Beyond The Dream Wellness

Beyond The Dream Wellness “Fitness . Wellness. Active Lifestyle”

31/08/2026

Backyard Ultra Myanmar ပွဲလေးမှာ (2) loop နဲ့ နားခဲ့ရပါတယ်…

🌟အများကြီး မပတ်နိုင်ခဲ့ပေမယ့် ကျွန်မအတွက်တော့ ဒီ (2)Loop ကလည်း အဓိပ္ပါယ်ရှိပါတယ်။

🌟ဘယ်ဘက်ခြေဖဝါးက plantar facilities injury
ရထားလို့ ရသလောက်ပြေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ…

🌟ပြေးတဲ့အချိန်မှာ နာမှာစိုးလို့ ထိန်းပြေးပြီး သတ်မှတ်ချိန်အတွင်းဝင်ဖို့ ကြိုးစားခဲ့ပါတယ်…

🌟နောက်တစ်ခေါက် ပြေးပြီး ပန်းဝင်ဖို့ (၃)မိနစ်လောက် နောက်ကျခဲ့တာကြောင့် နားခဲ့ရတယ်…

🌟တစ်ခါတလေ ကိုယ့်ရဲ့ best ကို ပေးနိုင်ခဲ့တာကပဲ finish line တစ်ခု ဖြစ်နေတတ်ပါတယ်။ 🧡

🌟ဒီနေ့အတွက်တော့ (2)Loop နဲ့လည်း ကျေနပ်ပါတယ်။နောက်တစ်ကြိမ်မှာ ပိုသန်မာတဲ့ ကိုယ်နဲ့ ပြန်လာမယ်။

တစ်ဆင့်ချင်း… တစ်လှည့်ချင်း… ဆက်သွားမယ်။




🏋️‍♀️ Just another day of showing up.🌟တစ်ခါတလေ motivation ရှိလို့ လေ့ကျင့်တာမဟုတ်ဘူး။ကိုယ့်အတွက် အရေးကြီးတဲ့အရာတစ်ခုကိုဆ...
27/08/2026

🏋️‍♀️ Just another day of showing up.

🌟တစ်ခါတလေ motivation ရှိလို့ လေ့ကျင့်တာမဟုတ်ဘူး။ကိုယ့်အတွက် အရေးကြီးတဲ့အရာတစ်ခုကိုဆက်လုပ်နေဖို့ ဆုံးဖြတ်ထားလို့ပါ။

🌟အလုပ်တွေများတဲ့နေ့တွေရှိတယ်။
မအားတဲ့နေ့တွေလည်းရှိတယ်။
ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက် တတ်နိုင်သလောက် ဆက်လုပ်နေမယ်။

One workout at a time.
One day at a time.

Stronger • Healthier • Happier🧡

22/08/2026

🛒🌿 စျေးဝယ်ရင်း တွေ့ခဲ့တဲ့ Wellness Pick လေးတွေ…

🌼လွန်ခဲ့တဲ့(၃)ရက်လောက်က ပုံမှန်စျေးဝယ်ရင်းနဲ့
“Wellness Pick” ဆိုပြီး အသီးအနှံတွေနဲ့ Healthy Meal လေးတွေကို သီးသန့်ရွေးချယ်ပြထားတာ တွေ့လို့ စိတ်ဝင်စားပြီး video လေး ရိုက်လာခဲ့ပါတယ်။

🌼ကျန်းမာတဲ့ Lifestyle ဆိုတာ…
Gym သွားတဲ့အချိန်၊ Workout လုပ်တဲ့အချိန်မှာပဲ ရွေးချယ်ရတာ မဟုတ်ပါဘူး။

🌼နေ့စဉ် စျေးဝယ်တဲ့အချိန်မှာ…
ဘာတွေကို ကိုယ့်အိမ်ထဲ ယူလာမလဲ၊ ဘာတွေကို ပိုရွေးချယ်မလဲ ဆိုတာကလည်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ရွေးချယ်မှုလေးတွေပါ။ 🥗🍎

