Royal Fitness gym-3 North Dagon

Royal Fitness gym-3 North Dagon Be Fit,Be Strong & Be Healthy

🏆 WE ARE HIRING — RECEPTIONIST 🏆💪 ROYAL FITNESS GYM 3Fitness ကို စိတ်ဝင်စားပြီး လူတွေနဲ့ Friendly ဖြစ်စွာ ဆက်ဆံပြောဆိုနိ...
16/08/2026

🏆 WE ARE HIRING — RECEPTIONIST 🏆
💪 ROYAL FITNESS GYM 3

Fitness ကို စိတ်ဝင်စားပြီး လူတွေနဲ့ Friendly ဖြစ်စွာ ဆက်ဆံပြောဆိုနိုင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။
Royal Fitness Gym 3 Team မှာ Receptionist အဖြစ် လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ 👑

📌 Position: Receptionist
💰 Salary: 400,000+sales bonus+gymအသုံးပြုခွင့်
⏰ Working Hours:
🌅 မနက် 6:30 AM – 11:30 AM
🌆 ညနေ 3:00 PM – 8:00 PM

✨ တာဝန်များ
• Member များအား Friendly & Professional Service ပေးခြင်း
• Membership & Payment စီမံခြင်း
• Phone / Messenger မှ Customer Inquiry များ ဖြေကြားခြင်း
• Reception Area သပ်ရပ်စွာ ထိန်းသိမ်းခြင်း
• Daily Reception Operation များကို စနစ်တကျ လုပ်ဆောင်ခြင်း

💡 လိုအပ်ချက်များ
✔️ Communication Skill ကောင်းမွန်သူ
✔️ Customer Service Mindset ရှိသူ
✔️ သပ်ရပ်ပြီး တာဝန်ယူမှုရှိသူ
✔️ Teamwork ကောင်းမွန်သူ
✔️ Computer အခြေခံအသုံးပြုနိုင်သူ

📍 Location:
အမှတ် (1196)၊ ဦးဝိစာရလမ်းမကြီး၊ (42) ရပ်ကွက်၊ အုပ်ပုံဆိပ်မှတ်တိုင်အနီး၊ မြောက်ဒဂုံမြို့နယ်။

📞 Contact: 09 795 270 525

မြောက်ဒဂုံနှင့်အနီးတဝိုက်နေထိုင်သူများအား ဦးစားပေးခန့်ပါမည်။ CV formအား Viber ph no 09795270525 သို့ပေးပို့လျောက်ထားနိုင်ပါသည်။

🔥 Join Royal Fitness Gym 3 — Grow Stronger Together! 👑

10/06/2026
09/06/2026

🔥 စွမ်းအင်တွေအပြည့်နဲ့ အသက်ဝင်နေတဲ့ Royal Fitness Gym ရဲ့ ဒီကနေ့မြင်ကွင်း! 💪

ခန္ဓာကိုယ်အချိုးအစားလှပချင်သူတွေ၊ ကျန်းမာကြံ့ခိုင်ချင်သူတွေအတွက် Royal Fitness မှာ လိုအပ်တာတွေ အကုန်ရှိပါတယ်နော်။ ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်းပဲ ကျွန်မတို့ Gym ရဲ့ Member တွေကတော့ ဒီနေ့လည်း အားကြိုးမာန်တက်ပါပဲ... 💯
🏋️‍♂️ Weight Training Area မှာ အကြိတ်အနယ် ကစားနေသူတွေ၊
💥 ခေတ်မီစက်ပစ္စည်းတွေနဲ့အတူ စနစ်တကျ လေ့ကျင့်နေသူတွေအပြင်၊
🥊 သီးသန့်သတ်မှတ်ထားတဲ့ နေရာမှာ Boxing ကို တက်တက်ကြွကြွ လေ့ကျင့်နေကြတာ တကယ့်ကို မိုက်ပါတယ်။
ပြည့်စုံကောင်းမွန်တဲ့ Facilities တွေ၊ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ အမြဲအသင့်ရှိနေတာမို့... ကဲ၊ မိတ်ဆွေရော ဒီနေ့အတွက် Workout လုပ်ဖို့ အဆင်သင့်ပဲလား? 🤩
အခုပဲ Royal Fitness ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🙌

