)

ပေါင်မုန့် ၊ ဘီစကစ် ကြိုက်တဲ့အစာ ပြော အရသာရှိတယ် ဆိုရင် ဆား (Sodium) ပါဝင်ပါတယ်။

ကျွန်တော်တို့က ပြောတတ်တယ် မလား ထမင်းပွဲထဲ ဘာမှမပါလည်းရတယ် ငါးပိရည်နဲ့ တို့စရာအစုံဆိုရင် ရပြီ ဆိုတာ

ငါးပိရည် ၊ ငါးပိကောင် အကုန် Salty foods တွေပါပဲ။

အပြင်ထွက်စားတယ် Hot pot, မာလာရှမ်းကော

အကင်စားတယ် Bacon မှ Bacon 😁 (Bacon ဆိုတာ အသားကိုဆားနယ်ထားတာလေ)
_________
ဆေးခန်းလာပြတတ်တဲ့ အန်တီကြီးတွေ ပြောနေကြပေါ့
"ဘာမှ မစားပါဘူး ဆရာရယ် သွေးပေါင်တွေက တက်နေရော" 😁
အရသာရှိတာ စားမိရင် ဆား (Sodium) ကပါတာပါပဲ

အန်တီကြီးတွေက ကျန်းမာရေးကို ဦးလေးကြီးတွေထက် ဂရုစိုက်ကြတော့ သွေးပေါင်တက်ရင် သိကြပါတယ်။
#ဆေးကုသဖြစ်ကြတယ်ပေါ့ ဆေးရုံ/ဆေးခန်း သွားကြည့်လိုက် ပြင်ပလူနာဌာနမှာဆို အန်တီကြီးတွေချည်းပဲ (အမျိုးသမီးတွေက ရောဂါအဖြစ်များတာလားဆိုတော့)

ဆေးရုံပေါ်တက်ကြည့်လိုက် အရေးပေါ်နဲ့ အထူးကြပ်မတ်ခန်းမှာ ဆို ဦးလေးကြီးတွေပဲလေ
ကျွန်တော်တို့ အမျိုးသားတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို နောက်ဆုံးထားတတ်ကြပါတယ်။ ရစ်ရွှေရည်လေးကလည်း ကစ်တတ်တော့ ရောဂါအခံတွေ မကုပဲ ရစ်ရွှေရည်လေး မီးခိုးခေါင်းတိုင်လေး နဲ့ နေကြတာ
ဖြစ်ပြီဆိုရင်
- နှလုံးသွေးကြောပိတ်
- လေဖြတ်
- ကျောက်ကပ်ပျက် မှသိတတ်ကြပါတယ်။

တစ်သက်လုံးမာမာချာချာ ကြီး ဖြစ်တော့ ခေါက်ခနဲပဲ ဆိုတာ 👉 Check up မှ မလုပ်ကြတာ ဘယ်သိမတုန်းဗျာ
အဲ့ဒါကြောင့် #သွေးတိုးရောဂါ ကို လို့ခေါ်တာပေါ့
_________
ပြောရင်းပြောရင်းနဲ့ အဓိကပြောချင်တာ လွတ်သွားပါတော့မယ်

✳️ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ Salt Intake (ဆား စားသုံးတာပါ)

👉 အငန် စားလို့ သွေးပေါင်တက်တယ် ဆိုတာ #သွေးတိုးရောဂါဖြစ်လာပါတော့မယ်
👉 အငန်စားလို့ သွေးပေါင်တက်ရတာက Salt and water retention (ရေ နဲ့ ဆား - Sodium) တွေ ခန္ဓာကိုယ်ထဲ စုပုံလာလို့ပါ
🚨 အငန် အစားများရင် သွေးပေါင်တက်ပြီး သွေးတိုးရောဂါ ရပါတယ်
🚨 သွေးတိုးရောဂါ က ကျောက်ကပ်ပျက်စေ သလို
🚨 အငန် (ဆား - sodium) ကိုယ်တိုင်ကလည်း ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ပျက်စီးစေလို့ အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ပျက်စေပါတယ်။
🚨 အငန်ဆိုတာ ဆားတွေ ခပ်လိုက်မှ ၊ငံပြာရည် လောင်းထည့်လိုက်မှ ပါတာမဟုတ်ပါဘူး
👉 Ready made foods မှန်သမျှ
👉 အရသာတိုးစေပါတယ်ဆိုတဲ့ ဟင်းခပ်မှုန့် မှန်သမျှ
👉 အပြင်က ဝယ်စားတဲ့ အစာမှန်သမျှမှာ ဆားပမာဏ လွန်ကဲစွာပါဝင်နေပါတယ်။

