Relax Yoga

Relax Yoga Change Your Lifestyle with Yoga !

ညနေခင်း အတန်းလေးပါရှင့် 🥰
06/09/2026

ညနေခင်း အတန်းလေးပါရှင့် 🥰

ယောဂလည်း လုပ်ချင်တယ်အပင်ပန်းလည်း မခံနိုင်ဘူး ဆိုရင် ဒါလေး ရှိတယ်နော် အမျိုးတို့ 😀😀Relax ရဲ့ 𝐘𝐢𝐧 𝐘𝐨𝐠𝐚 အတန်းလေးက စိတ်အပန်း...
31/08/2026

ယောဂလည်း လုပ်ချင်တယ်
အပင်ပန်းလည်း မခံနိုင်ဘူး ဆိုရင် ဒါလေး ရှိတယ်နော် အမျိုးတို့ 😀😀

Relax ရဲ့ 𝐘𝐢𝐧 𝐘𝐨𝐠𝐚 အတန်းလေးက စိတ်အပန်းလည်း ပြေ၊ ခန္ဓာအကြောတွေလည်း ပြေပြီး၊
စိတ်ရော လူရော ကျန်းမာ ပျော့ပြောင်း နူးညံ့စေဖို့ အနားယူ လေ့ကျင့်ရတဲ့ ယောဂပုံစံမျိုး ဖြစ်ပါတယ် 🌿☘️🍀🪴🍃

တနေ့တာ လှုပ်ရှားထားသမျှ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့က 𝐘𝐢𝐧 energy က မရှိမဖြစ် လိုပါတယ်နော် 🌺

ဒီအတန်းလေးကို စိတ်ဝင်စားတယ်ဆိုရင် 𝐒𝐞𝐩 အတွက် schedule လေး ထွက်ပြီမို့ page messenger မှာ အခုပဲ 𝐡𝐞𝐥𝐥𝐨 လိုက်တော့နော် 🫶🏽

Namaste 🙏

**

✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

ဘဝက ပုံမှန်အတိုင်း လည်ပတ်နေရင်းနဲ့ ငြီးငွေ့စရာ ဖြစ်လာတယ် ..ပုံမှန် လုပ်နေကျ အလုပ်တွေ၊ ပြောနေကျ စကားတွေ၊ တွေ့နေကျ လူတွေနဲ...
30/08/2026

ဘဝက ပုံမှန်အတိုင်း လည်ပတ်နေရင်းနဲ့ ငြီးငွေ့စရာ ဖြစ်လာတယ် ..
ပုံမှန် လုပ်နေကျ အလုပ်တွေ၊ ပြောနေကျ စကားတွေ၊ တွေ့နေကျ လူတွေနဲ့ နေ့တိုင်း နေ့တိုင်း ပြောဆို ဆက်ဆံလာရာကနေ တနေ့တခြား စိတ်ပျက်စရာ ကောင်းလာတယ် လို့ ကိုယ့်ကိုကိုယ် ခံစားမိနေပြီလား ??

စိတ်ထဲကနေ ဒီထက်ပိုကောင်းတဲ့ အပြောင်းအလဲတခုကို မျှော်လင့်တောင့်တနေမိပြီလား ???

ဒါဖြင့် ကိုယ် လိုချင်တာက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲလား၊
ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလား ???
ဒါမှ မဟုတ် စိတ်ရော လူရော အသစ်တယောက်လို ပြန်လည်မွေးဖွားချင်တာလား .. ???

