Iron X

Iron X Iron X Fitness Gym

08/12/2020

(သဘာဝကပေးတဲ့ကျန်းမာခြင်းလက်ဆောင်)
မြေမြှုပ်မိုင်းကိုအံတုရင်း ကျွန်တော်ချစ်သောမိတ်ဆွေများအတွက်အားလပ်ရက်မှာအနားမယူပဲအားကစားနဲ့ပက်သက်တဲ့အသိပညာလေးတွေကိုတတ်နိုင်သလောက်မျဝေပေးလိုက်ပါတယ်။အင်တာနက်ဖြတ်တောက်ထားတဲ့ဒီဒေသမှာကျွန်တော်ရဲ့ဗွီဒီယိုဖိုင်လေးတဖိုင်လိုင်းပေါ်ကိုတက်ဖို့အရင်လိုမလွယ်ကူပါဘူး။ဒီဗွီဒီယိုဖိုင်လေးကကျန်းမာကြံ့ခိုင်တဲ့ခနွာကိုယ်နဲ့ပျော်ရွင်စရာဘဝကိုပိုင်ဆိုင်ချင်ကြသူတွေအတွက်အားရှိစေမဲ့ ခွန်အားပေးတဲ့ဗွီဒီယိုဖိုင်လေးတဖိုင်ဖြစ်ဖို့ မျော်လင့်ပါတယ်ခင်ဗျာ။
ကျန်းမာပြီးကြံ့ခိုင်တဲ့ခနွာကိုယ်ကိုပိုင်ဆိုင်ဖို့ကျွန်တော်တို့တတွေဟာသဘာဝတရားကနေတဆင့်ဖန်တီးရယူနိုင်ပါတယ်။မြန်မာ့လက်ရွေးစင်ဘဝမှာကျွန်တော်လေ့ကျင့်ခဲ့ရတဲ့physical trainingမှတချို့ကိုတင်ပြပေးလိုက်ပါတယ်။physical trainingဟာခနွာကိုယ် ကြီးထွားဖို့ထက် ကျစ်လစ်ခိုင်မာပြီးကျန်းမာကြံ့ခိုင်မှု့ကိုရရှိပိုင်ဆိုင်စေပါတယ်။ကွန်မန်ဒိုတပ်တွေ၊မရိန်းစစ်သားတွေ၊အိုလံပစ်အားကစားသမားတွေအထူးလေ့ကျင့်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ချစ်ခင်အားပေးကြတဲ့ကျွန်တော့်ရဲ့မိတ်ဆွေတစ်ယောက်ချင်းစီကို ကျန်းမာကြံ့ခိုင်ပြီးပျော်ရွင်သာယာတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

Trainer. Zaw Naing(Iron X)

28/10/2020

ABS with Resistance Band
ဝမ်းဗိုက်ကြွက်သား/အဆီချလေ့ကျင့်ခန်းတွေကိုတောင်းဆိုထားကြတဲ့fan တွေအတွက်ပါခင်ဗျာ။အခြေခံအဆင့်၊ခုမှစကစားတဲ့သူတွေအတွက်ကြိုးစားလေ့ကျင့်လို့ရအောင်အလွတ်နည်းတခေါက်၊Resistance Band နဲ့တခေါက်ပူးတွဲလေ့ကျင့်ပြထားပါတယ်။ဝမ်းဗိုက်ကြွက်သားကိုပိုမိုထိရောက်တဲ့ပြင်းအားနဲ့လေ့ကျင့်လိုသူတွေအတွက်Resistance Bandနဲ့လေ့ကျင့်သင့်ပါတယ်။နည်းစနစ်နှစ်မျိုးကိုပူးတွဲဖော်ပြရတဲ့ရည်ရွယ်ချက်ကအိမ်မှာBand ရှိသူရော မရှိသူပါလေ့ကျင့်နိုင်အောင်ရည်ရွယ်ပါတယ်။ကြိုက်နှစ်သက်ရင်Like&Share လေး လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။