📍 [အမှတ်)၁၁၉၆)ဦးဝိစာရလမ်းမကြီး၊ကတို့ဆိပ်မှတ်တိုင်အနီး၊(၄၂)ရပ်ကွက်၊မြောက်ဒဂုံ။]

📞 [09795440817,09795270525]

04/06/2026

အားကစားလုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပုံစံဖြစ်အောင် ပုံသွန်းထုဆစ်နေတာပါ။ 🏋️‍♂️✨

Gym ဆော့တာပဲဖြစ်ဖြစ်၊ Boxing အားကစားပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါရာကို ရွေးချယ်ပြီး Challenge ခေါ်လိုက်ပါ။ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကျန်းမာပြီး အမိုက်စား Body Shape တစ်ခု ပိုင်ဆိုင်ဖို့အတွက် Royal Fitness က အဆင်သင့် စောင့်ကြိုနေပါတယ်။ 💪👑

ဒီနေ့ပဲ သင့်ရဲ့ Fitness Journey ကို စတင်လိုက်ရအောင်!

23/05/2026



Royal Fitness Gym ၏ ချစ်ခင်လေးစားရပါသော မန်ဘာများရှင် -💦💦၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း Royal Fi...
09/04/2026

Royal Fitness Gym ၏ ချစ်ခင်လေးစားရပါသော မန်ဘာများရှင် -

💦💦၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်
ပွဲတော်ကာလအတွင်း Royal Fitness Gym branch အားလုံးကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

💦💦(၁၂.၄.၂၀၂၆) ရက်နေ့မှ (၁၉.၄.၂၀၂၆) ရက်နေ့အထိပိတ်ထားမည်ဖြစ်ပြီး
(၂၀.၄.၂၀၂၆) ရက်နေ့ (တနင်္လာနေ့)တွင်ပုံမှန်အချိန်အတိုင်းဖွင့်လှစ်သွားပါမည်။
အဆိုပါ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မန်ဘာများ၏ လေ့ကျင့်ခန်းလုပ်ဆောင်မှု နစ်နာမှုမရှိစေရန်အတွက် ကျွန်တော်တို့ Royal Fitness Gym မှ ပိတ်ရက် (၆) ရက်အတွက် မန်ဘာသက်တမ်းကို အစားထိုး ပြန်လည်တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

💦💦မန်ဘာများအားလုံး အတာသင်္ကြန်အခါသမယမှာ ဘေးကင်းလုံခြုံစွာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေကြောင်းနှင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

☎️09795440817,09795270525


၁၃၈၇ ခု တပို့တွဲလပြည့်နေ့ (၁.၂.၂၀၂၆)နေ့ တနင်္ဂနွေနေ့ သြဝါဒပါတိမောက်အခါတော်နေ့တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့ သိ...
01/02/2026

