Games By Numbers

Games By Numbers ပွဲကြို ပွဲပြီး သုံးသပ်ချက်၊ ခန့်မှ?

ကိုယ် အကြိုက်ဆုံး ယူနိုက်တက်ဒ် ကစားသမားတယောက်က ယူနိုက်တက်ဒ်နဲ့ (၁၅)နှစ် ဝန်းကျင် လက်တွဲခဲ့ပြီးနောက်မှာတော့ လမ်းခွဲခဲ့ပါပ...
03/12/2021

ကိုယ် အကြိုက်ဆုံး ယူနိုက်တက်ဒ် ကစားသမားတယောက်က ယူနိုက်တက်ဒ်နဲ့ (၁၅)နှစ် ဝန်းကျင် လက်တွဲခဲ့ပြီးနောက်မှာတော့ လမ်းခွဲခဲ့ပါပြီ။
တကယ်လို့များ နည်းပြဘဝနဲ့ ဘောလုံးလောကထဲ ပြန်ဝင်လာမယ်ဆိုရင် အစစ အရာရာ အောင်မြင်ပါစေ Carrick ရေ။

Ralf Rangnick နဲ့ ယူနိုက်တက်ဒ် လားရာ။============================ယူနိုက်တက်ဒ် ကတော့ ဆာအဲလက်စ် နောက်ပိုင်း သူ့လက်ထက်ကလို ...
27/11/2021

Ralf Rangnick နဲ့ ယူနိုက်တက်ဒ် လားရာ။
============================

ယူနိုက်တက်ဒ် ကတော့ ဆာအဲလက်စ် နောက်ပိုင်း သူ့လက်ထက်ကလို အောင်မြင်မှုတွေ ပြန်လည် ယူဆောင်ပေးနိုင်မယ့် နည်းပြမျိုးရှာနေခဲ့တာ ၁၀စုနှစ် တခုနီးပါး ပြည့်ပါတော့မယ်။ ဒီကာလမှာ မွိုက်စ်၊ ဗန်ဟားလ်၊ မောရင်ညို၊ ဆိုးရှားလ် စတဲ့ နည်းပြမျိုးမျိုး လက်အောက် ကစားပုံ အမျိုးမျိုးနဲ့ ဖြတ်သန်းလာခဲ့ပြီး အမှတ်ပေးဖလား ရအောင်တော့ ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ကျနော် တဦးထဲရဲ့ အမြင်အရ ပြောရရင်၊

မွိုက်စ်ဟာ ဘာမှ မသိသေးခင် အမှတ်ပေးဇယား ထိပ်ပိုင်းကို မခြိမ်းခြောက်နိုင်တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရတယ်။
ဗန်ဟားလ်ကလဲ သူ့ရဲ့ ဘောလုံးဒဿနကို ယူနိုက်တက်ဒ်ထံ ရိုက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ခေါင်းမာမှုတချို့ရယ်၊ လိုအပ်တဲ့ လူစာရင်း၊လိုအပ်တဲ့ ကစားသမား တချို့ကို မရခဲ့တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်တယ်။
မော်ရင်ဟို ကလဲ နည်းပြလောကမှ အောင်မြင်မှု တော်တော်များများရထားသူဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ကစားဟန်က ယူနိုက်တက်ဒ်နဲ့ ပြဒါးတလမ်း သံတလမ်းပါ။ သူလက်ခံရယူခဲ့တဲ့ အသင်းကလဲ ဗန်းဟာလ်းလက်ထွက်၊ ဗန်ဟားလ် ရဲ့ ဘောလုံးဒဿန တချို့ နဲ့ ဖုံးလွှမ်းနေခဲ့တော့ မော်ရင်ညိုဟာ သူ့ရဲ့ ကစားဟန်သွတ်သွင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်ပါတယ်

ဒါနဲ့ အသင်းကို အသေအချာ တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ဆိုးနီ ဂန္တဝင် ( နတ်ဆိုးနီ သွေး အပြည့်ပါတဲ့) ဆိုးလ်ရှားလက်ထဲပုံအပ်ခဲ့ပါတယ်။ အရင်နည်းပြတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးလ်ရှားဟာ ယူနိုက်တက်ဒ် အသိုင်းအဝိုင်း အဖက်ဖက်ရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့သလို၊ ကစားသမားစာရင်းကို ကြည့်ရင်လဲ အသင်းတော်တော်များများကို စိနါခေါ်နိုင်တဲ့ လူစာရင်းပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် နည်းပြတယောက် အနေနဲ့ လုပ်နိုင်စွမ်းကတော့ ယူနိုက်တက်ဒ် အဆင့်အတန်းမှာ ရှိမနေတဲ့ အတွက် လူစာရင်း ကောင်းပေမယ့် လမ်းခွဲခဲ့ရပြန်တယ်။

