Rangoon's Bike and Accessories

Rangoon's Bike and Accessories Mountain,Road Bike စက်ဘီးပစ္စည်းရောင်းဝယ်ရေး။ ?

Schwalbe Thunder Burt 29x2.10Price - 120000/- (a pair )095084799 (Kpay OK no %)
29/08/2023

Schwalbe Thunder Burt
29x2.10
Price - 120000/- (a pair )
095084799 (Kpay OK no %)

ABUS သော့Made in GermanyPrice - 🔴 Sold Out 🔴သော့နှစ်ချောင်း၊ အိတ်က စက်ဘီးမှာချိတ်လို့ရပါမယ်။ ၀၉၉၆၅၀၈၄၆၉၉
31/08/2022

ABUS သော့

Made in Germany

Price - 🔴 Sold Out 🔴

သော့နှစ်ချောင်း၊ အိတ်က စက်ဘီးမှာချိတ်လို့ရပါမယ်။

၀၉၉၆၅၀၈၄၆၉၉

Gravel တို့ Cyclocross တို့ စီးတဲ့ ညီကိုတွေအတွက် 700x35 တာယာရပါမယ်။လိုအပ်ရင် 09965084699 ကို Hello လိုက်လို့ရပါတယ် ( ၃စု...
04/07/2022

Gravel တို့ Cyclocross တို့ စီးတဲ့ ညီကိုတွေအတွက် 700x35 တာယာရပါမယ်။

လိုအပ်ရင် 09965084699 ကို Hello လိုက်လို့ရပါတယ် ( ၃စုံစာရှိပါတယ်။ )

Edit -( All Sold out )

မိုးရာသီ စက်ဘီးစီးခြင်း အနုပညာမိုးတွေလဲ သဲသဲမဲမဲရွာနေပြီဆိုတော့ မြို့တွင်း ဘာညာ စက်ဘီးနဲ့သွားရတာ ကျွန်တော် သိပ်သဘော မကျတ...
22/06/2022