04/10/2020

ကိုဗစ်-19ကိုသေစေနိုင်တဲ့တစ်ခုတည်းသောဆေးကကိုယ်ခံအားစနစ်ပါပဲ။ဒီအချိန်မှာ ဝိတ်တင်တာ ဝိတ်ချတာ ထုတင်တာကြွက်သားခွဲတာစတာတွေကိုအသာထားပြီးကိုယ်ခံအားကိုမြှင့်တင်ကြဖို့Resistance training ဟာဘယ်လောက်အရေးပါလာပြီဆိုတာကိုဗစ်ကအချက်ပေးလိုက်တာပါပဲ။ခနွာကိုယ်ရဲ့Resistance(ခုခံအား)မြှင့်ဖို့ကြွက်သားတစ်ခုချင်းစီကိုstrength (ခွန်အား)ရဖို့လေ့ကျင့်ရမှာဖြစ်ပါတယ်။ကြွက်သားတွေရဲ့strength trainingနောက်မှာကပ်ပြီးမဖြစ်မနေပူးတွဲလေ့ကျင့်ပေးရမှာကMuscle endurance trainingပါပဲ။ကြွက်သားတွေရဲ့strength နဲ့enduranceကိုတပြိုင်တည်းရရှိစေတဲ့ကစားနည်းတွေအများကြီးထဲကကျွန်တော်သဘောကျတဲ့Kettlebell exercises/power snatch/power clean and Jack စတဲ့လေ့ကျင့်ခန်းတွေကခနွာကိုယ်မှာရှိတဲ့ ခြေသလုံးမှသည် ဂုတ်ကြွက်သားအထိ ကြွက်သားတစ်ခုချင်းစီမှာရှိတဲ့ ခွန်အားကိုအသုံးပြုပြီးတချိန်တည်းမှာတပြိုင်တည်းလုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ခနွာကိုယ်ရဲ့Maximum strength-အမြင့်ဆုံးခွန်အားကိုရရှိစေမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကိုfunctional trainingနဲ့Cross fit trainingတွေမှာ ကိုယ်ခံအားမြှင့်တင်ဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာတွေ့ရပါတယ်။နည်းစနစ်အသေးစိတ်ကိုသိချင်ရင်နောက်ထပ်တင်ပေးပ့ါမယ်။
Trainer-Zaw Naing
Iron X Gym

ကျန်းမာကြံ့ခိုင်နေအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ⁉️အားကစားနဲ့ ပတ်သက်ရင် တစ်ချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ အရ ရုန်းကန်ကြရပါတယ...
05/09/2020

ကျန်းမာကြံ့ခိုင်နေအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ⁉️

အားကစားနဲ့ ပတ်သက်ရင် တစ်ချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ အရ ရုန်းကန်ကြရပါတယ်။ တစ်ချို့က ကျန်းမာစွာ စားသောက်ရန် ကြိုးစားပေမယ့် ခန္ဓာကိုယ်က ဆိုးရွားစွာ တုံ့ပြန်တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းဖို့အတွက် အဓိက အတားအဆီးတစ်ခုက ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်နဲ့ဆိုင်ပါတယ်။ တစ်နည်း ဆိုရရင် ကြံ့ခိုင်အောင်နေဖို့ စိတ်ဓာတ်မြှင့်တင်ရတာက တစ်ခါတစ်လေ အလွန်ခက်ခဲလို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အားကစားနဲ့ ပတ်သက်ရင် ဒါက အဖြစ်များပါတယ်။ အားကစားရုံသွားမလား၊ ဆိုဖာပေါ်မှာ Netflix ကြည့်မလားလို့ ရွေးခိုင်းရင် လူအများစုက ဆယ်ကြိမ်မေးရင် ကိုးကြိမ်မှာ ဒုတိယတစ်ခုကိုပဲ ရွေးကြပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာအောင် သွားလာလှုပ်ရှားမှုတွေ စတင်နေတယ်ဆိုရင် အားကစားကြောင့် ရလာမယ့် အကျိုးကျေးဇူးတစ်ခုခု မမြင်နိုင်သေးတဲ့အတွက် ဒီအချက်က ပိုမှန်ပါတယ်။

ဒါကြောင့် အားကစားလုပ်ဖို့ဖြစ်စေ၊ ကျန်းမာအောင် စားသောက်ဖို့ဖြစ်စေ သင့်ကိုယ်သင် စိတ်ဓာတ်မြှင့်တင်ဖို့ ခက်ခဲနေရင် သင်ဘာလုပ်မလဲ။ ဆိုဖာပေါ်မှထပြီး ကာယလှုပ်ရှားတာ စတင်ပြုလုပ်နိုင်အောင် သင့်ကိုယ်သင် တွန်းအားပေးဖို့ နည်းလမ်းအချို့ကို ယခုဖော်ပြလိုက်ရပါတယ်။