ဆိုးလ်ရှားခေတ်လွန်မှာ ယူနိုက်တက်ဒ် ဘုတ်အဖွဲ့ဟာ အသင်းတသင်းမှာ သင့်တော်တဲ့ Style of play ရှိသင့်နေပြီလို့ ယူဆလာပုံရပါတယ်။ (သို့ပေမယ့် အသိနောက်ကျနေပါပြီ)၊ ဒါဟာ ယူနိုက်တက်ဒ် အနေနဲ့ style of play တခု မရနိုင်ဘူးလို့ ယူဆတာမဟုတ်ပါဘူး။ လုပ်သင့်တာ ကြာနေခဲ့တဲ့ အလုပ်ကို လုပ်ခဲ့ပေမယ့် ငွေကြေးနောက်လိုက်နေခဲ့တဲ့ အတွက် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရတာ အကြိမ်ကြိမ်ရှိခဲ့ပြီးသားမို့ ခုလို ယူဆရခြင်း ဖြစ်ပါတယ်။

Style of play တခု တည်ဆောက်တော့မယ်ဆိုတဲ့ ဦးတည်မှုဟာBack to the square one ပါ။
လက်ရှိ အခြေအနေက ဗန်ဟားလ်ကို စခန့်တဲ့ အခြေအနေအတိုင်းပါဘဲ။ မတူတာကတော့ စာရွက်ပေါ်က လက်ရှိ လူစာရင်းဟာ တော်တော်လေးတောင့်တင်းနေပြီဖြစ်သလို၊ အရန်ခုံက လူစာရင်းကို မျှော်ကြည့်လိုက်ရင်လဲ တော်တော်မိုက်ပါတယ်။ ဒီတော့ မေးရမယ့်မေးခွန်းတခုက Rangnick ရဲ့ ဘောလုံးဒဿနနဲ့ ယူနိုက်တက်ဒ်ရဲ့ လက်ရှိ လူစာရင်း က်ုက်ညီနေလားဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်း အကြောင်းကို ရှေ့ဆက်မသွားခင် back to the square one ဆိုတာကို အရင်ရှင်းပြချင်ပါတယ်။
သူ့အဓိပ္ပါယ်ကတော့ တိုးတက်မှု ဘာမှ မရှိဘူးလို့ ဆိုလိုတာပါ။ တိုးတက်မှု ဘာမှ မရှိဘူးဆိုတာ အသင်းတိုးတက်မှုကို ဆိုလိုချင်တာ မဟုတ်ဘဲ ဘုတ်အဖွဲ့ရဲ့ plan ကို ဆိုလိုချင်တာပါ။ မွိုက်စ် အလွန်မှာ Style of play တခုကို သွတ်သွင်းပြီး အသင်းကို ရေရှည်တည်ဆောက်မယ်လို့ ခံယူထားတဲ့ ယူနိုက်တက်ဒ် အသိုင်းအဝိုင်းက ထင်ထားတာနဲ့ လွဲနေတဲ့ အခါ ပလမ် ချက်ချင်းပြောင်းပြီး မော်ရင်ဟို ကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး ဒုတိယ ဦးစားပေးဖလားတွေ ယူဆောင်ပေးခဲ့ပြန်ပေမယ့် မကျေနပ်ပြန်ပါဘူး။ ဒါကတော့ ရလဒ်တွေ ဆိုးရွားလာတာလဲ ပါတာပေါ့လေ။ ဒါကြောင့် အသင်းတည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုးလ်ရှားကို ခန့်ပြန်တယ်။ ပံ့ပိုးပေးသလောက် ရလဒ်နဲ့ ကစားပုံ မကောင်းပြန်တော့ ထုတ်ပယ်ခဲ့ပြန်တယ်။ ခု Ralf Rangnick လို idea ပိုင်းကောင်းတဲ့ နည်းပြလက်ထဲ (၆)လလောက်ထည့်ပြီး အသင်းရဲ့ style of play တခုတည်းဆောက်ဖို့ ပြန်ဖြစ်လာတဲ့ အတွက် back to the square one လို့ ဆိုလိုရခြင်းဖြစ်ပါတယ်။

Rangnick ရဲ့ ဘောလုံးဒဿနနဲ့ ယူနိုက်တက်ဒ်ရဲ့ လက်ရှိ လူစာရင်း က်ုက်ညီနေလားဆိုတဲ့ မေးခွန်းကို ဆက်သွားရအောင်။

