YTU SU - Sports Committee

YTU SU - Sports Committee Ytu sports. Simple as that

26/01/2021
08/10/2020

အားကစားရုံတွင် ပွဲကြည့်စင်ဆောက်လုပ်မည်
➖➖➖➖➖➖➖➖➖➖➖➖➖➖
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်သစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း အကြီးစားတည်ဆောက်ရေးလုပ်ငန်းများအနက် အသစ်တည်ဆောက်လျက်ရှိသော အားကစားရုံတွင် ပွဲကြည့်စင်ထပ်တိုး တည်ဆောက်ရေးလည်း အပါအ၀င်ဖြစ်လာသည်။

အလျား ပေ ၁၂၀နှင့် အနံ ပေ ၃၀ ရှိမည့် ပွဲကြည့်စင်သည် အောက်‌ပါပုံအတိုင်း အားကစားရုံသစ်၏ ဘေးဘက်အခြမ်းတွင် ပေါ်ပေါက်လာမည်ဖြစ်သည်။

ယခုထပ်မံတိုးချဲ့မည့် ပွဲကြည့်စင်သည် အားကစားရုံ၏ မူလဗိသုကာလက်ရာနှင့် လိုက်လျောညီထွေဖြစ်စေရန် အားကစားရုံဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အားကစားရုံ၏ဗိသုကာပုံစံ
https://m.facebook.com/story.php?story_fbid=1541313492685427&id=356168941199894

တည်ဆောက်လျက်ရှိသည့် မြင်ကွင်းများ
https://www.facebook.com/280305472727729/posts/781664559258482/

၂၀၂၀-၂၁ အတွက် တည်ဆောက်ရေးများ
https://www.facebook.com/356168941199894/posts/1772262089590565/

06/10/2020

ကျောင်းဆောင်သစ်ဆောက်လုပ်မည်
➖➖➖➖➖➖➖➖➖➖➖
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်သစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း အကြီးစားတည်ဆောက်ရေးလုပ်ငန်းများအဖြစ် အောက်ပါအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိပါသည်။
(၁) ကျောင်းသား/ကျောင်းသူအိပ်ဆောင် (သုံးထပ်အဆောက်အဦ)
(၂) ဆရာ/ဆရာမ အိမ်ရာ(လေးခန်းတွဲ လေးထပ်အဆောက်အဦ)
(၃) ၀န်ထမ်းအိမ်ရာ (လေးခန်းတွဲ လေးထပ်အဆောက်အဦ)
(၄) ဘတ်စကက်ဘောကွင်း (Outdoor Playground) အမိုး မိုးခြင်း
(၅) Tennis ကွင်း အမိုးမိုးခြင်း

ကျောင်းသားသမဂ္ဂအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်မှ အတွေ့အကြုံကောင်းများကို အခြေခံကာ လာမည့်နှစ် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း တတ်စွမ်းသမျှ ဝိုင်း၀န်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စားသောက်ဆိုင်တန်း၊ လိပ်ပြာတောင်နှင့် အားကစားရုံများ တည်‌ဆောက်ခွင့်ရရှိခဲ့ပြီး တက္ကသိုလ် Campus Master Plan နှင့်အညီ သတ်မှတ်ထားသော Zone များတွင် တက္ကသိုလ်၏ပုံရိပ်နှင့် လိုက်လျောညီထွေစေရန် ဗိသုကာပညာရှင်များမှ ပုံထုတ်ပေးသော ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ခဲ့ရာ လက်တွေ့တွင်လည်း အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ယခုထပ်မံဆောက်လုပ်မည့် အဆောက်အအုံများနှင့်ပတ်သက်၍လည်း Campus Master Plan နှင့်အညီ ဖြစ်စေရေးအတွက် ရှေ့နမူနာ အစဉ်အလာကောင်းကို ဆက်လက်ကျင့်သုံးဆောင်ရွက်သွားပါမည်။

Campus Master Plan အရ ကျောင်းဆောင်သစ်၊ ဆရာ‌/ဆရာမအိမ်ရာ၊ ၀န်ထမ်းအိမ်ရာများကို တက္ကသိုလ်၏ Resident Zone တွင် တည်ဆောက်နိုင်ရေးအတွက်လည်းကောင်း၊ လိပ်ပြာတောင်ပတ်၀န်းကျင်တွင် တည်ရှိသော ဘတ်စကက်ဘောကွင်းနှင့် တင်းနစ်ကွင်းများ၏ အမိုးများကိုလည်း ဘေဘီဝဲယာ ဗိသုကာပုံစံများနှင့် Harmonic ဖြစ်စေရေးအတွက်လည်းကောင်း မူဝါဒထားကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အားကစားရုံ အမိုးဒိုင်းများနှင့် အမိုးပြားများ တပ်ဆင်ခြင်း မြင်ကွင်းများ
18/09/2020

