07/10/2018
✌✌✌
မင်္ဂလာပါခင်ဗျာ။ 👋
ကျွန်တော်တို့ PUBG Mobile Myanmar ရဲ့ ပြိုင်ပွဲ ကြီးလာပါပြီ 😄 အစကထဲကလုပ်ဖို့စိတ်ကူးထားပေမဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေစာမေးပွဲဖြေဆိုပြီးမှလူတိုင်းအေးအေးဆေးဆေးပြိုင်လို့ရအောင်စောင့်နေတာမလို့ ကြာနေခဲ့တာ အခုလာပါပြီ 👑 ပြိုင်ပွဲရဲ့စုစုပေါင်း ဆုကြေးကတော့
🇲🇲- ၃၅၀,၀၀၀ ကျပ် ပါ 🏁 ဝင်ကြေးကတော့ FREE ပါခင်ဗျာ။
🔰ပထမဆုံးပြောချင်တာက ဒီပြိုင်ပွဲဟာ ကျွန်တော်တို့ ဘာစပွန်ဆာ မှယူမထားပဲ Page က UC ရောင်းလို့ရတဲ့ % ကြေးအကုန်လုံးကို ဆုကြေးအဖြစ်ပေးတာပါ ကျွန်တော်တို့ Page ရဲ့
💉 Admin Kurome
👑 Admin ThEr
💟 Admin ABM
👙 Admin Saw
🎬 Admin KoSai
🤝 Admin KZH
တို့ အားလုံးစုပေါင်းပြီး Myanmar PUBG Mobile Gamer တွေအတွက် ကူညီပေးတာပါ 😁
🔰အခု ပြိုင်ပွဲအကြောင်းပြောကြရအောင်
🔺 အသင်း ၇၅ သင်းလက်ခံပါမယ်
🔺Edited - TPP Mode ဆော့ရပါမယ် သို့သော် Voting အရ Erangle ကိုတော့ FPP နဲ့ဆော့ရမှာပါ (မဲခွဲရလဒ် Link - https://www.facebook.com/355880638257220/posts/448484758996807/ ) *Room မှာ Erangle ပဲရတာမို့ပါ
🔺 Map က 3 map လုံးဆော့ရပါမယ်
🔺 ၂၅ သင်းစီဟာ အမှတ်ပေးပွဲ 3 map စုစုပေါင်း ၃ ပွဲဆော့ရပါမယ်
⛔️ အမှတ်တွေ ရလာရင် အသင်းအကုန်လုံးရဲ့ အမှတ်တွေ အစဉ်လိုက်အနည်းအများ ကိုစီပါမယ် အမှတ်တူရင် kill များတဲ့အသင်းကအပေါ်မှာရှိနေမှာပါ။
🔺75 သင်းမှာ အမှတ်အနည်းဆုံး ၂၅ သင်းဟာ ကျန်ခဲ့ပါမယ်မယ်။
🔺 ၂၅ သင်းဖယ်ပြီးရင်တော့ နဂိုက Big Match လို Upper Final / Lower Final ဆုကြေးရမယ့်ပွဲလာပါပြီ။
⚠️စည်းကမ်းချက် Link - https://www.facebook.com/355880638257220/posts/468033007041982/
👑Upper Final ဆုကြေး ကျပ် ၃၀၀,၀၀၀ ပါ။
👑 Lower Final ဆုကြေး ကျပ် ၅၀,၀၀၀ ပါ။
🔻ကျန်ရှိ အသင်း ၅၀ ထဲက အမှတ်အလိုက် Top 1 to 25 အထိ အသင်း ၂၅ သင်းဟာ ( ၂၁ ရက် ည ၈ နာရီ အချိန်မှာ ) Upper Final အနေနဲ့ Sanhok (TPP) မှာဆော့ရပါမယ် Upper Final မှာ 0 - kill နဲ့ Winner ရသည်ဖြစ်စေ သန့်ရှင်းစွာ Winner Winner Chicken Dinner ဖြစ်တဲ့အသင်း ဟာ Upper Final ဆုကြေး ကျပ် ၃၀၀,၀၀၀ ကိုရပါမယ်။
🔻ကျန်ရှိ အသင်း ၅၀ ထဲက အမှတ်အလိုက် Top 26 to 50 အသင်းတွေဟာ ( ၂၁ ရက် ည ၆ နာရီ အချိန်မှာ ) Lower Final အနေနဲ့ Sanhok (TPP) မှာ ဆော့ရပါမယ် Lower Final မှာ 0 - kill နဲ့ Winner ရသည်ဖြစ်စေ သန့်ရှင်းစွာ Winner Winner Chicken Dinner ဖြစ်တဲ့အသင်း ဟာ Lower Final ဆုကြေး ကျပ် ၅၀,၀၀၀ ကိုရပါမယ်။