၁၃၈၇ ခု တပို့တွဲလပြည့်နေ့
(၁.၂.၂၀၂၆)နေ့ တနင်္ဂနွေနေ့
သြဝါဒပါတိမောက်အခါတော်နေ့
တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့
သိမှတ်ဖွယ်ရာများ
***********************************
(၁)။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၂)။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်
❖အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း၊
❖အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း၊
❖အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း၊
❖ဘုရားရှင်တိုင်း သြ၀ါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း ဤထူးခြားချက် “လေးမျိုး” ကို တွေ့ရှိရပါသည်။
(၃)။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို “သြ၀ါဒ” ဟု ခေါ်ပါသည်။ ထိုသြ၀ါဒမိန့်ကြားတော်မူခြင်းကို သြ၀ါဒပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။
(၄)။ ပါတိမောက်သည် “သြ၀ါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက်” ဟူ၍ နှစ်မျိုးရှိပါသည်။ သြ၀ါဒ ပါတိမောက်ကို မြတ်စွာဘုရားရှင်တို့ ကိုယ်တိုင်သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် “အာဏာပါတိမောက်” ကိုသာ ပြခွင့် ရှိပါသည်။
(၅)။ သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်းတိုသော ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို ဝါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြ၀ါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ဝါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။
(၆)။ ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို
❖တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း၊
❖ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း၊
❖ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်း ဖြစ်ခြင်း၊
❖မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း၊ ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။
(၇)။ ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင်
ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြ၀ါဒ ပါတိမောက် ကို ပြတော်မူပါသည်။
(၈)။ သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာ အတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။
“သြ၀ါဒ ပါတိမောက် ဂါထာတော်များမြန်မာပြန်”
(၁)။ ခန္တီကျင့်သုံး၊ အမြတ်ဆုံး၊ ရှေးထုံး လိုက်နာအပ်။
(၂)။ နိဗ္ဗာန်ဓာတ်သား၊ အမြတ်ထား၊ ဘုရားမိန့်တော်မှတ်။
(၃)။ ပဗ္ဗဇိတ၊ မှန်တုံက၊ လုံး၀မညှင်းအပ်။
(၄)။ ညှင်းဆဲပါက၊ သမဏ၊ လုံး၀ မခေါ်အပ်။
❖အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင်၊ ဖြူအောင် စိတ်ကိုထား။
❖ဘုရားတိုင်းသာ၊ ဟောမိန့်မှာ၊ သုံးဖြာ ဤစကား။
❖ဘုရားတပည့်၊ ထားသတိ၊ ပွားဘိ ဤတရား။
(၁)။ သူ့ကို စွပ်စွဲ ၊ မပြုဘဲ ၊ နှုတ်လဲ စောင့်နိုင်စေ။
(၂)။ သူ့ကိုညှင်းဆဲ၊ မသတ်ဘဲ၊ ကိုယ်လဲ စောင့်နိုင်စေ။
(၃)။ ပါတိမောက်ထုံ၊ ဣနြေ္ဒခြုံ၊ လုံအောင် စောင့်နိုင်စေ။
(၄)။ စားသည့်အစာ၊ တိုင်းအတာ၊ မှန်စွာသိပါစေ။
(၅)။ နေသည့်အခါ၊ ဆိတ်ငြိမ်ရာ၊ မှန်စွာရှိပါစေ။
(၆)။ အဓိစိတ္တ၊ အာယောဂ ၊လုံ့လရှိကြစေ။
(၇)။ ဗုဒ္ဓဆုံးမ၊ သြ၀ါဒ ၊ လောကကျင့်နိုင်စေ။

📞 ဆက်သွယ်ရန်
• လိပ်စာ: အမှတ် (၁၁၉၆) ဦးဝိစာရလမ်းမကြီး ၊အုတ်ပုံဆိပ်မှတ်တိုင်အနီး (၄၂)ရပ်ကွက်၊မြောက်ဒဂုံ။
• ဖုန်းနံပါတ်များ: 09795440817, 09795270525

Royal fitness gym instock available price-30,000/-ks💪 Gym သမားတွေအတွက် Clean Snack ရွေးချယ်မှု – DAILY ME Granola 🍫🌰Work...
12/12/2025

Royal fitness gym instock available
price-30,000/-ks

💪 Gym သမားတွေအတွက် Clean Snack ရွေးချယ်မှု – DAILY ME Granola 🍫🌰

Workout လုပ်ပြီးတိုင်း အားပြန်ဖြည့်ဖို့
မလိုအပ်တဲ့ Sugar များတဲ့ Snack မစားချင်ဘူးဆိုရင်
👉 DAILY ME Granola က Best Choice ပါ 🔥

✔️ Oats • Nuts • Seeds
✔️ Protein & Fiber ပါဝင်
✔️ Energy ကြာရှည်ပေး
✔️ Muscle recovery ကိုကူညီ
✔️ Fat control + Lean body support

စားသုံးနိုင်တဲ့ နည်းလမ်းများ
🥣 Yogurt / Milk နဲ့ မနက်စာ
🏋️ Post-workout snack
🍌 Fruit topping အနေနဲ့
👜 Gym bag ထဲထည့်သယ်လို့ရတဲ့ Clean Snack

Action Plan (Gym Lifestyle)
• Pre-workout → Granola + Banana
• Post-workout → Granola + Greek Yogurt
• Weight control → Portion ½–1 ခွက်သာ
• Muscle gain → Nut-rich flavor ရွေး

Dark Chocolate / Honey Almond / Trail Mix
👉 ကိုယ့် Goal နဲ့ကိုက်ညီတာကို ရွေးလိုက်ပါ 💥

Eat Clean. Train Hard. See Real Results


ဗိုက်အလွတ်နဲ့ ရေနွေး------------------------------အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။လူကြီးမင်းများအားလုံး ကောင်းကျိ...
20/11/2025

