Olympia Fitness Centre

Call Directions

Olympia Fitness Centre Support for weight gain, loss , diet plan and training programs.

04/10/2026

💥ဝက်သား..ကိုက်လံကြော်

"Diet Plan ဆိုတာနဲ့... ဆီမပါ၊ ဆားမပါ၊ ဈေးကြီးပြီး ရှာရခက်တဲ့ နိုင်ငံခြားအစားအစာတွေစားမှ မဟုတ်ပါဘူး။
ဒါတွေမရှိရင် သင့်ရဲ့ Diet Plan က အလုပ်မဖြစ်တော့ဘူးလား?"

နယ်မှာနေတဲ့သူတွေဆို ရှာရတာမလွယ်ဘူး၊မရှိသလောက်ရှားတယ်။အဲဒါတွေမရှိလို့ Diet Plan မစားရတော့ဘူးလား။

"မြန်မာထမင်းဟင်းနဲ့ Diet လုပ်လို့ရတယ်ဆိုတာ သင်သိပါသလား?"

ဒီသင်တန်းမှာအဲဒါတွေကို အတိကျ သင်ပေးမှာဖြစ်ပါတယ်။

အခုလို Diet Plan ကိုစနစ်တကျဆွဲတတ်ချင်ရင် “ကိုယ်ပိုင် Diet Plan ရေးဆွဲနည်း" Online သင်တန်းကိုတက် လိုက်ပါ။

သင်တန်းမကြာခင် (12.10.2026) မှာဖွင့်ပါတော့မယ်။

သင်တန်းတက်ချင်ရင် ကွန့်မန့် မှာ “ DP ” လို့မန့်ခဲ့ပေးပါ။

လေးစားစွာဖြင့်

📌Diet လုပ်နေတယ်ဆိုပြီး အဆီဓာတ်ကို လုံးဝဖြတ်ပစ်လိုက်တာ မှန်ရဲ့လား? ဝိတ်ချဖို့ (သို့မဟုတ်) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet Pl...
02/10/2026

📌Diet လုပ်နေတယ်ဆိုပြီး အဆီဓာတ်ကို လုံးဝဖြတ်ပစ်လိုက်တာ မှန်ရဲ့လား?

ဝိတ်ချဖို့ (သို့မဟုတ်) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet Plan တစ်ခု ရေးဆွဲတော့မယ်ဆိုရင် လူတော်တော်များများ အရင်ဆုံးလုပ်လေ့ရှိတဲ့ အမှားတစ်ခုကတော့ "အဆီဓာတ်ကို လုံးဝ ဖြတ်ပစ်လိုက်တာ" ပဲ ဖြစ်ပါတယ်။ အဆီစားရင် ဝလာမယ်ဆိုတဲ့ အယူအဆကြောင့် အဆီကို ရန်သူလို သဘောထားတတ်ကြပေမဲ့ တကယ်တမ်းမှာတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အဆီဓာတ် (Essential Dietary Fat) တွေ ရှိပါတယ်။

Diet plan ရေးဆွဲရာမှာ အဆီဓာတ်ကို လုံးဝ ပယ်ဖျက်လိုက်တာမျိုး မပြုလုပ်သင့်တဲ့ အဓိက အကြောင်းရင်းတွေကတော့ -

• ဟော်မုန်းစနစ် ပုံမှန်လည်ပတ်နိုင်ခြင်း: ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တွေ၊ ကြွက်သားတည်ဆောက်မှုနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ပုံမှန် ထုတ်လုပ်နိုင်ဖို့ အဆီဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ အဆီဓာတ် လုံးဝပြတ်လပ်သွားတဲ့အခါ ဟော်မုန်း မညီမျှမှုတွေ (Hormonal Imbalance) ဖြစ်လာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။

• ဗီတာမင်များ စုပ်ယူနိုင်ခြင်း: ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် A, D, E, နဲ့ K တို့လို ဗီတာမင်တွေဟာ အဆီဓာတ်နဲ့ ပေါင်းစပ်မှသာ ခန္ဓာကိုယ်ကနေ ကောင်းစွာ စုပ်ယူနိုင်တာ (Fat-soluble vitamins) ဖြစ်ပါတယ်။ အဆီမစားရင် ဒီဗီတာမင်တွေလည်း ချို့တဲ့သွားနိုင်ပါတယ်။

• ခန္ဓာကိုယ်စွမ်းအင်နဲ့ ဆဲလ်များ ဖွံ့ဖြိုးခြင်း: အဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးတဲ့အပြင် ဦးနှောက်ကျန်းမာရေးနဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးရေးအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဘယ်လိုအဆီမျိုးကို ရွေးချယ်စားသုံးသင့်လဲ?

