Chelsea 4U

Chelsea 4U Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chelsea 4U, Stadium, arena & sports venue, Yangon.

ပိုင်ရှင်တွေနဲ့ မာရက်စ်ကာ ဂွပြဲတဲ့ သတင်းတစ်ပုဒ်ထပ်ပြီးတက်လာတာကဘာလဲဆိုတော့ ၊ ဒီ ထရေဘာ ချာလိုဘာကို ပြန်ခေါ်ပြီး ချဲလ်ဆီးမှ...
08/01/2026

ပိုင်ရှင်တွေနဲ့ မာရက်စ်ကာ ဂွပြဲတဲ့ သတင်းတစ်ပုဒ်ထပ်ပြီးတက်လာတာကဘာလဲဆိုတော့ ၊ ဒီ ထရေဘာ ချာလိုဘာကို ပြန်ခေါ်ပြီး ချဲလ်ဆီးမှာ ပြန်လည်အသုံးပြုတဲ့ပုံစံမျိုးကို နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အဲလက် ဒီဆာဆီကို အသင်းရဲ့ squad ထဲကိုပြန်လည်ထည့်သွင်းပြီး market value ပြန်ရှာခိုင်းတဲ့ ကိစ္စပဲ ။

ဒါကို မာရက်စ်ကာက သဘောမတူခဲ့ဘူးလို့ဆိုတယ် ။ ဒါဆိုရင် ပြောစရာကဘာလဲဆိုတော့ ချာလိုဘာပြန်ရောက်လာတာကလဲ မာရက်စ်ကာကြိုက်လို့မဟုတ်ပဲ အသင်းဘက်က ဆုံးဖြတ်ချက်ဖြစ်တယ်။

အဲ့ဒီအချိန်တုန်းကတည်းက မာရက်စ်ကာနဲ့ အဂ်ဘာလေတို့ကြားမှာ ဂွပြဲနေတယ်လို့ဆိုနိုင်တယ်။

ပြောရရင် မနေ့က ဘာခံစားချက်မှ မထားပဲ ကြည့်တာတောင် တော်တော် ပူလောင်ရတယ် ။ တော်တော်လေးလဲ ဒုက္ခပေးတဲ့ ပိုင်ရှင်တွေပါ။ ကိုယ်တ...
08/01/2026

ပြောရရင် မနေ့က ဘာခံစားချက်မှ မထားပဲ ကြည့်တာတောင် တော်တော် ပူလောင်ရတယ် ။ တော်တော်လေးလဲ ဒုက္ခပေးတဲ့ ပိုင်ရှင်တွေပါ။ ကိုယ်တွေက ရိုမန်ခေတ်မှာ အာပေးခဲ့တာဆိုတော့ ဘယ်တုန်းကမှ မျက်နှာ မငယ်ခဲ့ရဘူး ။ တစ်ခုခုအဆင်မပြေဖြစ်တိုင်း ရိုမန်ရှိတယ်ဆိုတဲ့ စိတ်က ခွန်အားဖြစ်စေတယ် ။ တကယ်လဲ ရိုမန်က အသင်းက နံပါတ် (၁) ပဲ ကျန်တာတွေ စိတ်မဝင်စားဘူးး။

နည်းပြအဆင်မပြေရင်လဲ ဘယ်လောက်ပဲ နာမည်ကြီးတဲ့ နည်းပြဖြစ်ပါစေ ထုတ်ပစ်တယ် ။ ပြန်ခန့်တဲ့နည်းပြကလဲ ထုတ်တဲ့နည်းပြထက် ပိုကောင်းချင်မှကောင်းလိမ့်မယ် ဒါပေမယ့် မနိမ့်ခဲ့ဘူး ။တချိန်ချိန်မှာတော့ ပြန်လည်ဉီးမော့လာလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးရတယ် ။ ရိုမန်ဟာ သိပ်ရိုးရှင်းပါတယ် ။ ခန့်လိုက်တဲ့ နည်းပြတိုင်းကိုလဲ authority အပြည့်ပေးတယ် ။ မင်းလိုချင်တဲ့သူကို ငါဝယ်ပေးမယ် ငါလိုချင်တဲ့ အသင်းကို မင်းတည်ဆောက်ပေး ၊ တည်ဆောက်မပေးနိုင်ရင် ဒိုးပဲ ။ ဘယ်လောက်ထိရိုးရှင်းလဲဗျာ ။

