𝒊𝒃𝒆𝒕789/𝑴𝒐𝒖𝒏𝒈556/𝑩𝒂𝒕𝒎𝒂𝒏688 Official Myanmar

  • Home
  • Myanmar
  • Yangon
  • 𝒊𝒃𝒆𝒕789/𝑴𝒐𝒖𝒏𝒈556/𝑩𝒂𝒕𝒎𝒂𝒏688 Official Myanmar

𝒊𝒃𝒆𝒕789/𝑴𝒐𝒖𝒏𝒈556/𝑩𝒂𝒕𝒎𝒂𝒏688 Official Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝒊𝒃𝒆𝒕789/𝑴𝒐𝒖𝒏𝒈556/𝑩𝒂𝒕𝒎𝒂𝒏688 Official Myanmar, Sports, Yangon.

“ရာသီအသစ်၊ လေဗာကူဆင်အဟောင်း” ဆိုတာ တကယ် အမှန်ပါပဲ။ ဘွန်ဒက်စ်လီဂါရာသီဖွင့်တာနဲ့ အလွန်ဆိုရဲ့အသင်းက သည်းထိတ်ရင်ဖိုတွေ ပေးစွ...
24/08/2024

“ရာသီအသစ်၊ လေဗာကူဆင်အဟောင်း” ဆိုတာ တကယ် အမှန်ပါပဲ။ ဘွန်ဒက်စ်လီဂါရာသီဖွင့်တာနဲ့ အလွန်ဆိုရဲ့အသင်းက သည်းထိတ်ရင်ဖိုတွေ ပေးစွမ်းတော့တာပဲ။

မနေ့ကလည်း မိုချန်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်တယ်၊ နှစ်ဂိုးပြန်ပေးတယ်။ နောက်ဆုံးမိနစ်ကျမှ ပင်နယ်တီကို နှစ်ဆင့်ကန်ပြီး နိုင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလိုမျိုး အသည်းအသန် ချေပဂိုးသွင်း၊ အသည်းအသန် အနိုင်ဂိုးသွင်းဆိုတဲ့ အနေအထားမျိုးကို ထပ်မံမြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီဂိုးကို အားလုံးမှတ်မိကြမှာပါ။ ၂၀၁၇ တုန်းက ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ်ရာ အနိုင်ရခဲ့တဲ့ ပွဲမှာ ဆာဂျီရောဘတ်တိုက နောက်ဆုံ...
12/08/2024

ဒီဂိုးကို အားလုံးမှတ်မိကြမှာပါ။ ၂၀၁၇ တုန်းက ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ်ရာ အနိုင်ရခဲ့တဲ့ ပွဲမှာ ဆာဂျီရောဘတ်တိုက နောက်ဆုံးအနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ပထမအကျော့မှာ ဂိုးပြတ်ရှုံးခဲ့သလို ဒုတိယအကျော့မှာလည်း ဂိုးအရင်သွင်းခံရလို့ ဂိုးအများကြီး ပြန်သွင်းဖို့ ဘာစီလိုနာတို့ လိုအပ်ခဲ့ပြီး သူတို့ လုပ်နိုင်ခဲ့ပါတယ်။

ဒီသမိုင်းဝင်နိုင်ပွဲအတွက် ရောဘတ်တိုက အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းခဲ့တာပါ။ သူက အခုဆိုရင် ဘာစီလိုနာအတွက် ၁၈ နှစ်ကြာ ကစားပေးခဲ့ပြီး သူ့ငယ်ဘ၀ကလပ်ကနေ အလွတ်ထွက်ခွာသွားခဲ့ပါပြီ။ အသင်းခေါင်းဆောင်တွေထဲက တဦးအဖြစ်နဲ့ သတ်မှတ်ခံခဲ့ရပြီး ကျရာနေရာကနေ ကစားပေးခဲ့တဲ့ ရောဘတ်တိုရဲ့ ဘာကာကစားသမားဘ၀က ပြီးဆုံးခဲ့ပါပြီ။

နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ရောက်လာပြီးနောက်မှာ သူ့ကို မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ ရောဘတ်တိုကလည်း သူ့နေရာအတွက် လူငယ်တွေကို အစားထိုးမယ်ဆိုတာကို နားလည်ခဲ့ပြီးတော့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။