ပထမ Rangnick ရဲ့ ဘောလုံး ဒဿန အကြောင်းကို စတင် လေ့လာကြည့်ပါမယ်။ ဒီနေရာမှာ Rangnick ဟာ ဘယ်အသင်းကို ဘယါအဆင့်ရောက်အောင်စွမ်းဆောင်ခဲ့တာ၊ ဘယ်နည်းဗျူဟာကို စတင် တီထွင်ခဲ့တဲ့ ဘောလုံး ဖခင် ဘာညာ ပါမှာမဟုတ်ပါဘူး။ ဒါမျိုးတွေက ရေးထားပြီးသာမို့ ကျနော်ကတော့ ကိုယ့် ယူဆ၊ထင်မြင် ချက်ကို သူ့ရဲ့ ဒဿနနဲ့ ပေါင်းစပ်ပြီး ပြောချင်တာပါ။

ပထမဆုံး သူ့ရဲ့ ဘောလုံး ဒဿနကို အရိုးရှင်းဆုံးပြောရရင် ပွဲတပွဲကို သူ့အသင်းက ဘယ်လို ထိန်းချုပ်ကစားမလဲ ဆိုတာပါဘဲ။ ဒီအချက်ကို Coaching Conference တခုမှာ သူဆွေးနွေးခဲ့တာကို ပြန်ပြောပြပါ့မယ်။ ပွဲတပွဲကို ထိန်းချုပ်ဖို့ သူက အပိုင်း (၃)ပိုင်း ခွဲပြီးပြောခဲ့ပါတယ်။
၁၊ Game plan
၂၊ transitions
၃၊ set pieces
လို့ ဆိုပါတယ်။

၁၊ Game plan
==========
ဒီအပိုင်းမှာ သူရဲ့ ဒဿနာက ပြိုင်ဖက်ပေါ်မူတည် သူ့ပလမ် အမျိုးမျိုးရှိနေတာကို ဖွင့်ဟပြောခဲ့တယ်။ Low block နဲ့ ခံစစ် ပိတ်ဆော့တဲ့ အသင်းနဲ့ ရင်ဆိုင်ရချိန် ဘယ်လို တုန့်ပြန်မလဲ၊ high pressing နဲ့ ကစားတတ်တဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရချိန်ဆို သူ့ကစားသမားတွေကို ဘာတွေ ညွှန်ကြားမလဲ ဆိုတာမျိုးတွေ ပြောပြလေ့ရှိတယ် လို့ဆိုပါတယ်။ နောက်ထပ်တချက်က Off the ball/ with the ball situations တွေမှာ အသင်းလိုက် collectively ဘယ်လိုတွေ ရွေ့လျား မလဲ စတဲ့ နည်းဗျူဟာပိုင်းတွေကိုလဲ ကျင့်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