ခုတော့ အဲ့လိုမဟုတ်တော့ဘူး ။ အားကစား ဒါရိုက်တာ (၅) ယောက်ထိရှိတယ် ။ ရှိတဲ့ (၅) ယောက်က တစ်ယောက်တစ်မျိုးနဲ့ ။ အသင်းထက် သူတို့ စီးပွားရေးကိုသာ ဉီးစားပေးကြတော့တယ် ။ နည်းပြကို authority မပေးကြတော့ဘူး ။ သူတို့ကြိုးဆွဲရာကနိုင်မဲ့နည်းပြမျိုးကိုပဲ ခန့်တယ် ။ လိုချင်သလိုချယ်လှယ်လို့မရတော့ရင် ထုတ်ပစ်မယ် ။ ပြောရရင် ဒါကလဲ သိပ်ကိုရိုးရှင်းပါတယ် ။ ချဲလ်ဆီးဆိုတဲ့ နာမည်ကို မကြည့်တော့တာတစ်ခုပဲ ။ ဉီးစားမပေးတော့တာ တစ်ခုပဲ။ ချဲလ်ဆီးဟာ ဘောလုံးအသင်းမဟုတ်တော့ပဲ စီးပွားရေး အသင်းကြီးတစ်ခုသာ ဖြစ်လို့နေတော့တယ် ။ ရင်နာစရာသိပ်ကောင်းပါတယ် ။

ချဲလ်ဆီးဟာ ကမ္ဘာ့ချန်ပီယံတဲ့ သိပ်ကိုကြားလို့ကောင်းတဲ့ နားဝင်ပီယံဖြစ်တဲ့ စကားပဲ ။ ဒါပေမယ့် မကြာခင်မှာ ပျောက်ကွယ်တော့မယ်ဆိုတဲ့ ခံစားချက်မျိုးရနေတာကတော့ ကျနော်တို့ ကံကြမ္မာလို့ပဲပြောရမလား ၊ ဝဋ်ကျွေးလို့ပဲ ပြောရမလား။ ဗုဒ္ဓကတော့ ဟောခဲ့ပါတယ် ကိုယ်ပြုတဲ့ကံ ကိုယ်သာခံတဲ့ ၊ ခုတော့ ဒီပိုင်ရှင်တွေပြုတဲ့ကံကို ငါတို့က ဘာလို့ခံနေရလဲ စဉ်းစားလို့်မတတ်နိုင်တော့ဘူး ။

မနေ့ညက ဒီတစ်လုံးက ကျနော်တို့အတွက် အတော်လေးနစ်နာခဲ့တယ်လို့ဆိုနိုင်တယ် ။ ကျနော့်အတွက်တော့ တကယ်ကို လက်သင့်ခံဖို့ ခက်ခဲခဲ့တယ...
05/01/2026

မနေ့ညက ဒီတစ်လုံးက ကျနော်တို့အတွက် အတော်လေးနစ်နာခဲ့တယ်လို့ဆိုနိုင်တယ် ။ ကျနော့်အတွက်တော့ တကယ်ကို လက်သင့်ခံဖို့ ခက်ခဲခဲ့တယ် ။ မန်ချက်စတာစီးတီးလဲ အခွင့်အရေးရခဲ့ပါတယ် ။ ဒီအလုံးဝင်သွားရင် ပွဲအဖြေပြောင်းလဲမယ် ဘာညာ ပြောချင်တာ မဟုတ်ဘူး ။ ဒီကစားသမားရဲ့ ခြေစွမ်း အပြုအမူကိုပြောချင်တာဖြစ်တယ် ။