#ခရစ်ထစ်


“ကျနော်တို့ ဘာစီလိုနာကို ရှုံးရတာ မကြိုက်ပါဘူး။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ တကယ့်ရာသီအတွင်း ဘာဖြစ်မလဲဆိုတာပဲ စောင့်ကြည့်...
06/08/2024

“ကျနော်တို့ ဘာစီလိုနာကို ရှုံးရတာ မကြိုက်ပါဘူး။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ တကယ့်ရာသီအတွင်း ဘာဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ရမှာပေါ့။ ပြီးခဲ့တဲ့ရာသီက ကာဗာဟယ်လ် ပြောခဲ့သလိုပဲလေ။ တကယ်အရေးကြီးတဲ့အချိန် ရောက်လာရင်တော့ ကျနော်တို့ ကြည့်ကြတာပေါ့”

ကော်တွိုက်စ်က ဘာစီလိုနာကို ခြေစမ်းပွဲမှာ ရှုံးတဲ့ပွဲအပြီးမှာ ပြောသွားတာပါ။ ရီးရဲလ်တို့ ဘာစီလိုနာကို ခြေစမ်းပွဲမှာရှုံးတာ (၄) နှစ်ဆက်တိုက်ရှိပါပြီ။

မနှစ်ကရှုံးတုန်းကလည်း ကာဗာဟယ်လ်က ဒါမျိုးပြောခဲ့ဖူးပြီး တကယ့်ရာသီအတွင်းမှာလည်း ရီးရဲလ်က ဖလားသုံးလုံးနဲ့အတူ ဘာစီလိုနာကို အပြတ်အသတ် အသာရခဲ့ပါတယ်။
#ခရစ်ထစ်


ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ကျနော့်အဖေက မီလန်ကို ရောက်လာတယ်၊ တရက်မှာ သူ့ကို အသင်းလ...
05/08/2024

ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ကျနော့်အဖေက မီလန်ကို ရောက်လာတယ်၊ တရက်မှာ သူ့ကို အသင်းလေ့ကျင့်ရေးကွင်းဆီ ကျနော်ခေါ်သွားခဲ့တယ်၊ မော်ရင်ဟိုက ကွင်းထဲမှာ ကျနော်တို့ကို စကားပြောနေပြီးတော့ သူ ပြောတာမပြီးခင် ကျနော့်ဘက်လှည့်ပြီး "ဒီယေဂို၊ အဲဒါ မင်း အဖေမဟုတ်လား" ဆိုပြီး မေးခဲ့တယ်။

ကျနော်လည်း "ဟုတ်တယ်" လို့ပြောပြီး လေ့ကျင့်ခန်းဆင်းနေလိုက်တယ်။ မော်ရင်ဟိုက ကျနော့်အဖေဆီကို ရောက်သွားပြီးတော့ "ခင်ဗျားက ဒီယေဂိုရဲ့ အဖေမဟုတ်လား၊ လာပါဗျာ၊ ကျနော့်ဘေးနားကနေ လာကြည့်နေပါ" ဆိုပြီး ဖိတ်ခေါ်ခဲ့တယ်။ ကျနော်တို့ လေ့ကျင့်နေတာကို အဖေ အနီးကပ် တွေ့မြင်ခဲ့ရတယ်။ အဲဒီအဖြစ်အပျက်လည်းပြီးရော အဖေက "မော်ရင်ဟိုက တကယ့်အံ့ဖွယ်ပဲကွ" လို့ ပြောခဲ့ပါတယ်။

နောက်ရက်မှာ အဖေက ဘာစီလိုနာလေ့ကျင့်ရေးကွင်းကို သွားပြီး ကျနော့်နဲ့ ညီအကိုဖြစ်တဲ့ ဂါဘရီယယ်မီလီတိုနဲ့ သွားတွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူ ရောက်ပြီး ခဏအကြာမှာပဲ လုံခြုံရေးတွေရောက်လာပြီး သူ့ကို ပြန်ထွက်ခိုင်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဂွာဒီယိုလာက လေ့ကျင့်ရေးကွင်းမှာ အပြင်လူတွေကို မတွေ့ချင်တာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီတော့ဗျာ၊ ကျနော့်အဖေက မော်ရင်ဟို နဲ့ ဂွာဒီယိုလာမှာ ဘယ်သူ့ကို ပိုပြီးတော့ သဘောကျခဲ့မလဲဆိုတာကို စဉ်းစားကြည့်ပါ

