Poe Ei - Helen

Poe Ei - Helen Professional Personal Trainer | Group Fitness Trainer
Fitness • Wellness • Lifestyle
Home PT | Online PT
📩 DM for Coaching

⏰ E-book Promotion နောက်ဆုံးရက် ရောက်ရှိလို့ လာပါပြီ!သြဂုတ် (၁၃) ရက်နေ့ မွေးနေ့အတွက် ဆုတောင်းပေးကြသူတွေ တစ်ယောက်ချင်းစီတ...
14/08/2026

⏰ E-book Promotion နောက်ဆုံးရက် ရောက်ရှိလို့ လာပါပြီ!

သြဂုတ် (၁၃) ရက်နေ့ မွေးနေ့အတွက် ဆုတောင်းပေးကြသူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ 🙏

E-book Promotion လေးကတော့ ဒီနေ့ည (၁၂) နာရီ တိတိမှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန်ကစပြီး ပုံမှန်ဈေး 50,000 Ks ကို ပြန်လည် ပြောင်းလဲသွားတော့မှာပါ။

ဒီရက်ပိုင်းအတွင်းမှာ E-book ကို ယုံယုံကြည်ကြည်နဲ့ အားပေးခဲ့ကြသူတွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ရည်မှန်းထားတဲ့ ခန္ဓာကိုယ်လေးကို ရရှိဖို့ ဒီ E-book လေးက အကောင်းဆုံး လမ်းပြပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ 💯

လျှော့ဈေး 40,000 Ks နဲ့ ရယူဖို့ နာရီပိုင်းပဲ လိုတော့တာမို့ မဝယ်ရသေးဘူး ဆိုရင်တော့ အခုပဲ Page Messenger ကနေ လာရောက် ဆက်သွယ်ပေးပါနော်။ 📩

13/08/2026

Happy Birthday to Me! 🥳🎂

ဒီနေ့ကတော့ နောက်ထပ် အသက်တစ်နှစ် ထပ်ကြီးသွားတဲ့ နေ့လေးပါ။ ဒီနှစ်မှာ ကိုယ်တိုင် ဝါသနာပါရာ Fitness လမ်းကြောင်းပေါ်မှာ ဆက်လျှောက်ရင်း၊ E-book လေးကနေတစ်ဆင့် အားလုံးရဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရလို့ အရမ်းကို ပီတိဖြစ်ရပါတယ်။

မွေးနေ့ဆုတောင်းပေးကြတဲ့ ချစ်ရတဲ့သူတွေ၊ သင်တန်းသားတွေနဲ့ Page ကို အမြဲအားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေ ပြည့်ဝကြပါစေလို့ ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။ ✨

🚨 (၂၄) နာရီပဲ ကျန်ပါတော့တယ်! 🚨
ပုံမှန် 50,000 Ks တန် E-book ကို 40,000 Ks နဲ့ ရောင်းချပေးနေတဲ့ Promotion က မနက်ဖြန် သြဂုတ် (၁၄) ရက်နေ့ ည (၁၂) နာရီမှာ အတိအကျ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အချိန်မီလေး ဝယ်ယူချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေ "E-book ဝယ်ချင်ပါတယ်" လို့ လာပို့ပေးပါနော်။ 📩

မနက်ဖြန်ဆိုရင် နောက်ထပ် အသက်တစ်နှစ် ထပ်ကြီးသွားပါပြီ 🎂✨ဒီနှစ် မွေးနေ့ကတော့ ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ခန္ဓာကိုယ် အပြောင်...
12/08/2026

မနက်ဖြန်ဆိုရင် နောက်ထပ် အသက်တစ်နှစ် ထပ်ကြီးသွားပါပြီ 🎂✨

ဒီနှစ် မွေးနေ့ကတော့ ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ခန္ဓာကိုယ် အပြောင်းအလဲ အတွေ့အကြုံတွေ၊ လေ့လာထားတဲ့ Fitness ပညာရပ်တွေကို စုစည်းပြီး အားလုံးအတွက် E-book လေးတစ်အုပ် အဖြစ် ဖန်တီးမျှဝေနိုင်ခဲ့လို့ ကျွန်မအတွက် တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ နှစ်တစ်နှစ်ပါပဲ။

