10/08/2026
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးမျိုးသူရအား
ထိုင်းနိုင်ငံ၏ အထင်ကရ တင်းနစ်အဖွဲ့အစည်းဖြစ်သည့်TATP Tour ဥက္ကဌမှ Sunday August 16 နေ့တွင်ပြုလုပ်မည့် “Celebrate of 30 years of the TATP Tour” နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “Home Coming” Honorary ပြိုင်ပွဲသို့ ပါဝင်တက်ရောက်ဆင်နွဲရန် ဖိတ်ကြားခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
TATP Tour အကြောင်းသိကောင်းစရာ
TATP Tour (Singha TATP Tour) သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း ကြေးစား တင်းနစ်ပြိုင်ပွဲ စီးရီး (Professional Tennis Tour) ဖြစ်ပြီး အားကစားသမားများ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများသို့ တက်လှမ်းနိုင်ရန် အဓိက စင်မြင့်တစ်ခုအဖြစ် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ အဓိက ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Singha Corporation မှ အဓိက ပံ့ပိုးကူညီထားသောကြောင့် Singha TATP Tour ဟုလည်း လူသိများသည်။
International Tennis Federation (ITF) ၏ ပြိုင်ပွဲ စံချိန်စံညွှန်းများနှင့် လုံးဝကိုက်ညီအောင် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ၏ ပထမဆုံး တင်းနစ်ပြိုင်ပွဲ စီးရီးများထဲတွင် ပါဝင်သည်။
ထိုင်းနိုင်ငံနှင့် ဒေသတွင်းမှ လူငယ် တင်းနစ်အားကစားသမားများအနေဖြင့် နိုင်ငံတကာအဆင့် (ITF, ATP, WTA) ပြိုင်ပွဲများသို့ မဝင်ရောက်မီ အတွေ့အကြုံ၊ အမှတ် (Points) နှင့် ဆုကြေးများ ရရှိနိုင်ရန်အတွက် စနစ်တကျ ပြိုင်ပွဲများ ဖန်တီးပေးရန်ဖြစ်သည်။
TATP Main Circuit: Singha Championship၊ Singha Pattaya Open စသည့် စီးရီး Circuit များကို တစ်နှစ်ပတ်လုံး ကွင်းအမျိုးအစား အသီးသီးတွင် ကျင်းပပေးသည်။
သက်ကြီးပိုင်းနှင့် ဝါသနာရှင် တင်းနစ်ကစားသမားများအတွက်လဲ ပြိုင်ပွဲများ စီစဉ်ကျင်းပပေးသည်။
Singha Grand Slam Experience: လူငယ် မျိုးဆက်သစ် ကစားသမားများကို နိုင်ငံတကာ Grand Slam ပြိုင်ပွဲများ သွားရောက်လေ့လာခွင့်နှင့် သုံးသပ်လေ့ကျင့်ခွင့် ပေးသည့် အထူးအစီအစဉ်လဲရှိသည်။
TATP Tour သည် ထိုင်းနိုင်ငံ လက်ရွေးစင် Davis Cup နှင့် Billie Jean King Cup (Fed Cup) ကစားသမားများစွာကို မွေးထုတ်ပေးရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။…
~~~~~~~~~~~~~~~~~~~~~~~~~~~~