22/08/2026
KP-Sports ကနေ ဝယ်ယူထားတဲ့ ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေရှိရင်ဖြစ်ဖြစ်၊ အခုလို Review လေးပေးချင်ရင်ဖြစ်ဖြစ် ဒီ Post ရဲ့ Comment မှာဖြစ်စေ၊ ပစ္စည်းမှာယူထားတဲ့ Conversation ကနေဖြစ်စေ မင်မင့်ဆီ စာလေးပို့ပေးလို့ရပါတယ်ရှင့်။ 🤍
Positive Vibes လေးတွေနဲ့ မင်မင်တို့ရဲ့ ဆိုင်လေးကို ဆက်လက်ရပ်တည်သွားချင်တာကြောင့် Customer တစ်ယောက်ချင်းစီရဲ့ စကားလေးတိုင်းကို တန်ဖိုးထားပြီး အခုလို အမှတ်တရလေးတွေအဖြစ် သိမ်းထားချင်လို့ပါရှင့်။ 🥹🤍
KP-Sports ဆိုတာ မင်မင့်အတွက် စီးပွားရေးတစ်ခုတည်းအတွက် ဖွင့်ထားတဲ့ဆိုင်လေး မဟုတ်ပါဘူး။ အရာအားလုံးနဲ့ ရင်းနှီးမြှုပ်နှံပြီး တန်ဖိုးထားခဲ့ရသလို၊ လဲကျရင် ပြန်ထပြီး ကိုယ့်ဘဝနဲ့အတူ ဖြတ်သန်းလာခဲ့ရတဲ့ မင်မင့်အတွက် မြတ်နိုးရာလေးတစ်ခုပါ။ 🫶🏻
ဆိုင်လေးကို တန်ဖိုးထားသလို၊ KP-Sports ကို ယုံကြည်ပြီး အားပေးလာကြတဲ့ Customer တစ်ယောက်ချင်းစီကိုလည်း တကယ်တန်ဖိုးထားပါတယ်ရှင့်။ ❤️
ဒါကြောင့် မင်မင့်တို့နဲ့အတူရှိပေးခဲ့တဲ့ အမှတ်တရလေးတွေ၊ Review လေးတွေ၊ စကားလေးတွေကို မင်မင်ဆီ မျှဝေပေးကြပါဦးနော်။ 🥰
အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
KP-Sports လေးကိုလည်း အားပေးမှုတွေနဲ့အတူ
ဆက်လက်ရပ်တည်ခွင့်ရချင်ပါတယ်။