Japan used Bicycles and parts

Japan used Bicycles and parts Selling branded Japan used bikes and parts in Yangon. Myanmar.English speaking manager available .

      #ဂျပန် #ကလေးစီး  #ဂျပန်ပုံးထွက်  #ဂျပန်ကျ
14/05/2026


#ဂျပန်
#ကလေးစီး #ဂျပန်ပုံးထွက် #ဂျပန်ကျ

07/03/2026
Winther tribikeMade in Denmark
05/03/2026

Winther tribike
Made in Denmark

02/03/2026
..............အသုံပြုပြီးသားစက်ဘီး တစ်စီး ဝယ်ယူခြင်း........                             ( သို့မဟုတ်) .............ဂျပန်...
26/02/2026

..............အသုံပြုပြီးသားစက်ဘီး တစ်စီး ဝယ်ယူခြင်း........
( သို့မဟုတ်) .............ဂျပန်ကျ စက်ဘီး တွေ ဘယ်လိုဝယ်ရမလဲ? .................................ဘာတွေစစ်သင့်လဲ?..............................................စက်ဘီးတွေက ဈေးပေါပါသလား?................

မပေါပါဘူး အခြား သော အရာတွေထက် စာရင် သက်သာတဲ့ဈေးနဲ့ ရကောင်းရနိုင်ပါတယ်။လူတွေက စက်ဘီးအစား ဆိုင်ကယ်ကို ဈေးကြီးမယ်ထင်ကြပါတယ် စက်ဘီးမှာလဲ ဈေး အလွန့်အလွန်ကြီးလှပါတယ်ဆိုတဲ့စက်ဘီးတွေ ဒုနဲ့ဒေးပါပဲ။
စက်ဘီးဈေးမကြီးဘူး ဆိုရင် အခြားနိုင်ငံတွေထက်စာရင် ဒီမှာ ဘာလို့ ဈေးသက်သာနေရတာလဲ။
အဟောင်းတွေကြောင့်ပါ။အဟောင်းဆိုတာသုံးထားတဲ့ စက်ဘီး ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် မသုံးဖြစ်တော့တဲ့ စက်ဘီးတွေကြောင့်ပါပဲ။အဲ့ဒါတွေဘယ်ကလာသလဲ
များသော အားဖြင့် ဂျပန်နိုင်ငံက သုံးထားတဲ့စက်ဘီးတွေဖြစ်ပေမယ့် အခြားသော နိုင်ငံပေါင်းစုံက တံဆိပ်တွေ ဘီးတွေပါတက်တာမို့ ဒါကြီးက ရတနာတစ်ခု ဒါမှမဟုတ် ဈေးသက်သာဖို့အခွင့်အရေးတစ်ခုသက်သက်ရထားတာတစ်ခုပါပဲ။
အခုဆိုရင် ဂျပန်ကျတောင် သိတ်သက်သာတဲ့အထဲမှာပါမနေတော့ပါဘူး။စီးတဲ့လူများလာတာရယ် ပစ္စည်းတန်ဖိုးအပေါ်သိမြင်လာနိုင်မှုမြင့်မားလာတာတွေကြောင့် ဂျပန်ကျတွေလဲ ဈေးသက်သာတယ် တန်တယ်ဆိုတဲ့အထဲကနေ ဖြည်းဖြည်းချင်း ဆုတ်ခွာလာခဲ့ပါပြီ
စကားတွေများပြီးပြီမို့ ခေါင်းစဉ်အကြောင်းလေးဆက်လိုက်ကြရအောင်ပါ။