အဆီတိုင်းကို ရှောင်ဖို့မလိုဘဲ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတဲ့ ကျန်းမာရေးနဲ့ ညီညွတ်သော အဆီ (Good Fats) တွေကို ရွေးချယ်စားသုံးရမှာ ဖြစ်ပါတယ်။ ဥပမာ - ထောပတ်သီး၊ သံလွင်ဆီ၊ မြေပဲ၊ သီဟိုဠ်စေ့၊ နေကြာစေ့စတဲ့ အစေ့အဆန်တွေနဲ့ အိုမီဂါ-၃ ပါဝင်တဲ့ တူနာ၊ ဆယ်လ်မွန် စတဲ့ ငါးမျိုးတွေကို နေ့စဉ် အစားအစာတွေထဲမှာ ပုံမှန် ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

ခန္ဓာကိုယ်အချိုးအစား လှပဖို့နဲ့ ကျန်းမာဖို့အတွက် အဆီကို လုံးဝဖြတ်စရာမလိုဘဲ မှန်ကန်တဲ့ အဆီအမျိုးအစားကို သင့်တင့်တဲ့ ပမာဏနဲ့ ချိန်ဆစားသုံးဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။

📢 ဒါဆိုရင် ကိုယ်ပိုင် Diet Plan တစ်ခုကို ဘယ်လို စနစ်တကျ ရေးဆွဲမလဲ?

Diet Plan တွေနဲ့ပတ်သက်ပြီး စနစ်တကျ တတ်ကျွမ်းချင်တယ်၊ ကိုယ့်ခန္ဓာကိုယ် (သို့) ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီမယ့် Diet Plan ကို ကိုယ်တိုင် သေချာဆွဲတတ်ချင်တယ်ဆိုရင်တော့ လာမယ့် (12.10.2026) နေ့မှာ "ကိုယ်ပိုင် Diet Plan ဆွဲနည်းသင်တန်း" ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ချင်တယ်ဆိုရင်တော့ ကွန့်မန့်မှာ DP လို့ မန့်ခဲ့ပေးပါ။ သင်တန်းအကြောင်း အသေးစိတ်ကို ရှင်းပြပေးပါမယ်။ 👇

လေးစားစွာဖြင့်

01/10/2026

💥ကြက်၊ပဲ၊အားလူးဟင်း

"Diet Plan ဆိုတာနဲ့... ဆီမပါ၊ ဆားမပါ၊ ဈေးကြီးပြီး ရှာရခက်တဲ့ နိုင်ငံခြားအစားအစာတွေစားမှ မဟုတ်ပါဘူး။
ဒါတွေမရှိရင် သင့်ရဲ့ Diet Plan က အလုပ်မဖြစ်တော့ဘူးလား?"

နယ်မှာနေတဲ့သူတွေဆို ရှာရတာမလွယ်ဘူး၊မရှိသလောက်ရှားတယ်။အဲဒါတွေမရှိလို့ Diet Plan မစားရတော့ဘူးလား။

"မြန်မာထမင်းဟင်းနဲ့ Diet လုပ်လို့ရတယ်ဆိုတာ သင်သိပါသလား?"