ဗိုက်အလွတ်နဲ့ ရေနွေး
------------------------------
အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ကောင်းကျိုးတွေ ခံစားနိုင်ကြဖို့ အဓိက လိုရင်းကို ပြောပါ့မယ် ... ။

“မနက်အိပ်ရာ ထထခြင်း”

ဘာမှမစားသေးခင်(ဗိုက်ဟောင်းလောင်း)မှာ ရေနွေးဖြူ

(Warm Water)ကို ရေခွက်-၄-ခွက်သောက်ပါ။

စစခြင်းမှာ ၄.ခွက် သောက်နိူင်မှာ မဟုတ်လို့ ၁ခွက်လောက်က စသောက်ပြီး တိုးသောက်သွားပါ ။

ရေနွေးဖြူသောက်ပြီး-၄၅.မိနစ်ကြာမှ...အစာ စ စားပါ။

ဂျပန်က ဆရာဝန်အုပ်စု အတည်ပြုခဲ့တဲ့ ရေနွေးဖြူ ကုထုံးက အောက်ပါရောဂါများကို ကုစားနိင်ပါသည်။

၁။ ဆီးချိုရောဂါ

= ၃ဝ-ရက်အတွင်း

၂။ သွေးတိုးရောဂါ

= ၃၀-ရက်အတွင်း

၃။ အစာအိမ်ပြဿနာ

= ၁၀-ရက်အတွင်း

၄။ ကင်ဆာအမျိုးစုံ

= ၉-ရက်အတွင်း

၅။ သွေးပြန်ကြော ပိတ်ခြင်း

= ၆-လအတွင်း

၆။ အစားအသောက်ပျက်ခြင်း

= ၁ဝ-ရက်အတွင်း

၇။ သားအိမ်နဲ့စပ်ဆက်ရောဂါ

= ၁ဝ-ရက်အတွင်း

၈။ နား၊ နှာခေါင်း၊ လည်ပင်းပြဿနာ =၁ဝ-ရက်အတွင်း

နာမည်ကျော် နှလုံးအထူးကု က ပြောတယ် - ဒီစာကို ရတဲ့လူဟာ ရှေ့ဆက်ပြီး ပို့ပေးမယ်ဆိုရင် လူပေါင်းမြောက်များစွာအတွက် အန္တရာယ်ကင်းမှုနဲ့ အသက်ကယ်စရာအကြောင်း ဖြစ်လိမ့်မယ် တဲ့ ... ။

ရေနွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာတောင်မဟုတ်ဘူး ... ။

ဂျပန်မှာ များပြားလှတဲ့ သမားတော်ကြီးတွေဟာ ရေနွေးနဲ့ ကုသခြင်းကြောင့် ၁၀၀% ရလဒ်ကောင်းတွေ ရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ် ... ။

အဲ့ဒီ့ရလဒ်တွေထဲက တချို့ကို ပြောပါမယ် -

-: ခေါင်းကြီးကိုက်ရောဂါ (ပျို့အန်ခြင်း ၊ အမြင်ထိခိုက်ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏခေါင်းကိုက်မှု) ၊

-: သွေးတိုးခြင်း ၊

-: သွေးအားနည်းခြင်း ၊

-: အဆစ်အလက်တွေ နာကြင်ခြင်း ၊

-: နှလုံးခုန်နှုန်းအရမ်းမြန်ခြင်း သို့မဟုတ် နှေးကွေးခြင်း ၊

-: ရုတ်တရက် လဲကျပြီး သတိလစ်သွားတတ်သော အာရုံကြောရောဂါ ၊ (ဝက်ရူးပြန်ရောဂါ) .