တကယ်ကို ပေါ့ပျက်ပျက်နိုင်လွန်းတယ် ။ မိုးပေါ်ထောင်သွားမှ မျက်နှာပေါ် လက်ကြီးအုပ်ပြီး ခံစားပြနေတာက ရှက်စရာပဲ ။ နက်တိုအနေနဲ့ အာရုံစူးစိုက်မှု သိပ်ပေါ့လျော့တယ် ။ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုတော့ ကစားသမားတွေကြားက ယုံကြည်မှု နားလည်မှု အားနည်းခဲ့တယ် ။ အန်ဇိုရလာတဲ့ ဘောလုံးကို သူ့အနေနဲ့ အန်ဇိုပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဂိုးကန်ဖို့ အသင့်ဖြစ်နေရမှာ ၊ ဒါပေမယ့် သူမဖြစ်နေဘူး ၊ သူ့ရဲ့ ကိုယ်ဟန်အနေထားကိုကြည့်မယ်ဆို ရှေ့ကိုနဲနဲစိုက်နေတာကိုမြင်တွေ့ရလိမ့်မယ် ။ ဒါက အန်ဇိုပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်မှု လျော့ကျနေတာလို့ဆိုနိုင်တယ် ။သူပေးမယ်လို့ မထင်ဘူးပေါ့ ။

နောက်တစ်ခုက ဘောလုံးအပေါ် အာရုံရှိမနေဘူး ။ စိတ်က ကွင်းထဲမှာ ရှိမနေဘူးလို့ဆိုနိုင်တယ် ။ သူ့ဘေးနားမှာ ဘယ်သူတွေဝန်းရံပြီးကစားနေလဲ သူသိပုံမရဘူး ။ တကယ်လို့ သူကန်ဖို့ မသေချာရင်လဲ နောက်မှာ ဂျာအိုရှိနေတယ် အလွတ်ကြီးပဲ ။ ဒါပေမယ့် နက်တိုဟာ ဂျာအို ရှိနေတာကို သိတဲ့ပုံတောင်မပေါ်ဘူး ။

တခါတလေ ကစားသမားတွေ concentration lost ဖြစ်တာကို ကျနော်လက်ခံပေးလို့ရပါတယ် ။ ဒါပေမယ့် ဒီကစားသမားဟာ ဒီတစ်ပွဲထဲမဟုတ်တော့ဘူး ။ ပွဲစဉ်တိုင်းကို ပေါ့ပျက်ပျက်ဖြစ်နေတာ ။ တချို့ ပရိတ်သတ်တွေကတော့ ပြေးလွှားနေတာမြင်ပြီး ကောင်းလိုက်တာလို့ မြင်ကောင်းမြင်နိုင်တယ် ။ ဒါပေမယ့် ကျနော် မမြင်နိုင်ဘူး ခေါင်းကြီးငုံ့ပြီးပြေးလွှားနေတာကလွဲလို့ အသင်းပေါ်မှာ ဘာထိရောက်မှုမှ ကောင်းကောင်းမလုပ်နိုင်ဘူး ။ သူနဲ့ပြေးအားချင်းယှဉ်နိုင်တဲ့ နောက်တန်းနဲ့ဆိုရင် 1Vs1 တွေမကျော်တော့ဘူး ။ ဘာလို့လဲဆိုတော့ သူ့မှာ skill. အလုံလောက်မရှိလို့ပဲ ။ တနည်းအားဖြင့်ပြောရရင်တော့ ကွင်းထဲမှာ အာရုံအပြည့်မရှိလို့ဖြစ်တယ် ။

ကျနော် ဒီကစားသမားကို ဝေဖန်ပစ်တင်ခဲပါတယ် ဒါပေမယ့် ဒီတခါတော့ သည်းခံဖို့ ခက်ခဲလို့ပါ

ပြဿနာတွေက အဂ်ဘာလေပါပဲမာရက်စ်ကာထုတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ အဂ်ဘာလေကအဓိကကျပါတယ် ။ တော့ ဘိုလေးနဲ့ အဂ်ဘာလေကြားမှာတောင် အကွဲ...
01/01/2026