ဒီသင်တန်းမှာအဲဒါတွေကို အတိကျ သင်ပေးမှာဖြစ်ပါတယ်။

အခုလို Diet Plan ကိုစနစ်တကျဆွဲတတ်ချင်ရင် “ကိုယ်ပိုင် Diet Plan ရေးဆွဲနည်း" Online သင်တန်းကိုတက် လိုက်ပါ။

သင်တန်းမကြာခင် (12.10.2026) မှာဖွင့်ပါတော့မယ်။

သင်တန်းတက်ချင်ရင် ကွန့်မန့် မှာ “ DP ” လို့မန့်ခဲ့ပေးပါ။

လေးစားစွာဖြင့်

📌ကြွက်သားတွေတက်ဖို့ အပြင်းအထန်ကစားနေပေမယ့် လိုချင်တဲ့ရလဒ်မရလို့ စိတ်ညစ်နေလား? ဒါဆိုရင်တော့ Gym ကစားသူတိုင်း သိထားသင့်တဲ့...
30/09/2026

📌ကြွက်သားတွေတက်ဖို့ အပြင်းအထန်ကစားနေပေမယ့် လိုချင်တဲ့ရလဒ်မရလို့ စိတ်ညစ်နေလား?

ဒါဆိုရင်တော့ Gym ကစားသူတိုင်း သိထားသင့်တဲ့ 📌Recovery အကြောင်းကို သေချာနားလည်ဖို့ လိုနေပါပြီ။

Muscle Protein Synthesis ဖြစ်ဖို့အတွက် Recovery က အသက်ပါပဲ။ လေ့လာမှုတွေအရ လူတစ်ယောက်နဲ့တစ်ယောက် Recovery ယူရတဲ့အချိန်တွေက မတူကြဘဲ ၂၄-၃၆ နာရီ၊ ၃၆-၄၈ နာရီကနေ ၇၂-၉၆ နာရီအထိ အမျိုးမျိုးကွာခြားနိုင်ပါတယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့ "ငါ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းသွားပြီလား" ဆိုပြီး ဇဝေဇဝါဖြစ်တတ်ကြတာ သဘာဝပါပဲ။

ကိုယ့်ရဲ့ Recovery လုံလောက်မှုရှိမရှိဆိုတာ ကိုယ်ဆော့နေတဲ့ Training Program အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက ကိုယ်က Frequency (အကြိမ်အရေအတွက်) ကို ဦးစားပေးမှာလား၊ Volume (ပမာဏ) ကို ဦးစားပေးမှာလား၊ ဒါမှမဟုတ် နှစ်ခုလုံးကို မျှပြီးကစားမှာလား ဆိုတာပါပဲ။

• အကယ်၍ Frequency ကို ဦးစားပေးမယ်ဆိုရင် Volume ကို သိပ်မများအောင် ထိန်းကစားဖို့ လိုပါတယ်။

• Volume ကို ဦးစားပေးမယ်ဆိုရင်တော့ Frequency ကို ခဏမေ့ထားလိုက်ပါ။

ကိုယ်နဲ့ ဘယ် Program က အသင့်တော်ဆုံးလဲ သိချင်ရင် ဒီနည်းလမ်းလေးကို သုံးကြည့်ပါ -

• ပထမဦးဆုံး Frequency ဦးစားပေး Program ကို ၆ ပတ်တိတိ ကစားကြည့်ပါ။

• ပြီးရင် Volume training နဲ့ နောက်ထပ် ၆ ပတ် ကစားကြည့်ပါ။

• ဘယ် Program က ကိုယ့်အတွက် ပိုပြီးတိုးတက်မှုရှိလဲဆိုတာကို သေချာယှဉ်ကြည့်ပြီးမှ အကောင်းဆုံးကို ရွေးချယ်ကစားပါ။

ဒါ့အပြင် Recovery ဟာ ကိုယ်ကစားတဲ့ Reps နဲ့ Sets အရေအတွက်၊ Volume နဲ့ Intensity တွေအပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ဥပမာအားဖြင့် Full Body Workout ကို တစ်ပတ် ၃ ရက်ကစားမယ်ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအတွက် Reps နဲ့ Sets တွေ နည်းသွားတဲ့အပြင် Volume လည်း နည်းသွားတဲ့အတွက် Recovery အနေနဲ့ ၁ ရက်လောက်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။

ကဲ... အခုပဲ ကိုယ့်ရဲ့ Training Program ကို သေချာပြန်သုံးသပ်ပြီး အကောင်းဆုံး Recovery ကို ယူလိုက်ပါ! 💪✨

