Train with Zay Yar

Train with Zay Yar Like & Follow for more content video and your Personal Training Idea for free

တချို့လူတွေမေးလဲမေးတတ်ကြတယ်ဆရာတဲ့ အစားလဲမလျော့ချင်ဘူး ချွေးလဲမထွက်ချင်ဘူး လေ့ကျင့်ခန်းတွေလဲမလုပ်ချင်ဘူး အဆီကျ၊ဝိတ်ကျပြီး...
18/10/2025

တချို့လူတွေမေးလဲမေးတတ်ကြတယ်
ဆရာတဲ့ အစားလဲမလျော့ချင်ဘူး ချွေးလဲမထွက်ချင်ဘူး လေ့ကျင့်ခန်းတွေလဲမလုပ်ချင်ဘူး အဆီကျ၊ဝိတ်ကျပြီးကျစ်လစ်တဲ့ Body လိုချင်လို့ဘယ်လိုလုပ်ရမလဲဆိုပြီးလာမေးကြတယ်
ကျွန်တော်လဲအကောင်းဆုံးအကြံပေးလိုက်ပါတယ်
အိပ်ဘဲအိပ်နေလိုက်ပါဆိုပြီး‌တော့ အိပ်မက်ထဲမှာတော့ဖြစ်လာနိုင်ပါတယ်လို့😒

တင်ပါးလှဖို့ B***Y GROWTH 101 🍑TikTok က  social media တွေပေါ်က လေ့ကျင့်ခန်းအတုအယောင်တွေကို ခဏရပ်လိုက်ပါ။ တင်ပါးကြီးထွားစ...
17/10/2025

