30/08/2026
🏋️♂️ တစ်ယောက်တည်း လေ့ကျင့်ရင်…
ကိုယ့်ရဲ့ Limit ကို ကိုယ်ပဲ သိတယ်
ဒါပေမယ့်…
ကိုယ့်ဘေးမှာ ကြိုးစားနေတဲ့သူတွေ ရှိလာတဲ့အခါ
ကိုယ့်ရဲ့ Limit က ဘယ်မှာလဲဆိုတာ
တဖြည်းဖြည်း မေ့သွားတတ်တယ်
တစ်ယောက်က နောက်ထပ်တစ်ကြိမ် လုပ်တယ်
ကိုယ်လည်း နောက်ထပ်တစ်ကြိမ် လုပ်တယ်
တစ်ယောက်က အလေးပိုတင်တယ်
ကိုယ်လည်း “ငါရော?" လို့ဆိုပြီး စမ်းကြည့်တယ်
တစ်ယောက်ရဲ့ ကြိုးစားမှုက
နောက်တစ်ယောက်ကို တွန်းပို့တယ်
စကားအများကြီး ပြောစရာမလိုဘူး
တစ်ယောက်နဲ့တစ်ယောက်
မြင်နေရုံနဲ့တင် အားတက်လာတတ်တယ်
Cool Fitness Studio မှာ…
ကိုယ်တစ်ယောက်တည်းရဲ့ Journey မဟုတ်ဘူး
ကိုယ့်ဘေးမှာ ကိုယ့်လိုပဲ
ပိုကောင်းလာချင်တဲ့သူတွေ ရှိတယ်
အဲ့ဒီပတ်ဝန်းကျင်ကပဲ
တစ်နေ့ပြီးတစ်နေ့
ကိုယ့်ကို ပိုကောင်းတဲ့ Version တစ်ခုဆီ
တွန်းပို့ပေးတယ်
တစ်ခါတလေ ကိုယ်လိုအပ်တာက
ပိုမိုတဲ့ Motivation မဟုတ်ဘူး
ကိုယ့်ကို ဆက်ကြိုးစားချင်စေမယ့်
လူတွေနဲ့ ပတ်ဝန်းကျင်တစ်ခုပါ
💪 Surround Yourself With People Who Make You Stronger.
📍 Cool Fitness Studio
📍 3 Floors of Fitness Energy
📌 အမှတ် (၄၈၇) ဝေဘာဂီလမ်း (ဌ) ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်
☎️ 09965446643