၂၊ Transitions
==========
ဒီအပိုင်းမှာတော့ ဆုံးရှုံးသွားတဲ့ ဘောလုံးကို ဘယ်လို ပြန်ဆယ်မလဲ၊ ဆယ်ပြီးခဲ့ရင်ရော ဘယ်လို ပုံစဲမျိုးနဲ့ တိုက်စစ်ဆင်မလဲ ဆိုတာ အရေးကြီးကြောင်း ပြောပြခဲ့တယ်။ သူယုံကြည်တာက ပွဲရဲ့ tempo ကို အမြင့်ဆုံးမှာထားပြီး ဘောလုံး ဆုံးရှုံးသွားတာနဲ့ အချိန် ဘယ်လောက်အတွင်း ရအောင် ပြန်ဆယ်မလဲ၊ အဲ့လို ဆယ်တဲ့ နေရာမှာလဲ တသင်းလုံး ပြိုင်တူရွေ့နိူင်ဖို့က အရေးကြီးကြောင်း ခံယူထားတယ်။ သူမကြိုက်တာကတော့ နောက်ပြန်ပေးတာတွေ၊ ဘေးတိုက်ပေးတာတွေကို မကြိုက်ဘဲ ( ဒီအချက်ကတော့ ဗန်ဟားလ် အသင်းနဲ့ ပြောင်းပြန်ပါ)၊ဒါဟာ ပြိုင်ဖက်ကို ပြန်လည်စုစည်းနိုင်ဖို့ အချိန် အလုံအလောက်ပေးလိုက်တာလို့ ယူဆထားပါတယ်။ ဒါကြောင့် ဘောလုံးကို စက္ကန့် အနည်းငယ်အတွင်း ပြန်ဆယ်နိုင်ဖို့ အထူးပြု ကစားခိုင်းလေ့ရှိတယ်။ ပြောရရင် aggressive pressing ပေါ့။ aggressive pressing ဆိုတာပြောရတာသာလွယ်တာ တကယ်တမ်း ကစားသမားတွေ ပြိုင်တူရွေ့နိုင်ဖို့က တော်တော် အရေးကြီးပါတယ်။ယာဂင် ကလော့ရဲ့ လီဗာပူးလ် အစပိုင်းမှာ ဒီပြဿနာ ရင်ဆိုင်ခဲ့ရပြီး ပေးဂိုးတွေလဲ များခဲ့တယ်။
သူဟာ transitions တွေကို effective transitions တွေ ဖြစ်နိုင်အောင် အမြဲ ကြံဆထားတဲ့ အတွက် transitions တွေ လျင်မြန်ဖို့လိုတယ်လို့ ယူဆတယ်။ ဒါကြောင့် ပြိုင်ဖက်ကွင်းခြမ်းမှာတင် ဘောလုံး ပြန်လည်ဆယ်ယူနိုင်ခဲ့ရင် high pace transitions ကြောင့် ဂိုးရနိုင်ဖို့ ပိုများတယ်လို့ ယူဆထားတယ်။ ဒါကြောင့် aggressive high pressing (heavy metal football) ဟာ သူ့အကြိုက်ပါဘဲ။
တခြားတဖက်မှာလဲ aggressive high pressing ရဲ့ အားနည်းချက်တွေကို ဖာထေးမယ့် ပလမ်တွေကိုပါ ပုံဖော်ထားတဲ့ ဒဿနမျိုး ပိုင်ဆိုင်ထားတယ်။ ကိုယ့် အသင်းက aggressive high pressing လုပ်နေချိန် ပြိုင်ဖက် အသင်းက တိုက်စစ် ကစားသမား (၁)(သို့) (၂)ယောက်လောက်က ကိုယ့်အသင်းကို ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။ ဒီကစားသမားတွေကို မိမိအသင်းရဲ့ နောက်တန်းကစားသမားတွေက ထိန်းချုပ်ထားနိုင်ရပါမယ်။ ဒီလို ထိန်းချုပ်မှုမှာ လျင်မြန်စရာမလိုဘဲ၊ ဒီကစားသမားတွေ ကို man mark လုပ်ထားမှသာ ကိုယ့်အသင်း counter attack ကတဆင့် ဂိုးမပေးရမှာပါ။ ဒါကို သူက rest defence လို့ပြောခဲ့ပါတယ်။ သူ့လက်ထက်က လိုက်ပ်ဇစ်ရခဲ့တဲ့ ဂိုးတွေထဲက ၆၀% ကမြန်နှုန်းမြင့် transitions တွေကနေတဆင့် ရရှိခဲ့တာလို့ ဆိုသလို၊ ဘောလုံးပြန်ဆယ်နိုင်ချိန်က ၁၀စက္ကန့်ထက် မပိုဘူးလို့ ဆိုပါတယ်။ ကွင်းရဲ့ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဘောလုံး အမြန်ဆုံးရယူပြီး တိုက်စစ်ကို မြန်နှုန်းမြင့် ဆင်နိုင်ဖို့ အရေးကြီးတယ်လို့ သူ့ရဲ့ ဘောလုံးဒဿနကို ဆွေးနွေးခဲ့ပါတယ်။

၃၊ set pieces
=========
သူရဲ့ နောက်ဆုံး ယုံကြည်ချက်တခုက set pieces တွေ့ဟာ ဂိုးရဖို့ အရေးပါတယ်ဆိုတဲ့ အချက်ပါ။ သွင်းယူခဲ့တဲ့ ဂိုးတွေရဲ့ 30% ဟာ set pieces တွေကလို့ ဆိုပါတယ်။ သို့ပေမယ့် နည်းပြတွေရဲ့ လေ့ကျင်ရေး အစီအစဉ်တွေမှာ set pieces လေ့ကျင်ချိန်ဟာ စုစုပေါင်း training ရဲ့ ၃၀% မရှိဘူးဆိုတာ ပြောပြခဲ့တယ်။set pieces တွေကတဆင့် ဂိုးသွင်းယူနိုင်ဖို့ လေ့ကျင့်ခန်း အစီအစဉ်​တွေပါဝင်ရမှာ ဖြစ်သလို set pieces တွေက တဆင့် ဂိုးမပေးရအောင်၊set pieces ကာကွယ်နိုင်မယ့် လေ့ကျင့်ခန်း အစီအစဉ်တွေကို လဲ ပိုပြီး လေ့ကျင့် ရမယ်ဆိုတဲ့ အစီအစဉ်တွေ လုပ်သင့်တယ်လို့ ဆိုထားပါတယ်။
အပိတ် အနေနဲ့ ဖလားစိန်ခေါ်နိုင်တဲ့ အသင်းတသင်းဖြစ်ဖို့ ဆိုရင် အခုန ဖော်ပြခဲ့တဲ့နည်းဗျူဟာပိုင်းတွေမှာ သာမန်ထက်ပိုနေမှသာ အောင်မြင်တဲ့ အသင်းတသင်းဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒါတွေကတော့ သူရဲ့ ဘောလုံး ဒဿနနဲ့ တိကျတဲ့ အစီအစဉ်တွေရှိတယ်။
ယူနိုက်တက်ဒ် အကြောင်း ဆက်မသွားခင် ကျနော်ကိုယ်တိုင်ကတော့ သူအယူအဆ၊ အစီအစဉ်ကျနမှုတွေကို သဘောကျတယ်၊ ယူနိုက်တက်ဒ်မှာ အောင်မြင်တာ၊ မအောင်မြင်တာကတော့ (၆)လဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလွန်းပါတယ်။ သိူ့ပေမယ့်Rangnick ကို DOf မှာ ဆက်ခန့်ဖို့ ရည်ရွယ်ထားတာတော့ ယူနိုက်တက်ဒ် အတွက် အပြုသဘောဆောင်တဲ့ အရွေ့လို့ပြောရပါမယ်။ ဒီအစီအစဉ်အတိုင်းဆိုရင် (၆)လပြီးလို့ လက်လွှဲယူမယ့် နည်းပြကလဲ အလားတူ ဘောလုံးဒဿနရှိသူမျိုး ဖြစ်လာဖို့ များပါတယ်။