တင်ပါးလှဖို့ B***Y GROWTH 101 🍑
TikTok က social media တွေပေါ်က လေ့ကျင့်ခန်းအတုအယောင်တွေကို ခဏရပ်လိုက်ပါ။ တင်ပါးကြီးထွားစေမယ့် မှန်ကန်တဲ့ လမ်းညွှန်ချက် (၇) ချက်ကတော့ 👇
1️⃣ Glutes (တင်ပါးကြွက်သား) ကို တစ်ပတ် ၂-၃ ကြိမ် လေ့ကျင့်ပါ
တစ်ပတ်ကို နှစ်ကြိမ် လေ့ကျင့်တာဟာ အကောင်းဆုံးပါပဲ။ နေ့တိုင်းလုပ်နေစရာ မလိုပါဘူး။ Muscle တွေဟာ Overtrain လုပ်နေချိန်မှာ မဟုတ်ဘဲ၊ နားနေတဲ့ Recovery ကာလမှာ တည်ဆောက်ပါတယ်။
2️⃣ Progressive Overload လုပ်ပါ(ဝန်တိုးလေ့ကျင့်ခြင်း သဘောတရား)
အလေး/အကြိမ်/အကျော့/နားချိန်/TUT ကို တစ်ပတ်ပြီးတစ်ပတ် ပြောင်းလဲပါ။။ Glutes တွေဟာ စိန်ခေါ်မှုမရှိရင် ဘယ်တော့မှ ကြီးလာမှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်း တစ်ကြိမ်ချင်းစီမှာ ၂-၅ ကီလိုဂရမ် (kg) တိုးလိုက်ပါ၊ ဒါမှမဟုတ် Reps/Time Under Tension ကို တိုးမြှင့်ပေးပါ။
3️⃣ Mind–Muscle Connection (စိတ်နှင့် ကြွက်သားဆက်သွယ်မှု) ကို အသုံးချပါ
အလေးတွေကို ရမ်းပြီး လှုပ်ရှားမနေပါနဲ့— လှုပ်ရှားမှုတစ်ခုချင်းစီကို ခံစားပါ။ သင် Hip Thrusts လုပ်တဲ့အခါ ဖြည်းဖြည်းလုပ်ပါ။ အပေါ်ဆုံးရောက်တဲ့အခါ ၂-၃ စက္ကန့်လောက် ဖျစ်ညှစ်ပြီး ထိန်းထားပါ။ ဒါဟာ တကယ်ကို "Magic" ဖြစ်သွားစေမယ့် အချိန်ပါပဲ။လူအထင်ကြီးအောင် တလွဲတွေလုပ်ပြမနေပါနဲ့။
4️⃣ Form (ပုံစံ) က Fancy Exercises တွေထက် ပိုအရေးကြီးတယ်
တင်ပါးအတွက် လေ့ကျင့်ခန်းမျိုးစုံ ၂၀ လောက် မလိုပါဘူး။ ဒီ ၅ မျိုးကိုပဲ ကျွမ်းကျင်အောင် လုပ်ပါ။
-Squats
-RDLs (Romanian Deadlifts)
-Hip Thrusts
-Split Squats
- Kickbacks
ခေတ်စားနေတဲ့ Trends တွေထက်မှန်ကန်တဲ့ Form ကသာ သင့်ကို အမိုက်စား ကောက်ကြောင်း Curves တွေ ရစေမှာပါ။
5️⃣ Small Calorie Surplus နဲ့ စားပါ
စာသူငယ်လေးလို စားနေရင် တင်ပါးက ပြားနေဦးမှာပါ။ တင် Glutes ကြီးထွားဖို့အတွက် Protein နဲ့ Calories လိုအပ်ပါတယ်။ ကန့်သတ်တာထက် Whole Foods (သဘာဝအစားအစာအပြည့်အစုံ) ကို အဓိကထား စားသုံးပါ။
6️⃣ Lifts တွေကို မှတ်တမ်းတင်ပါ
ခန့်မှန်းမနေပါနဲ့— တိုင်းတာပါ။ သင်မတဲ့ Weight၊ Rep နဲ့ Set တိုင်းကို မှတ်တမ်းထားပါ။ Numbers တွေ မတက်လာရင် သင့် Glutes တွေလည်း ကြီးလာမှာ မဟုတ်ပါဘူး။
7️⃣ စဉ်ဆက်မပြတ် လုပ်ဆောင်ပါ (Be Consistent)
လျှို့ဝှက် လေ့ကျင့်ခန်းတွေ မရှိပါဘူး။ ဆေးမှော်တွေ၊ Magic Supplements တွေလည်း မရှိပါဘူး။ မှန်ကန်တဲ့ လေ့ကျင့်မှု (Smart Training), လုံလောက်တဲ့ အနားယူမှု (Recovery) နဲ့ စိတ်ရှည်မှု (Patience) ပဲ လိုအပ်ပါတယ်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

⭐ 4 လတာ Body Transformation 145 lb ကနေ 130 lb အထိ ကျန်းကျန်းမာမာနဲ့ 15 lb တောင် weight ချနိုင်ခဲ့ပါတယ်😮 👉အခုလိုမျိုး ပြေ...
13/09/2025