📌Bodybuilding နဲ့ပတ်သက်လို့ သီအိုရီတွေတတ်ကျွမ်းချင်ရင် မကြာခင်မှာထပ်ဖွင့်မည့် CBG (Batch-17) သင်တန်းကို Join လိုက်ပါ။

လေးစားစွာဖြင့်
Fitness Centre

29/09/2026

📌Diet Plan Vs Healthy Meal

Healthy Meal နဲ့ Diet Plan က လုံးဝ မတူပါ။

Healthy Meal ကယေဘုယျ ကျန်းမာရေးနဲ့ညီတဲ့အစားစာတွေဖြစ်ပါ တယ်။

Diet Plan ကတော့မိမိတစ်ဦးတည်းအတွက် သီးခြားရေးဆွဲထားတဲ့ စားသောက်မှုအစီစဥ်ပဲဖြစ်ပါတယ်။

မိမိအတွက် အစားသောက်အစီစဥ်ကို သေချာနားလည်စွာဆွဲတတ်ချင်ရင်...

📌ကိုယ်ပိုင် Diet Plan ရေးဆွဲနည်းသင်တန်း.. ကိုတက်လိုက်ပါ

✨မြန်မာထမင်း၊မြန်မာဟင်း၊မြန်မာအစားစာတွေနဲ့ပဲ Diet Plan ကို ဆွဲတတ်ချင်ရင် ဒီသင်တန်းကို Join လိုက်ပါ။
✨မိမိအတွက်ကိုယ်ပိုင် Diet Plan ကိုကိုယ်တိုင်ဆွဲတတ်ချင်ရင် ဒီသင်တန်းကို Join လိုက်ပါ။
✨"Online မှာနာမည်ကြီးနေတဲ့ Diet Plan တွေလိုက်စားရင်း၊ ငါနဲ့လည်း အဆင်ပြေမှာပဲ"ဒီလိုအတွေးတွေ၊ အယူအဆ တွေကြောင့် သင်ရဲ့ Fitness ခရီးလမ်းမှာ ရလဒ်တွေ “Zero” ဖြစ်နေရင် ဒီသင်တန်းကို Join ပါ။
✨ခန္ဓာကိုယ်ရဲ့ရလဒ်ဟာ၊မိမိဘာ‌တွေစားနေတာလဲဆိုတဲ့ အပေါ်မူတည်ပြီးရလဒ် ထွက်တာပါ။အဲဒီတော့အကောင်းဆုံး ရလဒ်ထွက်ပြီးပြောင်းလဲချင်ရင်၊မိမိကိုယ်တိုင် Diet Plan ကိုစနစ်တကျဆွဲနိုင်ဖို့ဆိုရင် ဒီသင်တန်းကို Join ပါ။

🎯 သင်တန်းအကြောင်းအရာ

💡 သင်တန်းအမျိုးစား ... Videos, Pdf files များနှင့် Telegram Private Group
💡သင်တန်းကာလ... တစ်ပတ်
💡သင်တန်းစမည့်ရက်... (၁၂.၁၀.၂၀၂၆) စပါမည်။ Online ဖြစ်တဲ့အတွက် မိမိအားတဲ့အချိန်မှာလေ့လာနိုင်ပါတယ်
💡သင်တန်းကြေး...၅၀၀၀၀ ကျပ်- KPay - 095038010 (Htin Kyaw Moe)

🎯 ဒီသင်တန်းက သင့်ကို ဘာတွေသင်ပေးမှာလဲ?

✅BMI တွက်နည်း
✅Body Fat % ကိုယ်တိုင်တွက်နည်း
✅BMR တွက်နည်း
✅ Physical Activities တွက်နည်း(လေ့ကျင့်ခန်းလုပ်တဲ့သူ၊ရုံးသမား၊အထိုင်များတဲ့သူ…..)
✅ TDEE (Total Daily Energy Expenditure) ကို နားလည်ခြင်း: သင့်ခန္ဓာကိုယ်က တစ်နေ့ကို စွမ်းအင်ဘယ်လောက် လိုအပ်လဲဆိုတာကို သိပ္ပံနည်းကျ တွက်ချက်နည်း။
✅Marconutrients တွေဖြစ်တဲ့ Protein,Carbs,Fat တွက်နည်း၊ချိန်ညှိနည်း
✅ အစားအစာ ရွေးချယ်မှုနှင့် သင့်အတွက်သင့်တော်လဲ၊ ဘယ်ပမာဏ လောက် စားသုံးရမလဲဆိုတာကို လက်တွေ့ကျ ကျ လေ့လာခြင်း။
✅Pre / Post workout Meal များအကြောင်း
✅Cheat Meal အကြောင်း
✅ ကိုယ်ပိုင် Diet Plan ရေးဆွဲနည်း (သင့်အတွက်သာ သီးသန့်ဖြစ်တဲ့၊ ပြီးပြည့်စုံတဲ့ Diet Plan တစ်ခုကို အစအဆုံး ကိုယ်တိုင်ရေးဆွဲနိုင်ခြင်း။)

