BH Fitness Myanmar

BH Fitness Myanmar Established since 1909 in Spain, BH Fitness offers full range of fitness equipment for home & gym.

စက်တင်ဘာ ၁ရက်နေ့နဲ့ ၂ ရက်နေ့  ဆိုင် (၂) ရက် ပိတ်ပါမယ်ရှင် 😞စက်တင်ဘာ ၃ရက် ကြာသပတေးနေ့မှာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါ...
31/08/2026

စက်တင်ဘာ ၁ရက်နေ့နဲ့ ၂ ရက်နေ့ ဆိုင် (၂) ရက် ပိတ်ပါမယ်ရှင် 😞

စက်တင်ဘာ ၃ရက် ကြာသပတေးနေ့မှာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမယ် 🙏

အထူးဝမ်းနည်းကြေကွဲခြင်း Happy Fitness Store (BH Fitness Myanmar) တွင် Service Manager အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသော ကို...
31/08/2026

အထူးဝမ်းနည်းကြေကွဲခြင်း

Happy Fitness Store (BH Fitness Myanmar) တွင် Service Manager အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသော ကိုအေးမျိုးကျော် သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၁ ) ရက်နေ့ မနက် ၁၀ နာရီ ခန့် တွင် ကွယ်လွန်သွားပါသဖြင့် Happy Fitness Store မိသားစု မှ အထူးဝမ်းနည်းကြေကွဲရပါသည်။

၂၀၁၉ ခုနှစ်မှ စတင်၍ ယနေ့ထိတိုင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် ကိုအေးမျိုးကျော်အား Happy Fitness Store မှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

ကိုအေးမျိုးကျော် ကောင်းမွန်အေးချမ်းရာ ဘုံဘဝသို့ ရောက်ရှိပါစေ။

31/08/2026

Morning workout spirit

Kettlebell
28/08/2026

Kettlebell

Kettlebell ကစားတာ ကျွန်တော်တော်တော်ကြိုက်ပါတယ်။ အရင်ကတော့ kettlebell ဆိုတာ Dumbbell တွေ လို weight တုံးတမျိုးပဲလို့ ထင်ခဲ့တာ။ တကယ်တော့ လုံးဝကို သက်သက်စီပါ။

အထူးသဖြင့် kettlebell swing လုပ်တဲ့အချိန်ဆို ခြေထောက်နဲ့ လက်ပဲသုံးနေတာမဟုတ်ဘူး။ တင်ပါး၊ core ၊ ကျော၊ ပခုံး အကုန်နီးပါး အလုပ်လုပ်ရတယ်။ အကြိမ်နည်းနည်းဆက်တိုက်ကစားလိုက်တာနဲ့ heart rate ကလည်း တက်လာပြီး cardio ကစားနေရသလို ချွေးတော်တော်ထွက်တယ်။

ကျွန်တော်သဘောကျတာက အချိန်သိပ်မပေးနိုင်တဲ့နေ့မျိုးမှာ kettlebell တလုံးရှိရုံနဲ့ workout တခုလုံး လုပ်လို့ရတာပဲ။ Swing, Squat, Press, Row, Carry စသဖြင့် နည်းနည်းပြောင်းကစားလိုက်ရင် တကိုယ်လုံးနီးပါး ကစားပြီးသားဖြစ်သွားတယ်။

နောက်တခုက kettlebell က strength တက်ဖို့တင်မဟုတ်ဘူး။ balance, coordination နဲ့ explosive power တွေအတွက်ပါ ကောင်းတယ်။ ကိုယ်ခန္ဓာကို တခုလုံးအနေနဲ့ လှုပ်ရှားတတ်အောင် သင်ပေးတဲ့ functional training တမျိုးလို့ပဲ ကျွန်တော်မြင်တယ်။

ဒါပေမယ့် kettlebell က ပေါ့ပေါ့ပါးပါးမပြီးဘူးဗျ။ အထူးသဖြင့် swing လိုဟာမျိုးက form မမှန်ရင် ခါးကို ထိနိုင်တယ်။ အလေးကြီးနဲ့ ကစားနိုင်ဖို့ထက် ကိုယ်နိုင်တဲ့ weight နဲ့ movement မှန်အောင် အရင်လေ့ကျင့်တာ ပိုကောင်းတယ်။