⭐ 4 လတာ Body Transformation
145 lb ကနေ 130 lb အထိ ကျန်းကျန်းမာမာနဲ့ 15 lb တောင် weight ချနိုင်ခဲ့ပါတယ်😮
👉အခုလိုမျိုး ပြောင်းလဲဖို့အတွက် အစာအငတ်ခံစရာလဲမလိုအပ်ပါဘူး၊ တစ်ပတ်မှာ 5ရက် တစ်နေ့ 1နာရီခွဲလောက် Training လုပ်ပေးရုံနဲ့တင် ပြောင်းလဲနိုင်ပါတယ်။
⭐ကျွန်တော့်ကို ယုံကြည်ပြီးကျွန်တော်နဲ့အတူတူကြိုးစားမယ်ဆို အခုလိုမျိုး
✅ Diet အလွန်အကျွံလဲမလုပ်ရ
✅ Cardio အလွန်အကျွံမလုပ်ရ ဘဲနဲ့
✅ အချိန် 1နာရီခွဲလောက်ပေးရုံနဲ့
သင့်ကိုသင်တောင်မယုံနိုင်အောင် ပြောင်းလဲသွားမှာပါ။
Ads:
သင်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့ အသင့်ဖြစ်ပြီလား?။
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်လို့၊ ဘယ်ကစရမလဲမသိလို့ စိတ်ရှုပ်နေလား။ ကျွန်တော် (Zay Yar) က သင့်အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ Program တွေနဲ့ အစားအသောက်(Diet) အကြံဉာဏ်တွေကို တစ်နေရာတည်းမှာ ပေးနိုင်ပါတယ်။
✅ သင့်ပန်းတိုင်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ရေး Program များ
✅ ကိုယ်တိုင်စီမံလို့ရတဲ့ အာဟာရဆိုင်ရာ (Diet) အကြံဉာဏ်များ
✅ မှန်ကန်တဲ့ လေ့ကျင့်ခန်းပုံစံတွေနဲ့ လမ်းညွှန်မှုများကိုရယူလိုပါက အခုပဲ ကျွန်တော့်ရဲ့
💌 Page Messenger နဲ့
☎️Viber no-(09-971568443) မှာ စာပို့ပြီး သင့်ရဲ့အခမဲ့တိုင်ပင်ဆွေးနွေးချိန်ကို ရယူလိုက်ပါ။ အတူတူကြိုးစားပြီး ရလဒ်ကောင်းတွေ ဖန်တီးကြရအောင်!

Part-3💪 Weight Gain လုပ်ချင်သူတွေအတွက် လိုက်နာသင့်တဲ့ အချက် ၅ ချက်အများစုက အဆီချချင်ကြပေမယ့် တချို့ကတော့ ကိုယ်အလေးချိန်တ...
10/09/2025

Part-3
💪 Weight Gain လုပ်ချင်သူတွေအတွက် လိုက်နာသင့်တဲ့ အချက် ၅ ချက်

အများစုက အဆီချချင်ကြပေမယ့် တချို့ကတော့ ကိုယ်အလေးချိန်တိုးပြီး သန်မာ ဖို့ Weight Gain လုပ်ချင်ကြတတ်ပါတယ်။ အဲ့ဒီလိုလူတွေ အတွက်အရေးကြီးတဲ့ အချက်လေးတွေ လမ်းညွှန်ပေးချင်ပါတယ်။

1️⃣ ကယ်လိုရီ Surplus ဖန်တီးပါ

👉 အဆီချချိန်မှာ မစားရတဲ့အတိုင်း မဟုတ်ပါဘူး။ Weight Gain လုပ်ချင်ရင် တစ်နေ့မှာ ကိုယ်သုံးသလောက်ထက် 300–500 ကယ်လိုရီ ပိုစားဖို့ လိုအပ်ပါတယ်။

2️⃣ ပရိုတိန်းကို ဖြည့်ဖို့အလွန်အရေးကြီးပါတယ်

🍗 ကြက်သား၊ ငါး၊ ဥအမျိုးမျိုး စတာတွေ စားပါ။
👉 ပရိုတိန်းက Muscle တည်ဆောက်ရာမှာ အလွန်အရေးပါတဲ့ အာဟာရ တစ်ခုဖြစ်ပါတယ်။

3️⃣ Complex Carbs & Healthy Fats မမေ့ပါနဲ့

🍞 Whole grains, 🍌 fruits, 🥑 avocado, 🥜 nuts, olive oil စတာတွေ စားပေးပါ။
👉 အာဟာရပြည့်၀ပြီး စွမ်းအင်တိုးပေးပါတယ်။

4️⃣ Strength Training အဓိကထားTrainပေးပါ

🏋️‍♂️ Gym ထဲမှာ Dumbbell Shoulder Press, Barbell Chest Press, Squat, Deadlift စတဲ့ exercise တွေကို progressive Overload လုပ်ပြီး သေချာTrainပါ။
👉 Weight Gain ဆိုတာ ကိုယ်အလေးချိန် တိုးရုံသာမက Muscle ကော Strength ပါတိုးတက်လာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

