Medi King Company

Medi King Company Highly experienced field player. service oriented.

“ ကြိုးခုန်ခြင်း၏အကျိုးကျေးဇူးများ ”ကလေးဘဝတုန်းက ကစားခဲ့သလို ကြိုးခုန်တာကိုပြောတာ မဟုတ်ဘူးနော်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်...
19/03/2018

“ ကြိုးခုန်ခြင်း၏အကျိုးကျေးဇူးများ ”

ကလေးဘဝတုန်းက ကစားခဲ့သလို ကြိုးခုန်တာကိုပြောတာ မဟုတ်ဘူးနော်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းကြိုးခုန်တဲ့လေ့ကျင့်ခန်းကိုပြောတာပါ။ဝိတ်ချချင်သူတွေစွဲစွဲမြဲမြဲလုပ်သင့်တဲ့လေ့ကျင့်ခန်းဖြစ်သလိုအခြားကျန်းမာရေးအကျိုးကျေးဖူးတွေလည်းပေးနိုင်ပါသေးတယ်။ဒါ့ကြောင့် ဝိတ်ချဖို့ပြင်နေကြတဲ့သူတွေအတွက်ကြိုးခုန်လေ့ကျင့်ခန်းဟာဘာ့ကြောင့်အကောင်းဆုံးရွေးချယ်မှု ဖြစ်သလဲဆိုတာဝေမျှပေးလိုက်ပါတယ်။

✔️ ကယ်လိုရီများများခြေဖျက်ပေးခြင်း

တစ်နာရီလောက်ကြိုးခုန်လိုက်ရုံနဲ့ကယ်လိုရီ၁၃၀၀လောက်ချပေးနိုင်ပါတယ်။ဒါနည်းတဲ့ကယ်လိုရီမဟုတ်ပါဘူး။တစ်နေကုန်စားထားသောက်ထားသမျှကယ်လိုရီတွေရဲ့တစ်ဝက်ကျော်ကျော်လောက် ကိုတစ်နာရီကြိုးခုန်ရုံနဲ့ခြေဖျက်ပေးနိုင်မှာပါ။ပြေးတာစက်ဘီးစီးတာတွေထက်ပိုပြီးထိရောက်မှုရှိလို့ အပြင်တောင်သွားစရာမလိုပဲအိမ်မှာတင်အဆီချလို့ရတဲ့နည်းပါ။ဒါဆိုမိုးရွာရွာနေပူပူအချိန်မရွေး ကြိုးခုန်လို့ရတာပေါ့။

✔️ အကုန်အကျသက်သာခြင်း

Gymသွားနေရရင်လစဉ်ပိုက်ဆံကုန်နေပါအုံးမယ်။ကြိုးခုန်ဖို့ကြိုးလေးတစ်ချောင်းဝယ်တာပိုက်ဆံ ၂၀၀၀-၃၀၀၀လောက်ပဲကုန်ပါတယ်။ပိုက်ဆံကုန်လည်းသက်သာအကျိုးလည်းရှိလို့ကြိုးခုန်ဖို့ ကြိုးတစ်ချောင်းပြေးဝယ်လိုက်ပါ။

✔️ ကြွက်သားသန်မာစေခြင်း

ကြိုးခုန်တာကအဆီတင်ကျစေတာမဟုတ်ပါဘူး။ကျသွားတဲ့အဆီနေရာမှာကြွက်သားတွေအစားထိုး ထည့်ပေးနိုင်လို့ကျစ်ကျစ်လစ်လစ်နဲ့လှပတဲ့ခန္ဒာကိုယ်ပိုင်ဆိုင်ချင်တယ်ဆိုသူတွေအတွက်အသင့်တော် ဆုံးလေ့ကျင့်ခန်းပါ။

✔️ ခန္ဒာကိုယ်အနှံ့ကအဆီကျစေခြင်း

ကြိုးခုန်တဲ့အခါတစ်ကိုယ်လုံးကအဆီတွေကိုခြေဖျက်ပေးပါတယ်။ကြိုးခုန်တဲ့အခါတစ်ကိုယ်လုံးနေရာ အနှံ့လှုပ်ရှားလို့ပေါင်၊ခြေသလုံး၊နဲ့တင်ပါးတွေကအဆီတွေတင်ကျစေနိုင်တာမဟုတ်ပါဘူး။ဗိုက်အဆီ နဲ့လက်မောင်းကအဆီတွေကိုကျစေနိုင်လို့အပျင်းကြီးသူတွေအတွက်လေ့ကျင့်ခန်းတစ်ခုထည်းနံ့ဝိတ်ချ လို့ရပြီပေါ့
ကြိုးခုန်တဲ့အခါတစ်နာရီတောက်လျှောက်ကြီးခုန်စရာမလိုပါဘူး။၁၀မိနစ်လောက်ခုန်လိုက်နားလိုက်လုပ်ပေးပါ။မနက်မှာနာရီဝက်ခုန်ပြီးညနေမှာနာရီဝက်ထပ်ခုန်ပေးပါ။

=================================

“ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ပတ်သတ်သောအယူအဆအမှားများ ”Workoutလေ့ကျင့်ခန်းတွေနဲ့ပတ်သတ်တဲ့မှားယွင်းနေတဲ့အယူအဆတွေအများကြီးရှိပ...
12/03/2018

“ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ပတ်သတ်သောအယူအဆအမှားများ ”

Workoutလေ့ကျင့်ခန်းတွေနဲ့ပတ်သတ်တဲ့မှားယွင်းနေတဲ့အယူအဆတွေအများကြီးရှိပါတယ်။လူကြီး တွေပြောတာကြားဖူးလို့ပဲဖြစ်ဖြစ်လူတိုင်းအပြောများကြလို့ပဲဖြစ်ဖြစ်ယုံတမ်းစကားတွေအများကြီးရှိ နိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာနဲ့ပတ်သတ်ပြီးလူတွေအသိမှားနေကြတာတွေရှိလို့ဒီလိုအယူအဆ အမှားတွေကိုသိထားတော့အမှားမလုပ်မိပဲပိုပြီးအကျိုးရှိတဲ့workoutမျိုးလုပ်နိုင်မှာပါ။

✔️ မိန်းကလေးအလေးမရင်ဗလကြီးလာနိုင်တယ်

မှားပါတယ်။မိန်းကလေးတွေမှာယောင်္ကျားလေးတွေမှာရှိတဲ့ testosteroneဆိုတဲ့ဓါတ်အများကြီးမရှိလို့ ကြွက်သား တွေအလွယ်တကူမတက်လာစေနိုင်ပါဘူး။ဒါ့ကြောင့်မိန်းကလေးတွေအလေးမတိုင်းကြွက် သားတွေကြီးလာမယ်ဆိုတာမှားယွင်းတဲ့အယူအဆပါ။ဒီလိုအလေးမတဲ့လေ့ကျင့်ခန်းတွေကအဆီကို ပိုချေဖျက်ပေးနိုင်လို့ဒီလိုလေ့ကျင့်ခန်းတွေကိုလုပ်ရင်မြန်မြန်ဝိတ်ကျနိုင်ပြီးလှပတဲ့ကိုယ်လုံးအချိုးအစား ကိုရရှိစေနိုင်မှာပါ။