အဲ့ဒါကြောင့်
✳️ ဆား အငန် လျှော့စားပါ၊ လျှော့သုံးပါ
✳️ ကျန်းမာရေးစာတွေ မှာ အချိုမှုန့် (MonoSodium Glutamate) ရဲ့ အန္တရာယ်တော့ ဖတ်ရပါများတော့ ကြောက်ကြ/ရှောင်တတ်ကြပေမယ့်
✳️ အပြင်စာတွေ ၊ ဆီသွပ်ဗူးတွေ၊ ဝက်အူချောင်းတွေ၊ Bacon ရှင်းရှင်းပြောရရင် ဘီစကစ်မှာတောင် (ဆား - sodium) ပါ ဝင်ပါတယ်။
✳️ ကြက်သားမှုန့်ပဲ သုံးတာ အန္တရာယ်မရှိဘူး လို့ပြောတာ ကြားဖူးကြမှာပေါ့ အသားကိုအမှုန့်လုပ်ထားတာက #ဘယ်လိုလုပ်_ငန်နေမှာလဲနော်

မသုံးလို့ မစားလို့မှ မဖြစ်တာ #အလွန်အကျွံမစားကြဖို့ နဲ့

အငန်တွေ စားပြီး သွေးတိုးရင် ဘာလုပ်ရမလဲ ဆိုတော့
#အငန်တွေမစားကြဖို့ပါပဲ

သွေးကျဆေးဆိုတာ သွေးတက်ရင်သောက် ပြီးရင်ဖြတ်လိုက် လုပ်လို့ရတဲ့ဆေးမဟုတ်ပါဘူး။
သွေးကျဆေးဆိုတာ အခုသောက် အခုသွေးကျတာ မဟုတ်ပါဘူး။
သတိထားကြဖို့ပါ။



ုန်းစည်သူလွင်

ကျန်မာပြီး Body shape အမြဲထိန်းထားနိုင်သူများ ရဲ့  မိန်းလျို့ဝှက်ချက် (၅) ချက်.......၁ 💥 အမြဲတမ်း လှုပ်လှုပ်ရှားရှားနေတယ...
25/06/2022

ကျန်မာပြီး Body shape အမြဲထိန်းထားနိုင်သူများ ရဲ့ မိန်းလျို့ဝှက်ချက် (၅) ချက်.......

၁ 💥 အမြဲတမ်း လှုပ်လှုပ်ရှားရှားနေတယ်။ တစ်နေကုန် ထိုင်တဲ့အချိန် သိပ်မရှိဘူး။ (သို့) ကျန်မာရေးလိုက်စားတယ်။ လေ့ကျင့်ခန်းလုပ်ဖို့မပျင်းဘူး။

၂ 💥 ဝိတ်တက်စေတဲ့ အစားအစာ၊ အဆီ အဆိမ့်၊ အခ်ျု အငန် တွေ မကြိုက်တတ်ဘူး၊ မစားဘူး။ အစားကို ဗိုက်ပြည့်တင်းနေအောင် ဘယ်တော့မှမစားဘူး၊ အဆာလည်းမခံဘူး၊ တို့စိတို့စိနဲ့ နဲနဲ နဲနဲ ပဲစားတယ်။ ခန္ဓာကိုယ် တောင်းဆိုသလောက် ပုံမှန်စားတယ်၊ အငတ်မခံပြီး ကိုယ့်ကိုယ်ကို မညှဉ်းဆဲဘူး။ မဆာရင်မစားဘူး၊ ဆာရင် စားတယ်။