5️⃣ အိပ်စက်ခြင်းက အားလုံးထက် အရေးကြီးပါတယ်

😴 တစ်ည ၇–၈ နာရီအိပ်ပါ။
👉 Muscle recovery နဲ့ Hormone balance ဖြစ်ဖို့ ပိုကောင်းစေပါတယ်။အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က သဘာ၀အလျောက် Testosterone Hormone ထုတ်ပေးခြင်းကြောင့် Muscle တွေကြီးထွား စေပါတယ်။

✨ အရေးကြီးဆုံးက Healthy Weight Gain ဖြစ်ဖို့ပါဘဲ။
အာဟာရမျှတအောင်စား + Exercise ပုံမှန်လုပ် + အိပ်ရေး၀၀ အိပ်ရင် လိုချင်တဲ့ ရလဒ်ကိုအမြန်ဆုံး ရရှိမှာဘဲဖြစ်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

✨ကျွန်တော့် Client ရဲ့ 3လတာ Body Transformation⭐ကျွန်တော့်ကို ယုံကြည်ပြီးကျွန်တော်နဲ့အတူတူကြိုးစားမယ်ဆို အခုလိုမျိုး✅ Di...
09/09/2025

✨ကျွန်တော့် Client ရဲ့ 3လတာ Body Transformation
⭐ကျွန်တော့်ကို ယုံကြည်ပြီးကျွန်တော်နဲ့အတူတူကြိုးစားမယ်ဆို အခုလိုမျိုး
✅ Diet အလွန်အကျွံလဲမလုပ်ရ
✅ Cardio အလွန်အကျွံမလုပ်ရ ဘဲနဲ့
✅ အချိန် 1နာရီခွဲလောက်ပေးရုံနဲ့
သင့်ကိုသင်တောင်မယုံနိုင်အောင် ပြောင်းလဲသွားမှာပါ။
Ads:
သင်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့ အသင့်ဖြစ်ပြီလား?။
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်လို့၊ ဘယ်ကစရမလဲမသိလို့ စိတ်ရှုပ်နေလား။ ကျွန်တော် (Zay Yar) က သင့်အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ Program တွေနဲ့ အစားအသောက်(Diet) အကြံဉာဏ်တွေကို တစ်နေရာတည်းမှာ ပေးနိုင်ပါတယ်။
သင့်ပန်းတိုင်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ရေး Program များ
ကိုယ်တိုင်စီမံလို့ရတဲ့ အာဟာရဆိုင်ရာ (Diet) အကြံဉာဏ်များ
မှန်ကန်တဲ့ လေ့ကျင့်ခန်းပုံစံတွေနဲ့ လမ်းညွှန်မှုများကိုရယူလိုပါက အခုပဲ ကျွန်တော့်ရဲ့
💌 Page Messenger နဲ့
☎️Viber no-(09-971568443) မှာ စာပို့ပြီး သင့်ရဲ့အခမဲ့တိုင်ပင်ဆွေးနွေးချိန်ကို ရယူလိုက်ပါ။ အတူတူကြိုးစားပြီး ရလဒ်ကောင်းတွေ ဖန်တီးကြရအောင်!

Part-2လေ့ကျင့်ခန်းလုပ်ပြီးတိုင်းကြွက်သား‌တွေကဘာကြောင့်နာကျင်နေရတာလဲ?လေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားနာကျင်ရတာဟာ Delayed ...
08/09/2025