✔️ ကိုယ်ဝိတ်ချချင်တဲ့နေရာကိုပဲရွေးချလို့ရတယ်

ဒါလည်းမှားယွင်းတဲ့အယူအဆပါ။လေ့ကျင့်ခန်းတွေလုပ်တဲ့အခါခန္ဒာကိုယ်ကအဆီတွေကျချင်တဲ့နေရာ ကနေကျသွားမှာပါ။ဗိုက်ကအဆီပဲရွေးကျသွားအောင်လုပ်လို့ရမယ်လို့တော့မထင်ပါနဲ့။ခါးလှည့်လေ့ ကျင့်ခန်းကြောင့်ခါးကအဆီတွေပဲကျမယ်ဆိုတာလည်းမဟုတ်ပါဘူး။ကိုယ်ချချင်တဲ့နေရာလေးရွေး ကျသွားတယ်ဆိုရင်ကံကောင်းလို့ပေါ့။

✔️ လေ့ကျင့်ခန်းလုပ်ရင်အစားရှောင်စရာမလို

ဝိတ်တစ်ကယ်ကျချင်ရင်လေ့ကျင့်ခန်းလုပ်ရုံနဲ့မလုံလောက်ပါဘူး။လေ့ကျင့်ခန်းလုပ်လို့ကျသွားတဲ့အဆီ နဲ့ထပ်စားလို့တက်လာတဲ့အဆီကပိုများနေရင်ဝိတ်တောင်မကျပဲပိုဝလာပါအုံးမယ်။တတ်နိုင်ရင်အဆီ မများတဲ့အစားအစာတွေကိုရွေးစားပေးပါ။ဒါမှလေ့ကျင့်ခန်းလုပ်ရကျိုးနပ်မှာပါ။

✔️ ချွေးထွက်များရင်အဆီပိုကျတယ်

လူတစ်ယောက်နဲ့တစ်ယောက်ချွေးထွက်တဲ့ပမာဏမတူပါဘူး။သင့်သူငယ်ချင်းနဲ့တူတူလေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါလေ့ကျင့်ခန်းလုပ်တာချင်းတူတူကိုယ်ကသူ့ထက်ပိုချွေးထွက်တာမျိုးဖြစ်တတ်ပါတယ်။ ချွေးထွက်တာနဲ့အဆီကျတာနဲ့မဆိုင်ပါဘူး။ချွေးထွက်ရတာကခန္ဒာကိုယ်အပူချိန်မြင့်တက် လာလို့ပါ။အချို့ချွေးအရမ်းမထွက်စေတဲ့လေ့ကျင့်ခန်းတွေကကယ်လိုရီပိုလောင်ကျွမ်းပေးနိုင်တာမျိုး လည်းတွေ့နိုင်ပါတယ်။

✔️ နေ့တိုင်းလုပ်မှအကျိုးရှိတယ်

လေ့ကျင့်ခန်းလုပ်တာပုံမှန်လုပ်ပေးသင့်ပါတယ်။ဒါပေမယ့်နေ့တိုင်းလုပ်ပေးဖို့တော့မလိုပါဘူး။တစ်ရက် လုပ်ပြီးနောက်တစ်ရက်နားပေးတာမျိုးလုပ်ပေးသင့်ပါတယ်။သင့်ကြွက်သားတွေအရိုးတွေကနေ့စဉ်လုပ်တဲ့ လေ့ကျင့်ခန်းအပြင်းစားကြီးတွေရဲ့ဒါဏ်ကိုမခံနိုင်ပါဘူး။မလိုလားအပ်တဲ့နာကျင်မှုတွေ ရရှိစေနိုင်လို့နားနားပြီးလုပ်ပေးတာပိုကောင်းပါတယ်။

=================================

“ ကန်စွန်းဥ Diet ”ကျန်မာရေးနဲ့ညီညွတ်ပြီးထိရောက်မှုရှိတဲ့ဝိတ်ချ plan ထဲမှာကန်စွန်းဥDiet လည်းပါဝင်ပါတယ်။ ကန်စွန်းဥမှာဝိတ်က...
09/03/2018

“ ကန်စွန်းဥ Diet ”

ကျန်မာရေးနဲ့ညီညွတ်ပြီးထိရောက်မှုရှိတဲ့ဝိတ်ချ plan ထဲမှာကန်စွန်းဥDiet လည်းပါဝင်ပါတယ်။ ကန်စွန်းဥမှာဝိတ်ကျစေတဲ့အစွမ်းသတ္တိတွေအများကြီးပါဝင်ပြီးအရသာရှိတဲ့အသီးအနှံဖြစ်တဲ့အတွက် ဗိုက်ခဏခဏဆာတတ်တဲ့သူများအတွက်အကောင်းဆုံးရွေးချယ်မှုပါပဲ။ကန်စွန်းဥကိုဝိတ်ချ diet အဖြစ်ရွေးချယ်သင့်တဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

✔️ ဖိုင်ဘာပါဝင်မှု

ကန်စွန်းဥမှာဖိုက်ဘာပါဝင်မှုများတဲ့အတွက်ရေဓါတ်ကိုစုပ်ယူပေနိုင်ပြီးအစာခံစေပါတယ်။ကန်စွန်းဥ ဆိုဒ်အသေး၎လုံးလောက်စားလိုက်ရုံနဲ့ညဘက်ဘာမှထပ်စားချင်စိတ်မပေါ်စေလို့ဝိတ်ကျဖို့အတွက် အထောက်အကူအလွန်ပြုပါတယ်။ကန်စွန်းဥမှာကယ်လိုရီနည်းတဲ့အတွက်ဗိုက်ပြည့်တဲ့အထိစားလို့ရ ပါတယ်။

✔️ အာဟာရဓါတ်ပြည့်ဝခြင်း

ကန်စွန်းဥမှာလူအတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြည့်ပါတာကြောင့်ကိုယ်ခံအားကျဆင်း သွားမှုကနေကာကွယ်ပေးပါတယ်။ကန်စွန်းဥမှာပါတဲ့လိမ္မော်ရောင်ကဗီတာမင်အေဓါတ်ကိုပေးစွမ်းနိုင် ပြီးခန္ဒာကိုယ်အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆဲလ်အသစ်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။

✔️ ကန်စွန်းဥ diet plan

ကန်စွန်းဥကိုပြုတ်ပြီးဘာနဲ့မှမရောပဲစားပေးပါ။မြန်မာတွေထုံးစံအရကန်စွန်းဥကိုဆားနဲ့တို့စားတာမျိုး လုပ်တတ်ပါတယ်။ဆားအစားများရင်ဝိတ်တက်စေနိုင်ပြီးရောဂါဘယတွေရစေနိုင်လို့ဘာနဲ့မှတွဲမစား တို့မစားပဲဒီအတိုင်းစားပေးတာအကောင်းဆုံးပါ။

✔️ အခွံပါစားပါ

ကန်စွန်းဥကိုအခွံပါစားတဲ့အခါဖိုင်ဘာဓါတ်အပြည့်ရစေလို့ဝိတ်ချဖို့အတွက်ပိုပြီးထိရောက်စေပါတယ်။ သေချာဆေးကြောပြီးမှစားပေါ့နော်။ကန်စွန်းဥကိုပြုတ်ပြီးသွားရင်ရေတစ်ခါထပ်ဆေးပါ။ ဒါမှကပ်နေမယ့်ဖုံတွေသဲတွေပိုးမွှားတွေစင်ကြယ်စေမှာပါ။

