Htet Htet Htun - Life Coach

Htet Htet Htun - Life Coach Raise up your future with your dream

မနက်ဖြန်မှ ဖြစ်လာမယ့် အကြောင်းအရာတွေကို တွေးပြီး ဒီနေ့ ပျော်ရွှင် မှု့ကို မဖျက်စီးမိပါစေနဲ့ Be Happy
21/12/2025

မနက်ဖြန်မှ ဖြစ်လာမယ့် အကြောင်းအရာတွေကို တွေးပြီး ဒီနေ့ ပျော်ရွှင် မှု့ကို မဖျက်စီးမိပါစေနဲ့

Be Happy

https://www.facebook.com/share/p/ymbEbicmVEhj9XCy/
12/10/2024

https://www.facebook.com/share/p/ymbEbicmVEhj9XCy/

အလုပ်လုပ်နေတဲ့ သူမှာ အမှားနဲ့မကင်းဘူး
အမြဲတမ်းမှန်ကန် နေတဲ့ သူဆိုတာလည်း မရှိဘူး
အမြဲတမ်း သန်မာနေတဲ့သူဆိုတာလည်း မရှိဘူး

တခါတရံ ပြီးပြည့်စုံတယ်ဆိုတဲ့ သူတွေဆီမှာလည်း
လိုအပ်ချက်ဆိုတာရှိပါတယ်

🌇တခါတရံ နေ့စဉ် လုပ်ငန်းခွင်မှာ ပဲဖြစ်ဖြစ် 💁🏼‍♀️Personal Life မှာပဲဖြစ်ဖြစ်
👩‍👩‍👧မိသားစုထဲမှာပဲဖြစ်ဖြစ်

🌀မတူညီတာတွေကြောင့် ပင်ပန်းနိုင်တယ်
🌀အငြင်းပွါးမှု့တွေမှာ ကိုယ့်အလိုမကျ တဲ့အခါ စိတ်တိုနိုင်တယ်
🌀စိတ်ဓာတ်ဆိုတာလည်း ကျနိုင်ပါတယ်

အဲ့ဒိချိန်ခဏမှာ ကိုယ့်ရဲ့stress ကို release လုပ်တာမျိုး
🧘‍♀️ Relaxingလုပ်တာမျိုး
🧘 Healing လုပ်တာ မျိုး နဲ့ ခဏအနားပေးလို့ရပါတယ်

ပြီးရင်တော့ ပြန်ထပါ

ဘဝမှာ perfect ( ပြီးပြည့်စုံနေဖို့ ) မလိုဘူး
တချိန်တည်းမှာပဲ ဇွဲရှိဖို့တော့လိုပါတယ်

အတိုက်အခိုက်တွေ ၊လဲကျတာတွေ
ပြသနာတွေ ကြုံလာတိုင်းမှာ
ဇွဲရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ပါ
အခက်အခဲ တစ်ခု ကို step တစ်ခု အနေ နဲ့ ကျော်လွှားနိုင်ခဲ့တဲ့ အခါတိုင်းမှာ ကိုယ်ဟာ ပိုမိုသန်မာလာတယ်ဆိုတာ ကို ကိုယ့်ကိုကိုယ့် အသိအမှတ်ပြုပါ
ဒါက ကိုယ့်ကိုကိုယ် ယုံကြည်မှု့ နဲ့
လေးစားမှု့တွေ တိုးလာစေပါတယ်

တခါတရံမှာ ကျွန်မတို့ တွေ ပင်ပန်းတယ်
ပင်ပန်းတာ ကို ခဏ အနားယူပြီး
နှစ်ဆ အားယူပြီး ရှေ့ဆက်ပါ