Part-2
လေ့ကျင့်ခန်းလုပ်ပြီးတိုင်းကြွက်သား‌တွေကဘာကြောင့်နာကျင်နေရတာလဲ?
လေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားနာကျင်ရတာဟာ Delayed Onset Muscle Soreness (DOMS) ကြောင့်ပါ။ ဒါဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအသစ်တွေ လုပ်လိုက်တဲ့အခါ ဒါမှမဟုတ် ပုံမှန်လုပ်နေကျထက် ပိုပြင်းပြင်းထန်ထန်လုပ်လိုက်တဲ့အခါ ကြွက်သားမျှင်လေးတွေမှာ သေးငယ်တဲ့ပျက်စီးမှုတွေ ဖြစ်ပေါ်တာကြောင့်ပါ။
ဒီလိုပျက်စီးမှုတွေက အန္တရာယ်မရှိပါဘူး။ ခန္ဓာကိုယ်ရဲ့ ပြန်လည်ပြုပြင်ရေးစနစ်က ပျက်စီးသွားတဲ့ ကြွက်သားမျှင်လေးတွေကို အချိန်ယူပြီး ပြန်လည်တည်ဆောက်တဲ့အခါ အရင်ကထက် ပိုသန်မာ၊ ပိုကြီးလာအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဖြစ်စဉ်ကြောင့် နာကျင်မှု ခံစားရတာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ပြီး နာရီ ၂၀ မှ ၇၂ နာရီအတွင်း အများဆုံးနာကျင်တတ်ပါတယ်။
ဒီလိုနာကျင်မှုကို သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်-
အကြောလျှော့ခြင်း
လေ့ကျင့်ခန်းမလုပ်ခင်ရော၊ လုပ်ပြီးနောက်မှာပါ အကြောလျှော့ပေးခြင်း (Stretching) က ကြွက်သားတွေကို ပိုပြီးပြေလျော့စေပါတယ်။ ဒါဟာ ကြွက်သားတင်းမာမှုကို လျော့ချပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။
အနားယူခြင်းနှင့် အာဟာရပြည့်ဝစွာ စားသုံးခြင်း
နာကျင်နေတဲ့ ကြွက်သားတွေကို လုံလောက်တဲ့အနားပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်များတဲ့ အစားအစာတွေ စားသုံးပေးတာက ကြွက်သားတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။
လှုပ်ရှားမှု ပေါ့ပေါ့ပါးပါးလုပ်ခြင်း
နာကျင်နေတဲ့ကြွက်သားတွေကို အငြိမ်မထားဘဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေ လုပ်ပေးနိုင်ပါတယ်။ ဥပမာ - ဖြည်းဖြည်းချင်းလမ်းလျှောက်တာ၊ စက်ဘီးဖြည်းဖြည်းစီးတာ ဒါမှမဟုတ် ရေကူးတာမျိုးပါ။ ဒီလိုလှုပ်ရှားမှုတွေက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နာကျင်မှုကို လျော့နည်းစေပါတယ်။
တကယ်လို့ ဒီလိုနာကျင်တာက ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းတာ၊ ပြင်းပြင်းထန်ထန်နာကျင်တာမျိုးတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးသင့်ပါတယ်။

Part-1🔥 အဆီချချင်ရင် သတိထားသင့်တဲ့ အချက် ၅ ချက်အဆီချချင်တဲ့အချိန်မှာ အများစုက လျင်မြန်ပြီး အထိရောက်ဆုံးနည်းလမ်းကို ရှာဖွ...
05/09/2025

Part-1
🔥 အဆီချချင်ရင် သတိထားသင့်တဲ့ အချက် ၅ ချက်

အဆီချချင်တဲ့အချိန်မှာ အများစုက လျင်မြန်ပြီး အထိရောက်ဆုံးနည်းလမ်းကို ရှာဖွေကြတတ်ပါတယ်။ ဒါပေမယ့် အမှန်တကယ် အဆီချဖို့ဆိုရင် အောက်ပါ အချက် ၅ ချက်ကို လိုက်နာဖို့ အရေးကြီးပါတယ်။

1️⃣ ကယ်လိုရီ Deficit ဖန်တီးပါ
👉 အစားအစာအများကြီး လျှော့စရာမလိုပေမယ့် တစ်နေ့တာအတွက်လိုအပ်တဲ့ ကယ်လိုရီထက် နည်းနည်းပဲ‌ လျှော့စားဖို့လိုအပ်ပါတယ်။(ဥပမာ – ကိုယ့်ရဲ့တစ်‌‌နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် 300–500 ကယ်လိုရီ နည်းအောင် စားသောက်‌ပေးပါ)