✔️ အသုတ်ထဲထည့်စားပါ

အသီးရွက်သုတ်အသားငါးသုတ်တွေထဲမှာထည့်သုတ်စားလည်းရပါတယ်။အသုတ်ထဲထည့်သုတ်မယ် ဆိုရင်အရမ်းကြီးပျော့ပြီးပြဲတဲ့အထိမပြုတ်ပါနဲ့။အနေတော်အတုံးလေးတွေတုံးပြီးအသုတ်သုတ်လို့ ရမယ့်အနေလောက်ထိပဲပြုတ်ပေးပါ။

=================================

“ ဗိုက်မဆာအောင်ဘယ်လိုလုပ်မလဲ ”ဝိတ်တက်လာရတဲ့အဓိကအကြောင်းအရင်းကအစားအများကြီးစားမိလို့ပါ။ဒါ့ကြောင့်အစားအများကြီးမစားမိအောင်...
06/03/2018

“ ဗိုက်မဆာအောင်ဘယ်လိုလုပ်မလဲ ”

ဝိတ်တက်လာရတဲ့အဓိကအကြောင်းအရင်းကအစားအများကြီးစားမိလို့ပါ။ဒါ့ကြောင့်အစားအများကြီးမစားမိအောင်လုပ်တာကဝိတ်ချဖို့အကောင်းဆုံးနည်းပါ။အစားအများကြီးစားနေကျသူတစ်ယောက် ကရုတ်တရက်ကြီးအစားလျှော့ချပစ်ဖို့ကခက်ပါလိမ့်မယ်။ဒါ့ကြောင့်ဗိုက်မဆာအောင်လုပ်နည်းတွေကို သိထားရင်ဝိတ်ချဖို့လွယ်ကူသွားမှာပါ။

✔️ ကော်ဖီသောက်ခြင်း

ကော်ဖီမှာပါတဲ့ဓါတ်တွေကအစားစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ဒါ့ကြောင့်နေ့လည်စာမစားခင် နာရီဝက်လောက်မှာကော်ဖီတစ်ခွက်လောက်သောက်ပေးလိုက်ရင်ထမင်းစားတဲ့အခါစားနေကျထက် လျှော့ပြီးစားမိပါလိမ့်မယ်။ကော်ဖီသောက်တဲ့အခါအချိုတွေအများကြီးတော့ထည့် မသောက်ပါနဲ့။အဆီတက်စေနိုင်လို့ပါ။ကော်ဖီခါးခါးတစ်ခွက်လောက်သောက်ပေးတာအများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။

✔️ ရေများများသောက်ပါ

ရေသောက်ဗိုက်မှောက်နေတယ်ဆိုတာကြားဖူးမှာပေါ့။ဗိုက်ဆာတိုင်းရေသာထိုင်သောက်ပေးပါ။ ရေသောက်တဲ့အခါဗိုက်တင်ဝစေတာမဟုတ်ပါဘူး။အစာအိမ်ထဲကအက်ဆစ်ဓါတ်ကိုလည်းပျော့ သွားစေလို့ဗိုက်ဆာမှုကိုဖြေဖြောက်စေနိုင်ပါတယ်။

✔️ အစားဖြေးဖြေးစားပါ

အစားကိုဖြေးဖြေးနဲ့အကြာကြီးစားတဲ့အခါဦးနှောက်ကအစားအများကြီးစားတယ်လို့ထင်စေပြီး အစားထပ်စားချင်စိတ်ကိုလျှော့ချပေးနိုင်မှာပါ။အစားဖြေးဖြေးစားတဲ့အခါအစာကိုကြေညက်စွာ ဝါးမိစေ လို့ကျန်းမာရေးအတွက်လည်းသင့်တော်ပါတယ်။

✔️ ဂျင်းစားပါ

ဂျင်းစားတာကျန်းမာရေးအတွက်အဖက်ဖက်ကကောင်းသလိုအစားစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ဂျင်းကိုဒီအတိုင်းကိုက်စားရတာမစားချင်ဘူးဆိုရင်ဂျင်းပြုတ်ရည်လုပ်သောက်လို့ရပါတယ်။

✔️ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝပဲတစ်နေ့ကို၆နာရီလောက်တောင်မအိပ်ရင်အဝလွန်ခြင်းဖြစ်ပွားနိုင်ခြေများတယ်လို့ သိပ္ပံ ပညာရှင်တွေကလေ့လာတွေ့ရှိထားပါတယ်။အိပ်ရေးဝသူတစ်ယောက်ကအိပ်ရေးမဝသူတစ်ယောက်လောက်အစားများများမစားတာကိုလည်းတွေ့ရပါတယ်။ဒါ့ကြောင့်အိပ်ရေးဝဝအိပ်ပေးပါ။
=================================

"ခါးသေးဗိုက်ချပ်စေတဲ့အသီးအရွက်သုတ်" 🍇🍉🍌🍅🍓🥕              ခါးသိမ်ပြီးဗိုက်ချပ်ချင်သူတွေအသဲစွဲကတော့saladတွေပါ။အသီးအရွက်တွေမ...
02/03/2018

"ခါးသေးဗိုက်ချပ်စေတဲ့အသီးအရွက်သုတ်" 🍇🍉🍌🍅🍓🥕

ခါးသိမ်ပြီးဗိုက်ချပ်ချင်သူတွေအသဲစွဲကတော့saladတွေပါ။အသီးအရွက်တွေမှာကယ်လိုရီနည်းတဲ့အတွက်အများကြီးစားလည်းအဆီမတက်စေလို့ဝိတ်ချလိုသူတွေစားကြလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ့်အရွက်သုတ်ထဲမှာထည့်မိတဲ့အချို့ပါဝင်ပစ္စည်းတွေကြောင့်ဝိတ်မကျပဲဝိတ်တောင်ပိုတက်စေ တတ်ပါတယ်။ဒါ့ကြောင့်ဘာတွေထည့်သုတ်သင့်တယ်ဘယ်လိုသုတ်စားသင့်တယ်ဆိုတာဝေမျှပေး လိုက်ပါတယ်။


✔️ သံလွင်ဆီအနည်းငယ်ထည့်သုတ်ပါ

ဝိတ်ကျချင်ရင်အဆီလျှော့စားရမှာပါအဆီကိုလုံးဝကြီးရှောင်စရာမလိုပါဘူး။ဘာ့ကြောင့်လည်းဆိုတော့ ဆီကနေရရှိနိုင်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကလူ့ခန္ဒာကိုယ်အတွက်အရေးကြီးလို့ပါ။ ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ဓါတ်တစ်မျိုးကဗိုက်အဆီတွေချေဖျက်ပေးတဲ့နေရာမှာကူညီပေးနိုင်ပြီး အသုတ်ကိုလည်းအရသာရှိရှိစားရစေနိုင်လို့ကျန်းမာရေးနဲ့ညီညွတ်တဲ့သံလွင်ဆီကိုအသုံးပြုပြီး salad လုပ်စားသင့်ပါတယ်။