အသက်နည်းနည်းရလာတော့ muscle ကြီးဖို့တခုတည်းထက် ကိုယ်ခန္ဓာတခုလုံး သန်မာပြီး လှုပ်ရှားရတာ ပေါ့ပါးနေဖို့ကို ပိုစိတ်ဝင်စားလာပါတယ်။

အဲဒီအတွက်တော့ Kettlebell က ကျွန်တော့် workout ထဲမှာ မပါမဖြစ်ပစ္စည်းတခု ဖြစ်လာပါတယ်။

Great job 👏 BH Fitness Portugal.
09/08/2026

Great job 👏 BH Fitness Portugal.

ချစ်စရာအလွန်ကောင်းသော ကာစတန်မာ ဆိုသည်မှာ .. လိုချင်နေတဲ့ ပစ္စည်းအကုန်ရှိရှိမရှိရှိ ၊ တခြားဆိုင်မသွားပဲ ..ကျွန်တော်တို့ဆီ...
04/08/2026

ချစ်စရာအလွန်ကောင်းသော ကာစတန်မာ ဆိုသည်မှာ ..
လိုချင်နေတဲ့ ပစ္စည်းအကုန်ရှိရှိမရှိရှိ ၊ တခြားဆိုင်မသွားပဲ ..ကျွန်တော်တို့ဆီကပဲ အားပေးချင်တယ် ဆိုတာမျိုး။
မိမိရဲ့ အိမ်မှာ Home Gym ဆင်ပြီး ကစားလိုတဲ့ ကာစတန်မာ တစ်ဦးအတွက် BH နှင့် SPART အမှတ်တံဆိပ် Gym ပစ္စည်းများ အစအဆုံး ပို့ဆောင် တပ်ဆင် ခင်းကျင်း ပေးခဲ့ပါသည်။
ပစ္စည်းများ ထပ်ဝင်လာပါကလည်း ထပ်ပို့ပေးပါဦးမည်။


‼️Important Announcement‼️ကျွန်တော်တို့ Happy Fitness Store သည် ၂၀၁၈ ခုနှစ်မှ စတင်ပြီး အရည်အသွေးကောင်းမွန်သော BH, SPART,...
04/08/2026

‼️Important Announcement‼️

ကျွန်တော်တို့ Happy Fitness Store သည် ၂၀၁၈ ခုနှစ်မှ စတင်ပြီး အရည်အသွေးကောင်းမွန်သော BH, SPART, LOT, OVICX အမှတ်တံဆိပ်အားကစားပစ္စည်းများကို ရောင်းချလျက်ရှိပါတယ်။

ဆိုင်စတင်ဖွင့်လှစ်ချိန်မှ ယနေ့ထိတိုင် အစဉ်အမြဲအားပေးလျှက်ရှိကြသော မိတ်ဟောင်း၊ မိတ်သစ်များအားလုံးကိုလည်းကျွန်တော်တို့ Happy Fitness Store (BH Fitness Myanmar) မှ အထူးကျေးဇူးတင်ပါတယ်။

ယခုနှစ်များအတွင်း Online Scammers များ၏ လိမ်လည်မှုများ မကြာခဏ ကြုံတွေ့နေရပါသဖြင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကျွန်တော်တို့ Happy Fitness Store ၏ တရားဝင် Bank Account များ နှင့် MMQR မှတဆင့်သာ ငွေပေးချေခြင်းများ ပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်။

Happy Fitness Store ၏ တရားဝင် Bank Account များ နှင့် MMQR မဟုတ်သော အခြားသော Bank Account များ၊ MMQR နှင့် Mobile Wallet များမှတဆင့် ငွေပေးချေခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ကိစ္စအဝဝကိုမဆို ကျွန်တော်တို့ Happy Fitness Store (BH Fitness Myanmar) မှာ တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ် ခင်ဗျား။

ဓမ္မစကြာအခါတော်နေ့ 🍀✨ယနေ့မှာကျရောက်သော "ဝါဆိုလပြည့်"အခါသမယမှာ (၇) ရက်သားသမီးအပေါင်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ဘေး...
29/07/2026