ပြဿနာတွေက အဂ်ဘာလေပါပဲ

မာရက်စ်ကာထုတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ အဂ်ဘာလေကအဓိကကျပါတယ် ။ တော့ ဘိုလေးနဲ့ အဂ်ဘာလေကြားမှာတောင် အကွဲအပြဲတွေရှိနေတာပါ ။ တော့ ဘိုလေက နည်းပြ အန်ဇိုမာရက်စ်ကာအပေါ်မှာ ဝင်ရောက်စွက်ဖက်တာတွေကိုမကြိုက်ဘူးလို့ သိရတယ် ။ ဒါပေမယ့် အားလုံးက အဂ်ဘာလေဘက်မှာပဲရှိတော့ ဘာမှမတတ်နိုင်ပဲ လက်လျော့လိုက်ရပြီး မာရက်စကာကိုထုတ်ပယ်တဲ့အထိဖြစ်ခဲ့တာပါပဲ

🔹 ရာသီအလယ်မှာ အပြောင်းလဲ လုပ်မယ်ဆိုရင်တောင် ၊ ဘာအကျိုးကျေးဇူးမှရှိမှာ မဟုတ်ဘူးလို့ ချဲလ်ဆီး အသင်းဘုတ်အဖွဲ့က ယုံကြည်နေပါတ...
30/12/2025

🔹 ရာသီအလယ်မှာ အပြောင်းလဲ လုပ်မယ်ဆိုရင်တောင် ၊ ဘာအကျိုးကျေးဇူးမှရှိမှာ မဟုတ်ဘူးလို့ ချဲလ်ဆီး အသင်းဘုတ်အဖွဲ့က ယုံကြည်နေပါတယ် ။ လက်ရှိ လူစာရင်းအပေါ်မှာလဲ ပြည့်အဝ confident ရှိတယ်လို့ ဆိုပါတယ် ။

🔹 ဒဏ်ရာရ လူစာရင်းများပြားနေသည့်တိုင်အောင် ဒီလူစာရင်းဟာ ဒီရာသီမှာ ယှဉ်ပြိုင်ဖို့ လုံလောက်တယ်လို့ ယုံကြည်နေပါတယ် ။ ဒီရာသီအသင်းရဲ့ ရည်ရွယ်ချက်ကလဲ premier league Top 4 နဲ့ league cup တစ်ခုရဖို့သာဖြစ်တယ်လို့ ဆိုပါတယ် ။

ဒီနေ့ ဘုန်းမောက်နဲ့ပွဲမှာလဲ ဂျိမ်းစ် + ကူကူရယ်လာ + ကိုးပါးမားတို့ ပါဝင်ဖို့ မသေချာ ❌

🔹 အီယမ် မက်ဆန်ရဲ့ လက်ထိဘောဟာ လူပြောစရာဖြစ်ခဲ့တာမှန်ပါတယ် ။ ဒီဂိုးသာ ရသွားရင် ပွဲက ပြီးသလောက်ဖြစ်သွားတာလဲ ဖြစ်နိုင်တယ် ။ ...
28/12/2025

🔹 အီယမ် မက်ဆန်ရဲ့ လက်ထိဘောဟာ လူပြောစရာဖြစ်ခဲ့တာမှန်ပါတယ် ။ ဒီဂိုးသာ ရသွားရင် ပွဲက ပြီးသလောက်ဖြစ်သွားတာလဲ ဖြစ်နိုင်တယ် ။ နစ်နာခဲ့တာတော့ အမှန်ပါ ။ ဒါပေမယ့် ဒါကိုဖယ်ပြီး အသင်းရဲ့ တစ်ပွဲလုံးအတိုင်းအတာရ ခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့ နိုင်ဖို့ရာ မလုံလောက်ခဲ့ဘူးလို့ပြောရပါမယ် ။

🔹 ပွဲစဉ်တစ်ပွဲအနိုင်ရဖို့ တစ်ပွဲလုံး အကောင်းဆုံးအနေထားမှာ ရှိမှရပါမယ် ။ စိတ်ဓာတ် ၊ ခွန်အား နှစ်ခုလုံး balance ဖြစ်နေရပါမယ် ။ ဒါပေမယ့် ကျနော်တို့ ချဲလ်ဆီးဟာ ရာသီတစ်လျှောက်လုံးမှာ တစ်ပွဲလုံး ကောင်းတဲ့ပွဲစဉ်ဟာ လက်ချိုးရေလို့ရပါတယ် ။ ဒါဟာ ချဲလ်ဆီးရဲ့ ပြဿနာပါပဲ ။