✔️ အသီးအရွက်မျိုးစုံရောစားပါ

အသီးအရွက်တစ်မျိုးနဲ့တစ်မျိုးပါဝင်တဲ့အဟာရဓါတ်တွေမတူညီပါဘူး။ဒါ့ကြောင့်အာဟာရဓါတ်စုံလင်စွာ ရနိုင်ဖို့အသီးအရွက်၃မျိုး၄မျိုးလောက်ရောပြီးသုတ်စားသင့်ပါတယ်။ချဉ်ပြုံးပြုံးအရသာလည်းရပြီး ဗီတာမင်Cဓါတ်ရရှိအောင်သံပုရာရည်ညှစ်တာတို့ခရမ်းချဉ်သီးထည့်သုတ်တာတို့လုပ်ပေးပါ။ဒါမှကျန်းမာရေးနဲ့ညီညွတ်တဲ့saladတစ်ခွက်ရမှာပါ။


✔️ အသားငါးထည့်သုတ်ပါ

လူတစ်ယောက်မှာလိုအပ်တဲ့အာဟာရဓါတ်တွေထဲမှာမရှိမဖြစ်တာပရိုတင်းဓါတ်ပါ။ဒီပရိုတင်းဓါတ်ကို အသားငါးကရရှိနိုင်တာဖြစ်လို့အသီးအရွက်သုတ်တွေထဲမှာအသားဒါမှမဟုတ်ငါးထည့်သုတ်ပေးသင့်ပါတယ်။အသားငါးထည့်မယ်ဆိုရင်ပြုတ်ပြီးပဲထည့်ပါ။ကြော်ထားတဲ့အသားငါးမှာကယ်လိုရီပို များတာကြောင့်ပြုတ်ထားတာထည့်မှဝိတ်ချဖို့အတွက်သင့်တော်မှာပါ။


✔️ အသီးအနှံထည့်ပါ

အသီးအနှံတွေကနေလည်းလိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေပေးနိုင်တာကြောင့်saladထဲမှာထည့်သုတ်ပေးရင်အရသာလည်းရှိကျန်းမာရေးနဲ့လည်းညီညွတ်တာပေ့ါ။

=================================

Presented to you by Medi King Company

"Smoothies သောက်ပြီးဝိတ်ချမယ်"             Smoothiesဆိုတာအသီးတွေကိုရောကြိတ်ပြီးသောက်ရတဲ့အရသာရှိတဲ့သောက်စရာတစ်မျိုးပါ။ဝိတ...
26/02/2018

"Smoothies သောက်ပြီးဝိတ်ချမယ်"

Smoothiesဆိုတာအသီးတွေကိုရောကြိတ်ပြီးသောက်ရတဲ့အရသာရှိတဲ့သောက်စရာတစ်မျိုးပါ။ဝိတ်ချ ဖို့ကြိုးစားနေသူတွေနေ့စဉ်သောက်သုံးပေးသင့်တဲ့ဖျော်ရည်ဖြစ်ပါတယ်။ဘာ့ကြောင့်လည်းဆိုတော့ smoothiesတစ်ခွက်ထဲမှာအသီးမျိုးစုံပါတဲ့အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကိုတစ်ခွက်ထဲကနေ ရနိုင်ပြီးတော့ဗိုက်ပြည့်စေတဲ့အတွက်ကျန်းမာရေးနဲ့သင့်တော်တဲ့ဝိတ်ချDietတစ်ခုဖြစ်ပါတယ်။

ဘယ်အသီးတွေကိုရွေးချယ်သင့်ပြီးဘယ်အရာတွေကိုsmoothies ထဲမှာထည့်သင့်လည်းဆိုတာဝေမျှပေးလိုက် ပါတယ်။အောက်မှဖေါ်ပြထားတဲ့ပါဝင်ပစ္စည်းတွေကိုဖျော်ရည်ဖျော်စက်ထဲပစ်ထည့်ပြီးsmoothiesလုပ် သောက်ကာဝိတ်ချကြရအောင်။

Smoothies ထဲမှာထည့်သုံးသင့်တဲ့ပါဝင်ပစ္စည်းများ

🥑 ထောပတ်သီး

ထောပတ်သီးကိုထည့်ဖျော်တဲ့အခါပျစ်ပျစ်လေးဖြစ်သွားစေလို့smoothiesလုပ်တဲ့အခါမပါမဖြစ်ထည့် သုံးသင့်တဲ့အသီးပါ။ဒါတင်မကပါဘူးထောပတ်သီးမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီပါဝင်ပြီးဗီတာမင်နဲ့ သတ္တုဓါတ်အပြည့်အဝပါလို့နေ့စဉ်စားသုံးပေးသင့်တဲ့အသီးဖြစ်ပါတယ်။ဒီအတိုင်းစားရင်အရသာသိပ် မရှိတာကြောင့်smoothies ထဲထည့်သောက်တာအကောင်းဆုံးပါ။ ငှက်ပျောသီးလည်းထည့်သောက် လို့ရပါတယ်။

🍒 ဘယ်ရီသီးများ

စတော်ဘယ်ရီသီး၊Blackberry၊ Blueberryသီးအစရှိတဲ့ဘယ်ရီသီးတွေကိုsmoothiesထဲမှာထည့်သုံး သင့်ပါတယ်။ဒီအသီးတွေကနေအချိုဓါတ်နဲ့အရသာကိုရရှိစေနိုင်တဲ့အတွက်သကြားထပ်ထည့်စရာမလို တော့ပါဘူး။ဒီအသီးတွေမှာသကြားပါဝင်မှုများတဲ့အတွက်အများကြီးတော့မထည့်ပါနဲ့။ ဘယ်ရီသီးတွေမှာအမျှင်ဓါတ်ပါဝင်မှုမြင့်မားတဲ့အတွက်ဗိုက်ပြည့်စေပါတယ်။သကြားလုံးဝမထည့်ပါနဲ့။

👉 Cinnamon

Cinnamon ဆိုတာအမွှေးအကြိုင်အတွက်အသုံးပြုရတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။metabolism ဓါတ်ကိုမြှင့်တင်ပေးနိုင်လို့အဆီခြေဖျက်နှုန်းကိုမြှင့်တင်ပေးနိုင်ပါတယ်။းဒါ့ကြောင့်smoothiesထဲမှာ ထည့်သုံးသင့်ပါတယ်

🌿 အစိမ်းရောင်အရွက်

အစိမ်းရောင်ရှိတဲ့အရွက်တွေကိုလည်းsmoothies ထဲမှာထည့်ဖျော်လို့ရပါတယ်။အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကကျန်းမာရေးနဲ့ညီညွတ်ရုံသာမကကယ်လိုရီလည်းနည်းပါးလို့ဖျော်ရည်ထဲထည့် ဖျော်သင့်ပါတယ်။

💧 ရေသို့မဟုတ်ရေခဲ

Smoothies ဖျော်တဲ့အခါအသုံးပြုလေ့ရှိတာကနွားနို့ဒါမှမဟုတ်ဒိန်ချဉ်ထည့်ဖျော်တာပါ။ဒါပေမယ့် ဝိတ်ချနေတဲ့သူတွေဟာနို့ထွက်ပစ္စည်းတွေကိုရှောင်ရှားရမှာဖြစ်တာကြောင့်နွားနို့့အစားရေသို့မဟုတ် ရေခဲသာထည့်ပြီးကြိတ်ပေးပါ။အချိုဓါတ်နဲ့အရသာတွေကိုအသီးတွေဆီကရပါလိမ့်မယ်။