- ဒီယေဂိုမီလီတို

#ခရစ်ထစ်


ဟာလန်းကတော့ ချယ်လ်ဆီးနဲ့ ခြေစမ်းပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ မန်စီးတီးက ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲ...
04/08/2024

ဟာလန်းကတော့ ချယ်လ်ဆီးနဲ့ ခြေစမ်းပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ မန်စီးတီးက ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပြီး ရာသီသစ်အတွက် သူ အသင့်ဖြစ်နေပြီဆိုတာကို အားလုံးမြင်တွေ့ခဲ့ရမှာပါ။

မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားပေးခဲ့တဲ့ ဟာလန်းက ချာတိတ်လေးတွေနဲ့ တွဲကစား၇ပေမယ့် ဆက်တိုက်ကို ဂိုးသွင်းနေပြီး သူ ဘယ်လိုတိုက်စစ်မှူးမျိုးလဲဆိုတာကို ထပ်ပြီး ပြသခဲ့ပါတယ်။ လူစုံတက်စုံနဲ့ဆိုရင် ပိုပြီးတော့ ကြမ်းမယ့် ဟာလန်းကို မြင်ရမယ့် သဘောပါ။

နော်ဝေတိုက်စစ်မှူးဟာ ယူရိုပွဲမကန်ခဲ့ရလို့ အနားယူခဲ့ရပြီး သူ့ကို အင်ပြည့်အားပြည့် ဖြစ်နေစေခဲ့ပါတယ်။ ဒါကြောင့်လည်း ရာသီကြိုခြေစမ်းပွဲမှာ မန်စီးတီးကို ဦးဆောင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

#ခရစ်ထစ်


ဒီပုံစံအတိုင်း ဆက်သွားနေရင် အာဂျင်တီးနားက ငပွကြီးလို့ အပြောခံရမှာ သေချာတယ်။ ကမ္ဘာ့ဖလားရပြီးကတည်းက ပွဲရှာနေတာတွေ များနေပြ...
03/08/2024

ဒီပုံစံအတိုင်း ဆက်သွားနေရင် အာဂျင်တီးနားက ငပွကြီးလို့ အပြောခံရမှာ သေချာတယ်။ ကမ္ဘာ့ဖလားရပြီးကတည်းက ပွဲရှာနေတာတွေ များနေပြီ။ ပြိုင်ပွဲတခုမဟုတ်တခု ပြသနာတွေ တက်တယ်၊ အုတ်အော်သောင်းနင်းတွေဖြစ်ပြီး ပုံရိပ်က ပျက်စီးလာတယ်။

ကမ္ဘာ့ချန်ပီယံဆိုတဲ့ ဂုဏ်ရှိတာမှန်ပေမယ့် နေရာတကာမှာ ငါက ဒါကွဆိုပြီး မဏ္ဍပ်တိုင်တက်ပြနေလို့မှမရတာ။ အခုက အိုလံပစ်အသင်းမှာ အသင်းကြီးကစားသမားတချို့ ပါလာတော့ အဲဒီအရှိန်နဲ့ ရောတာရော၊ ပြင်သစ်ကို လှောင်ပြောင်ထားတာပါ ပေါင်းပြီး ပွဲတွေဖြစ်ကုန်ရော။

သတိထားမိသလောက်ဆိုရင် ကမ္ဘာ့ဖလားရပြီးကတည်းက ဘရာဇီးလ်နဲ့လည်း ငြိတယ်၊ ကိုပါမှာလည်း ပွဲဆူတယ်။ အခု အိုလံပစ်အထိရောက်လာတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တယ်ဆိုတာ မှန်ပေမယ့် တဖက်ကမတီးတီးအောင် လုပ်ပေးနေရင်တော့ ဖြစ်မှာပဲ။

#ခရစ်ထစ်



"ပွဲကစားချိန် ၁၀ မိနစ်လောက်မှာ ကျနော် သူ့ကို ဖြတ်ကန်ပစ်လိုက်တယ်၊  ကျနော်လည်း ကွင်းပေါ်အရှိန်နဲ့ ပစ်လဲသွားတော့တာပဲ၊ ကြယ်တ...
02/08/2024