လက်ရှိ ယူနိုက်တက်ဒ် လူစာရင်း အနေအထားမှာ Rangnick ရဲ့ လိုအပ်ချက်ကို ဘယ်လိုတွေ ဖြည့်ဆည်းပေးနိုင်မလဲ။

ဒီ အပိုင်းမှာ ပထမဆုံး အပိုင်းဖြစ်တဲ့ Game plans ပိုင်းကို ပွဲမစမချင်း ကစားသမားတွေကို ညွှန်ကြားနိုင်မှာ ဖြစ်လို့ ထွေထွေထူးထူး ပြောစရာသိပ် မရှိပါဘူး။ အဓိက Rangnick ချမှတ်ထားတဲ့ game plan အတိုင်း ကစားသမားတွေ တသွေမသိမ်း လိုက်ကစားနိုင်မလား ဆိုတဲ့ အချက် တချို့ကိုလဲ training plan အတိအကျရှိတဲ့ Rangnick အတွက် ဖြေရှင်းနိုင်မှာပါ။ လက်ရှိ ယူနိုက်တက်ဒ် အသင်းမှ ကစားသမားတချို့ ခြေစွမ်းမမှန်တာမျိုး ရှိတတ်ကြတဲ့ အတွက် ဒီအချက်က Game plan ကို အနည်းငယ်ထိခိုက်နိုင်ပါတယ်။ ဒီတော့ ခုလို ခြေမမှန်တဲ့ ကစားသမားတွေကို ခြေစွမ်း အကောင်းကြီး မဟုတ်ရင်တောင် ခြေစွမ်းမှန်တဲ့ ကစားသမားတွေ ဖြစ်လာဖို့ ထိန်းကျောင်းပေးဖို့ကတော့ Rangnick ပထမဆုံး စတင်ရင်ဆိုင်ရမယ် စိန်ခေါ်မှုပါဘဲ။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်တစား စောင့် ကြည့်ရပါမယ်။

ဒုတိယ အချက်ဖြစ်တဲ့ Transitions
Transition မစခင်မှာ ဘောလုံး ပြန်လည်ဆယ်ယူနိုင်ဖို့ အရေးကြီးသလို၊ဒီအတွက်လဲ Rangnick မှာ ပလမ် အသင့် ရှိပြီးသားပါ။ သို့ပေမယ့် စာရွက်ပေါ်က အစီအစဉ်ကို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ စတင် အကောင်အထည်ဖော်ရမှာပါ။ သူ့အားအသာဆုံးဖြစ်တဲ့ quick ball recovery နဲ့ quick transitions တွေမှာ စီးမျောဖို့ ယူနိုက်တက်ဒ် ကစားသမားတချို့မှာ လုံလောက်တဲ့ အရည်အချင်းရှိနေပြီလားဆိုတာ စဉ်းစားစရာပါ။ ဒီနေရာမှာ first line of defence ဖြစ်တဲ့ ရှေ့တန်း အစုအဖွဲ့ရဲ့ aggressive pressing ကို လိုက်လျောညီထွေစွာ ပံ့ပို့ပေးမယ့် double pivot နဲ့ full back တွေဟာ အရေးကြီးပါတယ်။ ဒီအစုအဖွဲ့ဟာ တသင်းလုံး ဟန်ချက်မပျက် pressing လုပ်နိုင်ဖို့ ထောက်တိုင်တခုသဖွယ် အရေးကြီးတဲ့ အတွက် ဖရဒ်နဲ့ တော်မီနေတို့ကို ဘယ်လို တဆင့်မြှင့်ပေးနိုင်မလဲ၊ ဘယ်ခြမ်း သို့မဟုတ် ညာခြမ်းမှာ overload လုပ်နေချိန်၊pressing လုပ်နေချိန်၊ centre back ကစားသမားတွေ rest defence ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ စတဲ့ အချက်တွေကလဲ အစစပိုင်းမှာ ထင်သလောက် လွယ်ကူမှာ မဟုတ်ပါဘူး။ transitions ပိုင်းမှာတော့ ယူနိုက်တက်ဒ်မှာ လျင်မြန်တဲ့ ကစားသမားတွေ ရှိနေတယ်။ သို့ပေမယ် run with the ball နဲ့ လျင်မြန်တာမျိုးမဟုတ်ဘဲ၊ off the ball movements တွေမှာ အတွဲအဖက် ညီညီ လှုပ်ရှား ဖို့ လိုပါတယ်။ ဒီအချက်တွေကို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ Rangnick အနေနဲ့ စံချိန်သတ်မှတ်ပြီး လေ့ကျင်မှာ ဖြစ်တယ်လို့ သိရလို့ အချိန် အတိုင်းအတာတခုအတွင်းမှာ ဖြေရှင်းနိုင်ပါလိမ့်မယ်။