🌼အရာအားလုံးကို တစ်ခါတည်း ပြောင်းလဲဖို့ မလိုပါဘူး။နေ့တိုင်းမှာ ရွေးချယ်မှုကောင်းလေး တစ်ခုစီ လုပ်သွားနိုင်ရင် အဲဒါကလည်း Healthy Lifestyle တစ်ခုကို တည်ဆောက်နေတာပါပဲ။ 🌿

သေးသေးလေးကနေ စကြရအောင်။🧡




18/08/2026

🏃‍♀️ Back to Running🔥

🌼တစ်ခါတလေ ကိုယ်သွားချင်တဲ့နေရာကို မြန်မြန်ရောက်ဖို့ထက် ပြန်စနိုင်ဖို့က ပိုအရေးကြီးပါတယ်။

🌼မနေ့ကတော့ ကိုယ့်အတွက် training ပြန်စတဲ့နေ့လေးတစ်နေ့ပါ။ 🧡

✅အမြဲတမ်း perfect ဖြစ်နေဖို့ မလိုပါဘူး။
✅နည်းနည်းချင်း ပြန်စမယ်။
✅တစ်ရက်ချင်း ဆက်သွားမယ်။

One run at a time. 🌿
Stronger • Healthier • Happier💪


🥗 Healthy lifestyle doesn’t have to be perfect. It just needs a little consistency.🌼ဒီ Meal Box လေးတွေက ကျွန်မရဲ့ PT ညီမ...
14/08/2026

🥗 Healthy lifestyle doesn’t have to be perfect. It just needs a little consistency.

🌼ဒီ Meal Box လေးတွေက ကျွန်မရဲ့ PT ညီမလေး ကိုယ်တိုင်ပြင်ဆင်ပြီး စားဖြစ်တဲ့ meal လေးတွေပါ။

🌼နိုင်ငံရပ်ခြားမှာ အလုပ်တစ်ဖက်နဲ့ night duty ဆင်းရတဲ့နေတွေလည်းရှိ အိမ်မှုကိစ္စတွေလည်းရှိသလို၊ ရုံးပိတ်ရက်တွေဆိုလည်း အမျိုးသားရှိတဲ့မြို့ကိုအသွားအပြန်လုပ်ရတာနဲ့ အချိန်က သိပ်မလွယ်ပါဘူး။

🌼ဒါပေမယ့် အလုပ်များတယ်ဆိုပြီး ကိုယ့်အတွက် အစားအသောက်ကို လုံးဝလျစ်လျူရှုမထားဘဲ အချိန်ရသလို ကြိုတင်ပြင်ဆင်ပြီး ကိုယ်တိုင်ချက်စားဖို့ ကြိုးစားနေပါတယ်။ကျွန်မအနေနဲ့ ဒီအချက်လေးကို အရမ်းသဘောကျမိတယ်။

🌼Healthy lifestyle ဆိုတာ အချိန်အများကြီးရတဲ့သူတွေအတွက်ပဲ မဟုတ်ပါဘူး။အလုပ်ရှိတယ်၊ မိသားစုတာဝန်ရှိတယ်၊ ကိုယ်ပိုင်ဘဝရှိတယ်ဆိုတာတွေကြားထဲမှာတောင် ကိုယ့်ကျန်းမာရေးအတွက် တတ်နိုင်သလောက် ရွေးချယ်ပြီး လုပ်ပေးနိုင်တာ ကိုတကယ် ချီးကျူးမိပါတယ်။

🌼ကျွန်မရဲ့PT clientတွေ၊ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့လည်း ကိုယ်တိုင်လည်း healthy habits လေးတွေ လက်တွေ့ကျင့်သုံးနေဖို့ အရေးကြီးပါတယ်။
Perfect ဖြစ်ဖို့ မလိုပါဘူး။

Start small. Stay consistent. 🧡

🌟ဒီလို busy lifestyle ကြားထဲမှာ ကိုယ့်အတွက် meal prep လုပ်ဖြစ်တဲ့သူတွေရှိလား?