ဒီ E-book လေး ထွက်ဖို့ အစစအရာရာ အားပေးခဲ့ကြတဲ့ သူတွေ၊ ဝယ်ယူအားပေးကြတဲ့ သူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင့်။ 🙏

🎉 Promotion သတိပေးချက်လေးပါ! 🎉
ပုံမှန် 50,000 ကျပ်တန် E-book ကို 40,000 ကျပ်တည်းနဲ့ ရောင်းချပေးနေတဲ့ အထူး Promotion က သန်ဘက်ခါ သြဂုတ် (၁၄) ရက်နေ့ ဆိုရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးချင်တယ် ဆိုရင်တော့ Promotion မကုန်ခင် Page Messenger (Send Message) ကို အခုပဲ နှိပ်ပြီး လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 😉✨

11/08/2026

E-book ထဲမှာ ဘယ်လို လေ့ကျင့်ခန်းတွေ ပါဝင်မလဲ သိချင်နေကြတဲ့ သူများအတွက် 🏋️‍♀️

ဒီနေ့တော့ ပိုးအိ ပုံမှန်ကစားဖြစ်တဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ Core အတွက် အထိရောက်ဆုံး Romanian Deadlift, Leg Raise နဲ့ Plank လေ့ကျင့်ခန်း (၃) မျိုးကို E-book ထဲကနေ (Sneak Peek) အနေနဲ့ မျှဝေပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေ ကစားတဲ့အခါ ခန္ဓာကိုယ်အနေအထား မှန်ကန်ဖို့နဲ့ ကြွက်သားတွေကို ဘယ်လို အာရုံစိုက်ရမလဲ ဆိုတာက အရမ်းအရေးကြီးပါတယ်။ E-book ထဲက လေ့ကျင့်ခန်း program လေးတွေအောက်မှာ "Watch Video" ဆိုတာလေးကို နှိပ်ပြီး အခုလိုမျိုး အသေးစိတ် ရှင်းပြထားတဲ့ ဗီဒီယိုတွေကို တိုက်ရိုက် ကြည့်ရှုကစားနိုင်မှာပါ။

ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ခန္ဓာကိုယ် ကျစ်လစ်ဖို့အတွက် ဒီလို စနစ်တကျ ရေးဆွဲထားတဲ့ လေ့ကျင့်ခန်းတွေနဲ့ Nutrition Plan တွေ ပေါင်းစပ်ထားတဲ့ E-book ကို အခုပဲ ရယူနိုင်ပါပြီ။

⏳ Promotion ပြီးဆုံးရန် (၃) ရက်သာ လိုပါတော့တယ်!
ပုံံမှန် 50,000 Ks ကို 40,000 Ks နဲ့ ရောင်းချပေးမယ့် အစီအစဉ်က August (14) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်လို့ Page Messenger ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။

E-book ဝယ်ဖို့ စဉ်းစားနေပေမယ့် ဒီလို မေးခွန်းလေးတွေ ရှိနေလို့ တွေဝေနေသလား? 🙋‍♀️ဒီရက်ပိုင်း Page Messenger မှာ E-book နဲ့...
10/08/2026

E-book ဝယ်ဖို့ စဉ်းစားနေပေမယ့် ဒီလို မေးခွန်းလေးတွေ ရှိနေလို့ တွေဝေနေသလား? 🙋‍♀️

ဒီရက်ပိုင်း Page Messenger မှာ E-book နဲ့ ပတ်သက်ပြီး အများဆုံး လာမေးကြတဲ့ မေးခွန်းလေးတွေကို အားလုံး သိရအောင် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်ရှင့်။