ထောတဲ့ဘောစိတွေမို့ ဈေးကပြဿနာမဟုတ်တဲ့လူတွေအတွက် ဈေးတက်တာက ပြဿနာမဟုတ်ပေမယ့် စစီးမယ့်လူတွေ ဝါသနာအရသာစီးဖို့ကြိုးစားနေကြသူတွေအတွက်တော့ ရေနစ်သူ ဝါးကူထိုးတဲ့ အရာမျိုးပါပဲ။
ငွေကလဲ Limit ရှိမယ် ပစ္စည်းကလဲ သုံးလို့ ကောင်းကောင်းရမယ် ဆိုရင်ပဲ အဆင်ပြေလှပါပြီ။အောက်မှာ ဖော်ပြပေးထားတဲ့ အရာလေးတွေက စက်ဘီးဝယ်တဲ့အခါ အနည်းငယ်အထောက်အကူပြုနိုင်တာမို့ ဝင်ဖတ်သွားပေးကြပါဦး။
ဘာတွေမျှော်လင့်ထားကြပါသလဲ
~~~~~~~~~~~~~~~~~~~~~~
ဘာတွေမျှော်လင့်ထားလို့ရမလဲ။ဘာတွေစိတ်ကူးကြည့်လို့ရနိုင်ပါမည်လဲ။စက်ဘီးဝယ်တယ်ဆိုတာ ပျော်ရွှင်မှု ဝယ်တာဖြစ်ရင် ကောင်းပါတယ် စိတ်ညစ်စရာကြီးဖြစ်လာရင်တော့ ကောင်းမွန်ခြင်းကနေ စိတ်ပျတ်စရာအဖြစ်သို့ပြောင်းသွားနိုင်ပါတယ်။မဖြစ်နိုင်တဲ့ ဈေးနဲ့ မရနိုင်တဲ့ စက်ဘီးပုံစံမျိုးတွေကိုအရင်မေ့ထားလိုက်ပါ လက်ထဲမှာရှိတဲ့ ငွေနဲ့ ဘာတွေရမလဲဆိုတာ အရင်ကြည့်သင့်ပါတယ်။လောင်စရာကိစ္စတွေကိုစိတ်ကူးမနေပါနဲ့ လက်ရှိအတိုင်းကိုလက်ခံလိုက်ပါ လက်ထဲရောက်လာမယ့်စက်ဘီးကိုပဲ ကောင်းတာရဖို့ အာရုံစိုက်ပါ သုံးပြီးသားစက်ဘီးဆိုတာ ကံကျ ဒါမှမဟုတ် အပြင်ပန်းနဲ့ဆုံးဖြတ်လို့မရတာကြောင့် စစ်ဆေးစရာ စမ်းကြည့်စရာတွေများလှပါတယ်။
ဖရိန်အမျိုးအစား
~~~~~~~~~~~
စက်ဘီး Frame မှာ အမျိုးအစား ဒီဇိုင်း စသည်တို့အများကြီး လာတက်ပါတယ်။ကိုယ်က ဘာလိုချင်တာလဲ သံလား ၊Alloy လား ဆိုတာ အရင်ကြည့်ရပါမယ် ဘယ်နေရာမှာ ဘာအတွက်သုံးမှာလဲ ပါလာတဲ့ငွေနဲ့ရော ရနိုင်ပါမလား လိုချင်တာကတော့ရပါရဲ့ ဈေးနဲ့ပစ္စည်းကမှန်သလား အကျိုးအပဲ့ အပိန်ပါသလား ဆိုတာလဲကြည့်သင့်ပါတယ်။အထူးသဖြင့် Alloy နဲ့ ကာဗွန် frame တွေမှာ ပွန်းနေတာတွေ ပဲ့နေတာတွေပိုဂရုစိုက်သင့်ပါတယ် သံဖရိန်ဆိုရင်လဲ ဖရိန်ကစောင်းနေသလား ဖောက်ကရော တည့်ရဲ့လား စတာတွေကိုလဲ စစ်ကြည့်ဖို့မမေ့သင့်ပါ။ပြီးတော့ Frame က Upgrade လုပ်လို့ရမရ ကိုလိုချင်တဲ့ ကယ်ရီယာပေါက်လေးတွေရောပါရဲ့လားဆိုတာလဲ ကြည့်သင့်ပါတယ်။သေချာတာတစ်ခုကတော့ လုံးဝပြည့်စုံတဲ့ စက်ဘီးကိုမရနိုင်တာမို့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀/၈၅ ရာခိုင်နှုန်းလောက် မိမိလိုအပ်တာ ပါရင်တောင် စဉ်းစားသင့်နေပါပြီ။