နောက်ဆုံးတချက်ကတော့ attacking with set pieces/ defending the set pieces တွေကို အချိန်ပိုပေးပြီး လေ့ကျင့်မှာ ဖြစ်တဲ့ အတွက် ဒီအပိုင်းတွေမှာ တိုးတက်လာမှာတော့ သေချာပါတယ်။

အချုပ်ဆိုရရင်တော့ Rangnick လက်ထက် အစောပိုင်းပွဲတွေမှာ မျှော်လင့်ထားသလို မဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေပေမယ့် သူစိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်နဲ့ နည်းဗျူဟာကို ပိုင်ဆိုင်ထားသူတယောက် မို့လို့ ကျနော်ကတော့ Rangnick ကို ခေါ်ယူနိုင်ခဲ့တာ ယူနိုက်တက်ဒ် အတွက် အပြုသဘောဆောင်တယ်လို့ ယူဆပါတယ်။ သူ့သက်တမ်း (၆)လပြီးချိန် သူ့ကို ဆက်ခန့်ရင်ခန့်၊မခန့်ရင်လဲ သူမျိုးစေ့ချခဲ့တဲ့ နည်းဗျူဟာကို ဆက်လက်ပုံဖော်ပေးမယ့် နည်းပြတယောက် ဖြစ်ဖို့ မျှော်လင့်ရင်း ယူနိုက်ဆက်ဒ်ရဲ့ နည်းပြသစ်ကို ကြိုဆို လိုက်ပါတယ်။

ယူနိုက်တက်ဒ် ဖနါတွေနဲ့ အကြိုက်တူတာလဲရှိမယ် မတူတာလဲ ရှိမယ်။ မတူရင် အပြန်အလှန်ဆွေးနွေးလို့ရပါတယ်။

27/11/2021

Ralf Rangnick နဲ့ ယူနိုက်တက်ဒ် လားရာ။
============================

ယူနိုက်တက်ဒ် ကတော့ ဆာအဲလက်စ် နောက်ပိုင်း သူ့လက်ထက်ကလို အောင်မြင်မှုတွေ ပြန်လည် ယူဆောင်ပေးနိုင်မယ့် နည်းပြမျိုးရှာနေခဲ့တာ ၁၀စုနှစ် တခုနီးပါး ပြည့်ပါတော့မယ်။ ဒီကာလမှာ မွိုက်စ်၊ ဗန်ဟားလ်၊ မောရင်ညို၊ ဆိုးရှားလ် စတဲ့ နည်းပြမျိုးမျိုး လက်အောက် ကစားပုံ အမျိုးမျိုးနဲ့ ဖြတ်သန်းလာခဲ့ပြီး အမှတ်ပေးဖလား ရအောင်တော့ ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ကျနော် တဦးထဲရဲ့ အမြင်အရ ပြောရရင်၊