၁။ "Gym မသွားဘဲ အိမ်မှာပဲ လုပ်လို့ ရပါသလား?"
✅ ရပါတယ်။ Gym သွားဖို့ အချိန်မရတဲ့ သူတွေအတွက်ပါ အိမ်မှာ အလွယ်တကူ လုပ်နိုင်မယ့် Bodyweight လေ့ကျင့်ခန်းတွေနဲ့ Dumbbell အသုံးပြုနည်းတွေကို သေချာ ထည့်သွင်းရေးသားပေးထားပါတယ်။

၂။ "အစားအသောက်တွေ အများကြီး ရှောင်ရမှာလား?"
✅ လုံးဝ မငတ်ပါဘူးနော်! အစားအသောက်ကို ဖြတ်ပစ်တာမျိုး မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး Calories တွက်ချက်ထားတဲ့ Nutrition Plan တွေကို သေချာ မျှဝေပေးထားတာမို့ ဗိုက်ဝဝစားပြီး ဝိတ်ချလို့ ရပါတယ်။

၃။ "လေ့ကျင့်ခန်း ဗီဒီယိုတွေကို ဘယ်လို ကြည့်ရမလဲ? (Watch Video ခလုတ်ကို မတွေ့လို့ပါ)"
✅ E-book ထဲမှာ လေ့ကျင့်ခန်း program တစ်ခုချင်းစီရဲ့ အောက်နားလေးမှာ "Watch Video" ဆိုတဲ့ ခလုတ်/link လေးတွေ အသေအချာ ထည့်ပေးထားပါတယ်ရှင့်။ အဲ့ဒီ "Watch Video" စာသားလေးကို နှိပ်လိုက်တာနဲ့ လေ့ကျင့်ခန်းအမှန်လုပ်ပြထားတဲ့ ဗီဒီယိုတွေကို ဖုန်းထဲကနေ အလွယ်တကူ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၄။ "ဘယ်လို ဝယ်ယူလို့ ရနိုင်မလဲ?"
✅ Page Messenger (Send Message) ကို နှိပ်ပြီး "E-book ဝယ်ချင်ပါတယ်" လို့ Message ပို့ပေးရုံနဲ့ Admin တွေက အမြန်ဆုံး အကြောင်းပြန်ပေးသွားမှာပါ။

ပုံမှန် 50,000 ကျပ်တန် E-book ကို 40,000 ကျပ်တည်းနဲ့ ဝယ်ယူနိုင်မယ့် အထူး Promotion က August (14) ရက်နေ့မှာ နောက်ဆုံး ဖြစ်တာမို့ အခုပဲ လာရောက် မေးမြန်းဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🎉

ဒီထက် ပိုသိချင်တာလေးတွေ ရှိရင်လည်း Comment မှာ မေးခဲ့လို့ ရပါတယ်နော် 👇

ပြောင်းလဲခြင်းဆိုတာ ချက်ချင်း ဖြစ်မလာပေမယ့်၊ မရပ်တန့်သွားဖို့က အရေးကြီးဆုံးပါပဲ 💪Fitness Trainer တစ်ယောက်ဖြစ်နေပေမယ့် ကျ...
09/08/2026

ပြောင်းလဲခြင်းဆိုတာ ချက်ချင်း ဖြစ်မလာပေမယ့်၊ မရပ်တန့်သွားဖို့က အရေးကြီးဆုံးပါပဲ 💪

Fitness Trainer တစ်ယောက်ဖြစ်နေပေမယ့် ကျွန်မမှာလည်း ကိုယ်ပိုင် ရုန်းကန်ရမှုတွေနဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ကိုယ်အလေးချိန် 130 lbs ကနေ အခုဆိုရင်တော့ 120 lbs ကို ရောက်ရှိနေပါပြီ။ နောက်ဆုံး ပစ်မှတ်ဖြစ်တဲ့ 110 lbs ကို ရောက်ဖို့အတွက် နေ့စဉ် ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားနေဆဲပါ။