Drivetrain
~~~~~~~
မိန်းမစီး နဲ့ Fix gear သမားတွေကတော့ Single speed လာတာများတာမို့ Freewheel အလုပ်လုပ်မလုပ် Cog နဲ့ ချိန်းကောင်းမကောင်းကိုကြည့်သင့်ပါတယ်။အခြေခံ မိန်းမစီးတစ်ချို့မှာလဲ drivetrain တွေပါတက်တာမို့ drive train ပါတဲ့မိန်းမစီးဝယ်ရင်လဲဒါလေးတွေကြည့်ကြည့်လို့ရပါမယ်။Crank, Chainring ,Chain,Cassette ၊ ရှေ/နောက် derailleur တွေအပြင် ဂီယာချိန်းတဲ့ ခလုတ်တွေကလဲ စစ်ရမယ့်အထဲမှာပါဝင်ပါတယ်။လုံးဝပြည့်စုံတဲ့ drivetrain ရ/မရကတော့ ကံ ရယ် ရောင်းတဲ့ဆိုင်ရယ်အပေါ်မှုတည်တာမို့ လုံးဝ မပြည့်စုံသေးဘူးဆိုရင်တောင် ပြင်လို့ရနိုင်မလား အစားထိုးလို့ရမလား အဲ့အချက်ကိုလဲကြည့်ရပါမယ်။ ကောက်နေတာ ကွေးနေတာ အပြင် ကျိုးပဲ့နေတာတွေလဲ ကြည့်ဖို့ မမေ့နဲ့နော။
Cassette နဲ့ Freewheel ဆိုရင်လဲ အစွယ်ချွန်နေသလား သုံးလို့ရောရသေးရဲ့လား အကျိုးပါသလား ကောက်နေသလား ဆိုတဲ့ဟာကိုလဲစစ်မှရပါမယ်။
ဘရိတ်
~~~~
ဘရိတ်မှာလဲ မျိုးစုံလာတက်တယ်ဆိုပေမယ့် အကြမ်းအားဖြင့် ညစ်ကြည့်ပြုကြည့်လို့ မရရင် ကျိုးတွေ အထဲက မှုလီလေးတွေကိုစစ်ကြည့်သင့်ပါတယ် အဲ့ဒါမှမရဘူး ဆိုရင် လဲဖို့ပစ္စည်းရောရှိရဲ့လားဆိုတာကို စစ်သင့်ပါတယ် များသောအားဖြင့် ကြိုးလောက်ပဲအကျိုးအပဲ အပွန်းအပဲ့ရှိတက်ပေမယ့် ပစ္စည်းမှန်ရဖို့ကလဲအရေးကြီးတာမို့ သိချင်တာကို အားမနာတမ်းမေးပြီးမှသာ ဝယ်ပါ။ဒါက ဘာဘရိတ်လဲ အပိုပစ္စည်းကရော ဘယ်ကဝယ်လို့ရသလဲ စတာတွေလဲ မေးသင့်ပါတယ်။
ဘီးတွေဂွေတွေ
~~~~~~~~~~
စမုတ်ကျိုးနေတာလောက် ဂွေ နည်းနည်း ဖိခံထားရလို့ ကွေးချင်နေတာမျိုးက ဂျပန်ကျထဲမှာ တွေ့ရစမြဲ ကြုံရစမြဲပါပဲ။ဂွေ ပြန်ပြင်လို့ရအောင် လိမ်တာ ကွေးတာ စမုတ်တံ ကျိုးတာမျိုးက ပြန်ပြင်လို့ရနိုင်သေးပေမယ့် ဂွေသားအထဲမှာ အချွန်တွေထွတ်နေတာ ဂွေချိန်လို့မရအောင် ယိုင်နေတာ။ဂွေသား အထဲမှာ ပေါက်နေတာ တွေက တော့ သင့်တော်တဲ့ဝယ်ယူခြင်းမျိုးတော့မဟုတ်ပါဘူး။သုံးပြီးသားဝယ်တယ် ဆိုတာက တစ်ပိုင်းပဲထားပါဦး သုံးလို့ရအောင်လေး ကောင်းနေသေးတာကဖြင့် ပိုအလုပ်ဖြစ်နိုင်ပါသေးတယ်။Frame မတ်လို့ ကျန်တာ ဂရုမစိုက်ရင်ရတာ့အဆင်ပြေနိုင်ပါတယ်။များသောအားဖြင့်တော့ ဘရိတ်တွေက သံချေးအနည်းငယ်ပါတက်ပြီးတော့ ပြုပြင်လို့ရလောက်တဲ့အနအထား
