23/06/2024
ရိုနယ်ဒိုဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းဟာ မနေ့ညက တူရကီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့လို့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။
ပေါ်တူဂီအသင်းအနေနဲ့ လက်ရှိယူရိုပြိုင်ပွဲမှာ Group F တွင် တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်ယှဉ်ပြိုင်ခဲ့ရပြီး လက်ရှိအချိန်ထိအုပ်စုတွင်းပွဲစဉ်အဖြစ် ချက်၊ တူရကီ တို့နဲ့နှစ်ပွဲယှဉ်ပြိုင်ကစားအပြီး နှစ်ပွဲစလုံးကိုအနိုင်ရခဲ့လို့ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိကစားပုံနဲ့ ခြေစွမ်းတွေအရလည်း ပေါ်တူဂ္အသင်းအနေနဲ့ချန်ပီယံဆုကိုမှန်းလို့ရနိုင်တဲ့အခြေအနေဖြစ်ပြီး အပြစ်ရှာပြောရမယ်ဆိုရင်တော့ goat ကြီး ရိုနယ်ဒို ဂိုးမသွင်းနိုင်သေးတာတစ်ခုလောက်ပဲပြောစရာရှိမယ်ထင်ပါတယ်။