=================================

Presented to you by Medi King Company

"ဗိုက်ချပ်လိမ်းဆေးအကြောင်းသိကောင်းစရာများ"         ဗိုက်အဆီကျချင်တဲ့သူတွေအကြားမှာရေပန်းစားနေတာကတော့ဗိုက်ချပ်လိမ်းဆေးပါ။ဗ...
23/02/2018

"ဗိုက်ချပ်လိမ်းဆေးအကြောင်းသိကောင်းစရာများ"

ဗိုက်အဆီကျချင်တဲ့သူတွေအကြားမှာရေပန်းစားနေတာကတော့ဗိုက်ချပ်လိမ်းဆေးပါ။ဗိုက်နေရာနဲ့ ခါးနေရာတစ်ဝိုက်မှာရှိတဲ့အဆီတွေကိုခရင်မ်လိမ်းပေးလိုက်ရုံနဲ့ဖယ်ရှားပေးနိုင်လို့ဗိုက်ခေါက်ထူသူတွေ အသည်းစွဲဖြစ်ရတဲ့productတစ်ခုပါ။လိမ်းလိုက်တဲ့အခါမှာအသားထဲစိမ့်ဝင်သွားလို့အဆီခြေဖျက်တဲ့ နေရာမှာအလွန်အသုံးဝင်ပါတယ်။

🔸 တစ်ကယ်ပဲအဆီကျစေနိုင်လား

ဗိုက်ချပ်လိမ်းဆေးကိုပုံမှန်လိမ်းပေးရင်အချိန်တိုအတွင်းအဆီတွေကိုဖယ်ရှားပေးနိုင်ပေမယ့်ယာယီသာ ဖယ်ရှားပေးနိုင်တာဖြစ်လို့လေ့ကျင့်ခန်းလည်းလုပ်ပေးပြီးကျသွားတဲ့အဆီတွေပြန်တက်မလာအောင် ထိမ်းပေးမှသာရေရှည်အဆီကျစေမှာဖြစ်ပါတယ်။ဒါ့ကြောင့်လိမ်းဆေးတစ်ခုထဲကိုအားမကိုးပဲ အသေးစားလေ့ကျင့်ခန်းလေးတွေလုပ်ပေးသင့်ပါတယ်။ဆေးလည်းလူးတယ်လေ့ကျင့်ခန်းလည်းလုပ် တယ်ဆိုရင်၃လလောက်နဲ့ဝိတ်ကျရမယ့်အစား၁လလောက်နဲ့ဝိတ်ကျသွားစေမှာပါ။

🔸 ဗိုက်ချပ်လူးဆေးကအန္တရာယ်ကင်းလား

အဆီကျစေတဲ့Productတွေဆိုရင်ဘယ်ဟာမှဘေးမကင်းဘူးလို့သတ်မှတ်ကြလေ့ရှိပါတယ်။ဘယ် product မှာမဆိုဘေးထွက်ဆိုးကျိုးကတော့ရှိမှာပါပဲ။ကိုယ့်မှာရောဂါအခံဆိုးဆိုးဝါဝါးမရှိဘူးဆိုရင် အန္တရာယ်မရှိနိုင်ပါဘူး။အဓိကထားပြီးရွေးချယ်ရမှာကတော့ကိုယ်ဝယ်တဲ့ဗိုက်ချပ်လိမ်းဆေးဘူး ပေါ်မှာ အစားအစာနဲ့ဆေးဝါးခွင့်ပြုချက်လတ်မှတ်ပါမပါကိုကြည့်ပြီးရွေးရမှာပါ။ကိုယ့်အသားပေါ်မှာပြဲရာရှိရာ ရှိနေရင်မလူးပါနဲ့။

🔸 နှိပ်နယ်ပြီးလူးပေးပါ

ဒီအတိုင်းပွတ်လိမ်းတာထက်နှိပ်နယ်ပြီးလူးပေးတာကပိုပြီးထိရောက်ပါတယ်။အသားထဲကိုပိုစိမ့်ဝင် စေနိုင်ပြီးသွေးလည်ပတ်မှုကောင်းစေလို့အာနိသင်ပိုထိရောက်စေပါတယ်။ဆေးလူးတဲ့အခါ စက်ဝိုင်းပုံပွတ်ပေးပြီးညင်ညင်သာသာဖိနှပ်ပေးပါ။

🔸 အဆီကျလိမ်းဆေးကိုကိုယ့်ဘာသာအိမ်မှာလုပ်နည်း

ပါဝင်ပစ္စည်း

- ကြိတ်ထားသောကော်ဖီမှုန့် ½ခွက်
- သကြားတစ်ခွက်
- သံလွင်ဆီ ¾ ခွက်

ဒီပါဝင်ပစ္စည်း၃မျိုးကိုရောပါ။အခဲတွေမဖြစ်နေတော့ပဲအရည်ပြစ်ပြစ်ရတဲ့အထိမွှေပေးပါ။ပြီးလျှင်ဗိုက်တစ်ဝိုက်မှာနှိပ်နယ်ပြီးလူးပေးပါ။မိနစ်၂၀လောက်ထားပြီးမှရေဆေးပစ်ပါ။

=================================

Presented to you by Medi King Company

"လေ့ကျင့်ခန်းလုပ်ပေမယ့်ဘာ့လို့ဝိတ်မကျလာတာ"          Gym သွားပြီးလေ့ကျင့်ခန်းတွေလုပ်ဝိတ်ချပေမယ့်၂လ၃လကြာတာတောင်ဝိတ်မကျလာတာ...
20/02/2018

"လေ့ကျင့်ခန်းလုပ်ပေမယ့်ဘာ့လို့ဝိတ်မကျလာတာ"

Gym သွားပြီးလေ့ကျင့်ခန်းတွေလုပ်ဝိတ်ချပေမယ့်၂လ၃လကြာတာတောင်ဝိတ်မကျလာတာမျိုးကြုံ ဖူးကြပါလိမ့်မယ်။ဒီလောက်လေ့ကျင့်ခန်းတွေလုပ်တာတောင်ဝိတ်မကျလာလို့စိတ်ဓါတ်တွေကျ ကြရတာလူအတော်များများပါပဲ။ဘာ့ကြောင့်ဝိတ်မကျလာရတာလဲဆိုတာအကြောင်းအရင်းအများ ကြီးရှိပါတယ်။ဒါ့ကြောင့်လေ့ကျင့်ခန်းလုပ်ပေမယ့်ဝိတ်မကျလာလို့စိတ်ညစ်နေသူတွေအတွက် ဘာ့ကြောင့်ဝိတ်မကျလာရတာလဲဆိုတဲ့အကြောင်းအရင်းတွေကိုဖေါ်ပြပေးလိုက်ပါတယ်။

အစားမလျှော့ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးသွားတာနဲ့အစားတွေနင်းကန်စားနေမယ်ဆိုရင်လုပ်သမျှဘာမှအရာထင်မှာမဟုတ် ပါဘူး။မောလို့ဆိုပြီးအချိုရည်တွေသောက်တာတို့အဆီများတဲ့အစားအစာတွေစားတာတို့လုပ်လေ့ရှိ တယ်ဆိုရင်ဝိတ်ကကျလာမှာမဟုတ်ပါဘူး။ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အတွက်အဆီပိုတော့ထက် မတက်လာစေနိုင်ပေမယ့်ရှိနေတဲ့အဆီတွေကတော့ကျသွားမှာမဟုတ်ပါဘူး။