-: အဆီ ၊ ကိုလတ်စ်ထရောလ်ဓာတ် ၊

-: ချောင်း အပြင်းအထန် ဆိုးခြင်း ၊

-: စိတ်မငြိမ်ခြင်း ၊

-: လည်ချောင်းနာခြင်း ၊

-: ပန်းနာရောဂါ ၊

-: ချောင်းနက်ရောဂါ သို့မဟုတ် ကြက်ညှာချောင်းဆိုး ရောဂါ ၊

-: သွေးကြောများ ပိတ်ဆို့နေခြင်း ၊

-: ဆီးအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများအားလုံး ၊

-: အစာအိမ် အချဉ်ပေါက်ခြင်း ၊

-: အစာအိမ်နာရောဂါ ၊

-: ဆာလောင်မှု နည်းပါးခြင်း ၊

-: မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနှင့်သက်ဆိုင်သော ရောဂါအားလုံး ပါဝင်သည် ... ။

ကုသနည်း
--------------
နေ့စဉ်မနက်စောစော ထပါ ... ပြီးရင် ဘာမှမစား ၊ မသောက်သေးပဲ 160cc အရွယ်အစားရှိ ဖန်ခွက် လေးခွက်ခန့်သောက်ပါ ... ရေဟာ ပူရမှာဖြစ်ပေမယ့် လျှာကျက်လောက်အောင် ပူခြင်းမျိုးမရှိရပါ ... ပူတယ်ဆိုရုံလောက်သာ ဖြစ်ရပါမယ် ... ။

ရှောင်ရှားရန်မှာ -

ရေသောက်ပြီး (၄၅) မိနစ်ထိအောင် ဘာတစ်ခုမှ စားခြင်း ၊ သောက်ခြင်း မရှိရပါ ... ဒါ့အပြင် အစား စားပြီးတိုင်း နှစ်နာရီတိုင်အောင် ရေလုံးဝ မသောက်ရပါ ... ။

အချို့သူတွေဟာ အစပိုင်းမှာ ဖန်ခွက် လေးခွက်မသောက်နိုင်ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း လေးခွက်ထိရောက်အောင် လုပ်ရပါမယ် ... ။
ရေနဲ့ အမျိုးအမျိုးသော ရောဂါတွေကို ကုသခြင်းဟာ သတ်မှတ်ကာလတွေနဲ့ အတည်ဖြစ်ထားပါတယ် ... အဲ့ဒါတွေကတော့ -

-: သကြားဓာတ် - ရက် (၃၀) .

-: သွေးတိုး - ရက် (၃၀) .

-: အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါဟူသမျှ - (၁၀) ရက် .

-: ရှိသမျှ ကင်ဆာအမျိုးအစား အာလုံး - (၉) လ .

-: သွေးကြောပိတ်ခြင်း - (၆) လ .

-: စားချင်စိတ် နည်းပါးခြင်း - (၁၀) ရက် .
-: ဆီအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများ - (၁၀) ရက် .

-: နား ၊ နှာခေါင်း ၊ လည်ချောင်း - ရက် (၂၀) .

-: အမျိုးသမီးရောဂါများ - (၁၅) ရက် .

-: နှလုံးနဲ့ နှလုံးဆိုင်ရာ ရောဂါများ - ရက် (၃၀) .

-: ခေါင်းကြီးကိုက်ရောဂါ - (၃) ရက် .

-: သွေးအားနည်းခြင်း - ရက် (၃၀) .

-: အဆီ ၊ ကိုလတ်စ်ထရောလ် - (၄) လ .
-: ရုတ်တရက် လဲကျပြီး သတိလစ်တတ်တဲ့ အာရုံကြောရောဂါနဲ့ သွက်ချာပါဒရောဂါများဟာ (၉) လ ဆက်တိုက်သောက်ရင် ပျောက်ကြောင်း အာမခံချက်ရှိထားပါတယ် ... ။

-: ပန်းနာ ၊ အသက်ရှူကြပ်ရောဂါများ - (၄) လ .

ရှေးဟောင်း ဆေးပညာတွင်လည်း မနက်စာ မစားခင် ရေနွေးသောက်ခြင်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း ဖော်ပြထားပြီး အလွန်ပဲ အလေးအနက်ပြုထားပါတယ် ... ။

လက်တွေ့စမ်းသပ်ကြည့်ပါ ... ။

*ရေအေး ဆိုရင်တော့*
===============

ရေအေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ရောဂါမဖြစ်စေဘူးဆိုရင်တောင် နုပျိုမှုကုန်ဆုံးပြီးတဲ့နောက်မှာ အဆိုးဝါးဆုံး ရောဂါသည်ကြီး ဖြစ်စေလိမ့်မယ် တဲ့ ... ။

