Goals- ဂိုး

Goals- ဂိုး Football news and Article

ပီအက်ဂျီအသင်း ဟာ အစပိုင်းမှာ တောင်းဆိုထားတဲ့ ပေါင် ၁၄၅ သန်း ကနေ ပေါင် ၁၂၃ သန်း အထိ လျှော့ချခဲ့ပါတယ်။ ဒါပေမယ့် ပီအက်ဂျီဘက...
29/08/2026

ပီအက်ဂျီအသင်း ဟာ အစပိုင်းမှာ တောင်းဆိုထားတဲ့ ပေါင် ၁၄၅ သန်း ကနေ ပေါင် ၁၂၃ သန်း အထိ လျှော့ချခဲ့ပါတယ်။ ဒါပေမယ့် ပီအက်ဂျီဘက်ကတော့ မော်ဂန် ရော်ဂျာ အတွက် ပေါင် ၁၁၇ သန်း နဲ့ အီလီးယော့ အန်ဒါဆန်အတွက် ပေါင် ၁၁၆ သန်း ပေးချေခဲ့တဲ့ အပြောင်းအရွှေ့တန်ဖိုးတွေထက် ပိုမိုရရှိဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

ဒါ့အပြင် ရမ်း ဒိုင်အိုမန်ဒီ ကို ရီးရဲလ်မက်ဒရစ်ခေါ်ယူခဲ့တဲ့ စုစုပေါင်းအပြောင်းအရွှေ့တန်ဖိုး ထက်လည်း ကျော်လွန်ရရှိဖို့ဟာ ပြင်သစ်ချန်ပီယံ ပီအက်ဂျီ ရဲ့ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပီအက်ဂျီ ဟာ ဒီနွေရာသီမှာ အသင်းရဲ့ အစီအစဉ်တွေထဲ မပါတော့တဲ့ ကစားသမားတွေကို ရောင်းချခြင်းကနေ ပေါင် ၃၄၀ သန်းကျော် ရရှိထားပြီး ဖြစ်ပါတယ်။



မော်ရိုကိုစတား ဆိုင်ဘာရီဟာ‌‌ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒတ်လီဂါ ပွဲဦးထွက်ကတော့ အပေါင်းလက္ခဏာ ပြခဲ့ပါတယ်။ သူဟာ မနေ့ညက ပွဲမ...
29/08/2026

မော်ရိုကိုစတား ဆိုင်ဘာရီဟာ‌‌ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒတ်လီဂါ ပွဲဦးထွက်ကတော့ အပေါင်းလက္ခဏာ ပြခဲ့ပါတယ်။ သူဟာ မနေ့ညက ပွဲမှာ ပွဲချိန် ၆၁ မိနစ်မှာ လူစားဝင်လာခဲ့ပြီး ကစားချိန် ၂၉ မိနစ်အတွင်း ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။

⏱️ ၆၁’ ➡️ လူစားဝင်
⏱️ ၈၂’ ➡️ 🎯 ဂိုးဖန်တီးမှု
⏱️ ၉၀’ ➡️ 🎯 ဂိုးဖန်တီးမှု

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့အတူ ဥ‌ေရာပ စာမျက်နှာထဲ တိုးဝင်လာသူ ဆိုင်ဘာရီတစ်ယောက် ဘယ်လောက်ထိ တောက်ပလာမလဲ စောင့်ကြည့်ရပါတော့မယ်။



ဒီရာသီ ပီအက်ဂျီ ဘာဖြစ်နေလဲဆို ပြောမပြတက်အောင်ပါပဲ...။ဥရောပရဲ့ ဘုရင်ဘွဲ့ကို ၂ ရာသီလောက် လွှမ်းမိုးနေတဲ့ ပီအက်ဂျီဟာ ဒီရာသီ...
29/08/2026

ဒီရာသီ ပီအက်ဂျီ ဘာဖြစ်နေလဲဆို ပြောမပြတက်အောင်ပါပဲ...။
ဥရောပရဲ့ ဘုရင်ဘွဲ့ကို ၂ ရာသီလောက် လွှမ်းမိုးနေတဲ့ ပီအက်ဂျီဟာ ဒီရာသီ စကတည်းက တစ်ပွဲမှ မနိုင်သေးပါဘူး။