အားကစားရုံ အမိုးဒိုင်းများနှင့် အမိုးပြားများ တပ်ဆင်ခြင်း မြင်ကွင်းများ

အားကစားရုံတည်ဆောက်ရေး မြင်ကွင်းများ(စက်တင်ဘာ ၁၄-၂၀၂၀)
14/09/2020

အားကစားရုံတည်ဆောက်ရေး မြင်ကွင်းများ
(စက်တင်ဘာ ၁၄-၂၀၂၀)

Update Sports Stadium
22/07/2020

Update Sports Stadium

15/03/2020

လာမည့် တက္ကသိုလ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲအတွက်
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းကိုယ်စားပြု အမျိုးသားအသင်းအတွက် လူရွေးပွဲ ကို မတ်လ ၇ ရက်နေ့မှ ၁၅ ရက်နေ့ အထိ round robin စနစ်ဖြင့် ကျင်းပပြုလုပ်ပြီး၍ ပဏာမ ရွေးချယ်ထားသော ကစားသမား ၁၀ ဦး အနက် ၅ ဦးပြန်လည်ရွေးထုတ်ပြီး ဖြစ်သည်။ ၁၉ရက် ၅လ မှ ၂၄ ရက် ၅လ အထိ ကျင်းပမည့် နိုင်ငံအဆင့် တက္ကသိုလ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ အတွက် ရန်ကုန်နည်းပညာ တက္ကသိုလ် ကိုယ်စားပြု အမျိုးသား အသင်းအဖြစ် အောက်ပါ ကစားသမား ၅ဦးသည်၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၁။ကိုအောင်သူရထွန်း(McE)
၂။ကိုမင်းသူရိန်ထွန်း(Met)
၃။‌ကိုကျော်ဇောထွန်း(Mech)
၄။ကိုစိုးဝေယံ(Civil)
၅။ကိုဖြိုးဟိန်းကျော်(CEIT)

လာမည့် တက္ကသိုလ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲအတွက် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းကိုယ်စားပြု အမျိုးသားအသင်းအတွက် လူရွေးပွ...
08/03/2020

လာမည့် တက္ကသိုလ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲအတွက်
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းကိုယ်စားပြု အမျိုးသားအသင်းအတွက် လူရွေးပွဲ ကို မတ်လ ၇ ရက်နေ့မှ ၁၅ ရက်နေ့ အထိ round robin စနစ်ဖြင့် ကျင်းပပြုလုပ်နေပါသည်။ပဏာမ ရွေးချယ်ထားသော ကစားသမား ၁၀ ဦး အနက် ၅ ဦးပြန်လည်ရွေးထုတ်မည်ဖြစ်ပြီး ဒုတိယ‌မြောက်ပြိုင်ပွဲရက် အပြီးတွင်အောက်ပါရလဒ် များကို အသီးသီးရရှိနေကြပါသည်။
Photo crd to YTUCC

ဂျူဒိုသင်တန်းအမှတ်စဉ်(၁/၂၀၂၀) ပြီးစီး•••••••••••••••••••••••••••••••••••••••ရန်ကုန်နည်းပညာတက္ကသိုလ် ဂျူဒိုသင်တန်း အမှတ်စ...
08/03/2020

ဂျူဒိုသင်တန်းအမှတ်စဉ်(၁/၂၀၂၀) ပြီးစီး
•••••••••••••••••••••••••••••••••••••••
ရန်ကုန်နည်းပညာတက္ကသိုလ် ဂျူဒိုသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းအတွက် ခါးစည်းစာမေးပွဲကို ၇.၃.၂၀၂၀(စနေနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးမှ ဦးစီးစစ်ဆေးပေးပြီး နည်းပြဆရာ ဦးမောင်မောင်ဇံမှ ကြီးကြပ်ပေးခဲ့သည်။ သင်တန်းဆင်းပွဲနှင့် ခါးစည်းအဝါပေးအပ်ခြင်းအခမ်းအနားကို ၈.၃.၂၀၂၀ တွင်ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများမှ သင်ကြားပြီးစီးခဲ့သော နည်းစနစ်များကို သရုပ်ပြခဲ့ပါသည်။

Address

Yangon Technological University
Yangon
1304

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when YTU SU - Sports Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share