မိုးရာသီ စက်ဘီးစီးခြင်း အနုပညာ

မိုးတွေလဲ သဲသဲမဲမဲရွာနေပြီဆိုတော့ မြို့တွင်း ဘာညာ စက်ဘီးနဲ့သွားရတာ ကျွန်တော် သိပ်သဘော မကျတော့ပါဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ရဲ့ လမ်းအခြေအနေတွေကြောင့်ပါ။ အဲ့ဒါကြောင့် ကျွန်တော် ဒီတခေါက် မိုးတွင်းကာလမှာ အန္တရာယ်မဖြစ်အောင် ဂရုစိုက်သင့်တဲ့အချက်တွေနဲ့ သတိထားရမဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။
မိုးရာသီဆိုတော့ လမ်းတွေက ရေတွေ အမြဲလိုလိုရှိနေတက်ကြပါတယ်။ ရေကြီးတဲ့လမ်းတွေလဲ ရှိကြတယ်။ ကားတွေကနေထွက်တဲ့ ချောဆီ ဂီယာဝိုင် ဘာညာတွေလဲ မိုးရေနဲ့အတူ လမ်းတွေပေါ်မှာ ကျန်နေတက်ကြပါတယ်။ အဲ့ဒါကြောင့် တာယာကို ပန်းပါတဲ့တာယာ တွေကို ရွေးတက်ထားဖို့ အကြံပေးချင်ပါတယ်။ နောက်ပီး ဘရိတ်တွေလဲ မကြာမကြာစစ်ပေးဖို့လို့ပါတယ်။ ရွှံတွေ သဲတွေက နေရာတိုင်းရှိတာဆိုတော့ ဂွေတွေ ဘရိတ်တုံးတွေ ဒရမ်တွေ မှာ အရာတွေမထင်အောင် အသံတွေမမြည်အောင် ရေလောင်း လောင်းပေးဖို့လဲ အကြံပြုပါတယ်။ နောက်ပီး လမ်းတွေက မာယာများပါတယ်။ ကားသမားတွေကလဲ တခါတလေမှာ "မင်းစက်ဘီး ဘယ်လောက်စီးကျွမ်းလဲ" ဆိုပြီး စာမေးပွဲစစ်လေ့ရှိတာကြောင့် မလိုအပ်ပဲနဲ့ Speed မတင်ပါနဲ့ ကို့ရဲ့ဘီးက ဘယ်လောက်ပြေးလဲ ကို့နင်းအားက ဘယ်လောက်ရှိလဲဆိုတာကို ကို့ဘာကို သိနေရင်ရပါပီး မိုးတွင်းမှာပြစရာမလို့ပါဘူး။ နောက်ပီး လမ်းပြောင်းပြန်လာကြတဲ့ ဆိုက်ကား စက်ဘီး ဆိုင်ကယ်တွေကလဲ စပရိုက်တိုက်တက်ကြပါတယ်။ ရေရှိနေတဲ့ ချိုင့်တွေကို ဘယ်တော့မှာ မဖြတ်ပါနဲ့ (လမ်းအခြေအနေကို သိနေရင်တော့မလိုပါ) လမ်းတွေက မာယာများပါတယ်။ နောက်ပီး ဟန်ဒယ်ကို သေချာကိုင်ပါ။ မမျှော်လင့်ထားတာတွေက စက္ကန့်ပိုင်းအတွင်းဖြစ်တက်တာတွေများတာကြောင့်ပါ။ ချိန်းနဲ့ ချိန်းဆီကို သေချာရွေးချယ်ပါ။ မိုးတွင်းမှာက ချိန်းဆီ အစိုက အ​ကောင်းဆုံးပါ။ သဲတွေ ရွှံတွေကပ်တာမှန်ပေမဲ့ ချိန်းဆီအစိုက မိုးရေထဲလွယ်လွယ်မပါသွားတာကြောင့် အဆင်ပြေပါတယ် ခဏ ခဏလဲ ထည့်စရာမလိုဘူးပေါ့။ ကျွန်တော် အမုန်းဆုံးပြသနာကတော့ ဖင်ထဲ ရွှံတွေ သဲတွေ ဝင်တဲ့ပြသနာပါပဲ 😥😥😥။ အဲ့ကိစ္စကို ဖြေရှင်းဖို့ကတော့ သဲကာတပ်လိုက်တာပါပဲ။ မိုးမဲလို့ မှောင်သွားတဲ့အချိန်တွေ မိုးကြီးနေတဲ့အချိန်တွေမှာဆိုရင် ရှေ့မီးနောက်မီး ဖွင့်ထားတာက ပိုအန္တရာယ်ကင်းပါတယ်။ အပေါ်က ပြောခဲ့တာလေးတွေကို သတိထားပီး လုပ်မယ်ဆိုရင်တော့ မိုးတွင်းမှာ အန္တရာယ်တွေ ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကံကြမ္မာဖန်လာရင်တော့ ရှောင်လို့မရပါဘူး။ သတိလေးကပ်နေရင်တော့ နည်နည်းလေးသက်သာတာပေါ့ဗျာ။

(အခုပြောပြထားတဲ့ အချက်တွေက ကျွန်တော် တဦးတယောက်ထဲ အမြင်ဖြစ်တာကြောင့် လိုအပ်တာတွေရှိရင်လဲ ဝင်ရောက် ပြောပြ ထောက်ပြသွားလို့ရပါတယ်။)

A.N Design Mini လေး တစ်စီးရှိပါတယ်(2x7) Shimano Group SetCaliper brakesiRC Tyer (20x1 1/8)Price 🔴 Sold Out 🔴☎09965084699...
17/06/2022

A.N Design Mini လေး တစ်စီးရှိပါတယ်

(2x7) Shimano Group Set

Caliper brakes

iRC Tyer (20x1 1/8)