၃ 💥 ခန္ဓာကိုယ်က လိုအပ်တဲ့ ရေပမာဏ သောက်တယ်။

၄ 💥 တစ်ရက် ၈ နာရီပုံမှန်အိပ်တယ်။ အိပ်ရေးပျက်မခံဘူး။ အိပ်ရေးမပျက်ရအောင် အိပ်ခါနီးမှာ ဖုန်းမကြည့်ဘူး။ အစားမစားဘူး။

၅ 💥 စိတ်ဖိစီးမှု မရှိအောင် ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေ ခေါင်းထဲသိပ်မထည့်ဘူး။ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်တယ်၊ မိသားစုချိန်မှာ အလုပ်နဲ့ တခြားကိစ္စ ခေါင်းထဲမထည့်ဘူး၊ အိပ်ချိန်ရောက်ရင် တစ်နေကုန်ကိစ္စကို ခေါင်းထဲက အကုန်ထုတ်၊ ဦးနှောက်စည်းကမ်းရှိတယ်။


 #သွေးတိုး_ဆီးချို_နှလုံးရောဂါတွေ_မဖြစ်ချင်ဘူး #ကိုယ်ခံအားကောင်းချင်တယ် #စိတ်ဖိစီးမှုလျော့ချင်တယ်လူတိုင်းဟာ နာတာရှည်ရောဂ...
22/06/2022

#သွေးတိုး_ဆီးချို_နှလုံးရောဂါတွေ_မဖြစ်ချင်ဘူး
#ကိုယ်ခံအားကောင်းချင်တယ်
#စိတ်ဖိစီးမှုလျော့ချင်တယ်

လူတိုင်းဟာ နာတာရှည်ရောဂါတွေ ဖြစ်ပွားမှာ ကြောက်ကြပါတယ် (သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်အားနည်းတာ၊ ကင်ဆာရောဂါ၊ အဝလွန်တာ၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ တွေပေါ့)
အဆိုပါ ရောဂါတွေဖြစ်ပွားရတာဟာ
1. မျိုးရိုးဗီဇ
2. (စားသောက်နေထိုင်ပုံ) နဲ့
3. Physical inactivity ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း တွေကြောင့် ဖြစ်ပါတယ်

ကိုယ်ပြုပြင်လို့မရတဲ့ မျိုးရိုးဗီဇကြီးကို ဖယ်ထားပြီး
စားသောက်နေထိုင်ပုံ ပြောင်းလဲကာ နဲ့ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်း ဖြင့် နာတာရှည်ရောဂါတွေ ကာကွယ်နိုင်ပါလိမ့်မယ်။

* ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း Exercise လို့ပြောမယ်ဆိုရင် အကြမ်းအားဖြင့် (၄) မျိုးရှိပါတယ်

1. အခြေခံဖြစ်တဲ့ Aerobic Exercise
တကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေအကုန်ပါဝင် လှုပ်ရှားတဲ့ လေ့ကျင့်ခန်းမျိုးတွေပါ
- လမ်းလျှောက်တာ၊ ပြေးတာ တွေပေါ့
(နှလုံးနဲ့ အဆုတ်ကျန်းမာရေး အတွက် အထူးကောင်းမွန်ပါတယ်)

2. ကြွက်သားများသန်မာစေတဲ့လေ့ကျင့်ခန်း

ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာ ကနေ Gym သွားပြီး Weight မ အားကစားသွားလုပ်တာမျိုးပေါ့

3. Balance ခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့လေ့ကျင့်ခန်းများ

ချော်လဲလို့ ခြေကျိုး/လက်ကျိုး၊ ခေါင်းကွဲတာတွေ မဖြစ်ရအောင် ပေါ့ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အတွက်သင့်တော်ပါတယ်။

4. Flexible/stretching Exercise ခန္ဓာကိုယ်ပျော့ပျောင်းစေသောလေ့ကျင့်ခန်း

အပေါ်ကပြောတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ခင် ကြောလျှော့တာမျိုးပေါ့။