🔹 ပွဲပေါင်းအများကြီး ကစားရမှာဖြစ်တဲ့အတွက် ကစားသမားတွေအားလုံး လန်းဆန်းတက်ကြွဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစားသမားတွေကို rotation လုပ်ပြီးကစားစေတဲ့ အသင်းရဲ့ strategy plan ကိုလဲအပြစ်တင်ရမှာဖြစ်တယ် ။ ဒါကပဲ first lineup ကိုမတည်မငြိမ်ဖြစ်စေပြီး ။ ခြေစွမ်းပါ မတည်မငြိမ်ဖြစ်ရတယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ် ။

🔹 The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒီ ဇန္နဝါရီမှာ ပထမအသင်းအတွက် လူထပ်ခေါ်ဖို့ မရှိဘူးလို့သိရတယ် ။ အဲ့ဒီအတွက် အလု...
26/12/2025

🔹 The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒီ ဇန္နဝါရီမှာ ပထမအသင်းအတွက် လူထပ်ခေါ်ဖို့ မရှိဘူးလို့သိရတယ် ။ အဲ့ဒီအတွက် အလုပ်ရှုပ်မနေပါဘူးတဲ့ဗျာ ။ သို့ပေမယ့် လာမဲ့ နွေရာသီမှာတော့ ပစ်မှတ်ထား လုပ်ဆောင်ဖို့ ရှိတယ်လို့ပဲ ဆိုပါတယ် ။

🔹 လက်ရှိ သူတို့ တွေးနေတာက အသင်းရဲ့ အနာဂါတ်ပါ ၊ အဲ့ဒါကြောင့် လူငယ်တွေကိုပဲ ဝယ်ယူနေအုံးမယ်လို့ သိရတယ် ။ အသင်းရဲ့ development အတွက် ဝယ်ယူမယ် အငှားချမယ် ဒါတွေကိုပဲ လက်ရှိအချိန်မှာ ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ် ။

ဒီလူတွေ‌နဲ့တော့ ခက်တော့ခက်နေပါပြီ 😰

" အန်ဒရေ ဘိုအက်စ် စပါးမှာ ရှိစဉ်တုန်းက ကျနော့်ကို ပထမဆုံး ခေါ်ယူဖို့ လုပ်တာက စပါးပါ ချဲလ်ဆီးမဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားတိ...
25/12/2025

" အန်ဒရေ ဘိုအက်စ် စပါးမှာ ရှိစဉ်တုန်းက ကျနော့်ကို ပထမဆုံး ခေါ်ယူဖို့ လုပ်တာက စပါးပါ ချဲလ်ဆီးမဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားတို့ သိတယ်မဟုတ်လား ?ချဲလ်ဆီးနဲ့ စပါးက နှိုင်ယှဉ်လို့မရဘူးလေ ၊ ချဲလ်ဆီးဟာ ပိုကောင်းတဲ့အသင်းပဲ ၊ဒါ့ကြောင့် ကျနော် ချဲလ်ဆီးကိုရွေးလိုက်တယ် ၊ မှန်ကန်တဲ့ရွေးချယ်မှုလဲဖြစ်ခဲ့တယ် ၊ ဘာ့ကြောင့်လဲဆိုတော့ ချဲလ်ဆီးမှာ ဘောလုံးကို ကောင်းကောင်းကစားခဲ့ရတယ် ၊ ပြီးတော့ ဆုဖလား တချို့ကိုလဲ ရခဲ့တယ်လေ ၊ သိပ်ကို အံ့ဩစရာကောင်းပါတယ် "

အော်စကာ (ချဲလ်ဆီးကစားသမားဟောင်း)

ချဲလ်ဆီး Vs အက်စ်တွန်ဗီလာ (ပွဲကြို) ✅🔹 ဒီတစ်ပတ်ကတော့ ချဲလ်ဆီးအတွက် နောက်ထပ် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ရောက်လာပြန်ပြီလို့ ပြောလ...
24/12/2025