11/08/2026

🌟အသက် ၄၀ ကျော်လာရင် Strength Training ဘာလို့ ပိုအရေးကြီးလာတာလဲ? 💪

🌼အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာမှာ muscle mass နဲ့ strength တွေ တဖြည်းဖြည်းလျော့လာနိုင်ပါတယ်။ ဒါကြောင့် Strength Training က “အလှအပအတွက်” တစ်ခုတည်းမဟုတ်တော့ဘဲ ကျန်းမာပြီး သန်မာစွာ အသက်ရှည်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ 🧡

✅ကြွက်သားတွေကို ထိန်းသိမ်းပေးနိုင်တယ် 💪
အသက်အရွယ်ရလာတာနဲ့ muscle mass လျော့လာနိုင်ပါတယ်။ Resistance/Strength training က ကြွက်သားတွေကို ထိန်းသိမ်းပြီး ခန္ဓာကိုယ်ရဲ့ strength ကို တိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။

✅အရိုးကျန်းမာရေးကို အထောက်အကူပြုတယ် 🦴
Strength training လို weight-bearing exercise တွေက အရိုးတွေကို mechanical load ပေးတာကြောင့် bone health ကို ထိန်းသိမ်းဖို့ အထောက်အကူပြုနိုင်ပါတယ်။

✅နေ့စဉ်ဘဝမှာ ပိုလွယ်ကူစွာ လှုပ်ရှားနိုင်တယ်…
ကုလားထိုင်ကနေထတာ၊ လှေကားတက်တာ၊ ပစ္စည်းတွေ မတာ၊ အိမ်မှုကိစ္စလုပ်တာလို everyday movements တွေအတွက် strength က အရေးကြီးပါတယ်။

✅Balance နဲ့ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုကို
ကောင်းမွန်စေတယ်…
Strength training ကို သင့်တော်တဲ့ balance နဲ့ movement training တွေနဲ့ တွဲလုပ်ပေးရင် ခန္ဓာကိုယ်ကို ပိုကောင်းကောင်းထိန်းချုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

✅Healthy Aging အတွက် အရေးကြီးတယ် 🌿
အသက်ကြီးလာတာနဲ့ “လေ့ကျင့်ခန်းလျှော့ရမယ်” ဆိုတာထက် ကိုယ်ခန္ဓာကို ဆက်လက်အသုံးပြုပြီး သန်မာအောင် ထိန်းသိမ်းဖို့ ပိုအရေးကြီးပါတယ်။

🌟Strength Training ဆိုတာ အသက် ၄၀ ကျော်မှ စဖို့ နောက်ကျသွားတာ မဟုတ်ပါဘူး။
အခုစတင်တာက အကောင်းဆုံးအချိန်ပါ။🧡

🔥Stronger • Healthier • Happier🔥


08/08/2026

🌟Energy is unmatched!!!

🌼ပြီးခဲ့တဲ့ အပတ်က HYROX Camp မှာ Volunteer လုပ်ရင်း မြင်တွေ့ခဲ့ရတဲ့ ဇွဲ၊ လုံ့လနဲ့ စိတ်ဓာတ်တွေက တကယ့်ကို Inspiration ပါပဲ…💪🔥

🌼ကိုယ်တိုင်လည်း ပါဝင်အားဖြည့်ပေးခွင့်ရလို့ အရမ်းဂုဏ်ယူပြီး အမှတ်တရ ဖြစ်ရပါတယ်🧡


🌼ဒီလိုစာလေးတွေက Personal Trainer တစ်ယောက်အတွက် အကြီးမားဆုံး အားပေးမှုပါ။🌼Client တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုနဲ့ ကြိုးစာ...
07/08/2026

🌼ဒီလိုစာလေးတွေက Personal Trainer တစ်ယောက်အတွက် အကြီးမားဆုံး အားပေးမှုပါ။

🌼Client တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုက ကျွန်မကိုလည်း ပိုပြီးတာဝန်ယူတတ်အောင် သင်ပေးပါတယ်။