ကျမ ကိုယ်တိုင် ဒီလို ခံစားချက်မျိုး အတိအကျ ခံစားဖူးပါတယ် ..
ကြာတော့ ကိုယ့်ကိုကိုယ် လူရာမဝင်သလို ခံစားချက်မျိုးပေါ့ 🥲
တကယ်တော့ ဒါက စိတ်ဖိစီးမှု့တွေကနေ ရလာတဲ့ စိတ်ရဲ့ဒဏ်ရာတွေ လို့ ပြောရမယ် ထင်တယ်
ပြောရရင် Depression အနုစား ပေါ့

ဒါကို ကျော်လွှားဖို့ ဆိုတာ
စိတ်ရော လူရော ကြံ့ခိုင်မှ၊ သန်မာမှ၊ အားရှိမှ ဖြစ်မှာပါ ..

ကိုယ်က ဒါတွေကို အပြင်လောက မှာ လိုက်ရှာနေရင် လိုက်လေ ဝေးလေ ဖြစ်ပြီး နောက်ဆုံးမှာ ဘဝက ပိုပင်ပန်းလာမှာပါ … 😞

တကယ်တော့ စွမ်းအင် ဆိုတာ ကိုယ့်အတွင်းထဲမှာပဲ ရှိတာ ဖြစ်တယ်။

ကျမ ဒါကို Yoga Journey ပေါ် စတင်ချိန်မှာမှ ဖြည်းဖြည်းချင်း နားလည် သဘောပေါက်လာခဲ့တာ ..

ဒီလိုမျိုး
ယောဂလေ့ကျင့်တဲ့အခါ ပထမဆုံးမှာ
ခန္ဓာနဲ့ အရင် လေ့ကျင့်မှု့စပါတယ်
ဒီကမှ တဆင့် breathing နဲ့ ချိတ်ဆက်ပြီး
ဒီခန္ဓာပေါ်မှာ ကိုယ့်ရဲ့ အားထုတ်မှု့၊ ပင်ပန်းမှု့၊ ငြီးငွေ့မှု့စတဲ့ body senses တွေနဲ့ ဒီအပေါ် တုံ့ပြန်နေတဲ့ ကိုယ့်စိတ်ရဲ့ ခံစားချက် emotions တွေကို နက်နက်ရှိုင်းရှိုင်း သိလာ၊ မြင်လာ၊ ခံစားမိလာတာ …

ဒီလို ကိုယ့်စိတ်ကိုယ် ပြန်သိနေတဲ့စိတ်ကနေမှ ဒါကို ဘယ်လို ကိုင်တွယ် ထိန်းချုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းကို ဖြည်းဖြည်းချင်း လေ့လာ သင်ယူနိုင်ခဲ့တာ ဖြစ်တယ်
ဒါက ၁၀နှစ်တာ ခရီးမှာ ဖြတ်သန်းလာခဲ့တဲ့ ကျမရဲ့အတွေ့အကြုံတွေပါ ..

ကျမရဲ့ ဒီအတွေ့အကြုံကို တကယ်ကို မျှဝေချင်စိတ်နဲ့ ယောဂ ပညာ ဖြန့်ဝေပေးခြင်း ဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ယောဂရဲ့အနှစ်သာရကို အိမ်ကနေ ခြေတလှမ်းမှ ရွေ့စရာမလိုပဲ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရောက် နေ၊ ရောက် နေ
ကိုယ့်ဘဝကို ပြောင်းလဲဖို့ စိတ်ဆန္ဒရှိလာတဲ့အခါ ကျမတို့ Relax Yoga ကို သတိရပေးပါ လို့ ပြောပါရစေနော် 🫶🏽

Namaste 🙏

***

✨ Change Your Lifestyle With Relax Yoga ✨

🧘‍♀️

💕
😌
🕉️

Japan ကနေ ယောဂကို ရူးသွပ်စွာ ချစ်မြတ်နိုးသော ချစ်ရတဲ့ တပည့်ကျော်လေး ချောစု ပါရှင့် 🥰💕🤩😘
29/08/2026

Japan ကနေ ယောဂကို ရူးသွပ်စွာ ချစ်မြတ်နိုးသော ချစ်ရတဲ့ တပည့်ကျော်လေး ချောစု ပါရှင့် 🥰💕🤩😘