Price 🔴 Sold Out 🔴

☎09965084699☎

🏠 စံရိပ်ငြိမ် ကမာရွတ် 🏠

စက်ဘီး ၃စီး ငွေပေါ်အောင် စျေးလျော့ ရောင်းပေးပါမယ်29"er Specialized MTB 🔴 Sold Out 🔴Fuji CX+ Cyclocross 🔴 Sold Out 🔴A.N D...
15/06/2022

စက်ဘီး ၃စီး ငွေပေါ်အောင် စျေးလျော့ ရောင်းပေးပါမယ်

29"er Specialized MTB 🔴 Sold Out 🔴

Fuji CX+ Cyclocross 🔴 Sold Out 🔴

A.N Design RB 🔴 Sold Out 🔴

ဘာညာ အသေးစိတ်သိချင်ရင်တော့ ပုံအောက်က link မှာ ဝင်ကြည့်လို့ရပါတယ်။

☎ 09965084699 ☎

🏠 စံရိပ်ငြိမ် ကမာရွတ် 🏠

ဒီ​နေ့တော့ ကျွန်တော် စက်ဘီးနဲ့ ခရီးဝေးနင်းရင် ဘာတွေလိုအပ်မလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်လေး ဝေမျှပေးသွားမှာပါ။‌Day Return...
14/06/2022

ဒီ​နေ့တော့ ကျွန်တော် စက်ဘီးနဲ့ ခရီးဝေးနင်းရင် ဘာတွေလိုအပ်မလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်လေး ဝေမျှပေးသွားမှာပါ။

‌Day Return Trip

Day Trip တွေမှာတော့ အဖွဲ့လိုက် နင်းဖြစ်ကြတာများပါတယ်။ အဖွဲ့ထဲမှာလဲ စက်ဘီး ဘာညာလုပ်ပေးနိုင်တဲ့ Mechanic တွေလဲပါတက်ကြပါတယ်။ ပါပါ မပါပါ Trip တခုမထွက်ခင် ရှေ့တရက်မှာတော့ ဘီး ကို သေချာစစ်သွားဖို့တော့ လိုပါတယ်။
ဘာတွေစစ်ရမလဲဆိုတော့
‌တာယာ
‌လေ
‌ဂီယာ
‌ချိန်း
‌ဘရိတ် တို့ပဲဖြစ်ပါတယ်။

အဲ့ဒါတွေ အဆင်ပြေရင် Day Trip ကတော့ ဘီးအတွက် စိတ်ချရပါတယ်။ စိတ်မချရင်တော့ ကျွတ် အပို ဒါမှမဟုတ် ဘီးဖာတဲ့ Tool လေးတွေ ယူသွားရင်ရပါပီ။ (အဲ့ထပ်ပိုတဲ့ Case တွေဖြစ်ရင်တော့ ကားလေးစီးပီး အိမ်ပြန်တဲ့ အခွင့်အရေးကို ရရှိမှာပါ 😁😁😁) ဘီးအတွက် ပြီးပြီဆိုတော့ လူအတွက်ပြောပြပေးပါမယ်။ Day Trip တွေကတော့ အဝတ်တထည် ကိုယ်တခု နဲ့သွားလို့ရပါတယ်။ ဆိုပေမဲ့ သွားမဲ့နေရာမှာ လို မလို တော့ စဥ်းစားရပါမယ်။
နောက်ပီး ရေဘူးနဲ့ ချောကလက်နဲ့ ချိုချဥ်တို့ယူသွားပေါ့။ (လမ်းမှာတွေ့မဲ့ ဒေသခံ ကလေးငယ်တွေကို ကျွေးလို့ရတာပေါ့)