သီးသီးသန့်သန့်ပြောရရင် ယောဂ တို့၊ ထိုက်ကျိ တို့လိုလေ့ကျင့်ခန်းမျိုးတွေပေါ့

ယောဂတို့ ထိုက်ကျိ တို့ Stretching ထဲပါတယ် ဆိုပေမယ့် သူတို့မှာ အကွက်တွေ အများကြီးရှိလို့
- flexible အကြောအချဉ်တွေပျော့ပြောင်းစေရုံသာမက
- Aerobic လေ့ကျင့်ခန်းဖြစ်သလို
- ကြွက်သားတွေ သန်မာစေပြီး
- ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်

#ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့်

- နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပြီး၊ ရောဂါဖြစ်ပွားနေပါက ဆေးဝါးကုသမှု အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရောဂါထိန်းသိမ်းမှုကောင်းစေပြီး၊ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
- အဲ့ဒါအပြင် ကိုယ်ခံစွမ်းအား ကိုလည်း မြှင့်တင်ပေးလို့ ကူးစက်ရောဂါတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ဝေဒနာတွေ ကိုလည်း သက်သာစေပါတယ်။
____________
အသက် ၇ နှစ်ကနေ ၁၈ အထိကတော့ တစ်နေ့ကို တစ်နာရီ နဲ့ တစ်ပတ် (၇) ရက်လုံး လှုပ်ရှားနေသင့်ပါတယ်။
ကျွန်တော်တို့ ကလေးတွေဟာ Tablet တစ်လုံး ipad တစ်လုံးနဲ့ တစ်ချိန်လုံးရှိနေခြင်းဟာ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်

(အရွယ်ရောက်ပြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေအတွက်)
အတော်အသင့်ပြင်းထန်တဲ့လေ့ကျင့်ခန်း ကို တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လုပ်ရမှာဖြစ်လို့
တစ်နေ့ကို နာရီဝက် နဲ့ တစ်ပတ်ကို ၅ ရက် လုပ်ရပါမယ်။

အတော်အသင့်ပြင်းထန်တဲ့လေ့ကျင့်ခန်း ဆိုတာ ချွေးထွက်ရမယ်၊ နှလုံးခုန်မြန်လာရမယ်၊ အသက်ရှူမြန်လာရပါမယ်

အခု ကျွန်တော် တင်ပြသွားတာ ကတော့ ကိုယ်လက်လှုပ်ရှားခြင်းဟာရဲ့ကျန်းမာရေးကို အထောက်အကူအများကြီး ပြုတယ် ဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ



ုန်းစည်သူလွင်

သင်ဘာ့ကြောင့် ဝိတ်တက်နေတာလဲမြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အမျာ...
19/06/2022

သင်ဘာ့ကြောင့် ဝိတ်တက်နေတာလဲ

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်
မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။

သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက
ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။
အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။
စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။

နောက်တချက်ကဝိတ်ကျဆေးတွေ စျေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။

တချို့ကျတော့ ထမင်းတနပ်လျှော့စားရင်
ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။
တကယ်တမ်းလျှော့စားကြည့်တဲ့အခါ
သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။

ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။
အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။
ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။
ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကိုနားမလည်သေးရင်
ဝိတ်ချရတာ ခက်တယ်။

ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။

လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။
ပိုဆိုးတာကလမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။
စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။

ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။

နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက
အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်

မြန်မာတွေ ဘာနဲ့စားကြလဲ။
ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။

တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။

နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။
ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။

ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။

ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။

မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို
လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။

တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ
စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။
ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။
ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။
အသားတင် calorie 3500လောက် ပိုလျှံတိုင်း
ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။

ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။
အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။

မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ
အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။
ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ
နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။

အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။
ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။

အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။

နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့
လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။

ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။
ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။

ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။
ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။

ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။

ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။
ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပ်ိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။

ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲက
အော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။

ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။

မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။


Address

No-328, Aung Theikhti Street, Kyee Pwar Yay Ward, ThingunGyun
Yangon

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Website

Alerts

Be the first to know and let us send you an email when X BOOM GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to X BOOM GYM:

Share