27/08/2026

အလုပ်ကို အရမ်းအာရုံစိုက်ပြီး စာတွေ editing လုပ်ဖို့ အချိန်မရလို့ ဒီလ knowledge sharing post လေးတွေရော၊ practicing post လေးတွေရော နည်းနေတာပါရှင့်
Page မှာ သိပ် active မဖြစ်ပေမယ့် သင်တန်းသူတွေနဲ့ တော့ Gp မှာ အမြဲ close ဖြစ်ပါတယ် လို့ 🥰

**

ဒီ video လေးကတော့ Evening Regular Class မှ online သင်တန်းသူ အမ မပြုံးရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ crow pose လေ့ကျင့်နေတဲ့ short video clip လေးပဲ ဖြစ်ပါတယ်ရှင့် 😍🫶🏽

နောက်နေ့တွေမှာလည်း
သင်တန်းသူလေးတွေရဲ့ yoga pose လေးတွေ တင်ကြွားပါဦးမယ် ရှင့် 🥰🥰🥰

🧘‍♀️ One Yoga Pose for Back Painခါးနာ၊ ကျောတင်းတာ သက်သာစေဖို့ Yoga Pose လေးတခုတနေ့တာ အလုပ်လုပ်ရင်း အချိန်ကြာကြာ ထိုင်နေရ...
12/08/2026

🧘‍♀️ One Yoga Pose for Back Pain
ခါးနာ၊ ကျောတင်းတာ သက်သာစေဖို့ Yoga Pose လေးတခု

တနေ့တာ အလုပ်လုပ်ရင်း အချိန်ကြာကြာ ထိုင်နေရတာ၊ လှုပ်ရှားမှုနည်းတာ၊ ကိုယ်နေဟန်ထား မမှန်တာတွေကြောင့် ခါးနဲ့ ကျောပိုင်းမှာ နေလို့ထိုင်လို့ သက်သောင့်သက်သာမဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်ရှင်။

ဒီလိုအချိန်မှာ ကျွန်မအကြံပြုချင်တဲ့ Yoga Pose လေးကတော့ —

🌿 Cat-Cow Pose (Marjaryasana-Bitilasana) ပါနော်

ဒီ Pose လေးက ကျောရိုးကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးပြီး ကျောနဲ့ ခါးပတ်ဝန်းကျင်ကို ပြေလျော့စေဖို့ ကူညီပေးနိုင်ပါတယ်။

Cow pose ပြုလုပ်ချိန်မှာ
မိမိဟာ လေးချောင်းထောက် စားပွဲခုံတလုံးလို ပခုံးအောက် လက်တည့်တည့်၊ ဒူးအောက် ဖနောင့်တည့်တည့် ထားရပါမယ်။
ဒီနေရာမှာ လက်ဖနောင့်ကနေ တံတောင်ကို တွန်းဆန့်ပြီး ပခုံးနှစ်ခုကြားကနေ ရင်ဘတ် (rib cage) ကို မိမိ ဖွင့်နိုင်သမျှ ဖွင့်ထုတ်ပေးဖို့ အရေးကြီးပါတယ်
ပခုံးတွေကို လျှော့ထားရမှာ ဖြစ်ပြီး၊ ပခုံးက နားရွက်နဲ့ ဝေးရမှာလည်း ဖြစ်ပါတယ် ..
ရင်ဘတ် ဗိုက်ကြောတင်းသွားပြီး၊ တင်ပါးရဲ့ တင်းအားကို သတိပြုမိမှာ ဖြစ်ပြီး
ဒီနေရာမှာ Beginner တွေအနေနဲ့ ခါးကို အရမ်းညှစ်ပြီး အားပြုတာမျိုး ရှောင်ပေးရပါမယ်

