FH Fit & Health Club

FH Fit & Health Club FH gym provides advanced nutritional coaching, personal training...
Perfect gym to train with, good equipments and environment...

You’ve made the decision to increase your fitness and we’re here to help you along We warmly welcome you, your family friends and/or co-workers to our facility Our expert staff and trainers would love to discuss your goal and how we can help you meet them

05/10/2025

🪔 မန်ဘာများအားလုံးသို့ သီတင်းကျွတ် ပိတ်ရက် ကြေငြာချက် 🪔

💢 (6/10/2025) တနင်္လာနေ့တွင် gym တရက် ပိတ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။💢

🪔 သီတင်းကျွတ်ပွဲတော်နေ့အခါသမယလေးမှာ
အကြင်နာမဲ့မှုများလျှော့ပြီး၊ သန့်ရှင်းသောစိတ်ဖြင့် မိမိနှလုံးသားကို ပြန်လည်သက်တောင့်သက်သာဖြစ်စေပါစေ။
✨ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၊ မိသားစုများအားလုံးအေးချမ်းပါစေ။
✨ အလုပ်အကိုင်ကောင်း၊ အောင်မြင်မှုများနဲ့ ပြည့်နှက်ကြပါစေ။
✨ မျှော်လင့်ချက်အသစ်တွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်လေးဖြစ်ပါစေ။

🕯 သီတင်းကျွတ်အခါသမယမှာ အလင်းတန်းသစ်လေးတွေနဲ့အတူ
မန်ဘာများအတွက် အမြဲတမ်း ပျော်ရွင်ကြည်နူးမှုများဖြစ်ပါစေခင်ဗျာ 🪔🕯🏮🧨✨️🎆🎇


♥️ FH Gym Members တွေအတွက် သတိပေးချင်တာလေး.....💢🏋️‍♂️ Training မစခင် Prepare လုပ်ဖို့ အချိန်ယူပါ 🏋️‍♀️မင်္ဂလာပါ FH Gym F...
16/09/2025

♥️ FH Gym Members တွေအတွက် သတိပေးချင်တာလေး.....💢

🏋️‍♂️ Training မစခင် Prepare လုပ်ဖို့ အချိန်ယူပါ 🏋️‍♀️

မင်္ဂလာပါ FH Gym Family! ✨🤗💪

တခါတလေ Gym မှာ Training စချိန်တိုင်း မဖြစ်မနေလိုက်လုပ်သင့်တဲ့ Warm Up + Stretching + Mobility exercisesတွေကို မလုပ်ဘဲ တိုက်ရိုက် Main Training သွားလုပ်တဲ့ သူတွေ အများကြီးရှိပါတယ်။ မန်ဘာတချို့ဆို အနိုင်ဆုံးအလေးတွေ ရောက်တာနဲ့ တန်းမ ပစ်တာမျိုးတောင် လုပ်တတ်ကြပါတယ်။
Prepare လုပ်ဖြစ်တဲ့သူတွေကြတော့လည်း Prepare Exercises တွေကို မထိတထိလောက်ပဲ လုပ်နေကြတာကို တွေ့ရတတ်ပါတယ်။ 😥
အဲ့ဒီနောက်ပိုင်းမှာ ကိုယ်ခန္ဓာကိုယ်ကို training တွေလုပ်ဖို့ အဆင်သင့်မဖြစ်သေးဘဲ Main exercise တွေ စတင်မိတဲ့အတွက် ကြွက်သားတွေမှာ Injury ရတတ််ပါတယ်၊ အရိုးအဆစ်အမြစ်များ အထိအခိုက်ဖြစ်စေနိုင်ပါတယ်၊Training Performance တွေလည်း မကောင်းတော့ပါဘူး။❌️
ထို့ကြောင့် Training မစတင်ခင် အချိန်တိုင်း Prepare Exercisesတွေ လုပ်ပေးဖို့က အလွန်အရေးကြီးပါတယ်။
Training Result အတွက်လည်း အခြေခံအကျဆုံးဖြစ်ပါတယ်

⚠️မမေ့အောင် မှတ်ထားဖို့ 💡
✔️ Prepare Exercises တွေလုပ်တာက Training အစပြုဖို့အတွက် “Start Button” လိုမျိုးပါ။

