Bo Bo Bike Shop Trading Co., Ltd

Bo Bo Bike Shop Trading Co., Ltd Bo Bo Bike Shop, an authorized dealer of Scott Bicycles, Cannondale bicycles and accessories, also imports Specialized, Merida, Zéfal, Funkier, and many more.
(321)

The team also organize the cycling adventure tours in Myanmar as well as in South East Asia. Bo Bo Bike Shop is an authorized dealer of Scott Bicycles, the brand is one of the famous world bicycle entities. Besides this, Bo Bo Bike Shop imports and sells other popular bicycle and accessories brands such as Specialized, Cannondale, Merida, Zéfal, Funkier, and so on that are high-quality products. T

he owner, Win Bo Bo, also known as Ko Bo Bo is an avid cyclist and a bicycle traveler who is contributing a lot of knowledgeable articles related to the cycling, bicycle fitting, bike routes, physical fitness of cyclists and many more sharing his experience and expertise on the page of Bo Bo Bike Shop. Below is the brief life story of him;

“Before I have established my tour company for selling the cycling tours, culture tours and many more, I worked (am still working, by the way!) as a tour guide speaking English and Spanish. Later, I develop my ability from cultural mood to the adventurous one, that is, strengthening my body fitness and make good use of high stamina, to be a cycling tour guide, of course, speaking both English and Spanish. Isn't it better to bike and organize your trip with the one who actually bikes in the country?”

Road Bike (အခုခေတ်ဆို gravel bike လည်း အကျုံးဝင်တာပေါ့) Shimano ရဲ့ ဒုတိယ အမြင့်ဆုံး (high-end) series အဆင့် ဖြစ်တဲ့ Ult...
20/02/2026

Road Bike (အခုခေတ်ဆို gravel bike လည်း အကျုံးဝင်တာပေါ့) Shimano ရဲ့ ဒုတိယ အမြင့်ဆုံး (high-end) series အဆင့် ဖြစ်တဲ့ Ultegra မှာမှ mechanical ကြိုးနဲ့မဟုတ်ပဲ ကြိုးပျောက် Di2 Shift/Brake lever မြန်မာအခေါ် ပုတ်လီဘာ 11-speed မှာ သိသာထင်ရှားလွန်တဲ့ အားနည်းချက် တစ်ခု ရှိနေပါတယ်။

ဒီ Ultegra Di2 ရဲ့ 11-Speed မှာမှ hydraulic ဆီဘရိတ် Shimano 11-speed Di2 ဟာ dropper bar လက်ကိုင်ကောက်မှာ တပ်တဲ့ bracket ကို သတ်မှတ် 5-6Nm နယူတန်မီတာထက် ပိုကြပ်မိရင် ဖြစ်လာမယ့် consequence နောက်ဆက်တွဲ ပြဿနာက Ultegra ဂီယာ ၁၁ ချက် တပ်ဆင်ထားတဲ့ ပြိုင်ဘီး သို့မဟုတ် gravel bike စီးနင်းသူများရော၊ ဘီးဆိုင်များပါ ခေါင်းကိုက်ရစေတဲ့ အကြောင်း ကိုယ်တွေ့ကို အခြေခံပြီး Knowledge sharing လုပ်ပေးချင်ပါတယ်။

Ultegra ရဲ့ 11-speed ကိုမှ Di2 ကို hydraulic ဆီဘရိတ်နဲ့ အဓိက အဖြစ်များတာက ညာဖက် (ဘယ်ဖက်လည်း အလားတူ ဖြစ်တတ်ပါတယ်)
မော်ဒယ်စီးရီး R-8070 ဖြစ်ပါတယ်

စက်ဘီးချစ်သူ မိတ်ဆွေများရော ကြံုဖူးကြမယ်ဆိုရင် ဗဟုသုတလေးတွေ comment မှာ ချရေးပေးခဲ့ကြပါဦး

လေးစားလျက်

Ko BB

30/01/2026

Fork service လေး မျှဝေပေးပါရစေ၊ စိတ်ပါလက်ပါကူညီပေးသော ညီငယ် Janis ကျေးဇူးတင်ပါတယ်