✅စာရင်းပေးမယ့်အသင်းတွေအနေနဲ့ကျေးဇူးပြု၍ဒီနေရာလေးကိုသေချာသေချာနားလည်အောင်ဖတ်ပေးပါခင်ဗျာ။
♦️ကျွန်တော်တို့က အသင်း ၇၅ သင်းကို Group 3 ခုခွဲပါမယ်
♦️ Group A ဟာ 12/10/2018 (Fri ည 600 ကနေ စပြီး 3 Map - 3 ပွဲဆက်ဆော့ရပါမယ် )
♦️ Group B ဟာ 13/10/2018 (Sat ည 6:00 ကနေ စပြီး 3 Map - 3 ပွဲဆက်ဆော့ရပါမယ် )
♦️ Group C ဟာ 14/10/2018 (Sun ည 6:00 ကနေ စပြီး 3 Map - 3 ပွဲဆက်ဆော့ရပါမယ် )
♦️ ပွဲတွေအကုန်ပြီးရင် Point မှတ်တွေထုတ်ပေးပါမယ် ⛔️ Point မှတ်တွေရရင် အမှတ်အနည်းအများ စီပြီး ၂၅ သင်းပြုတ် ကျန် အသင်း ၅၀ က Upper Final - Lower Final ဆော့ခွင့်ရပါပြီ။
♦️အဲ့တော့ ပြိုင်ပွဲစာရင်းပေးမယ့် အသင်းဟာ ကိုယ်က စနေ အားတယ် အဲ့နေ့ပဲဆော့ချင်တယ်ဆို စနေ ရက်ကိုပဲ စာရင်းပေးပါ
♦️အသင်း ၁ သင်းဟာ ၂ ရက်စာစာရင်းပေးပြီး ၂ ခါဆော့ခွင့်မရှိပါဘူး ( စာရင်း ၂ ရက်ပေးထားရင် ၂ ရက်လုံးကနေပယ်ပါမယ် ကိုယ်ဆော့မယ့်ရက်မှာပဲစာရင်းပေးပါ မဟုတ်ရင် အမှတ်တွေရှုပ်ကုန်မှာပါ) ချွင်းချက် Crew မတူတဲ့ Squad 2 ခုထောင်ထားတယ်ဆို ၂ ခုလုံးစာရင်းပေးလို့ရပါတယ် ဥပမာ - Team Unknown 1 / Team Unknown 2 တို့လိုမျိုးကိုပြောတာပါ Crew တော့မတူရဘူးနော်။
📋 အမှတ်ပေး Point စနစ်
အသင်းတိုင်းဟာ
Map 1-2-3 မှာ ကိုယ်ရတဲ့ အဆင့်အလိုက် Rank Point ရပါမယ်
Rank အမှတ်အနေနဲ့
No 1 -- 2️⃣0️⃣ Point
No 2 -- 1️⃣9️⃣
No 3 -- 1️⃣8️⃣
No 4 -- 1️⃣7️⃣
No 5 -- 1️⃣6️⃣
No 6 -- 1️⃣5️⃣
No 7 -- 1️⃣4️⃣
No 8 -- 1️⃣3️⃣
No 9 -- 1️⃣2️⃣
No 10-- 1️⃣1️⃣ point ဆီရပါမယ်
No 11 to 25 တွေကတော့ အကုန်တူတူ 🔟Point ရပါမယ်
( ဒီလိုမျိုးပါ ဥပမာ Team Unknown က Map 1 မှာ No 1 ဆို Rank 2️⃣0️⃣point ရထားပြီး Map 2 မှာ No 5 ရတယ်ဆို Rank 1️⃣6️⃣ Point / Map 3 မှာ No 11 ဆို Rank 🔟 point ပြီးရင်အကုန်ပေါင်း Rank Point 46 မှတ် + Map 1- 2 -3 က Kill point ပါ အဲ့အမှတ် Total Point ရပြီဆို ၇၅ သင်းအမှတ်အလိုက်စဉ်ပါမယ် )
☠️ Kill point အသင်းတိုင်းဟာ Map 3 ခုလုံး (3 ပွဲလုံး) မှာူလူ 1 ယောက်သတ်တိုင်း 2️⃣ Point ရပါမယ်
Admin Guide 🤣 ( အဆင့် 10 အောက်ရောက်နေလဲ 1 ယောက်သတ် 2 မှတ်ဆိုတော့ 1 to 10 ဝင်အောင်ဆော့မလား သတ်ပြီးပဲအမှတ်ရှာမလား 😂 Map က ၃ ခုဆိုတော့ 1 ခုမှာ 4 ယောက်ပဲသတ်ဦး kill point 8 × 3 map = 2️⃣4️⃣point ရယ် Rank point က 3️⃣0️⃣ ဆိုတော့ အမှတ် 54 ရမှာပဲ lower ကတော့မျှော်လင့်လို့ရနေပြီ 😂😂 သတ်မလား ပုန်းနေမလား 😄)
✅Register လုပ်ဖို့ အတွက် Link ကို Video နှင့်တကွ တင်ပေးမှာဖြစ်လို့ Page ကို Like & See First လုပ်ထားဖို့ လိုမယ်နော်