ဒီလို Prepare လုပ်ပြီးမှ Main Training တွေကို စတယ်ဆိုရင်—
✔️ သွေးလည်ပတ်မှု ပိုကောင်း💓
✔️ ကြွက်သား၊ အဆစ်အမြစ်တွေကို အဆင်သင့်ဖြစ်စေတယ်💪
✔️ Performance လည်း ပိုတတ်🔥
✔️ Injury riskတွေ လျော့🛡
✔️ Recovery လည်း လွယ်စေပါတယ်

📌 ဘယ်လို Prepare လုပ်ရမလဲ?❗️
👉 Prepare Routine နမူနာ (10–12 mins လောက်):

နမူနာ▪️Light Cardio (3–5 mins) – Treadmill, Gym Bike, Jump Rope, Rowing … သွေးလည်ပတ်မှု မြှင့်တင်ဖို့။

နမူနာ▪️ Dynamic Stretching (3 mins) – Arm Circles, Leg Swings, Hip Rotations … ကြွက်သားတွေနဲ့အဆစ်အ
မြစ်ဂျွိုင်းတွေကို အဆင်သင့်ဖြစ်စေဖို့။

နမူနာ▪️ Bodyweight Activation (2 mins) – Jumping Jacks, Squats, Push-ups … Main Training ကို စဖို့အတွက် အသင့်ဖြစ်စေဖို့။

[အခုနောက်ပိုင်း Update ဖြစ်နေတဲ့ Prepare Method တွေထဲမှာ Foam Roller နဲ့ Mobility Drills တွေကို ထည့်သုံးနေကြပြီဖြစ်ပါတယ်။ ဒီဟာတွေက Training စမယ့်အခါ လိုအပ်တဲ့ recovery + readiness ကို တစ်ပြိုင်နက် ပံ့ပိုးပေးနိုင်ပါတယ်။]

နမူနာ▪️Foam Roller / Mobility (2–3 mins) – Quads, Hamstrings, Calves, Back ကို Roller နဲ့လှဲလှိမ့်ပေးခြင်း၊ Cat-Cow Stretch, World’s Greatest Stretch လို Mobility drill တွေထပ်ပြီး လုပ်ခြင်း။

Foam Roller သုံးတာက – Training မစခင် muscles တွေကို loosen up လုပ်ပေးပြီး blood flow ပိုကောင်းစေပါတယ်။Muscle Tightness တွေကိုလည်း လျော့ချပေးပြီး Training Result ပိုကောင်းစေပါတယ်။

✅ Tip: “Foam Roller ရှိရင် ကြွက်သားတွေအတွက်အားကိုးရတဲ့ Physiotherapist လေးတစ်ယောက်ရှိသလိုပါပဲ!” 😎

☝️ ဒီလိုနမူနာလေးတွေ သုံးပြီး Training စတဲ့ အခါတိုင်း Prepare လုပ်ပေးရင် Workout session တခုဖြတ်သန်းလိုက်ရတာဟာ သက်သာပြီးဘေးကင်းသလို Performance & Training Resultတွေလည်း ပိုကောင်းလာပါမယ်။

👉 ဒါ့ကြောင့် FH Gym မန်ဘာအပေါင်းတို့အနေနဲ့လည်း Training ကို စချိန်တိုင်း 10–12 မိနစ်လောက် Prepare လုပ်ပြီးမှ Main Workout တွေကို စဖို့ကို မမေ့ရအောင် ဒီpost လေးနဲ့ တိုက်တွန်းလိုက်ပါတယ်။✅️

💡 ကျွန်တော်တို့ FH Gym ရောက်တဲ့အခါမှာလည်း မန်ဘာတိုင်းအတွက် သင့်တင့်တဲ့ Training Prepare Routine တွေကို အကြိုထပ်မံပြီးပြသပေးပါမယ်။

"Result ကောင်းချင်ရင် Preparation ကနေ စပါ! 🔥
“Preparation is the Key to Transformation!” 🔥