ပြန်သန့်စင်ပြီးရင် သုံးလို့ရမယ်ဆိုရင်တော့ကိုင်သင့်ပါတယ်။
တာဝန်ယူမှုရှိနဲ့နေရာကဝယ်ပါ
~~~~~~~~~~~~~~~~~~~~
အဟောင်းဝယ်တာက အသစ်ဝယ်တာလောက် စိတ်မချရဘူးဆိုတာ ပြောစရာလိုမယ်မထင်ပါ။အသစ်တောင် Factory error တွေ အလုပ်ပုံမှန်မလုပ်တာတွေရှိတက်တာမို့ အဟောင်းဝယ်ရတဲ့လူတွေက ပို ဂရုစိုက်သင့်ပါတယ်။ဘီးဝယ်တဲ့အခါ ရောင်းရပြီးရော ဆိုတာထက် အစအဆုံး ပြန်ပြင်ပေးထားပြီးသား တန်းစီးရုံ စတဲ့ အာမခံတွေပါတဲ့နေရာမျိုးက ပိုဝယ်သင့်ပါတယ် အထူးသဖြင့် စက်ဘီးအကြောင်းဘာမှမသိရင်ပေါ့ သိတဲ့လူတွေကတော့ သိသလို တက်သလို လုပ်လို့ရပါတယ်။
ဘောင်ချာတွေ / Page တွေကိုမယုံပါနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~
ဘောင်ချာ သာဖြတ်ပေးပြီး ကတိမတည်နိုင်တဲ့ဆိုင်တွေအများကြီးပါ ဘောင်ချာသာမရှိတာ ပြန်ကြည့်စရာမလိုအောင်ကောင်းတဲ့ဆိုင်တွေလဲကြည့်ပါတယ် ဆိုင်ကြီး မကြီးနဲ့လဲမဆိုင်ပါဘူး သေးပြီး ကောင်းတဲ့ဆိုင်လေးတွေလဲရှိသလို ကြီးပြီး အဝယ်သူကို အဖက်တောင်မလုပ်တဲ့ဆိုင်တွေလဲအများကြီးပါ အထူးသဖြင့် ကိုယ်ဝယ်မယ့်ဆိုင်က ဘယ်လိုမျိုးလဲသေချာသိဖို့လိုပါတယ်။it ခောတ်မှာ Page တွေကို Boost လုပ်လို့ရတာတွေ Review တွေ Fake ရေးပေးလို့ရတာတွေက ပိုကြောက်ရပါတယ်။နကယ်တန်း ဈေးမတန်ဘဲ ဈေးသက်သာတယ် တန်တယ်ရေးတာ Service မကောင်းဘဲ ကောင်းတယ်ရေးတာ အဲ့ဒါတွေက ဝယ်လို့ရတာမို့ Review တွေ Like အရေအတွက်တွေကို မယုံပါနဲ့ page တွေကို သေချာဝင်ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
ကျန်တာကတော့ စာဖတ်သူတို့ပဲလိုအပ်တာတွေဖြည့်စွက်အကြုံပြုရေးသားဖို့ တိုက်တွန်းပါတယ်။

Credit: Original Uploader ...............

20/02/2026
20/02/2026

20/02/2026

Address

ရန်ကုန်
Yangon
951

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959975988494

Website

Alerts

Be the first to know and let us send you an email when Japan used Bicycles and parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category