ချဲလ်ဆီး Vs အက်စ်တွန်ဗီလာ (ပွဲကြို) ✅

🔹 ဒီတစ်ပတ်ကတော့ ချဲလ်ဆီးအတွက် နောက်ထပ် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ရောက်လာပြန်ပြီလို့ ပြောလို့ရတယ် ။ ဒီပွဲကတော့ physical ချင်း ယှဉ်ဖိုက်တာထက် နည်းဗျူဟာချင်း ယှဉ်ပြိုင်တာကို အများကြီးမြင်ရမဲ့ပွဲလို့ပြောနိုင်တယ် ။

🔹 တဖက်က အေဗီလာရဲ့ ပဲ့ကိုင်ရှင် အူနှိုင်း အမ်မရီကလဲ နည်းဗျူဟာအခင်းအကျင်းကို သိပ်ပြီး ဉီးစားပေးလွန်းတဲ့နည်းပြမျိုးဖြစ်သလို ချဲလ်ဆီးရဲ့ ပဲ့ကိုင်ရှင် အန်ဇို မာရက်စ်ကာကလဲ နည်းဗျူဟာပိုင်း သိပ်ကို ပါးနပ် ကျွမ်းကျင်တဲ့ နည်းပြလို့ပြောလို့ရတယ် ။ ဒါ့ကြောင့် နည်းဗျူဟာပိုင်းကို စိတ်ဝင်တစားရှိတဲ့ ကြားပရိတ်သတ်တွေအနေနဲ့လဲ ဒီပွဲက လက်မလွှတ်သင့်တဲ့ပွဲတစ်ပွဲ ဖြစ်တယ် ။

🔹 လက်ရှိ current form အရတော့ အေဗီလာဟာ အပြတ်သတ်သာတယ်လို့ ဆိုနိုင်တယ် ။ ခုဆိုရင် ပြိုင်ပွဲစုံ (၁၀) ပွဲဆက် အနိုင်ယူထားတယ် ။ ဒီထဲမှာ ယူနိုက်တက် ၊ အာဆင်နယ် ၊ ဘရိုက်တန် တို့လို အင်အားကြီး အသင်းတွေပါဝင်နေတယ် ။ တကယ်ကို သတိထားစရာပါပဲ ၊ ချီးကျူးစရာပါပဲ ။ လီဗာပူးကိုသာ ရှုံးထားတာကလွဲလို့ အသင်းကြီးတွေအားလုံး နိုင်ထားတယ် ၊ စီးတီး ၊ စပါးတို့လဲပါဝင်နေတယ် ။ ဒီရာသီအစမှာ ရုန်းကန်ရတာကလွဲလို့ နောက်ပိုင်း rhythm မှန်လာပြီး နိုင်တဲ့ပွဲစဉ်တွေမှာလဲ ခြေစွမ်းကမညံ့ခဲ့ဘူး သူတင်ကိုယ်တင် ကစားနိုင်ခဲ့တာဖြစ်တယ် ။

🔹 ချဲလ်ဆီးဘက်ကိုကြည့်မယ်ဆိုရင်တော့ မတည်မငြိမ် ခြေစွမ်းကို မြင်ရလိမ့်မယ် ၊ မထင်မှတ်တဲ့ပွဲစဉ်တွေမှာ သိပ်ကောင်းပြပြီး နိုင်ပြီထင်တဲ့ပွဲမှာတော့ ရှုံးပြန်တယ် ။ အားရစရာမရှိဘူးလို့ ဆိုရမှာပါ ။ ထူးခြားတာက ချဲလ်ဆီးက physical အရယှဉ်တဲ့ပွဲတွေမှာ ၊ low block setup ကို ဖောက်ထွင်းရတဲ့ပွဲစဉ်တွေမှာ ချဲလ်ဆီး ရုန်းကန်ရတာပါ ။ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်ရတဲ့ပွဲစဉ်တွေမှာတော့ နည်းပြမာရက်စ်ကာက အကြောက်လန့်မရှိ လုပ်တတ်ကိုင်တတ်တယ်လို့ဆိုနိုင်ပါတယ် ။ ဒီပွဲကလဲ physical ထက် ဗျူဟာပိုင်းကိုပဲ အသားပေးလာမှာဖြစ်လို့ current form အရ အေဗီလာက သာသည့်တိုင်အောင် ချဲလ်ဆီးအတွက် အခွင့်ရေးအများကြီးရှိတယ်လို့ ယူဆနိုင်ပါတယ် ။