လေးစားလျက်

ကိုဘိုဘို

28/12/2025

စက်ဘီးပြင်ရင် အဲ့လို Vi****or လည်း သုံးရတယ်ဗျ ဘာအတွက်လည်း သိကြလား 😁

စက်ဘီးလောကကို ဝင်လာတော့မယ့် Ducati
04/12/2025

စက်ဘီးလောကကို ဝင်လာတော့မယ့် Ducati

🚨 BREAKING: Starting March 2026, the iconic brand will unveil a new lineup of road, gravel, and e-MTB bikes. This isn’t just a collection of bikes it’s a fusion of Ducati’s unmistakable style, performance-driven DNA, and technical precision.

The project is developed alongside Gruppo Zecchetto, which includes DMT, Alè, and Diamant Compositi, ensuring top-level expertise in materials and design.

Three Italian cycling legends are directly involved: Elia Viviani, Vincenzo Nibali, and Lorenzo Suding.
Viviani, now part of INEOS technical staff, brings his high-level vision and technical insight to oversee development.

Nibali will focus on the road range, ensuring the bikes meet the demands of top competitions.
Suding will guide the off-road segment, shaping aggressive, racing-oriented e-MTBs.

Although prototypes haven’t been revealed yet, the plan points to performance-focused gravel bikes with modern geometries, clean integration, and excellent stability, as well as competitive e-MTBs designed for technical descents.

For Ducati, this collaboration with Diamant S.r.l. cements their presence in cycling, combining advanced engineering with a unique aesthetic.

Both CEOs emphasize that this project is driven by shared values and a commitment to excellence, promising a truly remarkable new chapter in high-end cycling.

အကြည့်တွေကို တစ်ချက်ရှိုး 😁Photo credit
10/11/2025

အကြည့်တွေကို တစ်ချက်ရှိုး 😁

Photo credit

ဒီမှာတော့ (ဆွစ်ဇာလန်) တစ်ခြား Europe နိုင်ငံတွေတော့ မသိဘူး ၊ E Bike ပဲ ဖြစ်ဖြစ်၊ E Scooter ပဲဖြစ်ဖြစ်မူးပြီးနင်းရင် ယာဉ်...
01/10/2025

ဒီမှာတော့ (ဆွစ်ဇာလန်) တစ်ခြား Europe နိုင်ငံတွေတော့ မသိဘူး ၊ E Bike ပဲ ဖြစ်ဖြစ်၊ E Scooter ပဲဖြစ်ဖြစ်
မူးပြီးနင်းရင် ယာဉ်မောင်းလိုင်စင် (ကားလိုင်စင်) အသိမ်းခံရတယ်ဗျ

Just for Knowledge

လေးစားလျက်

ကိုဘိုဘို

👉Stromer+ E Bike တွေဟာမြန်နှုန်း တစ်နာရီ ၄၅ ကီလိုထိ ပြေးတဲ့ ဘီးမို့ ၊ ဆိုင်ကယ်လိုပဲ နံပါတ်ပြားနဲ့ စီးနင်းသူနာမည် နေရပ်လိ...
02/09/2025

👉Stromer+ E Bike တွေဟာ
မြန်နှုန်း တစ်နာရီ ၄၅ ကီလိုထိ ပြေးတဲ့ ဘီးမို့ ၊ ဆိုင်ကယ်လိုပဲ နံပါတ်ပြားနဲ့ စီးနင်းသူနာမည် နေရပ်လိပ်စာ အပြည့်အစုံနဲ့
ပြည်နယ်ရုံးမှာ လိုင်စင်လျှောက်ပြီး လိုင်စင်နံပါတ်တပ်မှ လမ်းပေါ်မှာ နင်းခွင့်ရှိတဲ့ လျပ်စစ်စက်ဘီး ဖြစ်ပါတယ်။