#သဃ်န်းကျွန်းမြို့နယ်ထဲမှာရှိတဲ့
FITNESS HUB GYM တည်နေရာဟာ ⬇️

🚏ဘဝမြင့်မှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်မှာဖြစ်လို့ သွားရ၊လာရ၊ ပြန်ရတာက အဆင်ပြေလွယ်ကူချောမွေ့ပါတယ်🆗

FITNESS HUB GYM
09 967 880001
https://maps.app.goo.gl/PNd6ob8xVCJZkotn9

📍အမှတ် 876၊ လေးထောင့်ကန်လမ်းမကြီးပေါ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

စံပြစျေးအနီး၊
ဘဝမြင့်မှတ်တိုင်အနား🚏
A Bank အပေါ်ထပ်👆
VIP Hair & Beauty Salon ဘေးဘက် 👈

📲 0⃣9⃣9⃣6⃣7⃣8⃣8⃣0⃣0⃣0⃣1⃣

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

🙌 "We're excited to help you health & fitness goals" 🎯🛣🏁 🤝

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

👑 အမျိုးသား, အမျိုးသမီး, လူကြီးလူငယ်
မရွေး ကျန်းမာကြံခိုင်၍ စတိုင်ကျလှပသော
ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ကာ
မိမိကိုယ် မိမိယုံကြည်မူ ပိုမိုရရှိစေနိုင်ရန်
အတွက် FITNESS HUB GYM မှာ လာရောက်
လေ့ကျင့်ကစားဖို့ ဖိတ်ခေါ်အပ်ပါသည်။👑

💢Certificate Professional Trainer ⭐🏅 များမှ
စနစ်တကျသင်ကြားပြသပေးခြင်းဖြင့် မိမိတို့
ရယူပြောင်းလည်းချင်သော Fitness Goal 🏆 သို့ အရောက်သွားကြပါစို့💢

✨ Cardio Workout အပြောင်းအလဲ လိုချင်သူတွေအတွက် tips လေးတခု ✨ပုံမှန် rep & set method တွေနဲ့ပဲ cardio လေ့ကျင့်နေရတာအပြင် ...
21/08/2025

✨ Cardio Workout အပြောင်းအလဲ လိုချင်သူတွေအတွက် tips လေးတခု ✨

ပုံမှန် rep & set method တွေနဲ့ပဲ cardio လေ့ကျင့်နေရတာအပြင် တစ်ခါတစ်လေမှာ အပြောင်းအလဲလေး လုပ်ပြီး train ကြည့်နိုင်ဖို့ အောက်ပါ training tips လေးတမျိုးနဲ့ မန်ဘာတွေကို အကြံပြုပေးချင်ပါတယ် 🙋‍♂️🙋‍♀️

Gym မှာ မန်ဘာများ ဘယ် workout ပုံစံကိုပဲ လိုက်လုပ်လုပ် အကျိုးရှိတာချည်းပဲဆိုပေ့မယ့် အဓိက က နေ့စဉ် လုပ်နေကြ training တွေကို မငြီးငွေ့ခင်၊ စိတ်ဓာတ်မကျခင် အပြောင်းအလဲတစ်ခုထည့်သွင်းပြီး လုပ်ပေးဖို့ပါ။

💢အိုကေ အခု Workout က challenge လုပ်တာ မဟုတ်ဘဲ ပုံမှန် training lifestyle အနေနဲ့ ခံစားနိုင်ဖို့အတွက်ပဲ မှတ်ယူပြီး အစီအစဉ်အသစ်သဘောမျိုးလေး စမ်းကြည့်ရအောင် 💪🔥

အချိန် set up သတ်မှတ်ဖို့ Timer app လေးတစ်ခုကို download ယူပြီး ⏱️
မိနစ်/စက္ကန့်အလိုက် timer app လေးနဲ့ round ပေါင်းစပ်ပြီး လေ့ကျင့်မယ်ဆိုရင် ခန္ဓာကိုယ်ကို အချိန်တိုတိုနဲ့ အရမ်းအကျိုးရှိတဲ့ effective ရစေမယ့် ပုံစံဖြစ်သွားမယ်။ တချက်တချက် အမြန်ပြေးရတာ၊ တချက်တချက် rest ပေးရတာလိုမျိုး သွက်လက်ပြီး မပျင်းရအောင် လေ့ကျင့်နိုင်တဲ့အတွက် consistency ကိုထိန်းသိမ်းရတာ ပိုမိုလွယ်ကူသွားပါမယ်။