ကျန်းမာရေးနဲ့သင့်တော်တာမစားခြင်း

အစားတော့နည်းနည်းပဲစားပါတယ်ဒါပေမယ့်စားတာတွေကကျန်းမာရေးအတွက်မကောင်းတာအဆီ တက်စေတဲ့အစားတွေစားတာမျိုးတွေလုပ်နေတယ်ဆိုရင်တော့လေ့ကျင့်ခန်းသေအောင်လုပ်အဆီ မကျပါဘူး။အသီးအရွက်အသီးအနှံတွေများများစားပေးပြီး KFC သွားတာ အာလူးကြော် စားတာတွေ ရှောင်ရပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်နည်းမှားနေခြင်း

လေ့ကျင့်ခန်းတော့ပုံမှန်လုပ်ပါတယ်။လုပ်နေတဲ့လေ့ကျင့်ခန်းတွေကမှားနေတယ်ဆိုရင်အချိန်ကုန် လူပန်းဖြစ်ရမှာပါ။ကိုယ်ကအဆီကျချင်တာဆိုရင်အပြေးလေ့ကျင့်ခန်းတွေချွှေးများများထွက်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးရမှာပါ။အလေးမတာမျိုးတွေကဝိတ်ကျတာကိုအဲ့လောက်အကူအညီ မပေးနိုင်ပါဘူး။အခုမှစလုပ်မယ်ဘာလုပ်ရမှန်းမသိဘူးဆိုရင် trainer အကူအညီနဲ့ တစ်ပတ်လောက် အရင်စလုပ်ပါ။

လုပ်လိုက်ရပ်လိုက်လုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါတစ်ပတ်မှာအနည်းဆုံး၄ရက်လောက်လုပ်ပေးရပါတယ်။အဲ့လိုမလုပ်ပဲ တစ်ပတ်လောက်အသေလုပ်လိုက်၂ပတ်လောက်ဘာမှမလုပ်ပဲနေလိုက်လုပ်ရင်ဝိတ်မကျပဲဝိတ်တောင် ပိုတက်လာပါလိမ့်အုံးမယ်။ဒါ့ကြောင့်ဝိတ်ကျချင်ရင်တော့၃လ၄လဆက်တိုက်တစ်ပတ်မှာ၄ရပ်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

=================================

Presented to you by Medi King Company

"ဝိတ်ကျပေမယ့်ရင်သားမသေးသွားအောင်ဘယ်လိုလုပ်မလဲ"               ဝိတ်ကျလာပြီဆိုရင်တစ်ကိုယ်လုံးကအဆီတွေတစ်နေရာပြီးတစ်နေရာတစ်ြေ...
16/02/2018

"ဝိတ်ကျပေမယ့်ရင်သားမသေးသွားအောင်ဘယ်လိုလုပ်မလဲ"

ဝိတ်ကျလာပြီဆိုရင်တစ်ကိုယ်လုံးကအဆီတွေတစ်နေရာပြီးတစ်နေရာတစ်ဖြေးဖြေးနဲ့ကျလာမှာပါ။ဒီအထဲမှာရင်သားလည်းပါတာပေါ့နော်။ဝိတ်ကျသွားတာနဲ့တစ်ပြိုက်နက်ဘရာဆိုဒ်လည်း တစ်ဖြေးဖြေးလျော့သွားမှာပါ။ပိန်ချင်လို့ဝိတ်ချပေမယ့်ရင်သားဆိုဒ်သေးသွားမှာစိုးရိမ်တဲ့သူတွေအတွက်အကြံပြုချင်ပါတယ်။သီတင်းကောင်းလည်းရှိသလိုသီတင်းဆိုးလည်းရှိပါတယ်။

သီတင်းဆိုးကတော့ဝိတ်ကျလာပြီဆိုရင်ရင်သားသေးလာတာကိုတားလို့မရပါဘူး။ဘာလို့လဲ ဆိုတော့ ရင်သားဆိုတာအဆီနဲ့တည်ဆောက်ထားတာဖြစ်လို့ပါ။အဆီချရင်တော့ရှိတဲ့အဆီတွေကျလာမှာပါပဲ။

သီတင်းကောင်းကတော့ရင်သားမသေးလာချင်ရင်ကြွက်သားတက်လာအောင်လုပ်ပြီးဆိုဒ်ကိုထိမ်းလို့ ရတာပါ။ရင်သားမှာအဆီပဲရှိတာမဟုတ်ပါဘူး။ကြွက်သားတွေလည်းရှိပြီးမှန်ကန်တဲ့နည်းလမ်းကို အသုံးပြုရင်ရင်သားကြွက်သားသန်မာလာစေနိုင်လို့ရင်သားဆိုဒ်သေးသွားတဲ့ပြသနာကနေပြေလည် စေနိုင်မှာပါ။

✔️ ဒိုက်ထိုးခြင်း

ဒိုက်ထိုးပေးတဲ့အခါရင်သားကြွက်သားတွေကိုသန်မာလာစေပါတယ်။ဒိုက်ထိုးတာကအကောင်းဆုံး လေ့ကျင့်ခန်းလို့ပြောလို့ရပါတယ်။ရင်သားကအဆီတွေနေရာမှာကြွက်သားတွေအစားထိုးဝင်လာစေ လို့တင်းတင်းရင်းရင်းနဲ့လုံးဝန်းတဲ့ရင်သားပိုင်ဆိုင်နိုင်မှာပါ။အလွံအကျွံတော့မလုပ်ပါနဲ့။

✔️ နံရံတွန်းလေ့ကျင့်ခန်း

နံရံတွန်းလေ့ကျင့်ခန်းကလည်းဘာကိရိယာမှမလိုလို့အလွယ်တကူအိမ်မှာတင်လုပ်လို့ရပါတယ်။ နံရံ ကနေ၁ပေလောက်အကွာမှာရပ်ပါ။ပြီးလျင်နံရံပေါ်လက်ထောက်လိုက်ပါ။ပြီးလျှင်လက်ကိုကွေးလိုက်ပါ။ ကွေးထားတဲ့လက်တွေကိုပြန်ဆန့်တဲ့အခါခန္ဒာကိုယ်ကိုတွန်းပြီးသားဖြစ်သွားပါလိမ့်မယ်။အခါ၂၀ လုပ်ပါ။နေ့တိုင်းလုပ်ပေးသင့်ပါတယ်။

✔️ ရေကူးပါ

ရေကူးလေ့ကျင့်ခန်းကဝိတ်လည်းကျစေသလိုရင်သားကြွက်သားသန်မာဖို့အတွက်လည်းကူညီပေး နိုင်ပါတယ်။ရေကူးတဲ့အခါရင်သားကြွက်သားတွေကိုပါအသုံးပြုရလို့အလွန်ကောင်းမွန်တဲ့လေ့ကျင့်ခန်း တစ်ခုပါ။လက်ပစ်ပဲကူးကူးဖားကူးပဲကူးကူးအကျိုးရှိပါတယ်။တစ်နေ့ကို၁နာရီလောက်အနည်းဆုံးရေကူးပေးပါ။

