06/10/2026
အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် မဆင်မခြင်ကားမောင်းမှုကြောင့် ယာဉ်မတော်တဆဖြစ်လုနီးပါး ဖြစ်ပွားခဲ့
⚽အင်္ဂလန်အမျိုးသားအသင်းနှင့် အဲဗာတန်အသင်းတို့၏ အဓိကဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် (Jordan Pickford) သည် ၎င်း၏ ပေါင် ၂ သိန်းတန် လမ်ဘော်ဂီနီ (Lamborghini) စူပါကားကို မဆင်မခြင် မောင်းနှင်ခဲ့သဖြင့် ယာဉ်မတော်တဆမှု ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည့်အတွက် သတိလက်လွတ် ကားမောင်းနှင်မှု စွပ်စွဲချက်ကို ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။
⚽Cheshire မြို့တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်၌ ပစ်ဖို့ဒ်သည် လမ်းဘေးအချက်ပြဆိုင်းဘုတ်ကို လျစ်လျူရှုကာ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သောကြောင့် အခြားမော်တော်ယာဉ်နှစ်စီးမှာ တိုက်ခိုက်မှုမဖြစ်အောင် ဘရိတ်အရေးပေါ် အပြင်းအထန် အုပ်ခဲ့ရပြီး၊ ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ရကြောင်း တရားရုံးထွက်ဆိုချက်များအရ သိရသည်။
⚽အသက် ၃၂ နှစ်အရွယ် ဂိုးသမား ပစ်ဖို့ဒ်၏ ထိုအမှုအတွက် လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် Chester မက်ဂျစ်စထရိတ် တရားရုံး၌ ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။
---------------------------------------------------
ကျွန်တော်တို့ Melbet နဲ့လက်တွဲပြီး Partner လုပ်လိုပါက Page Messenger မှတဆင့် သို့မဟုတ် Telegram 📱 / သို့မဟုတ် Viber - +959775255585 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။