ဒီ Fat Loss ခရီးလမ်းမှာ အမြဲတမ်း အဆင်ပြေချောမွေ့နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ စိတ်ဓာတ်ကျချင်တဲ့ ရက်တွေ၊ ပျင်းရိချင်တဲ့ ရက်တွေ ရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည့်မတ်ပြီး ရှေ့ဆက်လျှောက်ဖြစ်ပါတယ်။ ပြီးပြည့်စုံနေဖို့ထက် ပုံမှန်လေး ဆက်လုပ်သွားနိုင်ဖို့က ပိုအရေးကြီးလို့ပါ။

ဒါကြောင့် ခန္ဓာကိုယ် အချိုးအစား ကျစ်လစ်ချင်လို့၊ ကိုယ်အလေးချိန် လျှော့ချချင်လို့ ကြိုးစားနေကြတဲ့သူတွေ ရှိရင် စိတ်ဓာတ်မကျဘဲ အတူတူ ဆက်ကြိုးစားကြဖို့ ခွန်အားပေးချင်ပါတယ်။ ✨

တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အစားအသောက် အစီအစဉ်တွေကို လတ်တလော ထွက်ရှိထားတဲ့ E-book ထဲမှာ အသေးစိတ် ရေးသား မျှဝေထားပါတယ်ရှင်။

ပုံမှန် 50,000 ကျပ်တန် E-book ကို 40,000 ကျပ်တည်းနဲ့ August (14) ရက်နေ့အထိ အထူး Promotion ပေးထားပါတယ်။ 🎉

ဒီနေ့မှာရော ဘယ်လို လေ့ကျင့်ခန်းမျိုးတွေ လုပ်ဖြစ်ကြလဲ? 👇 Comment မှာ အတူတူ မျှဝေပေးသွားပါဦးနော်။ 💛

ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်ဖို့ လေ့ကျင့်ခန်းလုပ်ရုံနဲ့ တကယ်လုံလောက်ပြီလား? 🤔Fat Loss Journey ကို သွားနေသူတွေအတွက် လေ့ကျ...
08/08/2026

ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်ဖို့ လေ့ကျင့်ခန်းလုပ်ရုံနဲ့ တကယ်လုံလောက်ပြီလား? 🤔

Fat Loss Journey ကို သွားနေသူတွေအတွက် လေ့ကျင့်ခန်းက (၃၀%) ပဲ အရေးပါပြီး၊ ကျန်တဲ့ (၇၀%) က နေ့စဉ် စားသောက်မှုပုံစံ (Diet) ပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီနေ့တော့ နေ့စဉ်သောက်ဖြစ်တဲ့ My Daily Detox 🌿 လေးထဲမှာ ဘာတွေပါလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံထဲကလိုပဲ ပန်းသီး၊ ဟင်းနုနွယ်၊ သံပရာသီး၊ ဂျင်း နဲ့ တရုတ်နံနံတို့ကို ကြိတ်ချေဖျော်စပ်ထားတဲ့ ဒီ Green Juice လေးက အသားအရေကို ကြည်လင်စေသလို၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် (Toxins) တွေကို အကောင်းဆုံး ဖယ်ရှားပေးပါတယ်။

အခုလို ကိုယ်တိုင် အလွယ်တကူ ပြင်ဆင်နိုင်တဲ့ Nutrition Plan တွေနဲ့ သေချာတွက်ချက်ထားတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လတ်တလော ထွက်ရှိထားတဲ့ ကျွန်မရဲ့ E-book ထဲမှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင့်။

📌 E-book အကြောင်း အသေးစိတ် ဖတ်ရှုရန်နှင့် ဝယ်ယူရန် 👇
[page Link - https://www.facebook.com/share/1ENL9X8CWr/?mibextid=wwXIfr]

07/08/2026

ကျောပြင်လှလှလေး ပိုင်ဆိုင်ဖို့ ဒီအမှားတွေကို ရှောင်ပါ။ ❌✅

လေ့ကျင့်ခန်းလုပ်တဲ့အခါ အကြိမ်အရေအတွက် များများလုပ်နိုင်ဖို့ထက် ကိုယ်နေဟန်ထား (Form) မှန်ဖို့က အရေးအကြီးဆုံးပါပဲ။ ခန္ဓာကိုယ်အချိုးအစားကို ပိုလှစေပြီး ခါးနာတာတွေကိုပါ သက်သာစေတဲ့ Back Workout တွေမှာ ပုံစံမှားသွားရင် ထိရောက်မှု နည်းသွားတတ်ပါတယ်။