မွိုက်စ်ဟာ ဘာမှ မသိသေးခင် အမှတ်ပေးဇယား ထိပ်ပ်ုင်းကို မခြိမ်းခြောက်နိုင်တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရတယ်။
ဗန်ဟားလ်ကလဲ သူ့ရဲ့ ဘောလုံးဒဿနကို ယူနိုက်တက်ဒ်ထံ ရိုက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ခေါင်းမာမှုတချ်ု့ရယ်၊ လိုအပ်တဲ့ လူစာရင်း၊လိုအပ်တဲ့ ကစားသမား တချို့ကို မရခဲ့တဲ့ အတွက် ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်တယ်။
မော်ရင်ဟို ကလဲ နည်းပြလောကမှ အောင်မြင်မှု တော်တော်များများရထားသူဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ကစားဟန်က ယူနိုက်တက်ဒ်နဲ့ ပြဒါးတလမ်း သံတလမ်းပါ။ သူလက်ခံရယူခဲ့တဲဘ အသင်းကလဲ ဗန်းဟာလ်းလက်ထွက်၊ ဗန်ဟားလ် ရဲ့ ဘောလုံးဒဿန တချို့ နဲ့ ဖုံးလွှမ်းနေခဲ့တော့ မော်ရင်ညိုဟာ သူ့ရဲ့ ကစားဟန်သွတ်သွင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ယူနိုက်တက်ဒ်နဲ့ လမ်းခွဲခဲ့ရပြန်ပါတယ်

ဒါနဲ့ အသင်းကို အသေအချာ တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ဆိုးနီ ဂန္တဝင် ( နတ်ဆိုးနီ သွေး အပြည့်ပါတဲ့) ဆိုးလ်ရှားလက်ထဲပုံအပ်ခဲ့ပါတယ်။ အရင်နည်းပြတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးလ်ရှားဟာ ယူနိုက်တက်ဒ် အသိုင်းအဝိုင်း အဖက်ဖက်ရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့သလို၊ ကစားသမားစာရင်းကို ကြည့်ရင်လဲ အသင်းတော်တော်များများကို စိနါခေါ်နိုင်တဲ့ လူစာရင်းပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် နည်းပြတယောက် အနေနဲ့ လုပ်နိုင်စွမ်းကတော့ ယူနိုက်တက်ဒ် အဆင့်အတန်းမှာ ရှိမနေတဲ့ အတွက် လူစာရင်း ကောင်းပေမယ့် လမ်းခွဲခဲ့ရပြန်တယ်။

ဆိုးလ်ရှားခေတ်လွန်မှာ ယူနိုက်တက်ဒ် ဘုတ်အဖွဲ့ဟာ အသင်းတသင်းမှာ သင့်တော်တဲ့ Style of play ရှိသင့်နေပြီလို့ ယူဆလာပုံရပါတယ်။ (သို့ပေမယ့် အသိနောက်ကျနေပါပြီ)၊ ဒါဟာ ယူနိုက်တက်ဒ် အနေနဲ့ style of play တခု မရနိုင်ဘူးလို့ ယူဆတာမဟုတ်ပါဘူး။ လုပ်သင့်တာ ကြာနေခဲ့တဲ့ အလုပ်ကို လုပ်ခဲ့ပေမယ့် ငွေကြေးနောက်လိုက်နေခဲ့တဲ့ အတွက် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရတာ အကြိမ်ကြိမ်ရှိခဲ့ပြီးသားမို့ ခုလို ယူဆရခြင်း ဖြစ်ပါတယ်။
ဒီယူဆချက်ဟာ Back to the square one ပါ။
လက်ရှိ အခြေအနေက ဗန်ဟားလ်ကို စခန့်တဲ့ အခြေအနေအတိုင်းပါဘဲ။ မတူတာကတော့ စာရွက်ပေါ်က လက်ရှိ လူစာရင်းဟာ တော်တော်လေးတောင့်တင်းနေပြီဖြစ်သလို၊ အရန်ခုံက လူစာရင်းကို မျှော်ကြည့်လိုက်ရက်လဲ တော်တော်မိုက်ပါတယ်။ ဒီတော့ မေးရမယ့်မေးခွန်းတခုက Rangnick ရဲ့ ဘောလုံးဒဿနနဲ့ ယူနိုက်တက်ဒ်ရဲ့ လက်ရှိ လူစာရင်း က်ုက်ညီနေလားဆိုတဲ့ မေးခွန်းပါ။

ခရီးသွားရင်းရေရတာဆိုတော့ နောက်ထပ် ဆက်ရေးပါအုံးမယ်။

ဆက်ရေးမယ့် အကြောင်းအရာတွေဟာ ယူနိုက်တက်ဒ် ဖနါတွေနဲ့ အကြိုက်တူတာလဲရှိမယ် မတူတာလဲ ရှိမယ်။ မတူရင် အပြန်အလှန်ဆွေးနွေးလို့ရပါတယ်။
(ဆက်ရန်)