🤔 ဒီသင်တန်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

• Weight Gain လုပ်ချင်ပေမယ့် ဘာစားရမှန်းမသိသူများ
• Weight Loss ကြိုးစားနေပေမယ့် အစားအသောက်ကြောင့် ရလဒ်မထွက်သူများ
• Gym ကစားနေပြီး အာဟာရပိုင်းကို စနစ်တကျသိရှိလိုသူ Fitness ဝါသနာရှင်များ
• ကျန်းမာသော နေထိုင်မှုပုံစံ (Healthy Lifestyle) ကို တည်ဆောက်လိုသူတိုင်း
• မိမိ Clients အပေါ်အဟာရလမ်းညွှန်မှုပေးချင်တဲ့ Trainers များ
• မိသားစုအပေါ် အဟာရလမ်းညွှန်မှုနှင့် စနစ်တကျချက်ကျွေးချင်တဲ့ အိမ်ရှင်မများ

🎯 သင်တန်းတက်ပြီးသွားရင် ဘာတွေဖြစ်သွားမလဲ?

• အာဟာရလိုအပ်ချက်ကို ကိုယ်တိုင်နားလည်တဲ့ Nutrition Coach တစ်ယောက်လိုဖြစ်သွားပါလိမ့်မယ်။
• Hearsay တွေကို လိုက်လုပ်ပြီး အချိန်ဖြုန်းနေမယ့်အစား၊ သင့်တစ်သက်တာအတွက် အသုံးဝင်မယ့် ဒီသင်တန်း မှာ ရင်းနှီး မြှုပ်နှံလိုက်ပါ။
• သင်တန်းတက်ပြီးသွားရင် သင့်မီးဖိုချောင်ထဲမှာ သင်နေ့တိုင်းစားနေကျ၊ သင်နဲ့ရင်းနှီးပြီးသား မြန်မာအစားအစာ တွေနဲ့ သင့်ခန္ဓာကိုယ်အတွက် အထိရောက်ဆုံး Diet Plan ကို ရေးဆွဲနိုင်ပါလိမ့်မယ်။"

🎯 သင်တန်း (၁၂.၁၀.၂၀၂၆) နေ့မှာဖွင့်ပါမယ်။
🎯 သင်တန်းကြေး: 50,000 ကျပ် - KPay - 095038010 (Htin Kyaw Moe) သို့ လွှဲပါ။
🎯 တက်ချင်ရင် Cmt: မှာ (DP) လို့မန့်ခဲ့ပေးပါ။ သို့မဟုတ် Messenger မှာ DP လို့ပို့လိုက်ပါ။

လေးစားစွာဖြင့်

29/09/2026

📌Gym သမားများမလုပ်နိုင်တဲ့အရာ

Address

အမှတ်(၄၂)၊ဘုရင့်နောင်လမ်း၊ရန်ကုန်သစ်ရပ်ကွက်၊သုဝဏ္ဏ
Yangon
11071

Opening Hours

Monday 07:00 - 11:00
15:00 - 20:00
Tuesday 07:00 - 11:00
15:00 - 20:00
Wednesday 07:00 - 11:00
15:00 - 20:00
Thursday 07:00 - 11:00
15:00 - 20:00
Friday 07:00 - 11:00
15:00 - 20:00
Saturday 07:00 - 11:00
15:00 - 20:00

Telephone

095038010

Website

Alerts

Be the first to know and let us send you an email when Olympia Fitness Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share