👉ဆွစ်ဇာလန်မှာ Stromer လျှပ်စစ်ဘီးတွေဟာ ၂၀၀၅ ခုနှစ်လောက်ကစပြီး နာမည်ရလာတာ၊ ခုထိလည်း ပန်းပန်လျက်ပါပဲ။ စျေးနှုန်းကလည်း အခုထိမာဆဲ စျေးမြင့်နေဆဲပါပဲ။ 🇨🇭Swiss brand နဲ့ Swiss made အစစ်ဖြစ်တာရယ်၊ Quality control ကလည်း အသေချာ စိစစ် (Control Master ရဲ့ လက်မှတ်နဲ့) တာဝန်ယူ၊ တာဝန်ခံထားတာကြောင့် အရည်အသွေးက စိတ်ချရပြီး မြင့်မားတာ ဖြစ်ပါတယ်

👉ဒီနေ့ ဆားဗစ်လုပ်ပေးဖြစ်တဲ့ ပုံထဲက Stromer ဘီးလေးကတော့ တစ်မူထူးခြားတာက Limited Edition ဖြစ်တယ်။ ဒါတင်မကဘူး နေစွမ်းအင်နဲ့မောင်းနှင်တဲ့ ကမ္ဘာပတ် drone ထုတ်လုပ်အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ ထုတ်တဲ့ ဘီးလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆို Solarimpulse နေစွမ်းအင်တွန်းအားနဲ့ လည်ပတ်တဲ့ ဒရုန်းပုံ တံဆိပ်ပါ၊ အစီးရေ ၃၉၉ ထဲက ၁၈ စီးမြောက် ဖြစ်လို့ပါ။

👉အဲ့ဒီ နေစွမ်းအင်သုံး drone ဟာ ကမ္ဘာပတ် ခဲ့တာမှာ အရှေ့အလယ်ပိုင်းနိုင်ငံ ကနေ India အဲ့ကနေ မြန်မာ Myanmar နိုင်ငံထဲမောင်းနှင်ပြီး၊ တရုတ်ပြည်၊ အဲ့ကနေတစ်ဆင့် ဥရောပဖက် စသဖြင့် မောင်းနှင်ခဲ့လို့ အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ ဒီဘီးကို ထုတိခဲ့မယ် ထင်ပါတယ်။

👉ဒါမှမဟုတ် ဒီဘီးလေးနဲ့ပဲ အဲ့ဒီ ဖရိမ်ပေါ်မှာရေးထားတဲ့ နိုင်ငံတွေကို စက်ဘီးခရီးစဉ်နင်းခဲ့ကြလေသလား ဆိုတာ စက်ဘီးပိုင်ရှင်နဲ့တွေ့မှပဲ မေးကြည့်ရတော့မယ်။

👌ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့နာမည်ကို ဆွစ်ဇာလန်နိုင်ငံကထုတ်တဲ့ ဘီးတစ်စီးပေါ်မှာ (စတေကာမဟုတ်ပဲ) Limited Edition ထုတ်တဲ့ဖရိမ်ပေါ် တံဆိပ်ရိုက်ထားတာ မြင်ရတော့ မွေးရပ်မြေကို ပိုပြီး သတိရလွမ်းမိတာရယ်၊ ဂုဏ်လည်း ယူမိပါတယ်

လေးစားလျက်

ကိုဘိုဘို

Twinner ဆိုတဲ့ ဒီ E-Bike ဟာ ဆွစ်ဖရန့် ၁၅၀၀၀ (USD 19000) ဝန်းကျင်၊ ဆိုတော့ မြန်မာငွေ သိန်း ၇၅၀ ပတ်လည်ပေါ့။ အဲ့ ဘီးကိုမှာ ...
26/06/2025

Twinner ဆိုတဲ့ ဒီ E-Bike ဟာ ဆွစ်ဖရန့် ၁၅၀၀၀ (USD 19000) ဝန်းကျင်၊ ဆိုတော့ မြန်မာငွေ သိန်း ၇၅၀ ပတ်လည်ပေါ့။