ဒီနေ့ ဗီဒီယိုလေးမှာတော့ အိမ်မှာပဲဖြစ်ဖြစ်၊ Gym မှာပဲဖြစ်ဖြစ် အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၃ မျိုးကို မျှဝေပေးထားပါတယ်။

1️⃣ Dumbbell Rows: ဆွဲတဲ့အခါ ခါးကြီးကွေးမနေပါနဲ့။ ခါးကို ဖြောင့်ဖြောင့်ထားပြီး ပုခုံးလျှော့ပြီး တံတောင်ဆစ်ကို နောက်ကပ်ဆွဲပါ။
2️⃣ Reverse Snow Angel: ကျောအပေါ်ပိုင်းကို ကျစ်လစ်လှပစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းပါ။
3️⃣ Superman: ခါးအောက်ပိုင်း (Lower Back) ကို အဓိက သန်မာစေပါတယ်။

ကိုယ်အလေးချိန် လျှော့ချရင်း ခန္ဓာကိုယ် အချိုးအစား ကျစ်လစ်ချင်သူတွေအတွက် အခုလို သေချာတွက်ချက်ရေးဆွဲထားတဲ့ workout routines တွေနဲ့ အစားအသောက် Plan အပြည့်အစုံကို လတ်တလော (ဩဂုတ်လ ၁ ရက်နေ့က) ထွက်ရှိထားတဲ့ ကျွန်မရဲ့ E-Book ထဲမှာ အသေးစိတ် ရေးသားပေးထားပါတယ်ရှင့်။ 🤫

ဒါနဲ့ ဗီဒီယိုအဆုံးမှာ မေးထားသလိုပဲ.. ဒီ ၃ မျိုးထဲမှာ ဘယ်လေ့ကျင့်ခန်းကို အကြိုက်ဆုံးလဲ? 👇 Comment မှာ ပြောပြခဲ့ပါဦးနော်။ 😉

06/08/2026

ဝိတ်ချတဲ့နေရာမှာ အစားအသောက်ထိန်းရတာ ပိုခက်လား? လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်အောင် ကြိုးစားရတာ ပိုခက်လား? 🤔

ဒီနှစ်ခုလုံးကို မျှတအောင် လုပ်ဖို့ အတော်လေး ရုန်းကန်ရပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းစနစ်တွေကို သိသွားတဲ့အခါ အများကြီး ပိုလွယ်ကူလာပါတယ်။ ကိုယ့်ရဲ့ Follower လေးတွေရော ဘယ်အရာက အခက်ဆုံးဖြစ်နေလဲဆိုတာ ပြောပြခဲ့ပါဦး။ ✨😉

03/08/2026

သြဂုတ်လ (၁) ရက်နေ့မှာ E-book လေး စတင် ရောင်းချပြီးကတည်းက တခဲနက် လာရောက် အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ 🙏

Consistency is Key! 🔑
ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုတာ တစ်ရက်တည်းနဲ့ မရပေမယ့်၊ နေ့တိုင်း နည်းနည်းချင်း ပုံမှန်လုပ်သွားရင် သေချာပေါက် ရောက်လာမှာပါ။

ကိုယ်တိုင် ဘယ်ကစရမလဲ မသိဖြစ်နေရင် အိမ်မှာ အလွယ်တကူ လိုက်လုပ်လို့ရမယ့် Workout Plan တွေ၊ Diet Plan တွေ ပါဝင်တဲ့ E-book လေးကို အခုပဲ ဝယ်ယူပြီး ဒီနေ့ကစလို့ ပြောင်းလဲလိုက်ပါ။ မေးစရာရှိရင် Chatbox ကနေ အချိန်မရွေး လာမေးလို့ ရပါတယ်နော်။ 💛

Address

Zay Street
Yangon
11191

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Poe Ei - Helen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share