အားကစားကို အပိုဆောင်ရွက်ချက်အဖြစ် ပြုလုပ်ပါ♦️

အားကစားရုံမှာ အစကတည်းက မပျော်ရွှင်ရင် အဲဒီကို တက်တက်ကြွကြွ သွားဖို့ခက်ခဲပါလိမ့်မယ်။ သင်သွားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျန်းမာစေဖို့ ဖြစ်ပါတယ်။ လုပ်ချင်တဲ့ အလုပ်တစ်ခု မဟုတ်ဘဲ မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုလို ခံစားရပါတယ်။ အဲဒီအခါ ပုံမှန်လုပ်ရမယ့်အလုပ်လို ခံစားရပါတယ်။ ဒါဟာ လူအများစု အားကစား စလုပ်တဲ့အခါ ကြုံရတဲ့ မှားယွင်းမှု ဖြစ်ပါတယ်။
အဲဒီလို မဖြစ်အောင် ကျော်လွှားဖို့ သင်နှစ်သက်တဲ့ လှုပ်ရှားမှုတစ်ခုကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ အဲဒီအရာက အားကစား လှုပ်ရှားမှုကောင်းတစ်ခုလည်း ဖြစ်နေရပါမယ်။ အဲဒါက တစ်ဖက် ငါးယောက်ပါတဲ့ ဘောလုံးကန်တာ၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် လေ့လာရတဲ့ လက်ဝှေ့ထိုးတာ ဒါမှမဟုတ် ညဘက်ထွက်လည်တဲ့အခါ တင့်တယ်စေမယ့် အကသင်တန်းစသည်ဖြင့် သင်စိတ်ဝင်စားတဲ့ အရာတစ်ခုခု ဖြစ်နိုင်ပါတယ်။

အဓိက အချက်က အားကစားဟာ အဲဒီလှုပ်ရှားမှုများရဲ့ အပိုဆောင်ရွက်ချက် ဖြစ်နေရုံပါပဲ။ သင်က ကျန်းမာ ကြံ့ခိုင်အောင် အပတ်စဉ် ဘောလုံးသွားကန်မှာ မဟုတ်ပါ။ သင့်သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးနေဖို့ အဲဒီလိုသွားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျန်းမာစေခြင်းက အပိုဆု တစ်ခုလို ဖြစ်ပါတယ်။ အရက်ဆိုင်မှာ အလွန်အကျွံ အချိန်ဖြုန်းမိရင်တော့ ကြိုးစားထားသမျှအားလုံး သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။

အနည်းငယ် ပေါင်းစပ် ဆောင်ရွက်ပါ♦️

တစ်ခုတည်းကိုပဲ ဆောင်ရွက်နေရင် ပျင်းစရာ ကောင်းနိုင်ပါတယ်။ မနက်တိုင်း တစ်ပုံစံတည်း ပြေးနေရင် ဖြစ်စေ၊ အားကစားရုံတစ်ခုတည်းကို တစ်ပတ်သုံးကြိမ် သွားရင်ဖြစ်စေ၊ စိတ်ဓာတ်တက်ကြွမှု အလျင်အမြန် ပျောက်ဆုံးသွားပါလိမ့်မယ်။ ပေါင်းစပ်ကြည့်ခြင်းက ဘဝရဲ့ အရသာဖြစ်ပြီး သင့်အာဟာရကိုသာမက အားကစား နဲ့လည်း သက်ဆိုင်ပါတယ်။ အပတ်စဉ် ရိုးအီနေတဲ့ အစားအသောက်ကို တကယ်တော့ ဘယ်သူမှ မစားလိုကြပါဘူး။

အပြောင်းအလဲဖြစ်အောင် ပြုလုပ်လိုက်ခြင်းက အကျိုးပြုတယ်ဆိုတာ အကြောင်းရင်းများစွာ ရှိပါတယ်။ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ပြောရရင် အပတ်စဉ် သင်ပြေးတဲ့လမ်းကြောင်း ပြောင်းလဲရုံနဲ့ ပျင်းရိမှု မဖြစ်တော့ပါဘူး။ ဒါပေမဲ့ သင့်အတွက် ပိုကောင်းတဲ့ အချက်များလည်း ရှိပါသေးတယ်။ အားကစား တစ်မျိုးတည်းကို မကြာခဏ လှုပ်ရှားနေရင် သင့်ခန္ဓာကိုယ်ဟာ ကျင့်သားရလာပြီး ထိရောက်မှု သိပ်မရှိတော့တာမျိုး ကြုံရနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဟာ အရသာမရှိဘဲ ပျင်းစရာကောင်းတယ်လို ထင်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် စုံလင်မှု မရှိရင်လည်း ပျင်းစရာ ကောင်းနေပါမယ်။ ချက်ပြုတ်ကြော်လှော်ရင်း နေ့တိုင်း စိတ်လှုပ်ရှားစရာများ ဘယ်လောက် ပြုလုပ်နိုင်တယ် ဆိုတာ ကြည့်လိုက်ပါ။ သီတင်းပတ်တိုင်း ကျန်းမာစေတဲ့ ဟင်းချက်နည်းသစ်များ စမ်းကြည့်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ရင် သင့်အာဟာရကို များစွာနှစ်ခြိုက်လာတာကို တွေ့ရပါလိမ့်မယ်။