ကိုယ် လိုချင်တာဘာလဲ ကိုယ်သိပါ
ကိုယ်လိုချင်တဲ့ အရာကို Focus ထားပါ
Smart Goalတွေ ချမှတ်ပါ
ပြီးရင် ရေကုန်ရေခမ်း မရမချင်းလုပ်ပါ
ကိုယ်နဲ့ မတူညီတဲ့ သူတွေရဲ့ စကား ဝေဖန်မှု့တွေအတွက် အချိန် Energy အကုန်မခံပါနဲ့
ကိုယ့်အတွက် အပြုသဘောဖြစ်စေမယ့်
နည်းလမ်းတွေပေးနိုင်မယ့် သူတွေရဲ့ အလေ့အကျင့် အထောက်အပံ့ ကိုယူပါ

💫လိုအပ်ရင် Training တွေ ယူပါ
💫ရှင်းရှင်းလင်းလင်း နဲ့ ပန်းတိုင်ကိုအမြန်ဆုံးနဲ့ အထိရောက်ရောက်ချင်ရင် Coaching တွေ ရဲ့ အကူအညီ​ကိုယူပါ

အောင်မြင်မှု့ ဆိုတာ လူပျင်းတွေ အတွက်မဟုတ်သလို
နည်းမှန် လမ်းမှန် ကြိုးစားနေတဲ့သူတွေအတွက် လည်း လက်တကမ်းမှာပါ

Htet Htet Htun
# Road to Success
your Dream

အောင်မြင်တဲ့သူတွေဟာ...ဘယ်တော့မှ "ဆင်ခြေ"မပေးပါဘူး။မိတ်ဆွေရော ဆင်ခြေပေးမိနေပြီလား⁉️အားလုံးကိုချစ်တဲ့❤️  (ABNLP)
12/06/2024

အောင်မြင်တဲ့သူတွေဟာ...
ဘယ်တော့မှ "ဆင်ခြေ"မပေးပါဘူး။

မိတ်ဆွေရော ဆင်ခြေပေးမိနေပြီလား⁉️

အားလုံးကိုချစ်တဲ့❤️


(ABNLP)

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတေ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံး
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏼

အားလုံးကိုချစ်တဲ့❤️


(ABNLP)

ကျွန်မတို့တွေဟာ လူသားတွေဖြစ်တာနဲ့အမျှ မိသားစုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် ပူပန်သောကရောက...
20/05/2024

ကျွန်မတို့တွေဟာ လူသားတွေဖြစ်တာနဲ့အမျှ မိသားစုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် ပူပန်သောကရောက်တတ်ကြပါတယ်။

အခုလိုကာလကြီးမှာ အခက်အခဲမျိုးစုံကို နေ့စဉ်ကြုံတွေ့ရတိုင်း ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲ⁉️ ဆိုပြီး မေးခွန်းထုတ်နေတဲ့ မိတ်ဆွေတို့အတွက် မျှဝေမှုလေး တစ်ခုလုပ်‌ပေးချင်ပါတယ်။

အဲ့ဒါလေးကတော့__
❝မနက်ဖြန်မှ ဖြစ်လာမယ့်အကြောင်းအရာတွေကို တွေးပြီး
ဒီနေ့ရဲ့ ပျော်ရွှင်မှုတွေကို မဖျက်ဆီးမိပါစေနဲ့❞

သောကတွေများနေတဲ့အချိန်မှာ ရောက်မလာသေးတဲ့ အရေးအရာတွေကြောင့် ဒီနေ့ရဲ့ပျော်ရွှင်မှုကို မဖျက်စီးမိပါစေနဲ့...

အားလုံးကိုချစ်တဲ့❤️


(ABNLP)

Anyone who has never made a mistake has never tried anything new. Albert Einstein အမှားမလုပ်ဖူးတဲ့ သူဟာ အသစ်အသစ်သော အရာတ...
18/05/2024

Anyone who has never made a mistake has never tried anything new.
Albert Einstein

အမှားမလုပ်ဖူးတဲ့ သူဟာ အသစ်အသစ်သော အရာတွေကို ဘယ်တော့မှ ကြိုးစားပြီး လုပ်ဆောင်မှာမဟုတ်ဘူး။

အားလုံးကိုချစ်တဲ့❤️


(ABNLP)