2️⃣ ပရိုတိန်း မမေ့ပါနဲ့
🍗 အသား၊ငါး၊ဥအမျိုးမျိုး စတာတွေ ထည့်စားပေးပါ။
👉 အဆီချချိန်မှာ Muscle loss ဖြစ်ချင်းမှ ကာကွယ်ပေးပါတယ်။

3️⃣ ရေများများသောက်ပါ
💧 ရေက metabolism ကိုတိုးတက်စေပြီး အစာစားချင်စိတ်ကို လျော့ချပေးပါတယ်။
👉 တစ်နေ့ ကို ရေ ၂–၃ လီတာ သောက်ပေးပါ။

4️⃣ အားကစား နှစ်မျိုးပေါင်းစပ်ပေးပါ
🏃‍♂️ Cardio (running, cycling, walking) ➝ အဆီတွေကို လောင်ကျွမ်းစေမယ်။
🏋️ Weight Training ➝ Muscle ကို တည်ဆောက်‌စေပြီး အိပ်စက်နေချိန်မှာတောင် အဆီတွေကို လောင်ကျွမ်းစေပါတယ်။

5️⃣ အိပ်ရေး၀၀ အိပ်ပါ၊အိပ်ရေး အပျက်မခံပါနဲ့
😴 ညဘက်မအိပ်တဲ့သူတွေမှာ အစာစားချင်စိတ်ထိန်းဖို့ခက်ပြီး အဆီချဖို့ခက်ခဲတတ်တယ်။နောက်ရက်တွေမှာလဲ အိပ်ရေးမ၀တာကြောင့် Workouts တွေမလုပ်နိုင် ဖြစ်တတ်ပါတယ်။
👉 အဲ့တာကြောင့် တစ်ညကို ၇–၈ နာရီ အိပ်စက်ပေးပါ။

✨ အရေးကြီးဆုံးက “Consistency” (တစိုက်မတ်မတ် လုပ်ဆောင်မှု) ပါ။တစ်ပတ်၊တစ်လတည်းနဲ့ Body Transformation မဖြစ်နိုင်ပါ၊နေ့စဉ် ပုံမှန်လုပ် ဆောင်သွားမှသာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လိုချင်တဲ့ ကျန်းမာပြီး အဆီကင်းလှပတဲ့ Body တစ်ခုကိုရရှိမှာဘဲဖြစ်ပါတယ်။
အဲ့တာကြောင့် Body Transformation ဖြစ်ချင်တယ်ဆိုရင် စွဲစွဲမြဲမြဲလုပ်ဆာင်ကြဖို့ အကြံပေးချင်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ🙏။


ဗိုက်ပူ၊ခါးတုတ် body ကနေ အခုလို Slimfit ဖြစ်တဲ့မြင်သူငေးတဲ့တင်ပါးအလှနဲ့ခါး shapeလေးလိုချင်တယ်ဆိုရင် Pageရဲ့Chat box ကိုအ...
21/07/2025

ဗိုက်ပူ၊ခါးတုတ် body ကနေ အခုလို Slimfit ဖြစ်တဲ့မြင်သူငေးတဲ့တင်ပါးအလှနဲ့ခါး shapeလေးလိုချင်တယ်ဆိုရင် Pageရဲ့Chat box ကိုအခုဘဲဆက်သွယ်လိုက်တော့နော်

30/07/2024

ဗိုက်နဲ့ခါးဘေးကအဆီတွေဘာကြောင့်စုရတာလဲ???


26/07/2024

Muscle Quality ကောင်းဖို့မဖြစ်မနေလုပ်သင့်တဲ့အချက်(၅)ချက်


Address

Yangon

Alerts

Be the first to know and let us send you an email when Train with Zay Yar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share