သင့်တော်သောအဖော်ကို ရှာပါ♦️

လူအများအပြားက အခြားတစ်ယောက်နဲ့ အာဟာရ အတူဆင်ခြင်ဖို့ ဒါမှမဟုတ် အားကစားလုပ်ဖို့ အကြံပေးခံရပါတယ်။ အချင်းချင်း အောင်မြင်အောင် တွန်းအားပေးနိုင်တာ၊ တစ်ဦးနဲ့ တစ်ဦး ဟင်းချက်နည်းတွေ ကူရှာပေးနိုင်တာ၊ သဘောကျသော အားကစားတွေ အတူလှုပ်ရှားနိုင်တာ၊ လက်လျှော့ချင်ပြီး ချိစ်ဘာဂါတစ်လုံး သွားစားလိုတဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်မှု ပေးနိုင်တာ စတာတွေအတွက် ဒါကစိတ်ကူးကောင်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် အကူအညီတောင်းဖို့ မှန်ကန်သောလူကို ရွေးချယ်ဖို့လိုပါတယ်။ တစ်ခါတလေ လူတွေက အာဟာရ ဆင်ခြင်တာ ဒါမှမဟုတ် ကျန်းမာရေး အစီအစဉ် ဆောင်ရွက်တာတွေကို လက်လွှတ်တဲ့အခါ အခြားသူတွေ ကိုလည်း လက်လျှော့အောင် အားပေးချင် အားပေးနိုင် ပါတယ်။ အဲဒီအခါ သူတို့ဆုံးဖြတ်ချက်ကို ပိုပြီး မှန်ကန်တယ်လို့ ခံစားရစေပါတယ်။ အဲဒီလို မလုပ်တတ်သူများနဲ့ သင်တွဲမိဖို့ ဒါမှမဟုတ် သူတို့ လက်လျှော့လည်း သင်ကဘာပဲဖြစ်ဖြစ် ဆက်လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားဖို့ လိုပါတယ်။

စိတ်ပါမှလုပ်မယ်ဆိုတာကို ရပ်တန့်ပါ♦️

လူတိုင်းမှာ အားကစားရုံကို မသွားချင်တာဒါမှမဟုတ် နေ့လည်စာအတွက် ဟင်းရွက်သုပ် မပြုလုပ်ချင်တာ စတဲ့စိတ်အခြေအနေများ ရှိဖူးပါတယ်။ ဒါပေမဲ့ အောင်မြင်မှုအတွက် အဓိကအချက်က အဲဒီလို မဖြစ်အောင် ရှောင်ရှားရေးဖြစ်ပါတယ်။ စိတ်ပါမှ အားကစား လုပ်တာ ဒါမှမဟုတ် ကျန်းမာစွာ စားသုံးတာမျိုး ရှိမယ်ဆိုရင် ကြံ့ခိုင်ဖို့ အတော်လေး ရုန်းကန်နေရပါတော့မယ်။

ကြံ့ခိုင်မှုအတွက် စိတ်ပါရင် ပိုကောင်းပေမယ့် စိတ်ပါဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်မျိုးကို ဖယ်ရှားပစ်ရပါမယ်။ အဲဒီလို လုပ်ဖို့ သင့်ကိုယ်သင် ဖိအားပေးရင် များသောအားဖြင့် အဲဒါကို သင်နောင်တ ရမှာ မဟုတ်ပါ။ အားကစားနဲ့ ပတ်သက်ရင် ဒီအချက်က အထူးသဖြင့် မှန်ကန်ပါတယ်။ အကြောင်းကတော့ အင်ဒေါ်ဖင် ဟော်မုန်းထွက်လာပြီး အားကစားမလုပ်ခင်ကထက် စိတ်ခံစားချက် ပိုကောင်းစေတဲ့အတွက် ဖြစ်ပါတယ်။

အစီအစဉ်ဆွဲခြင်းဆိုတာ ဒီလိုမျိုး စိတ်အခြေခံ ပျင်းရိမှုကို ရှောင်ရှားဖို့ သင့်တော်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အပတ်စဉ် သင်ဘာကိုစားမယ်၊ ဘာအားကစားကို ဘယ်အချိန်လုပ်မယ် စတာတွေကို သီတင်းပတ်အစမှာ ဆုံးဖြတ်ပါ။