🔥 HIIT training
🔥 Tabata
🔥 Circuit training

ဒီtraining ပုံစံတွေက 🏃‍♂️ သွက်သွက်လက်လက်လေ့ကျင့်ရတာကို အကြိုကြိုက်တွေ့စေမယ့် cardio အမျိုးအစားတွေဖြစ်ပြီး
⏳ အချိန်တိုတိုနဲ့ Fat burn လုပ်ပေးနိုင်သလို 💦
❤️‍🔥 Heart health, Stamina, Endurance အားလုံး တိုးတက်လာစေပါမယ်။

ကျွန်တော်တို့ တခါတရံ ခံစားရလေ့ရှိတဲ့ training session တခုပြီးဆုံး ပြီးတဲ့အခါ မထိရောက်နေသလို မလုံလောက်နေသလိုမျိုးတွေကို ဒီworkout ပုံစံက လုံးဝ မထင်ရစေပဲ “တခါတည်းနဲ့ အကျိုးရလာတဲ့အတိုင်းပဲ” ကျေနပ်မိနေပါလိလိမ့်မယ် 💪🔥

🌟 အခု ဒီpostကို ဖတ်ပြီး အကြမ်းဖျင်းလေး နားလည်လောက်ပြီဆိုတော့ ဒီတခါ gym ရောက်တာနဲ့ trainer တွေရဲ့ အကူညီယူပြီးတော့ဖြစ်ဖြစ်အပြောင်းအလဲအသစ်ကို စမ်းကြည့်ကြစို့နော် ✨

ဥပမာ plan လေးအနေနဲ့ မန်ဘာများအတွက် FH GYM က ဆွဲထားပေးပြီးပါပြီ
အဲ့ဒီအတိုင်း လေ့ကျင့်နိုင်သလို နှစ်သက်ရာ cardio exercise တွေလည်း ပြောင်းလည်းထည့်သွင်း လေ့ကျင့်နိုင်ပါတယ်...
အခုတခါတည်း Page Chat Box မှာ Plan လေးတောင်းယူထားလိုက်ပါခင်ဗျာ🙏

---

“Your body can stand almost anything.
It’s your mind you have to convince.” 🧠💥

✨ FH GYM ရဲ့ Family Member များခင်ဗျာ – ကျနော်တို့ ပြန်လာပါပြီ! ✨တခြားကိစ္စတွေနဲ့ တခြားအလုပ်တွေမှာ အနည်းငယ် ရှုပ်သွားတာက...
18/08/2025

✨ FH GYM ရဲ့ Family Member များခင်ဗျာ – ကျနော်တို့ ပြန်လာပါပြီ! ✨

တခြားကိစ္စတွေနဲ့ တခြားအလုပ်တွေမှာ အနည်းငယ် ရှုပ်သွားတာကြောင့် အချိန်အတော်ကြာကြာ page မှာ ရှိမနေနိုင်ခဲ့တဲ့အတွက် အားလုံးကို အဆင်မပြေဖြစ်သွားစေတာလေးအရင် apology လေးပြောချင်ပါတယ် 🙏

ဒါပေမယ့် အခုတော့ ပြန်ပြီး FH GYM/Page မှာ အားလုံးနဲ့အတူ အစဉ်အမြဲ ပေါ့ပေါ့ပါးပါး တက်ကြွသန်မာစွာ နေထိုင်နိုင်ဖို့ motivation တွေ၊ workout tip တွေ နဲ့ အသစ်အဆန်း upgrade တွေကို မျှဝေသွားပါမယ် 💪🔥

ကျနော်တို့ရဲ့ အောက်ပါအတိုင်း ▪︎▪︎▪︎▪︎▪︎

🏋️‍♂️ Our Goal – မန်ဘာများရဲ့ fitness journey ကို ပိုမိုအောင်မြင်အောင်ကူညီပေးဖို့