22/08/2021

ပပိုင်း ၁၅ မိနစ်အတွင်း ဂိုးပေါက် ၄ ကြိမ် ကန်သွင်းခဲ့ရာမှ xG 1.5 လောက်အထိ ရခဲ့တဲ့ ယူနိုက်တဒ်ဟာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့တယ်။ နောက် လက်ကျန် မိနစ်(၃၀)မှတော့ xG 0.1သာရရှိခဲ့တယ်။ ဆိုတော့ကာ ဒီမိနစ် (၃၀)မှာ ဆောက်သနါတန် ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

ပေးလိုက်ရတဲ့ ဂိုးကလဲ deflection ကတဆင့် အနိမ်ဘော့ဖြစ်တဲ့ အတွက် ဒီဟေးအတွက် ပိုပြီး အခက်အခဲဖြစ်စေခဲ့တယ်။

ဒုတိယပိုင်း ပြစစခြင်း ယူနိုက်တက်ဒ်တို့ ချေပဂိုး ရဖို့ အသဲအသန် ကြိုးစားလာမှာဖြစ်ပြီး အဆုံးသတ်သေချာဖို့ ပိုပြီးအရေးကြီးပါတယ်။ ဆောက်သန်တန်ကတော့ လက်ရှိဦးဆောင်ထားနိုင်တဲ့ တဂိုးအတွက် ချေပဂိုး မပေးရလေအောင် ပိုပြီး ကြိုးစားမယ့် အနေအထားမျိုးရှိနိုင်ပါတယ်။

2020-21 အတွက် GBN FPL မှာ အဆင့် (၁)မှ (၃)ရရှိသူများ ဆုငွေထုတ်ယူနိုင်ပါပြီ ခင်ဗျာ။ဆုငွေထုတ်ရာမှာ အဆင်ပြေ ချောမွေ့စေဖို့ အ...
25/05/2021

2020-21 အတွက် GBN FPL မှာ အဆင့် (၁)မှ (၃)ရရှိသူများ ဆုငွေထုတ်ယူနိုင်ပါပြီ ခင်ဗျာ။

ဆုငွေထုတ်ရာမှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ပုံမှာပါတဲ့ အချက်အလက်လေးတွေပါ တပါထဲ ပို့ပေးကြဖို့ တောင်းဆိုပါတယ် ခင်ဗျာ။

လောလောဆယ်တော့ AYA အကောင့်ကို လွှဲပေးမှာဖြစ်ပါတယ် ခင်ဗျာ။

20/03/2021

ဒီနေ့ည အကြိုက်ပွဲ (၂)ပွဲ တင်ပေးလိုက်ပါတယ်။

ဝါဒါ ဘရီမင် ဂိုးအောက်
ဘိုလော့ညာ ဘော်ဒီ။

နောင်နေ့တွေက စပြီး ပွဲ ပေးမှုတွေ ရပ်နားထာပါတော့မယ်။

အဆင်ပြေကြပါစေ ဗျာ။

14/03/2021

ဒီနေ့ည အတွက် လက်ဆောင်ပွဲ။
======================
နာပိုလီ ဘော်ဒီ
ဆိုဆီဒက် ဘော်ဒီ

အဆင်ပြေပါစေ ဘရိုတို့။

13/03/2021

ဒီနေ့ည (၂)ပွဲထဲဆော့ဗျာ။

ကိုလုံး ဘော်ဒီ
အိုဆာဆူနာ ဘော်ဒီ

အဆင်ပြေကြပါစေ ခင်ဗျာ။

07/03/2021

ဒီနေ့ည အတွက် အကြိုက်ပွဲ တချို့။
=======================
ရိုးမားဂိုးပေါ်
ယူနိုက်တက်ဒ် ဂိုးအောက်

ဗီရိုနာ ဘော်ဒီ
ဘီလီဖီးလ် ဘော်ဒီ
ဝါဒါ ဘရီမင် ဘော်ဒီ

အဆင်ပြေကြပါစေ ခင်ဗျာ။

06/03/2021

ဒီနေ့ည (၂)ပွဲဘဲဆော့
===============

အာဆင်နယ် ဘော်ဒီ
အူဒီးနိစ်ဆေး ဘော်ဒီ

အဆင်ပြေကြပါစေ ခင်ဗျာ။

28/02/2021

ဒီညတော့ တပွဲထဲ ဆော့ကြဗျာ။
မိန့်ဇ် ဘော်ဒီ။

အဆင်ပြေပါစေဗျာ။

27/02/2021

ဒီည အကြိုက်ပွဲ၂ပွဲ တင်ပေးလိုက်ပါတယ်။

စပီဇီးယား ဘော်ဒီ
လိုက်ပ်ဇစ် ဘော်ဒီ

အဆင်ပြေကြပါစေ ဘရိုတို့။

Address

Yangon

Telephone

+6590264410

Website

Alerts

Be the first to know and let us send you an email when Games By Numbers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category