‌Short Trip

Short Trip တွေထွက်မယ် ဆိုရင်တော့ ဘီးအတွက်ပြောစရာတွေ ရှိလာပါပီ။ ဘာလို့လဲဆိုတော့ ၃ရက် ၅ရက် တပတ်လောက် ဘီးတစီးထဲ ဆက်တိုက်နင်းရမဲ့ ကိစ္စဖြစ်သွားလို့ပါပဲ။ ပထမဆုံး ကိုနဲ့ အံကိုက်မဲ့ ဘီးတစီးရွေးရပါမယ်။ မဟုတ်ရင် ခရီးကပြန်လာ ဘီးကို ရောင်းလိုက်တာတို့ စက်ဘီးမစီးချင်တော့ဘူးတို့ ဘာတို့ဖြစ်နေမှာဆိုးလို့ပါပဲ။ နောက်ပီး ရက်တိုခရီးတွေမှာ ကို့စက်ဘီးကို မသွားခင် Mechanic နဲ့တချက်ပြကြည့်ပီး ကုန်ခါနီး အစိတ်အပိုင်းတွေကို တခါထဲ အသစ်လဲသွားပါ လမ်းခရီးမှာ ပျက်ရင် ပြင်ရမဲ့အချိန် နဲ့ အပိုသယ်ရမဲ့ အလေးချိန် သက်သာအောင်လို့ပါ။ စက်ဘီးရပီးဆိုရင်တော့ လူအတွက်ပြောပါမယ်။ Short Trip ဆိုတော့ ကိုသွားမဲ့နေရာနဲ့ကိုက်မဲ့ အဝတ်အထည်တွေရွေးပါ။ နောက်ပီး ရာသီဥတုကိုလဲ ထည့်စဥ်းစားပါ။ စက်ဘီးက တနေကုန်နီးပါး နင်းနေရမှာဆိုတော့ ကို့အနံကိုလဲ မရသလို အကျီမှာလဲ ချွေးနံသိပ်မကပ်ပါဘူး (မင်မင်လို ကြာညိုနံသင်းတဲ့သူ မဟုတ်ရင်တော့ မပြောတက်ပါ။😁😁😁) နောက်ပီး တကိုယ်ရည်သုံးပစ္စည်းတွေကတော့ သွားမဲ့လမ်းအခြေအနေနဲ့ ညအိပ်ဖို့ Plan ချထားတဲ့နေရာပေါ်မူတည်ပီးတော့ ထည့်သွားပါ။ မသုံးဖြစ်ပဲ သယ်ရတာတော့ အဆင်မပြေပါဘူး။ Tool တွေကတော့ ကျွတ်အပိုလေး တခု ကျွတ်ဖာတဲ့ ဘာညာလေးတွေရယ် ကို့ဘီးမှာသုံးတဲ့ L Key, Screw Driver (Star, Flat) နဲ့ ဂွတွေတော့ယူလာပေါ့။ နောက်ပီး ဘာညာလေးတွေချည်ဖို့ ထည့်ဖို့အတွက် Cable Tie နဲ့ ကျွတ်ကျွတ်အိတ် လေးတွေထည့်လာပေါ့။ အဲ့လောက်ပါပဲ။ စရိတ်ချွေတာမှာ သဘာဝနဲ့ နီးကပ်စွာ ခံစားပီးအိပ်ချင်တယ် ဆိုရင်တော့ Tent တို့ Sleeping bag တို့ Gas မီးဖိုတို့ ယူသွားတာပိုကောင်းပါတယ်။

ကလေးစီးဘီးလေးရပါမယ်။🔴Price -45000/-🔴☎09965084699☎🏠 စံရိပ်ငြိမ် ကမာရွတ်🏠
13/06/2022

ကလေးစီးဘီးလေးရပါမယ်။

🔴Price -45000/-🔴

☎09965084699☎

🏠 စံရိပ်ငြိမ် ကမာရွတ်🏠

ပုတ်ခလုတ်တွေရမယ်Sora (2x9) ⭕ Sold Out ⭕ Shimano (2x8) ⭕ Sold Out ⭕Claris (2x8) ⭕ Sold Out ⭕☎ Phone - 09965084699 ☎🏠 လိပ်...
30/05/2022