🔹 Head to Head ဖြစ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်တော့ ၊ အေဗီလာက ခုနောက်ပိုင်းမှာ ချဲလ်ဆီးကို ဒုက္ခပေးတဲ့အသင်းထဲပါတယ်လို့ပြောနိုင်တယ် ။ 2010 နောက်ပိုင်း ပရီးမီးယားလိဒ်မှာ (၂၄)ကြိမ်တွေ့ထားတယ် ။ ချဲလ်ဆီးက ၁၄ကြိမ်နိုင်တယ် ။ ဗီလာက (၆)ကြိမ် ၊ သရေ (၄)ကြိမ်ဆိုတော့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ချဲလ်ဆီးက အပြတ်သတ်ပဲ ။

🔹 ဒီနေရာမှာ နည်းပြ အူနှိုင်း အမ်မရီ နဲ့ ချဲလ်ဆီးရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလဲ သတိပြုရမယ် ။ အူနှိုင်း အမ်မရီဟာ ချဲလ်ဆီးနဲ့တွေ့တိုင်း ရုန်းကန်ရတတ်တဲ့အနေထားမှာတော့ ရှိနေတယ် ၊ပြိုင်ပွဲစုံ (၁၃)ကြိမ်တွေ့ထားတယ် ။(၆)ကြိမ်ရှုံး ၊ (၄)ကြိမ်နိုင် ၊ (၃)ကြိမ် သရေကျထားတယ် ။ မှတ်မှတ်ရရဆိုရင်တော့ အာဆင်နယ်ကို ချဲလ်ဆီးက ယူရိုပါလိဒ် ဖိုင်နယ်မှာ (၄-၁) နဲ့ နိုင်တဲ့ပွဲစဉ်မှာ အာဆင်နယ် နည်းပြက အူနှိုင်း အမ်မရီပဲဖြစ်တယ် ။ ဒီနေရာမှာ သတိပြုစရာကတော့ အနိုင်ယူထားတဲ့ (၄)ပွဲမှာ (၃)ပွဲက အေဗီလာနဲ့ အနိုင်ယူထားတာဖြစ်တယ် ။ စိတ်ဝင်စားစရာပါပဲ ။

🔹 ဆိုတော့ စိတ်ဝင်စားဖွယ် tactical Point of View ကို တစ်ချက်ကြည့်ရအောင်
ချဲလ်ဆီးကတော့ သူတို့ရဲ့ ပုံစံအတိုင်း heavy possession style. နဲ့ ကစားလာလိမ့်မယ် ။ ကွယ်လယ်မှာ box midfield shape ကိုပုံဖော်လိမ့်မယ် ။ အထူးသဖြင့် ဒီနေ့ပွဲမှာ မာလို ဂတ်စ်တို ၊ ကူကူရယ်လာ နဲ့ ဂျိမ်းစ်က အရေးပါလာလိမ့်မယ် ။ box midfield မှာ numerical advantages ရဖို့ပဲ ကြိုးစားလာလိမ့်မယ် ။အဲ့ဒီကနေတဆင့်ပဲ အေဗီလာရဲ့ back line ကို ကောင်းကောင်း ခြိမ်းခြောက်လိမ့်မယ် ။ အဲ့ဒီမှာ အရေးပါလာတာက ကိုးပါးမားပဲ ၊ အေဗီလာရဲ့ back line နဲ့ Midfield ကြားမှာ သူ့ရဲ့အလုပ်လုပ်ပုံကောင်းလေ အေဗီလာအတွက် ထိူးနှက်ချက်ဖြစ်လေ ဖြစ်လိမ့်မယ် ။ ပါးမားဆီကနေ ထွက်လာမဲ့ passingတွေနဲ့ တောင်ပံတွေဆီကနေ output ကိုအများကြီး မျှော်လင့်လို့ရတယ် ။ ဒီနေရာမှာ အန်ဇို ပါလာရင်တော့ shape က တမျိုးကွဲသွားတာမျိုးလဲဖြစ်နိုင်တယ် ။