"ပွဲကစားချိန် ၁၀ မိနစ်လောက်မှာ ကျနော် သူ့ကို ဖြတ်ကန်ပစ်လိုက်တယ်၊ ကျနော်လည်း ကွင်းပေါ်အရှိန်နဲ့ ပစ်လဲသွားတော့တာပဲ၊ ကြယ်တွေလတွေတောင် မြင်သွားသလိုပဲ၊ ၂ စက္ကန့်လောက် ကျနော်လဲကျသွားတာ၊ ကျနော် မျက်လုံးဖွင့်ကြည့်တော့ သူက ကျနော့်ရှေ့တည့်တည့်မှာ၊ သူ့မျက်နှာကို ကျနော်မြင်လိုက်ရတယ်၊ သူက လက်ကမ်းပေးနေပြီးတော့ ကျနော့်ကို ဆွဲထူပေးဖို့ အသင့်ဖြစ်နေပြီ၊ ကျနော့်စိတ်ဓာတ်တွေကို သူ အဲဒီနေရာမှာပဲ ရိုက်ချိုးပစ်ခဲ့တာဗျ"

- နက်စတာ

#ခရစ်ထစ်



အန်တိုနီအတွက်တော့ တကယ်စိတ်ပျက်စရာပါပဲ။ သူက ယူနိုက်တက်မှာ နေရာပျောက်ဖို့၊ ရောင်းထုတ်ခံရဖို့ အကြောင်းဖန်လာပြီလို့ပဲ ပြောရမ...
02/08/2024

အန်တိုနီအတွက်တော့ တကယ်စိတ်ပျက်စရာပါပဲ။ သူက ယူနိုက်တက်မှာ နေရာပျောက်ဖို့၊ ရောင်းထုတ်ခံရဖို့ အကြောင်းဖန်လာပြီလို့ပဲ ပြောရမှာပါ။

မနေ့က ဘက်တစ်နဲ့ခြေစမ်းပွဲမှာလည်း သူက ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာ။ ဒါပေမယ့် (၂၅) မိနစ်အကြာမှာတော့ ဒဏ်ရာရသွားပြီး လူစားလဲခံလိုက်ရပါတယ်။ ဥမင်လိုဏ်ခေါင်းထဲ ချက်ချင်းဝင်သွားခဲ့ပြီး လက်ပတ်တွေကိုပါ ဒေါသတကြီး ဆွဲဖြုတ်ခဲ့တာပါ။

သူကိုယ်တိုင်လည်း ဒီဒဏ်ရာပြဿနာအတွက် တော်တော်လေး စိတ်ပျက်နေပုံပါပဲ။ အာမက်ဒီယာလို ခြေစွမ်းပြလာချိန်မှာ အန်တိုနီက သူ့ဘာသာသူကို အကြီးအကျယ် တိုင်ပတ်နေခဲ့တာဖြစ်ပါတယ်။

#ခရစ်ထစ်



"၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်-ဂျာမနီ ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့ရတာ ကျနော်မှတ်မိပါသေးတယ်။ နှစ်သင်းစလုံးရဲ့ ပွဲဗီဒီယို တွေက...
02/08/2024

"၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်-ဂျာမနီ ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့ရတာ ကျနော်မှတ်မိပါသေးတယ်။ နှစ်သင်းစလုံးရဲ့ ပွဲဗီဒီယို တွေကို ကျနော်တောင်းခဲ့ပြီး တရက်ခွဲလောက် အခန်းကို သေ့ာခတ်ပြီး အထဲမှာ ကျနော် ထိုင်ကြည့်နေခဲ့တာပါ၊ မိနစ်တိုင်းကိုပါ"

"ဒိုင်လူကြီးတဦးရဲ့ တာဝန်ကရှေ့တလှမ်းတိုးဖို့ဖြစ်ပြီး ဘာဖြစ်မလဲဆိုတာကို သိဖို့ပါပဲ၊ အဲဒီတုန်းက ဒီလိုမျိုး ပြင်ဆင်ရတာ အရမ်းထူးဆန်းခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာ ဒါက ဒိုင်လူကြီးတွေအတွက် ပုံမှန်ပြင်ဆင်မှု ဖြစ်လာပြီမို့ ကျနော် ဂုဏ်ယူနေမိပါတယ်"

- ကိုလီနာ

#ခရစ်ထစ်



Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝒊𝒃𝒆𝒕789/𝑴𝒐𝒖𝒏𝒈556/𝑩𝒂𝒕𝒎𝒂𝒏688 Official Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category