• လန်းစ် ၁-၀ ပီအက်ဂျီ ( ပြင်သစ်စူပါကပ် )
• ရန်းနက် ၂-၂ ပီအက်ဂျီ ( လီဂူးဝမ်း အဖွင့်ပွဲ )
• လိုင်လီ ၂-၂ ပီအက်ဂျီ ( လိဂ်ပွဲစဉ် )

လိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာလည်း ပီအက်ဂျီဟာ အနောက်က လိုက်ကစားပြီး သရေကျအောင် မနည်းရုန်းကန်ခဲ့ရပါတယ်။ ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေကလည်း ခြေစွမ်းမပြနိုင်တာကြောင့်လည်း နိုင်ပွဲရဖို့ အခက်တွေ့နေရပါတယ်။ နောက်ပွဲတွေ အင်းနရစ် ဘယ်လိုကိုင်တွယ်လာမလဲ စောင့်ကြည့်ရပါမယ်။


ဘာစီလိုနာနောက်ခံလူဟောင်း Jérémy Mathieu ဟာ Treble နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ အား...
28/08/2026

ဘာစီလိုနာနောက်ခံလူဟောင်း Jérémy Mathieu ဟာ Treble နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ အားကစားပစ္စည်းဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတာကို တွေ့ရှိခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူက နောက်ပိုင်းမှာ ရှင်းပြခဲ့တာကတော့ လက်ရှိမှာ တရားရေးအငြင်းပွားမှုတစ်ခု ဖြစ်ပေါ်နေတဲ့အတွက် Intersport မှာ အလုပ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Mathieu က ဘောလုံးကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း စိတ်ကျရောဂါနဲ့ ရင်ဆိုင်နေရတယ် လို့လည်း ဖွင့်ဟခဲ့ပြီး အခုချိန်ထိ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော် Intersport မှာ အလုပ်လုပ်နေရတာက ကျွန်တော့်ဘဝမှာ ပြဿနာတွေ အများကြီးဖြစ်စေတဲ့ ကိစ္စတစ်ခုခု ဖြစ်နေတဲ့အတွက်ပါ။ ကျွန်တော်ပြောနိုင်တာကတော့ လက်ရှိမှာ တရားစွဲဆိုမှုတစ်ခုရဲ့ အလယ်မှာ ရှိနေပါတယ်။ ဒီမှာ အမြဲတမ်း အလုပ်လုပ်နေမှာတော့ မဟုတ်ပါဘူး။ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး လူမှုဘဝတစ်ခု ရရှိဖို့အတွက်လည်း ဒီအလုပ်က နည်းလမ်းတစ်ခု ဖြစ်ပါတယ်။”

ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိခဲ့တဲ့ ကစားသမားတွေအတွက်တောင် ဘောလုံးကစားသမားဘဝအပြီး ဘဝဟာ အမြဲတမ်း လွယ်ကူနေတာ မဟုတ်ဘူး ဆိုတာကို ဒီဖြစ်ရပ်က သတိပေးနေပါတယ်။ သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြရဲတဲ့ စိတ်ဓာတ်ကလည်း လေးစားစရာပါ။



ဖီနာဘာချီဆိုတာ ကျနော်တို့နဲ့ မစိမ်းတဲ့ အသင်းဆိုပေမဲ့ အရင်က အသင်းက ကစားသမားအများစုကို မရင်းနှီးကြပါဘူး။ ဒီရာသီ ဖီနာဘာချီအ...
28/08/2026

ဖီနာဘာချီဆိုတာ ကျနော်တို့နဲ့ မစိမ်းတဲ့ အသင်းဆိုပေမဲ့ အရင်က အသင်းက ကစားသမားအများစုကို မရင်းနှီးကြပါဘူး။ ဒီရာသီ ဖီနာဘာချီအသင်းရဲ့ lineup ကို ကြည့်ရင် တစ်ချိန်က ဥရောပ ထိပ်တန်းလိဂ်မှာ ကျင်‌လည်နေတဲ့ ကစားသမားအများအပြားကို တွေ့နိုင်ပါတယ်။