Credit to original writer


28/08/2020

Covid - 19 ကူးစက်ရောဂါ အန္တရာယ်ကို ကာကွယ်သောအားဖြင့် Iron X Fitness Center (1) & (2) အား ( 28/8/2020) မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ပါသည်။

Members များ၏ နစ်နာသောကစားရက်များကို ဆိုင်ပြန်ဖွင့်ချိန်မှာ အစားထိုးပြန်လည်ပေးအပ်သွားပါမယ်ခင်ဗျာ။ ဆိုင်ပြန်ဖွင့်မည့်ရက်ကိုလည်း Iron X page မှာ ကြေငြာပေးပါမည် ခင်ဗျာ။

➡️ လူစုလူဝေးရှောင်ရှားကြပါ။
➡️ အပြင်ထွက်လျှင် Mask တပ်ကြပါ။
➡️ အပြင်မှ ပြန်ရောက်တိုင်း လက်ဆေးကြပါ။
➡️ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များအတိုင်း လိုက်နာဆောင်ရွက်ကြပါ ခင်ဗျာ။

လေဖြတ်တော့မယ်ဆိုရင်➖➖➖➖➖➖➖ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့ ဒီ ၃န...
15/08/2020

လေဖြတ်တော့မယ်ဆိုရင်
➖➖➖➖➖➖➖
ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က
လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့ ဒီ ၃နာရီအတွင်း ကြပ်ကြပ်မတ်မတ် ကုသပေးလိုက်ရရင် လေလုံးဝ မဖြတ်အောင်
တားနိုင်တယ် လို့ ပြောပါတယ်။

လေဖြတ်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါ့မလား ?

လေဖြတ်တဲ့လက္ခဏာတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။
တခါ , ကံဆိုးတာက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာကြောင့်လည်းလေဖြတ်ခြင်းဟာ ကပ်ဆိုက်မှုကြီး တရပ် ဖြစ်နေခဲ့ရပါတယ်။

ခုတော့ သိလာကြပြီ တဲ့ ,
ဆရာဝန်တွေက ပြောကြပြန်ပါတယ် ..
အနီးကပ် နေသူတဦးက မိမိနားကလူတယောက် လေဖြတ်တော့မယ်ဆိုတာကို အချက် ၃ချက်ကို သိရှိနားလည်ထားရင် ကြိုပြီး သိနိုင်ပါပြီ တဲ့။

ဘာအချက်တွေလဲ ဆိုတော့ ' ပ ' သုံးလုံးဖြစ်ပါတယ်၊
၁။ ပြုံးခိုင်းပါ
၂။ ပြောခိုင်းပါ
၃။ ပြခိုင်းပါ တို့ ဖြစ်ပါတယ်။

မိမိ မိခင် ဖခင် မိသားစု ဆွေမျိုး မိတ်ဆွေ တွေမှာ ဆီးချို သွေးတိုး နှလုံးလည်းရှိမယ်၊ ကိုယ်အလေးချိန်လည်း များနေမယ် ( ဝ နေမယ် ) ဆိုရင် လေဖြတ်ဖို့ အလားအလာ
ရှိသူအဖြစ် သိထားဖို့ လိုပါတယ်။

ဒီ ပုဂ္ဂိုလ်တွေကို ကြည့်ရင်း ကြည့်ရင်း အကဲမရဘူးလို့ ထင်လာတဲ့အခါကျရင်

ပထမ - ပြုံးခိုင်းကြည့်ပါ
လေဖြတ်တော့မယ်ဆိုရင် မပြုံးနိုင်တော့ဘူ တဲ့၊
ဒုတိယ - စကားပြောခိုင်းပါ၊
လွယ်တဲ့ ဝါကျလေး တခုခု ပေါ့
လေဖြတ်တော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး တဲ့၊
လျှာ ထုတ်ခိုင်းကြည့်ရင် လျှာ တွန့်လိမ်နေမယ် တဲ့၊
တတိယ - ပြခိုင်းတာ
လက်နှစ်ဖက်ကို မြှောက်ပြပါ လို့ ခိုင်းပါ တဲ့၊
လက် မြှောက်ပြခိုင်းလို့ မရဘူး တဲ့၊

ဒီအချက် ၃ချက်ထဲက ၁ချက်ချက် ချွတ်ယွင်းရင် ဆေးရုံအမြန် ပို့ပါတော့ တဲ့။

Credit to
ဒေါက်တာမြင့်သိန်း
Photo from
Top Doctors Online

Address

No 251/252, 2nd Floor, Thamine 12th Street, Mayangone Township, (Opposite Site Of Shwe Htee Hotel)
Yangon
11061

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00

Telephone

+959890007630

Website

Alerts

Be the first to know and let us send you an email when Iron X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share