🚀 Our Plan – Gym facilities တွေကို အဆင့်မြှင့်တင်ပြီး သန့်ရှင်း လုံခြုံ ပိုမိုအဆင်ပြေစေဖို့

💡 Our Promise – Motivation, Energy & Family Vibes တို့နဲ့ အတူ ရေရှည်တည်တံ့တဲ့ အားကစားသမားဘဝကို တည်ဆောက်နိုင်ဖို့▪︎▪︎▪︎▪︎▪︎

စတာ တွေအတွက် အမြဲအားစိုက်ပေးဖို့အတွက်ကို▪︎▪︎▪︎▪︎▪︎

👉 အခုမှ စတင်နေသူ မန်ဘာတွေပဲဖြစ်စေ၊ ဟိုးးးကတည်းက Join လာခဲ့တဲ့ ကျွမ်းကျင်ပြီးသား မန်ဘာတွေပဲဖြစ်စေ – အားလုံးကို FH GYM မှ ကြိုဆိုပါတယ်ခင်ဗျာ ❤️

တလက်စာတည်း အသိပေးချင်တဲ့ Moti လေးတခု ပြောပြခဲ့ချင်ပါတယ်...
“တရက်လောက် gym မသွားရင် လွယ်လွယ်နဲ့တော့ ဘာမှ မဖြစ်သွားပါဘူး… ဒါပေမယ့် တစ်ပတ်လုံး gym မသွားရင်တော့ မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံစံအနေထားက သတိပေးနေပါလိမ့်မယ် 🤭”

ဒါကြောင့်မို့ “ဒီတပတ် gym မှာ မန်ဘာများအားလုံးကို မြင်ချင်ပါတယ်”ခင်ဗျာ 💪💪💪♥️🫡

💢မန်ဘာလစဥ်ကြေး Promotion/Discount အကြီးစားအစီအစဉ် ကို ကြိုတင်အသိပေး ကြေငြာခြင်း💢🤝မန်ဘာများ အားလုံးကို ကျေးဇူးတုံ့ပြန်သော...
04/03/2025

💢မန်ဘာလစဥ်ကြေး Promotion/Discount အကြီးစားအစီအစဉ် ကို ကြိုတင်အသိပေး ကြေငြာခြင်း💢

🤝မန်ဘာများ အားလုံးကို ကျေးဇူးတုံ့ပြန်သောအားဖြင့်
💦Thingangyun 💦 [Promotion] တခုကနေပြီး စတင်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ 🫶

ယခုရှေ့တွင် လာမည့် 4 လပိုင်း 1 ရက်နေ့ကနေစပြီး 4 လပိုင်းတလလုံးမှာ ပုံမှန်လစဉ်ကြေး 50000ကျပ်ကနေ (10000) ကျပ်တိတိ Discount လျော့ချပေးမှာဖြစ်ပြီး လစဥ်ကြေး (40000) ကျပ်သာ ပေးသွင်းပြီးတော့ FH GYM ရဲ့ ပုံမှန် ဝန်ဆောင်မူ့အားလုံးကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ☺️👍

❗️Promotion မှာ ပါဝင်မည့် အစီစဥ်တွေကို အောက်ပါအတိုင်း ရှင်းရှင်းလင်းလင်း ဖော်ပြပေးလိုက်ပါတယ်⬇️⬇️⬇️

▪️လစဥ်မန်ဘာကြေး (40000 ks) ဖြစ်သွားမှာဖြစ်ပြီး⤵️
▪️အဖွဲ့လိုက်မန်ဘာကြေးကတော့ 4+(1 free) [5ယောက်လုံးမှ160000 ks]⬇️⤵️
▪️မန်ဘာအဟောင်းမှ မန်ဘာအသစ်ကိုခေါ်ယူလာပြီး
ပေးသွင်းပါက (10)ရာခိုင်နူန်း discount အား ခေါ်ယူလာပေးသူမန်ဘာအဟောင်းအား မန်ဘာအသစ်တဦးချင်းစီတိုင်းအတွက် တ​ဦး​လျှင် 10%ပမာဏကို တခါတည်းပေးအပ် ပေးသွားမှာ ဖြစ်ပါတယ်⬇️⤵️
▪️မန်ဘာကြေး ကြိုသွင်း(3)လနှင့်အထက် နူန်းထားများကိုလည်း Discount Price (40000ks) နှင့် တွက်ပြီး ပေးသွင်းနိုင်ပါတယ်👍🆒️💪