တိုက်စစ်မှာ လူကာကူ၊ ဂရင်းဝုဒ်၊ တယ်လစ်ကာ တို့ရှိပြီး ကွင်းလယ်မှာ ကန်တေ၊ အဆန်စီယို၊ ဂွမ်ဒိုဇီ၊ အမရာဘတ် တို့နဲ့ နောက်တန်းမှာ မီလန် စကရီနီယာ၊ အကီ၊ ဆီမန်ဒိုတို့လို တချိန်က ဥရောပရဲ့ ထိပ်တန်းလိဂ်မှာ ကစားခဲ့သူတွေ ရှိနေပါတယ်။

လက်ရှိမှာ ဖီနာဘာချီဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လိုင်ယွန်ကို အနိုင်ယူပြီး ရောက်ရှိလာခဲ့ပြီး league phase အဆင့်မှာ လီဗာပူးလ်၊ ဗီလာ၊ တီကို၊ ဗီလာရီးရဲလ်၊ ရိုးမားတို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်သွားရပါမယ်။



မနေ့ညက ဘာစီလိုနာနဲ့ပွဲမှာ ဘီဘာအိုအသင်း က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးသမားဖြစ်တဲ့ Unai Simón ကို Man of the Match အဖြ...
28/08/2026

မနေ့ညက ဘာစီလိုနာနဲ့ပွဲမှာ ဘီဘာအိုအသင်း က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးသမားဖြစ်တဲ့ Unai Simón ကို Man of the Match အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အပိုင်ကန်သွင်းချက် ၈ ကြိမ်လောက်ကို ဆိုင်မွန်က ကာကွယ်နိုင်ခဲ့ပါတယ်။

သူဟာ အကောင်းဆုံးလက်စွမ်းပြသခဲ့ပေမယ့် ဒီရာသီ လာလီဂါမှာ World Cup တစ်လျှောက်လုံး ပေးခဲ့ရတဲ့ဂိုးထက် ၅ ဆတောင် ပိုပေးထားပြီးပါပြီ။ ဆိုင်မွန်ဟာ လာလီဂါ ၂ ပွဲမှာ ဂိုး ၅ ဂိုး ပေးထားရပါတယ်။



ယာယာတိုရေး ဟာ Champions League League Stage အဆင့်ကို အသင်းတစ်သင်းနဲ့အတူ ဦးဆောင်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကန်နည်းပြ ဖြစ်လာ...
27/08/2026

ယာယာတိုရေး ဟာ Champions League League Stage အဆင့်ကို အသင်းတစ်သင်းနဲ့အတူ ဦးဆောင်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကန်နည်းပြ ဖြစ်လာခဲ့ပါတယ်။ သူဟာ Slovan Bratislava အသင်းကို ဦးဆောင်ပြီး ပွဲ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်း ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို၊ တစ်နှစ်ကြာ Champions League နဲ့ ဝေးကွာနေပြီးနောက် အသင်းကို Champions League League Stage အဆင့်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ယာယာတို‌ရေး အတွက်တော့ ကစားသမားဘဝကနေ နည်းပြဘဝအထိ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံတည်ဆောက်နိုင်ခဲ့တာပါ။



မနေ့ညက ဆိုစီဒတ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဗီနီရှပ်စ် ဂျူနီယာကို လူစားလဲပြီး ကွင်းထဲကနေ ထွက်ခွာလာချိန်မှာ ဟိုဆေ...
27/08/2026

မနေ့ညက ဆိုစီဒတ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဗီနီရှပ်စ် ဂျူနီယာကို လူစားလဲပြီး ကွင်းထဲကနေ ထွက်ခွာလာချိန်မှာ ဟိုဆေး မော်ရင်ဟို က သူ့နားကိုကပ်ပြီး “နားထောင်! နားထောင်!” လို့ စိတ်လှုပ်ရှားစွာ ပြောခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးသံ၊ လက်ခုပ်သံတွေကို အပြည့်အဝ ခံစားစေချင်လို့ ဖြစ်ပါတယ်။ ပရိသတ်တွေက ဗီနီအပေါ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ အော်ဟစ်အားပေးခဲ့ကြပြီး ဗီနီကလည်း မပြုံးဘဲ မနေနိုင်ခဲ့ပါဘူး။