=================================


"အာလူးစားပြီးပေါင်၁၀၀လောက်ချကြမယ်"              အာလူးကဝိတ်တက်ချင်သူတွေအတွက်လည်းကောင်းသလိုဝိတ်ကျသူတွေအတွက်လည်းသင့်တော် ပါ...
14/02/2018

"အာလူးစားပြီးပေါင်၁၀၀လောက်ချကြမယ်"

အာလူးကဝိတ်တက်ချင်သူတွေအတွက်လည်းကောင်းသလိုဝိတ်ကျသူတွေအတွက်လည်းသင့်တော် ပါတယ်။စားပုံစားနည်းကအရေးကြီးတာပါ။ဝိတ်ကျချင်သူတွေစာသင့်တဲ့အစားစာထဲမှာအာလူးလည်း ပါပေမယ့်စားပုံစားနည်းမှားယွင်းရင်ဝိတ်တောင်ပိုတက်လာပါအုံးမယ်။ဒါ့ကြောင့်အာလူးကိုဝိတ်ကျဖို့ အတွက်ဘယ်လိုစားသင့်သလဲဘာ့ကြောင့်စားသင့်သလဲဆိုတာဝေမျှပေးလိုက်ပါတယ်။

🥔 ရင်ပြည့်စေခြင်း

အာလူးခပ်ကြီးကြီးတစ်လုံးလောက်စားလိုက်ရုံနဲ့ဗိုက်တင်းပြီးရင်ပြည့်သွားစေလို့အစားအများကြီးစားမိ ခြင်းကကာကွယ်ပေးပါတယ်။အထူးသဖြင့်ညနေစာအဖြစ်စားပေးသင့်ပါတယ်။ဒါမှညဘက်မှာဗိုက်ထပ် မဆာတော့ပဲအခြားမုန့်ပဲသွားရေစာတွေမစားမိတော့မှာပါ။

🥔 ကယ်လိုရီနည်းပါးခြင်း

အာလူးအလတ်စားတစ်လုံးမှာမှ 163ကယ်လိုရီလောက်ပဲပါပါတယ်။ဘာနဲ့မှမရောပဲဒီအတိုင်းဆို ရင်ပြောတာနော်။ကိုယ်ကအစားကြီးတယ်ဆိုရင်အလတ်စား၂လုံးလောက်စားပေးလိုက်ပေ့ါ။ အာသာလည်းပြေဗိုက်လည်းဝအဆီလည်းမတက်တော့ဘူးပေ့ါ။

🥔 ဆီကြော်တွေမစားပါနဲ့

အာလူးချောင်းကြော်တွေအာလူးပြားကြော်တွေဟာအလွန်အန္တရာယ်များတဲ့အစားအစာတွေပါ။ ဒီအာလူးတွေကျွတ်သွားအောင်ဆီဘယ်လောက်ထည့်ရတယ်ထင်ပါသလဲ။နဲနဲနောနောမဟုတ်ပါဘူး။ KFC ကအာလူးချောင်းကြော်တစ်ထုတ်စားပြီးရင်၆နာရီလောက်ပြေးပေးမှအဆီကိုခြေဖျက်နိုင်ပါလိမ့် မယ်။

🥔 ပြုတ်စားပါ

အာလူးကိုအခြားဘာနဲ့မှမရောဘဲပြုတ်စားတဲ့အကျင့်လုပ်ပါ။ဒါဆိုရင်အပိုကယ်လိုရီတွေမပါလာတော့ပဲ အဆီတက်ခြင်းကလည်းကာကွယ်ပေးနိုင်မှာပါ။ပြုတ်ပြီးအလုံးလိုက်ကြီးကိုက်စားရမှာမစားခြင်ဘူးဆိုရင်ပြုတ်ပြီးသွားတဲ့အာလူးကိုအခွံခွာပန်ကန်ထဲထည့်ပြီးဇွန်းနဲ့ဖိခြေပါ။ဆားလေးနဲနဲထည့်ပြီး စားသုံးနိုင်ပါပြီ။ဆားအများကြီးမစားပါနဲ့ဆားကလည်းအဆီတက်စေတတ်ပါတယ်။

🥔 အသီးအရွက်သုတ်ထဲရောစားပါ

အသီးအရွက်သုတ်စားတဲ့အခါအစိမ်းရောင်ရှိအရွက်တွေချည်းပဲပါရင်ဗိုက်မပြည့်ပါဘူး။ထပ်ဆာလာရင် အခြားမုန့်တွေစားမိတတ်ပါတယ်။ဒါ့ကြောင့်ဗိုက်ပြည့်စေတဲ့အာလူးကိုပြုတ်အတုံးအတုံးလေးတွေလှီးပြီး အသီးအရွက်သုတ်ထဲထည့်စားပါ။ကယ်လိုရီနည်းနည်းနဲ့ဗိုက်ကားစေပြီပေ့ါ။

=================================

Presented to you by Medi King Company

"ချွေးထွက်ရင်ဝိတ်ကျလာနိုင်လား"             ချွေးကတော့နေ့တိုင်းထွက်နေတာပါပဲ။မြန်မာပြည်လိုပူတဲ့နေရာမှာဆိုပိုဆိုးရောပေ့ါ။ကိ...
12/02/2018

"ချွေးထွက်ရင်ဝိတ်ကျလာနိုင်လား"

ချွေးကတော့နေ့တိုင်းထွက်နေတာပါပဲ။မြန်မာပြည်လိုပူတဲ့နေရာမှာဆိုပိုဆိုးရောပေ့ါ။ကိုရီးယား ကားတွေမှာဆိုရင်ချွေးထုတ်ခန်းတကူးတကတောင်သွားကြတာတွေ့ရမှာပေါ့။မြန်မာပြည်မှာ တော့ချွေးထုတ်ခန်းတောင်မလိုဘူးတစ်နေ့တစ်နေ့ ချွေးတွေထွက်လိုက်တာတစ်ခါတစ်လေ ဆိုအကျီင်္ကနေချွေးတွေညှစ်ချလို့ရလောက်အောင်ပါပဲ။

ဒီလောက်ချွေးတွေထွက်တာဝိတ်တေမကျသွားဘူးလားဆိုတော့အဖြေကကျနိုင်ပါတယ်။ဒါပေမယ့် ကျသွားတဲ့ဝိတ်က water weight လို့ခေါ်တဲ့ရေဝိတ်ပါ။အဆီတွေလောင်ကျွမ်းပြီးဝိတ်ကျသွားတာ မဟုတ်ပါဘူး။ချွေးထွက်တာတောင်အဆီကျတဲ့ချွေးနဲ့ရိုးရိုးချွေးထွက်တာကွာပါသေးတယ်။

- ဝိတ်တစ်ကယ်ကျစေတဲ့ချွေး

ပူလို့ထွက်တဲ့ချွေးကြောင့်ကျသွားတဲ့ဝိတ်ကရေသောက်လိုက်တာနဲ့ပြန်တက်လာမှာပါ။ပူလို့ချွေး ထွက်တိုင်းအဆီကျဝိတ်ကျရရင်တို့မြန်မာပြည်မှာဝတဲ့သူတောင်ရှိတော့မှာမဟုတ်ပါဘူး။ အဆီတစ်ကယ် ကျဖို့ကချွေးထွက်အောင်ကိုယ်လက်လှုပ်ရှားလုပ်ပြီးလေ့ကျင့်ခန်းတွေလုပ်မှ တစ်ကယ်ဝိတ်ကျစေမှာပါ။ချွေးထွက်အများဆုံးလေ့ကျင့်ခန်းတွေကတော့အပြေးလေ့ကျင့်ခန်း၊ကြိုးခုန်ခြင်း၊တောင်တက် ခြင်း၊လှေကားတက်ခြင်း၊အေရိုးဘစ်ကစားခြင်း၊လက်ဝှေ့ထိုးခြင်း တို့ဖြစ်ပါတယ်။