Promotion ကာလကိုတော့ ❗️ကြိမ်းသေ (4)လပိုင်း (တလလုံး)တိတိ သတ်မှတ်ပေးသွားမှာဖြစ်ပေ့မယ့်❗️⤵️
(နောက်လ)တွေထိ ထပ်မံတိုးချဲ့ပေးမည့် Discount များကိုလည်း ကြိုတင်အသိပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ•••••

🙏မန်ဘာများအားလုံးပဲ မင်္ဂလာရှိသောနေ့ရက်တိုင်းကို ကိုယ်စိတ်နှစ်ပါး ပျော်ရွင်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ💪💪💪

❤️ 🩷 🧡 💛 💚 💙 🩵 💜 🤎 🖤 🩶 🤍

❗️❗️❗️Attention please❗️❗️❗️မန်ဘာများအားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏🤗ကျွန်တော်တို့ FH GYM ဟာ လက်ရှိဖွဲ့စည်းထားတဲ့ ပုံစံကောင်း...
25/02/2025

❗️❗️❗️Attention please❗️❗️❗️

မန်ဘာများအားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏🤗

ကျွန်တော်တို့ FH GYM ဟာ လက်ရှိဖွဲ့စည်းထားတဲ့ ပုံစံကောင်းတွေကို မရုတ်လျော့အောင် အမြဲထိန်းသိမ်းပေးလျက်ရှိပေ့မယ့် Trainer နဲ့ ဝန်ထမ်းအင်အားက ရုတ်တရက် signout လုပ်ကြလို့ ဝန်ထမ်းအရေအတွက် လျော့နည်းမူ့ ဖြစ်ပေါ်နေပါသောကြောင့် မန်ဘာများကို ဝန်ဆောင်မူ့ပေးရမယ့် ဝန်ထမ်း service များ လျော့နည်းပျက်ကွက်နေရတာကို အနုအညွန့်ပဲ တောင်းပန်အပ်ပါတယ်ခင်ဗျာ🙏🙏🙏

ဝန်ထမ်းအင်အား ဖွဲ့စည်းမူ့ လိုအပ်ချက်များကို အမြန်ဆုံး ဖြည်းဆည်းပေးဖို့ကို ကြိုးစားလျက်ရှိနေပါတယ်💪

အထူးသဖြင့် လက်တလောမှာ training service ရုတ်လျော့မူ့တွေကြောင်း အဆင်မပြေဖြစ်နေတဲ့ မန်ဘာများအတွက် လိုအပ်သည့် training guide များကို သိလိုရာ ဘာမဆို online ကနေ မေးမြန်းနိုင်မယ့် service လေးကို အသုံးပြုနိုင်ပါကြောင့် အသိပေးလိုပါတယ်ခင်ဗျာ 👍

အခု FH GYM ရဲ့ page messenger ကနေသော လည်းကောင်း (or) FH gym private group နေပဲဖြစ်ဖြစ် post တင်ပြီး မေးမြန်းခြင်း/page chat box ကနေ private chat ဖြစ် မေးမြန်းခြင်းများကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ

FH GYM ရဲ့ admin teams ကနေ မန်ဘာများကို အချိန်နဲ့တပြေညီဖြေကြားပေးသွားပါ့မယ်ခင်ဗျာ💯

◾️မိမိရဲ့ body transformation နဲ့ ပက်သက်သည့် သိသင့်တာများ
◾️မိမိရဲ့lifestyle target များ
◾️မိမိအတွက် လက်ရှိtrainingအယူအဆများ
◾️Exercises ရွေးချယ်မူ့ techniques များနှင့် exercises positions များ
စသဖြင့် gym ကစားဖို့ လိုအပ်တဲ့ သိသင့်တာများ အားလုံးကို ဘာမဆို ဆွေးနွေးတိုင်ပင်မေးမြန်းပြောဆိုနိုင်ပါတယ်ခင်ဗျာ

