07/10/2023
"Human Error နှင့် Technology "
ဒီတစ်ခါတော့ နည်းပညာပြဿနာမဟုတ်ပဲ လူတို့ရဲ့ စိတ်အခြေနေ၊ ဆုံးဖြတ်ချက်အမှားတွေကြောင့် နစ်နာသွားခဲ့ရတာတွေလဲ ရှိတာကို ပရီးမီးယားလိဂ်ပွဲက သက်သေပြခဲ့ပါတယ်။
Liverpool နှင့် Tottenham ပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်တာကြောင့် VAR ဆွေးနွေးမှုအသံဖိုင်ကို Liverpool တို့ အရဲတဝံ့တောင်းဆိုခဲ့ကြပြီး အခုတော့ လူအများရှေ့ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။
ဒီးယက်ဇ်ရဲ့ ဂိုးကို ဒိုင်ဆိုင်မွန်ဟိုပါက အလံထောင်တဲ့အပေါ် VAR လက်ထောက်ဒိုင် ဒါရင်းအင်္ဂလန်က သေချာမစိစစ်ပဲ check complete လို့ မှားယွင်းဆုံးဖြတ်ခဲ့ပါတယ်။
အချိန်အနည်းငယ်ကြာပြီးတဲ့နောက် အနှေးပြအော်ပတာကို ကြည့်တဲ့အခါ VAR ရဲ့ Check complete ဆိုတာကို သံသယဝင်ခဲ့ကြပြီး အင်္ဂလန်ရဲ့ ဆုံးဖြတ်ချက်ဟာ off-side မဟုတ်ပဲ on-side ဖြစ်ကြောင်း ထောက်ပြကြတဲ့အခါ အင်္ဂလန်က သူ့အမှားကို သိပြီး အလန့်တကြားအော်ဟစ်ဆဲဆိုခဲ့ပါတယ်။
ဒါပေမယ့် သေချာမစဉ်းစားပဲ ဆုံးဖြတ်ခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ခြင်းမရှိပဲ ပွဲကို ပြန်လည်စခဲ့တဲ့အပြင် ကွင်းထဲက အဖွဲ့နဲ့လဲ တိုင်ပင်မှုမရှိတာကတော့ အတော်ဆိုးရွားပြီး ရုပ်ပေါက်လွန်းပါတယ်။
ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိခဲ့ပေမယ့် ဒီတစ်ခါကတော့ အတော်လေးကို ဆိုးရွားသွားခဲ့ပါတယ်။
လီဗာပူးလို မတရားခံရမှုကို တွန်းလှန်ဖို့ ကြိုးစားနေခြင်းအပေါ် ဝိုင်းကူညီပေးကြရမယ့်အစား
စိတ်အခြေနေဖိအားတွေကြောင့် မှားတတ်မှာပဲဆိုတဲ့ အကြောင်းပြချက်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် initiative move ကို အရဲတဝံ့လုပ်ဆောင်ခဲ့တဲ့ လီဗာပူးကြောင့် အနာဂတ်မှာ decision making ပိုင်းကို သေချာစိစစ်လာကြမယ်လို့ ယုံကြည်ပါတယ်။
ဒီအခြေနေကိုကြည့်ပြီး လူတို့ရဲ့ လွဲချော်မှုတွေကို နည်းပညာကနေတဆင့် သိနိုင်သလို နည်းပညာရဲ့ ပြဿနာတွေကိုလဲ လူတို့က ဖြေရှင်းနိုင်ကြတာကြောင့် နည်းပညာကို ကောင်းကောင်းသာ အသုံးချတတ်ရင် အကျိုးများစွာရှိမှာပဲ ဖြစ်ပါတယ်။
ပွဲကြီးကြပ်သူတွေကြားက ဆွေးနွေးမှုအပြည့်အစုံကိုတော့ အောက်က ဗီဒီယိုထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်…