အဲ့ ဘီးကိုမှာ သူမတူအောင် Limited Edition ကို Customization စိတ်တိုင်းကျ မှာစီးတယ်
ဆွစ်ဖရန့် ၅၀၀၀၀ ကျတယ်။ သိန်း ၂၅၀၀ ဝန်းကျင်ကျတယ်။

အဲ့ဘီးလေး ဆားဗစ်လာလုပ်တယ်
သိန်း ၂၅၀၀ ဆိုတာ ဒီမှာဆိုရင်လည်း
Range Rover Evoque လောက်ကို brand new စီးလို့ရတယ်၊

ဗဟုသုတ အလို့ငှါ share ပေးတာပါ။ စိတ်ဝင်စားရင် မန့်မှာ link ချပေးထားပါတယ်

Shimano ရဲ့ XTR ဝိုင်ယာလက် Di2 M9200 ကြိုးပျောက်ကိုဆွစ်ဇာလန်နိုင်ငံရဲ့ စက်ဘီးတံဆိပ် Thömus ကနေ ယနေ့ ၄ ရက် ဇွန်လ ၂၀၂၅ မှာ...
04/06/2025

Shimano ရဲ့ XTR ဝိုင်ယာလက် Di2 M9200 ကြိုးပျောက်ကို
ဆွစ်ဇာလန်နိုင်ငံရဲ့ စက်ဘီးတံဆိပ် Thömus ကနေ
ယနေ့ ၄ ရက် ဇွန်လ ၂၀၂၅ မှာ စတင် မိတ်ဆက်ပေးလိုက်ပါပြီ။

XTR ဘရိတ်ကိုင်းတွေကိုလည်း လက်ကိုင်တန်းနဲ့
ပိုပြီးနီးကပ်အောင် ထုတ်ပေးထားတယ်။ ကြိုးပြေးလို့ ပိုလှတယ်။
အရင်လို mineral oil မဟုတ်ပဲ၊ သူ့အတွက်
Hydraulic oil သီးသန့်ဆီဆီခပ်ကြဲကြဲနဲ့ run ရတယ်။ အရင်ဆီနဲ့လည်း ရလောက်မလားလို့ ကလိကြည့်ဦးမယ် 😁

လုံးဝကြိုးပျောက်ဆိုတော့ SRAM ရဲ့ AXS နဲ့
နည်းပညာခပ်ဆင်ဆင်တူနေတယ်

ချိန်းအသစ်၊ ကက်ဆက်အသစ်၊ ခြေနင်းတံ ဒီဇိုင်းအသစ်တွေနဲ့လာတယ်။
နောက်နှစ်လောက်ကစပြီး XTR ကနေ Deore အထိ၊ Altus ထိတော့ မပြောတတ်ဖူး၊ mechanical shifting
ကြိုးစနစ်ပျောက်တော့မယ်လို့
သိရတယ်။

အသေးစိတ်ကို နောက်မှ ဆက်အာတော့မယ်

XTR Wireless


Photo Credit to Thömus

၁၀ တန်းမှာ စာမကျက်လို့ အမှတ်ကောင်းမရခဲ့ ဆရာဝန်မဖြစ်ခဲ့ပေမယ့် ထိုးလိုက်ရတဲ့ဆေး နေ့တိုင်းထိုး 🩼🩼ဘယ်ညာ ပြိုင်တူထိုး🩼💉😁ဆေးဆရ...
29/05/2025

၁၀ တန်းမှာ စာမကျက်လို့ အမှတ်ကောင်းမရခဲ့
ဆရာဝန်မဖြစ်ခဲ့ပေမယ့်
ထိုးလိုက်ရတဲ့ဆေး နေ့တိုင်းထိုး 🩼🩼
ဘယ်ညာ ပြိုင်တူထိုး🩼💉😁

ဆေးဆရာ

ကိုဘိုဘို

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
23/05/2025

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Address

No 193 Dhamma Thukha Street, N Okkalapa
Yangon
11031

Alerts

Be the first to know and let us send you an email when Bo Bo Bike Shop Trading Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share