- အပူပေးခါးပါတ်

အခုပေါ်ထွက်နေတဲ့အပူပေးခါးပါတ်ကိုဗိုက်မှာပတ်ပေးရင်ချွေးတွေထွက်လာပြီးဝိတ်ကျစေတယ်လို့ ဆိုကြပါတယ်။ဒီခါးပတ်ကိုထုတ်လုပ်သူတွေပြောဆိုချက်အရဒီခါးပါတ်ကိုအသုံးပြုခြင်းအားဖြင့် metabolism ဓါတ်ကိုမြှင့်တင်ပေးနိုင်ပြီးအဆီခြေဖျက်နှုန်းကိုမြန်စေတယ်လို့သိရပါတယ်။အထိုင် များလို့ဗိုက်မှာအဆီတွေစုနေတဲ့သူတွေအတွက်တော့သတင်းကောင်းပေ့ါနော်။

- ချွေးထွက်လွန်ခြင်းအန္တရာယ်

ချွေးထွက်တာကောင်းပေမယ့်ချွေးထွက်လွန်လွန်းရင်လည်းအန္တရာယ်ရှိပါတယ်။နှလုံးနဲ့ပါတ်သတ်တဲ့ ပြသနာတွေဖြစ်ပေါ်တတ်သလို၊ကျောက်ကပ်လည်းပျက်စီးစေနိုင်ပါတယ်။ဒါ့ကြောင့်ချွေးတအားထွက် ပြီးသွားတဲ့အခါရေများများပြန်သောက်ပေးရပါမယ်။ခန္ဒာကိုယ်တွင်းရေဓါတ်ကုန်ခန်းခြင်းအန္တရာယ် မကြုံတွေ့ရအောင်အရမ်းပူတဲ့နေ့တွေမှာဒါမှမဟုတ်အပူပေးခါးပါတ်ပါတ်ထားတဲ့အခါတွေမှာရေဘူး တစ်ဘူးအမြဲဆောင်သွားရပါမယ်။

=================================

Presented to you by Medi King Company

"ချစ်သူများနေ့အမှီဗိုက်ချပ်အောင်လုပ်ကြမယ်" 😍😘👩‍❤️‍💋‍👨           ချစ်သူများနေ့ကနီးလာပြီအလန်းစားလေးကလည်းဝတ်ချင်ပေမယ့်ဗိုက်...
09/02/2018

"ချစ်သူများနေ့အမှီဗိုက်ချပ်အောင်လုပ်ကြမယ်" 😍😘👩‍❤️‍💋‍👨

ချစ်သူများနေ့ကနီးလာပြီအလန်းစားလေးကလည်းဝတ်ချင်ပေမယ့်ဗိုက်ခေါက်ကြောင့်စိတ်ညစ်နေရတဲ့ မမတွေအတွက်၁ပတ်အတွင်းဗိုက်ချပ်စေမယ့်နည်းလမ်းလေးတွေဝေမျှပေးလိုပါတယ်။ဗိုက်အဆီတွေ အကုန်လုံးပျောက်မသွားရင်တောင်မှလက်ရှိဆိုဒ်ထက်သိသိသာသာလျော့နည်းသွားစေမှာပါ။ ဒါကြောင့်အောက်ပါနည်းလမ်းတွေကိုလိုက်နာကြည့်ပြီးချစ်သူများနေ့မှာအလှဆုံးလှနိုင်ကြပါစေ။

❤️ နည်းနည်း နဲ့ ခဏခဏစားပါ

အစားကိုအများကြီးလျှော့ချပစ်ရပါမယ်။လုံးဝကြီးမစားနဲ့လို့လည်းမဆိုလိုပါဘူး။ပုံမှန်၃နပ်စားသလို မစားတော့ဘဲ၂နာရီခြား၃နာရီခြားပြီးခဏခဏနဲ့နည်းနည်းဆီစားပေးပါ။ဒီလိုစားပေးခြင်းအားဖြင့်အစား ကိုတစ်ပြိုင်နက်ထဲအများကြီးမစားမိစေတော့ပါဘူး။ဒီနည်းကိုလိုက်နာခြင်းအားဖြင့်အဆီခြေဖျက်နှုန်း ကိုမြှင့်တင်ပေးပြီးဗိုက်ပူခြင်းကိုလျှော့ချပေးပါတယ်။

💚 အသီးအရွက်အစိမ်း

အသီးအရွက်အစိမ်းတွေကဝိတ်ချလိုသူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါ။အများကြီးတော့ တစ်ပြိုင်နက်မစားပါနဲ့။တစ်နေကုန်ခဏခဏနည်းနည်းစီစားပေးပါ။

💛 နို့ထွက်ပစ္စည်းတွေရှောင်ပါ

ဒီတစ်ပတ်အတွင်းမှာတော့တတ်နိုင်သမျှနို့ထွက်ပစ္စည်းတွေကိုရှောင်ပေးပါ။ရေခဲမုန့်ဆိုဝေလာဝေးပေ့ါ။

💙 Potassium ပေါများတဲ့အစားအစာ

Potassium ဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ငှက်ပျောသီး၊သင်္ဘောသီး၊သရက်သီးတွေ စားပေးပါ။

❤️ ရေများများသောက်ပါ

တစ်နေကုန်ရေသာထိုင်သောက်နေပါ။ရေဘူးတစ်ဘူးကြီးကြီးဆောင်ပြီးခဏခဏသောက်ပါ။ရေ များများသောက်ပေးတဲ့အခါဗိုက်လည်းမြန်မြန်မဆာစေလို့အစားများများမစားမိတော့ဘူးပေ့ါ။ ရေသောက်များတဲ့အခါအဆီလောင်ကျွမ်းနှုန်းကိုလည်းမြှင့်တင်ပေးနိုင်လို့ဗိုက်ချပ်ချင်ရင်ရေသာ လှိမ့်သောက်ပါ။

💚 Green tea

Green tea ပူပူလေးသောက်ပေးခြင်းအားဖြင့်လည်းဗိုက်အဆီကိုအလျှင်အမြန်ချပေးနိုင်ပါတယ်။

💛 လေ့ကျင့်ခန်းလုပ်ပါ

တစ်ပတ်အတွင်းဗိုက်ချပ်ချင်ရင်တော့အစားတင်ရှောင်ရမှာမဟုတ်ပါဘူး။လေ့ကျင့်ခန်းလည်းလုပ်ရ ပါမယ်။လေ့ကျင့်ခန်းကိုတစ်နေ့၁နာရီလောက်လုပ်ပေးပါ။တစ်ပတ်အတွင်းသိသိသာသာဗိုက်ချပ်လာပါ လိမ့်မယ်။

=================================

Presented to you by Medi King Company

Address

Yangon
11221

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

959773005022

Website

Alerts

Be the first to know and let us send you an email when Medi King Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share