အောက်ပါ Group link လေးလည်း ပြထားပေးပါတယ်

https://www.facebook.com/share/g/1A3Xyyiv2G/

တန်ဖိုးရှိလှစွာသော FITNESS HUB GYM ရဲ့ မိတ်ဟောင်း မိတ်သစ် မန်ဘာများအားလုံးပဲ မင်္ဂလာပါခင်ဗျာ.....👋🤝

💥မန်ဘာများအားလုံးအတွက် အလွန်အကျိုးရှိပြီး, အထောက်အကူအများကြီးဖြစ်စေ့မယ့် သိလိုရာမေးကဏ္ဍတခုကို အသုံးပြုနိုင်ဖို့ Facebook Private Group တခု စတင်ပြီး ဖွင့်လှစ်ပေးထားပြီဖြစ်ပါတယ်🆒️

Group join ဖို့အတွက် Gym ရဲ့ Trainer team တွေမှ တဆင့် အကူအညီရယူနိုင်ပါတယ်ခင်ဗျာ🙏

Private Group က မန်ဘာများအတွက်
"ဘာတွေ အသုံးချလို့ရနိုင်မလဲ" ဆိုတဲ့အချက်လေးတွေကို အောက်ပါအတိုင်း အကျဥ်းချူံးဖော်ပြပေးလိုက်ပါတယ်⬇️

▪️Fitness goal ရည်မှန်းချက်များ ဆွေးနွေးခြင်း
▪️Nutrition အကြံပြူချက်များ or အချက်အလက်များ
▪️Training methods များ/ကစားနည်းများ
▪️Recovery tips/ guidelines များ
▪️Injury prevention and rehabilitation
▪️Lifestyle recommendations
▪️Information of gym
စသည့် fitness နှင့်ပက်သက်သည့် အကြောင်းခြင်းရာများကို သိလိုရာ တိုက်ရိုက်မေး/တိုက်ရိုက်ဖြေ ပေးမယ့် ပုံစံမျိုးဖြစ်ပါတယ်👍

⚠️အပေါ်က အချက်တွေကို Gym ထဲမှာ trainer team နဲ့ဆုံတဲ့အခါ/ training တွေလုပ်တဲ့အခါတွေမှာလည်း ပြောဆိုဆွေးနွေးသိရှိလို့ရနိုင်ပေ့မယ့် မေးမြန်းဖို့အချိန်မရတဲ့မန်ဘာများ/ (training အပိုင်းမှာပဲဖြစ်ဖြစ်) ကိုယ်တိုင်တတ်ကျွမ်းနားလည်ဖို့ထိ အခက်အခဲရှိနေတဲ့မန်ဘာများအတွက် Group ထဲမှာ ထက်မံပြောဆို ဆွေးနွေးနိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်✔️✔️✔️

https://www.facebook.com/groups/3607068912667842/?ref=share



🙌 "We're excited to help you health & fitness goals" 🎯🛣🏁 🤝

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

👑 အမျိုးသား, အမျိုးသမီး, လူကြီးလူငယ်
မရွေး ကျန်းမာကြံခိုင်၍ စတိုင်ကျလှပသော
ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ကာ
မိမိကိုယ် မိမိယုံကြည်မူ ပိုမိုရရှိစေနိုင်ရန်
အတွက် FITNESS HUB GYM မှာ လာရောက်
လေ့ကျင့်ကစားဖို့ ဖိတ်ခေါ်အပ်ပါသည်။👑

💢Certificate Professional Trainer ⭐🏅 များမှ
စနစ်တကျသင်ကြားပြသပေးခြင်းဖြင့် မိမိတို့
ရယူပြောင်းလည်းချင်သော Fitness Goal 🏆 သို့ အရောက်သွားကြပါစို့💢

အခုလုပ်ရှိမှာလည်း Urgent လိုအပ်မူ့ရှိလို့ ဝန်ထမ်းများ ထက်မံပြီးခေါ်ယူနေပါတယ်ခင်ဗျာလက်တွဲလုပ်ဆောင်လိုသူများ လာရောက်လျောက်...
19/02/2025