🌼အလေးချိန်လျော့တာ၊ ခန္ဓာကိုယ်ပြောင်းလဲတာထက် ပိုအရေးကြီးတာက…
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရလာတာ၊ လှုပ်ရှားရတာ ပိုလွယ်လာတာ၊ ကျန်းမာတဲ့ lifestyle တစ်ခု တည်ဆောက်နိုင်တာပါ။

🌼ဒီလို feedback လေးတွေ ပေးတဲ့ clients အားလုံးကို ကျေးဇူးတင်ပါတယ်။ 🧡

🌼တစ်ခါတလေ...ကိုယ်က သင်ပေးနေတဲ့သူ ဖြစ်ပေမယ့် သင်ယူနေဖို့လည်း မရပ်သင့်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။🌼ဒီ weekend လေး HYROX Pe...
04/08/2026

🌼တစ်ခါတလေ...
ကိုယ်က သင်ပေးနေတဲ့သူ ဖြစ်ပေမယ့် သင်ယူနေဖို့လည်း မရပ်သင့်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။

🌼ဒီ weekend လေး HYROX Performance Camp မှာ volunteer အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

🌼ပြိုင်ပွဲတစ်ခုကို အနီးကပ်မြင်ရတာ၊ Athlete တွေရဲ့ ပြင်ဆင်မှုတွေကို လေ့လာရတာ၊ Coach တွေရဲ့ အသေးစိတ်အချက်တွေကို နားထောင်ရတာ
အကုန်လုံးက သင်ခန်းစာတွေပဲ ဖြစ်ခဲ့ပါတယ်။

🌼ကျွန်မရဲ့ Beyond The Dream Wellness ကိုလည်းအမြဲလေ့လာပြီး ပိုကောင်းတဲ့ knowledge တွေ၊ပိုကောင်းတဲ့ coaching တွေ ယူဆောင်ပေးနိုင်ဖို့ အမြဲတမ်းဆက်ပြီး ကြိုးစားနေပါတယ်။

Learning never stops.🧡

🍳 Simple Healthy Breakfast Ideas🧡🌼Healthy Breakfast ဆိုတာ အစားအသောက်အဆန်းတွေ၊ ဈေးကြီးတဲ့ Ingredients တွေရှိမှ မဟုတ်ပါဘူး...
01/08/2026

🍳 Simple Healthy Breakfast Ideas🧡

🌼Healthy Breakfast ဆိုတာ အစားအသောက်အဆန်းတွေ၊ ဈေးကြီးတဲ့ Ingredients တွေရှိမှ မဟုတ်ပါဘူး။

🌼ကျွန်မအတွက်တော့...
🥚 Protein
🥗 Vegetables
🥔 Carbohydrates (သင့်တင့်တဲ့ပမာဏ)
ဒီလို Balance ဖြစ်အောင် ရွေးချယ်စားဖို့က ပိုအရေးကြီးပါတယ်။

🌼Perfect Meal ကို လိုက်မရှာပါနဲ့။
ကိုယ်အဆင်ပြေတဲ့အတိုင်း မျှတအောင် စားတတ်တာက ရေရှည်မှာ ပိုကောင်းပါတယ်။ 🌿

🌼ဒီပုံလေးတွေက ကျွန်မ မကြာခဏ ရွေးစားဖြစ်တဲ့ ရိုးရှင်းတဲ့ မနက်စာလေးတွေပါ။

🌼သင်ရော မနက်စာကို ပုံမှန်စားဖြစ်လား? အကြိုက်ဆုံး Breakfast Menu ကို Comment မှာ မျှဝေပေးပါဦး။

Address

No(72), Ta Yoke Kyaung Street, Sanchaung Township
Yangon
11111

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+9595090892

Website

Alerts

Be the first to know and let us send you an email when Beyond The Dream Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share