ရေအေးဟာ နှလုံးရဲ့သွေးကြော (၄) ခုကို ပူးသွားစေတယ် ... နှလုံးရဲ့သွေးကြောမကြီးကိုလည်း ပိတ်သွားစေတယ် ... နှလုံးရောဂါဖြစ်ဖို့ အကြောင်းခံဖြစ်တတ်တယ် ... ။

အများအားဖြင့် နုပျိုတုန်းမှာ နှလုံးရောဂါဖြစ်ရတာဟာ အအေးများ သောက်ခြင်းကြောင့်ပါ ... ။

ရေအေးဟာ အသည်းကို ပျက်စီးစေတဲ့ အကြောင်းခံဖြစ်တယ် ... အဆီတွေဟာ ရေအေးကြောင့် စုပြီး ခဲသွားတတ်တယ် ... ။

စိတ်တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ စောင့်မျှော်နေသူတွေရဲ့ မူလအကြောင်းရင်းဟာ ဒီရေအေးပါပဲ ... ။
# # # အမှန်က ရေအေးဟာ အစာအိမ်အတွင်းပိုင်းက အကာအရံတွေကို ထိခိုက်စေပြီး သကြားဓာတ်ကို ဖြစ်ပေါ်စေတယ် ... ။

ရေအေးဟာ အစာအိမ်နဲ့ အူမကြီးကို အန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါရဲ့အကြောင်းခံဖြစ်တတ်တယ် ... ။

လူအားလုံးကို ပြောပြပါ ...
မျှဝေပေးပါ။
Crd

#ရေနွေး

😮 သင်မသိထားခဲ့တဲ့ အစားအစာနဲ့ ကိုယ်ခန္ဓာအကျိုးပြုတယ်တိုတာသိလာ?🧄 ကြက်သွန်ဖြူ 👉 အသည်းကြက်သွန်ဖြူက အသည်းကို သန့်စင်ပေးပြီး သ...
17/11/2025

😮 သင်မသိထားခဲ့တဲ့ အစားအစာနဲ့ ကိုယ်ခန္ဓာအကျိုးပြုတယ်တိုတာသိလာ?

🧄 ကြက်သွန်ဖြူ 👉 အသည်း
ကြက်သွန်ဖြူက အသည်းကို သန့်စင်ပေးပြီး သွေးသန့်စေတယ်ဆိုတာ သတိထားမိဖူးလား?

🍅 ခရမ်းချဉ်သီး 👉 နှလုံး ❤️
ခရမ်းချဉ်သီးကို လှီးကြည့်မယ်ဆိုရင် နှလုံးပုံစံနဲ့တူသလို… နှလုံးကျန်းမာရေးကို အရမ်းကူညီပေးပါတယ်။

🥚 ကြက်ဥ 👉 အရိုး၊ အကျံ 💪
ဥထဲမှာ ပါဝင်တဲ့ ပရိုတိန်းနဲ့ ဓာတ်ထုတွေကြောင့် အရိုးအကျံအတွက် အရေးကြီးဆုံးအစားအစာတစ်ခုပါ။

🍇 စပျစ်သီး 👉 အဆုတ် 🫁
စပျစ်သီးပုံစံက အဆုတ်အနဲ့ တူသလို… အန်တီအောက်စီဒန့်တွေကြောင့် အဆုတ်ကို ကာကွယ်ပေးနိုင်ပါတယ်။

✨ အစားအစာနဲ့ ကိုယ်ခန္ဓာဟာ သဘာဝအံ့သြဖွယ်အဆက်အသွယ်ရှိနေတာကို သိဖူးပါသလား?
👉 မယုံမနားချင်ရင် ဒီအစားအစာလေးတွေကို နေ့စဉ် စမ်းကြည့်လိုက်ပါ… အကျိုးသိသာမယ် 💚

---

#ကျန်းမာရေး #အစားအစာနဲ့ကျန်းမာရေး #အာဟာရသိပ္ပံ #သဘာဝကျန်းမာရေး #အသည်း #နှလုံး #အရိုးအကျံ #အဆုတ်

Address

ဦးဝိစာရလမ်း၊ မြောက်ဒဂုံမြို့နယ်
Yangon
11421

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00

Telephone

+959795440817

Website

Alerts

Be the first to know and let us send you an email when Royal Fitness gym-3 North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Fitness gym-3 North Dagon:

Shortcuts

Share