ပုတ်ခလုတ်တွေရမယ်

Sora (2x9) ⭕ Sold Out ⭕

Shimano (2x8) ⭕ Sold Out ⭕

Claris (2x8) ⭕ Sold Out ⭕

☎ Phone - 09965084699 ☎

🏠 လိပ်စာ - စံရိပ်ငြိမ် ကမာရွတ် ရန်ကုန်။ 🏠

မိုးရာသီမှာ ရုန်းကန်လှုပ်ရှား သွားလာနေရတဲ့ ညီအစ်ကိုတွေ မိမိ ကိုယ်နဲ့ မကွာဆောင်ထားတဲ့ ဖုန်းတို့ ပိုက်ဆံအိတ်တို့ power ban...
26/05/2022

မိုးရာသီမှာ ရုန်းကန်လှုပ်ရှား သွားလာနေရတဲ့ ညီအစ်ကိုတွေ မိမိ ကိုယ်နဲ့ မကွာဆောင်ထားတဲ့ ဖုန်းတို့ ပိုက်ဆံအိတ်တို့ power bank တို့ electronic device တွေရေမစိုဖို့ ရေလုံအိပ် ရေစိုခံအိတ် ocean pack water proof bags လေးတွေရပါပြီ။

စက်ဘီးသမားတွေအကြိုက်၊ ပေါ့ပေါ့ပါးပါး 3L လေးဆိုတော့ day return trip တွေမှာလည်း ရေစိုမှာ ပူနေစရာမလိုတော့ဘူး။

အရောင်တွေက အဝါ၊ အမဲ၊ လိမ္မော်၊ မိုးပြာ၊ ခဲ၊ အနီ၊ အစိမ်းနု ဆိုပြီးရှိမယ်

ဈေးနှုန်းက ၉၀၀၀ ကျပ်ပါ

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေရပါမယ်။

နယ်ဆို kpay ရပါတယ် % မယူပါ။

page messenger ကနေ ဆက်သွယ်မှာယူနိုင်သလို ဖုန်း ၀၉၉၆၅၀၈၄၆၉၉ ကိုတိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ မှ Rangoon's Bike ကိုယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးသွားတဲ့  အစ်မအား အထူးပင် ကျေးဇူးတင်ရှိပါတယ်...
17/05/2022

ရှမ်းပြည်နယ် တောင်ကြီးမြို့ မှ Rangoon's Bike ကိုယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးသွားတဲ့ အစ်မအား အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဝယ်ယူအားပေးသွားတဲ့ အစ်မတို့ မိသားစုအားလုံး ကျန်းမာ ချမ်းသာပီး၊ အလုပ်ကိုင် အားလုံး အဆင်ပြေပါစေ ၊အနာရောဂါကင်းရှင်းပါစေလို့ Rangoon's Bike မှ ဆုမွန်ကောင်း ပို့သ အပ်ပါတယ်ဗျာ။

Admin တို့ အဖွဲ့ ရန်ကုန်ပြန်ရောက်ပါပီ။လမ်းခရီးတလျှောက် သိသိ မသိသိ လူသားဆန်စွာ အကူအညီပေးခဲ့ကြတဲ့ သူတွေနဲ့ ခရီးစဥ်တလျှောက်...
22/04/2022

Admin တို့ အဖွဲ့ ရန်ကုန်ပြန်ရောက်ပါပီ။

လမ်းခရီးတလျှောက် သိသိ မသိသိ လူသားဆန်စွာ အကူအညီပေးခဲ့ကြတဲ့ သူတွေနဲ့ ခရီးစဥ်တလျှောက်လုံး ပျော်ရွင်စွာ အတူ စီးခဲ့ကြတဲ့ စက်ဘီး ညီကိုတွေ နယ်ခံစက်ဘီးစီးသမားများကို အထူးကျေးဇူးတင်ပါတယ်။

Address

Baho Road, Myanmar, Burma (Myanmar)
Yangon

Telephone

+959965084699

Website

Alerts

Be the first to know and let us send you an email when Rangoon's Bike and Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category