01/09/2026
မနေ့ညက လာလီဂါပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာေကြာင့် အသက် ၁၉ နှစ်နဲ့ ၄၉ ရက် အရွယ်မှာပဲ ဘာစီလိုနာရဲ့ စူပါစတား လမိုင်း ယာမဲလ် ဟာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ဘောလုံးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ယာမဲလ်အနေနဲ့ ဒီမှတ်တမ်းမှာ အယ်လင် ဟာလန်းနဲ့ ကီလန် အမ်ဘာပေတို့လို့ တိုက်စစ်မှူးတွေကိုပါ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂိုးပေါက်ပျောက်နေမှုကြောင့် ဝေဖန်မှုတွေရှိနေပေမဲ့လည်း ယာမဲလ်ဟာ စံချိန်တစ်ခု သွင်ဂိုးတစ်ဂိုးနဲ့ စတင်လိုက်ပြန်ပါပြီ။