ပြီးတော့ ဘောလုံးလောကရဲ့ အလှတရားတစ်ခု ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ဗီနီတို့ နှစ်ယောက် အတူတူရယ်မောရင်း၊ မက်ဒရစ်ပရိသတ်တွေရဲ့ရှေ့မှာ နွေးထွေးစွာ ဖက်လှဲတကင်း ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ လေးစားမှု၊ ပျော်ရွှင်မှုနဲ့ အပြန်အလှန်ချိတ်ဆက်မှု တွေကို ဖော်ပြနေတဲ့ အမှတ်တရပုံရိပ်တစ်ခုပါ။ နည်းဗျူဟာတွေထက် ကျော်လွန်တဲ့ ဆရာနဲ့ တပြည့်ကြားက ဆက်ဆံရေးကောင်းတစ်ခု ကို မြင်တွေ့ရတဲ့ အခိုက်အတန့်လေးပါ။



ကီလီယန် အမ်ဘာပေ ဟာ ဒီရာသီရဲ့ ပထမဆုံး ဆန်တီယာဂို ဘာနေဗြူး ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဟက်ထရစ် သွင်းယူပြီးတဲ့နေ...
27/08/2026

ကီလီယန် အမ်ဘာပေ ဟာ ဒီရာသီရဲ့ ပထမဆုံး ဆန်တီယာဂို ဘာနေဗြူး ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဟက်ထရစ် သွင်းယူပြီးတဲ့နောက်မှာ အမ်ဘာပေဟာ ၂၀၁၃ ခုနှစ်တုန်းက ရော်နယ်ဒိုရဲ့ ဘာနေဗြူး မှာ ဟက်ထရစ်သွင်းပြီးနောက် ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံပုံအတိုင်း အတိအကျ ပြန်လည်အောင်ပွဲခံခဲ့တာပါ။

နှစ်တွေဘယ်လောက်ပဲ ကြာလာပါစေ၊ အမ်ဘာပေဟာ သူ့ရဲ့ အကြီးမားဆုံး ဘောလုံးစံပြဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုကို ဆက်လက်ဂုဏ်ပြုနေဆဲပါပဲ။ တကယ်ကို လှပပြီး ရင်ထဲထိစရာကောင်းတဲ့ အခိုက်အတန့်လေးပါ။



ဘရန့်ဖို့ဒ်အသင်းက ဒီရာသီ အစပိုင်းခြေစွမ်းကိုကြည့်ရင် စောင့်ကြည့်သင့်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ ၄ ပွဲအတွ...
26/08/2026

ဘရန့်ဖို့ဒ်အသင်းက ဒီရာသီ အစပိုင်းခြေစွမ်းကိုကြည့်ရင် စောင့်ကြည့်သင့်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ ၄ ပွဲအတွင်းမှာတင် ဂိုးပေါင်း ၂၀ ဂိုးအထိ သွင်းယူထားပါတယ်။

🤝 အနိုင် 4-2 vs Rennes (ခြေစမ်းပွဲ)
🤝 အနိုင် 7-0 vs Frankfurt (ခြေစမ်းပွဲ)
🏆 အနိုင် 3-0 vs Tottenham (Premier League)
🏆 အနိုင် 6-1 vs Birmingham City (Carabao Cup)

🔥 ၄ ပွဲမှာ ၂၀ ဂိုးအထိ သွင်းယူထားတဲ့ ဘရန့်ဖို့ဒ် ရဲ့ တိုက်စစ်ကတော့ အတော်လေး သဘောကျချင်စရာပါပဲ။

Address

Yangon
122024

Telephone

+959694070567

Website

Alerts

Be the first to know and let us send you an email when Goals- ဂိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share