အခုလုပ်ရှိမှာလည်း Urgent လိုအပ်မူ့ရှိလို့ ဝန်ထမ်းများ ထက်မံပြီးခေါ်ယူနေပါတယ်ခင်ဗျာ
လက်တွဲလုပ်ဆောင်လိုသူများ လာရောက်လျောက်ထားပေးပါ

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်၊ ဘဝမြင့်မှတ်တိုင်အနားမှာရှိသော အမျိုးသား၊အမျိုးသမီး GYM CLUB တွင် Trainer နှင့် Receptionist ဝန်ထမ်းများအလိုရှိပါသည်

P- time အမျိုးသား Trainer (2)ဦးနှင့်✔️
P- time အမျိုးသမီး Trainer (1)ဦး✔️

✅️Part-time အလုပ်ချိန် တရက်(5) နာရီ
(6AM to 11AM) or
(3:30pm to 8:30pm) or (4pm to 9pm)
✅️လစာညှိနိူင်း + PT session + (monthly bonus)-(All postion)
✅️တပတ်တရက်နား

Trainer တဦးရဲ့ ပြည့်ဝသော အရည်အသွေးများ၊ အတွေ့အကြုံရှိသူများ၊ ကိုယ်ကာယကြံခိုင်မူ့အထိုက်အလျောက်ရှိသူ စသဖြင့် ကိုက်ညီသူများ လျောက်ထားနိုင်ပါသည်

👋👋👋👋👋👋👋👋👋👋👋👋👋👋👋👋👋👋
gym receptionist (မ) တဦး (ကျား) တဦး

Receptionist လျောက်ထားလိုသူသည် အောက်ပါအချက်အလက်များနဲ့ ကိုက်ညီစွာ လုပ်ဆောင်နိုင်သူကို ဦးစားပေးခန့်အပ်ပါမည်

▪︎ Gym အနီးနားနေသူ သွားရပြန်ရလွယ်သူဦးစားပေးခန့်ထားပါမည်
▪︎ Gym တွင် အလုပ်လုပ်ကိုင်ဖူးသူ gym အလုပ်ကို ဝါသနာပါသူ ဦးစားပေးခန့်ထားပါမည်
▪︎ GYM ရဲ့ customer service ကိုသိရှိနားလည်ထားသူဖြစ်ရပါမည်
▪︎ မန်ဘာအဝင်အထွက် စာရင်းများ၊ gym ၏အထွေထွေစာရင်းများ၊ မန်ဘာစုံစမ်းမေးမြန်းမူ့ဖြေကြားခြင်း၊ မန်ဘာအပ်နှံသည့်အပိုင်း လက်ခံဆောင်ရွက်ပေးခြင်း၊ gymအတွင်းမန်ဘာများလိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခြင်း စသည့်အလုပ်များကို တာဝန်ယူလုပ်ဆောင်နိုင်ရပါမည်
▪︎ သန့်ရှင်းရေးအပိုင်းတွင်လည်း တာဝန်ယူပူးပေါင်းလုပ်ဆောင်နိုင်ရပါမည်

■ လစာညှိနှိုင်း
■ တပတ်တရက်နား
■ အလုပ်ချိန်တရက် 10 နာရီ (breaktimeပါသည်)

အထက်ပါ အချက်အလက်များမပြည့်စုံသော်လည်း
လုပ်ဆောင်ရမည့် လိုအပ်ချက်များနဲ့ ကိုက်ညီအောင် လုပ်နိုင်မည့်သူများလည်း လျောက်ထားနိုင်ပါသည်(လိုအပ်သည့်အချက်များကို သင်ကြားပေးသွားပါမည်)

Cb သို့ တိုက်ရိုက် ဆက်သွယ်ပေးပါခင်ဗျာ

https://www.facebook.com/FHfitandhealthclub?mibextid=ZbWKwL

https://maps.app.goo.gl/v9GboYSNK2B4Kcth9

Address

No. 876, Lay Daukkan Road
Yangon
11071

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959967880001

Alerts

Be the first to know and let us send you an email when FH Fit & Health Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FH Fit & Health Club:

Share