ဓမ္မစကြာအခါတော်နေ့ 🍀✨

ယနေ့မှာကျရောက်သော "ဝါဆိုလပြည့်"အခါသမယမှာ (၇) ရက်သားသမီးအပေါင်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း Happy Fitness Store (BH Fitness Myanmar) မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့



27/07/2026

ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ Fitness Equipment တွေကို ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့ မေ့နေပါသလား❓

ဒီပစ္စည်းတွေဟာ Regular Maintenance မလုပ်ဘူးဆိုရင် ဘေးအန္တရာယ်ဖြစ်နိုင်သလို၊ ပစ္စည်းရဲ့ သက်တမ်းလည်း တိုတတ်ပါတယ်။ ဒါကြောင့် Fitness Equipment တွေကို ဘေးကင်းလုံခြုံစွာနဲ့ အကြာကြီး အသုံးပြုနိုင်ဖို့ဆိုရင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုက မရှိမဖြစ်လိုအပ်ပါတယ်။

Fitness Equipment တွေဟာ ဈေးကြီးတဲ့ပစ္စည်းတွေဖြစ်တာကြောင့် မကြာခဏ အသစ်လဲလှယ်နေဖို့ဆိုတာ မလွယ်ပါဘူး။ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုကသာ ပစ္စည်းတွေကို နှစ်ပေါင်းများစွာကောင်းမွန်စွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ အသေးစားချို့ယွင်းမှုလေးတွေကို စောစောတွေ့ခဲ့ရင်လည်း အချိန်မီဖြေရှင်းလိုက်တာက ကြီးမားတဲ့ပြုပြင်စရိတ်ကို ချွေတာရာရောက်ပါတယ်။

✅ သင့်ရဲ့ စက်ပစ္စည်းတွေ ဘေးကင်းရှည်ကြာ စရိတ်သက်သာဖို့အတွက် Happy Fitness Store က အောက်ပါဝန်ဆောင်မှုတွေပေးနေပြီဖြစ်ပါတယ်။

▪️အာမခံဖြင့်ပြုပြင်ခြင်း - ချို့ယွင်းနေတဲ့အားကစားပစ္စည်းတွေကို အတွေ့အကြုံရှိတဲ့ Service Team ကနေ အာမခံနဲ့ ပြုပြင်ပေးပါတယ်။
▪️ပုံမှန်ထိန်းသိမ်းခြင်း - ပစ္စည်းတွေကို သုံးလ၊ ခြောက်လ (သို့) တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးပြုပြင်ပေးပါတယ်။ ဒီဝန်ဆောင်မှုကို လူနေအိမ်၊ ရုံး၊ ကွန်ဒို၊ ဟိုတယ်၊ Gym တွေအတွက် ပက်ကေ့ချ်အမျိုးမျိုးနဲ့ ရယူနိုင်ပါတယ်။
▪️တပ်ဆင်ခြင်းနဲ့ ရွှေ့ပြောင်းခြင်း - အားကစားပစ္စည်းအသစ်တွေ တပ်ဆင်ပေးခြင်းအပြင် တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပေးပါတယ်။

👉 ဝန်ဆောင်မှုတွေကို ရယူချင်တယ်ဆိုရင် Happy Fitness Store ကို အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

"LONG LIVE YOUR EQUIPMENT"

🔹🔹ဆက်သွယ်ရန်🔹🔹
--------------------------
Happy Fitness Store
(BH, SPART, LOT အမှတ်တံဆိပ်များ၏
မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်)

✔️ဆိုင်ဖွင့်ချိန်
Mon - Sat : 9AM - 5PM
(တနင်္ဂနွေနေ့ဆိုင်ပိတ်ပါသည်)
✔️Showroom လိပ်စာ
အမှတ် ၅၇၁/၅၇၂ ၊ သုမနလမ်း (သုမင်္ဂလာလမ်း/ရတနာလမ်း/ပြည်သာယာလမ်း/ဝေဇယန္တာလမ်း တို့မှ ကားဝင်နိုင်ပါသည်) သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
No. 571/572, Thumana Street, Thingangyun Tsp, Yangon.
☎️ - 09441522264, 09441522265 (Viber)


Address

571, Thumana Street, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959441522264

Alerts

Be the first to know and let us send you an email when BH Fitness Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BH Fitness Myanmar:

Shortcuts

Share