Cat pose မှာတော့ ဗိုက်ရှပ်ပြီး မြီးညှောင့်ရိုးကနေ ကိုယ်ရဲ့ ကျောရိုးတခုလုံးကို ဂုတ်ဆစ်လေးတွေအထိ ကွေးယူပေးရမှာ ဖြစ်ပါတယ်
လက်ပြင်ကြွက်သားတွေကိုလည်း ညှစ်ပြီး တွန်းထားပေးဖို့ လိုပါတယ်
တံတောင်ဆန့်ထားရပါမယ်
တင်ပါးကြွက်သားလေးတွေ ညှစ်ပြီး ကျုံ့ထားရပါမယ်

**

✨ Cat-Cow Pose ရဲ့ အကျိုးကျေးဇူးများ

🌱 ကျောရိုးကို ပိုမိုလှုပ်ရှားနိုင်စေတယ်
နေ့စဉ်အလုပ်များကြောင့် တင်းကျပ်နေတဲ့ ကျောရိုးကို နူးညံ့စွာ လှုပ်ရှားပေးပါတယ်။

🌱 ခါးနဲ့ ကျောကြွက်သားတွေကို ပြေလျော့စေတယ်
ကြွက်သားတင်းကျပ်မှုတွေကို လျော့ချပေးပြီး ခန္ဓာကိုယ် ပိုမိုပေါ့ပါးလာစေပါတယ်ရှင်။

🌱 Posture ပိုကောင်းလာစေတယ်
ထိုင်နေချိန်များတဲ့သူတွေအတွက် ကျောရိုးနဲ့ ကိုယ်နေဟန်ထားကို သတိထားလာစေပါတယ်။

✨ Yoga က ခါးနာမှုကို အမြန်ဖျောက်ပေးမယ့် နည်းလမ်းတခု မဟုတ်ပေမယ့်၊ ပုံမှန် လေ့ကျင့်ပေးသွားမယ်ဆိုရင် မိမိရဲ့ကျောရိုး ကို ပိုမိုသန်မာ၊ ပျော့ပြောင်းပြီး ခါးကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်ရှင့်

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က နေ့တိုင်း အလုပ်လုပ်ပေးနေတဲ့အတွက် ဒီခန္ဓာကိုယ်ကြီးကို ခဏလောက် အချိန်ပေးပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော် 🧘‍♀️💚

ယောဂ စတင်လေ့ကျင့်ချိန်မှာ ခန္ဓာကိုယ် အဆစ် joint လေးတွေ အန္တရာယ်ကင်းစေဖို့ တတ်ကျွမ်းတဲ့ Yoga Instructor တွေနဲ့ စတင် လေ့ကျင့်သင့်ပါတယ်ရှင့်
အိမ်မှာနေရင်း Zoom ကနေ Online join မယ်ဆိုရင် လူကြီးမင်းတို့အတွက် ကျမတို့ရဲ့ Relax Yoga ရှိနေပါပြီနော် 🥰🥰

Namaste 🙏

••••

✨ Change Your Lifestyle With Relax Yoga ✨


💕
🧘‍♂️
-relief 🌿
🕉️

ကိုယ့်လူတို့ရေ အစားမလျှော့နိုင်ရင် လေ့ကျင့်ခန်း လုပ်၊လေ့ကျင့်ခန်း မလုပ်နိုင်ရင် အစားလေးတော့ လျှော့ကြနော် ..ဟိုလို မဟုတ်၊...
05/08/2026

ကိုယ့်လူတို့ရေ

အစားမလျှော့နိုင်ရင် လေ့ကျင့်ခန်း လုပ်၊

လေ့ကျင့်ခန်း မလုပ်နိုင်ရင် အစားလေးတော့ လျှော့ကြနော် ..

ဟိုလို မဟုတ်၊
ဒီလိုမဟုတ်တော့ မလုပ်ကြနဲ့နော်

အဝွန့့်

Address

Bo Moe Gyoe Street
Yangon
11421

Alerts

Be the first to know and let us send you an email when Relax Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category