11/09/2025
CSO Academy မှာ မိတ်ဖက်အဖွဲ့အစည်းများရဲ့ သင်တန်းကျောင်းများနဲ့ မြိုင်ဆိုင်နေပါပြီ
ပြင်သစ်သံရုံး(မြန်မာ)ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ CSO Academy မှစီစဉ်ဆောင်ရွက်ပြီး ရွေးချယ်ခံရသော မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းကျောင်းများကို အောင်မြင်စွာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
ယခုလို သင်တန်းများ ဖွင့်လှစ်နိုင်ဖို့အတွက် ရွေးချယ်ထားသောအဖွဲ့အစည်းများကို
✔️ e-learning self-paced course များကို ကိုယ်တိုင်လုပ်တတ်လာစေရန် လိုအပ်သည့် e-learning Course Development Training များ၊
✔️ Digital Training များနှင့် အခြေခံသင်တန်းများ၊ စီမံကိန်းပြီးဆုံးသည်အထိ CSO Academy မှ လမ်းညွှန်ပံ့ပိုးပေးနိုင်ခဲ့ပြီး
✔️ စီမံကိန်းအတွက် ရည်မှန်းထားသောအချိန်နှင့် လူသားအရင်းအမြစ်များကို ကာမိစေရန် ထောက်ပံ့ကြေးများကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ်။
✔️ စီမံကိန်းကာလပြီးဆုံးပြီးနောက်တွင်လည်း ထပ်မံပြီး စီမံကိန်းအသစ်များကို အဖွဲ့အစည်းတချို့ နှင့်အတူ ရေရှည်လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။
ဒီအောင်မြင်မှုဟာ CSO Academy အတွက် ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခုဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်စွာ မှတ်တမ်းတင်ချင်ပါတယ်။
မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ Association for Myanmar Contemporary Arts AMCA , Myanmar Online School, The Kap, Discovery & Development Corner, SDM - Synergetic Dream & Management, Ctrl List တို့ကို သင်တန်းကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ CSO Academy နှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။
မိတ်ဆက်အဖွဲ့အစည်းများမှ CSO Academy eLearning & Development Platform ပေါ်မှာ ဖွင့်လှစ်ထားသော သင်တန်းကျောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ လက်ရှိတွင် Sustainable Development, Institutional Management, Project Management ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ထားပါတယ်။ ဝင်ရောက်လေ့လာကြည့်ဖို့ကိုလည်း တစ်ပါတည်းဖိတ်ခေါ်လိုက်ပါရစေ။
Association for Myanmar Contemporary Arts မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/12
Myanmar Online School မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/11
The Kap မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/10
Discovery and Development Corner မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/8
Synergetic Dream and Management မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/7
Ctrl List မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/6
နောက်ထပ်လည်း CSO Academy နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းအသစ်များကို ဖိတ်ခေါ်ပြီး၊ အတူတူ အောင်မြင်မှုတွေ ဆက်လက်ဖန်တီးသွားဖို့ မျှော်လင့်ပါတယ်။ ✨
CSO Academy eLearning & Development Platform
🌐 Website – https://www.csoacademymm.org
📲 App Download – https://bit.ly/CSOAcademyAppLink