🔹 အန်ဇိုလဲပါမယ် ၊ ဂတ်စ်တိုလဲပါမယ်ဆိုရင်တော့ ချဲလ်ဆီးရဲ့တောင်ပံမှာ နက်တို တစ်ယောက်ထဲလဲဖြစ်သွားနိုင်ပြီး ၊ပါးမားကိုညာ တောင်ပံထုတ် ဂတ်စ်တိုကို pocket area မှာ သို့မဟုတ် overlap, underlap အနေနဲ့ သုံးသွားတာမျိုးလဲ ဖြစ်နိုင်တယ် ။ ဒီပုံစံကတော့ အေဗီလာလို high line တင်ကစားပြီး ၊ midfield overload ကစားတဲ့အသင်းအတွက် အဆင်ပြေဆုံးဖြစ်လိမ့်မယ်။

🔹 ဆို‌တော့ အေဗီလာဘက်ကိုကြည့်တဲ့အခါမှာ အေဗီလာဟာ midfield overload ကို ဒဲ့တည်ပြီးကစားတဲ့အသင်းဖြစ်တယ် ။ ချဲလ်ဆီးရဲ့ကွင်းလယ်ကို numerical advantages ယူပြီး ထိုးနှက်လိမ့်မယ် ။ မဂ်ကင်း + ကာမာရ +အိုနာနာ + တိုင်လီမန် +ရော်ဂျာ ဒီကစားသမားတွေဟာ ကွင်းလယ်ကစားသမားတွေကြီးပဲဖြစ်တယ် ။ သူတို့ရဲ့ အဲ့ဒီကွင်းလယ်အစုဖွဲ့ကနေပဲ တိုက်စစ်က အိုလီ ဝက်ကင်ကို support ‌ပေးလိမ့်မယ် ။ ဒီတစ်ပေါက်ကိုတော့ ချဲလ်ဆီးအနေနဲ့ physical ချင်း ယှဉ်ဖိုက်ရတာမျိုးလဲဖြစ်သွားနိုင်တယ်။ ဆို‌တော့ ဒီနေ့ပွဲမှာ Midfield Battle ကိုတော့ ကောင်းကောင်းမြင်ရလိမ့်မယ် ။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကွင်းအားသာတဲ့ချဲလ်ဆီးအတွက်တော့ ပိုပြီး favorite team ဖြစ်လိမ့်မယ် ။ တဖက်ကလဲ ၁၁ပွဲဆက်အနိုင်ရဖို့ကြိုးစားလာမှာဆိုတော့ ရှယ်ကြည့်ကောင်းမဲ့ပွဲစဉ်ပါပဲ ၊ tactical Point of View အရကြည့်မဲ့ ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ်မသင့်တဲ့ပွဲပါ

Shout out to my newest followers! Excited to have you onboard! Aung Naing Lin, Ko Thant Zin, အလွမ် မြတ်ရည်, SoeMoe Naing...
24/12/2025

Shout out to my newest followers! Excited to have you onboard! Aung Naing Lin, Ko Thant Zin, အလွမ် မြတ်ရည်, SoeMoe Naing, Chit Min, Thar Thar, Minchit Thu, Ko Naing, KO Tun, Thi Ha, A Phine, Jame Gum, Tun Tun Soe, Naw Lahpai, Nang Sal, TinSan Aung, Ai Isaac, Ko Phyo, U Than Myint, Yan Moe Aung, Kaung Lay, Kyaw Min Thein, Nu Nu Lay, Nay AungAung, ကျန်စစ် မင်း, Aung Ko, Myo Thin Wine, Ko Moe, Hnaung Khit, Ko Zaw

  - Pegasus Airlines
23/12/2025

- Pegasus Airlines

Happy Birthday My bro 🎊🥳🎈
21/12/2025

Happy Birthday My bro 🎊🥳🎈

Address

Yangon
11422

Website

Alerts

Be the first to know and let us send you an email when Chelsea 4U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share