Success is not the key to Happiness.Happiness is the key to Success.If you love what you are doing, you will be successf...
02/05/2024

Success is not the key to Happiness.
Happiness is the key to Success.
If you love what you are doing, you will be successful‼️
~Albert Schweitzer~

​အောင်မြင်မှုက ​ပျော်ရွှင်ခြင်းရဲ့ ​သော့ချက်မဟုတ်ဘူး။
​ပျော်ရွှင်မှုကသာ ​အောင်မြင်ခြင်းရဲ့ အဓိက​သော့ချက်ပဲဖြစ်တယ်။
ဒါ့​ကြောင့်_
မင်း​လုပ်​နေတဲ့အလုပ်ကသာ မင်းကို တကယ်​ပျော်​စေတယ်ဆိုရင် မင်း​သေချာ​ပေါက် ​အောင်မြင်မှုရလိမ့်မယ်💯💯

အားလုံးကိုချစ်တဲ့❤️


(ABNLP)

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ​ဖျောက်ပါ။မိတ်​ဆွေရဲ့ စိတ်ကူးထဲမှာ လုပ်မယ်လို့ ကြံစည်ထားတဲ့ အရာ​တွေရှိရင်_🔰တွေ​ဝေစဥ်းစားမ​နေဘဲ...
01/05/2024

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ​ဖျောက်ပါ။

မိတ်​ဆွေရဲ့ စိတ်ကူးထဲမှာ လုပ်မယ်လို့ ကြံစည်ထားတဲ့ အရာ​တွေရှိရင်_
🔰တွေ​ဝေစဥ်းစားမ​နေဘဲ
🔰လုပ်သင့်တယ်ထင်ရင်
🔰ရဲရဲကြီးသာလုပ်လိုက်ပါ‼️
🔺️​​ဘာမှမလုပ်ဘဲ တွေ​ဝေစဥ်းစား​နေတာကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ အချိန်ဆွဲ​နေခြင်းပဲဖြစ်ပါတယ်။

🔺️တချို့လူ​တွေက လုပ်ရမယ့်အရာ​တွေရှိမှန်းသိရက်နဲ့ ဘာဖြစ်လို့၊ ဘယ်လို​ကြောင့်ဆိုတဲ့ အ​ကြောင်းပြချက်​တွေ​ပေးပြီး ​နေ့​ရွှေ့ည​ရွှေ့နဲ့ အချိန်​တွေဆွဲ​နေတတ်ပါ​​သေးတယ်။

ဒီလို အချိန်ဆွဲ​နေတတ်တာက မိတ်​ဆွေအတွက် ဘာ​ကောင်းကျိုးမှ ရရှိ​စေမှာမဟုတ်ဘဲ မိတ်​ဆွေရမယ့် အခွင့်အလမ်း​တွေကို​တောင် ပိတ်ပစ်နိုင်ပါတယ်‼️

ဒါ့​ကြောင့် မိတ်​ဆွေမှာ အချိန်ဆွဲတတ်တဲ့အကျင့်ရှိထားတယ်ဆိုရင် ချက်ချင်း​ဖျောက်ပြီး လုပ်စရာရှိတာကို တက်တက်ကြွကြွနဲ့ တန်းလုပ်တတ်တဲ့ အကျင့်ကို​မွေးပါ။ ​မကြာခင်မှာ မိတ်​ဆွေဟာ ​ပြောင်းလဲတိုးတက်လာတဲ့ သူတစ်​ယောက် ဖြစ်လာပါလိမ့်မယ်💯💯💯

အားလုံးကိုချစ်တဲ့❤️


(ABNLP)

🎉အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်🎉May (1) ရက်နေ့မှာကျရောက်တဲ့ “အလုပ်သမားနေ့” မှစ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေ...
01/05/2024

🎉အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်🎉
May (1) ရက်နေ့မှာကျရောက်တဲ့ “အလုပ်သမားနေ့” မှစ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့အလုပ်သမားများအားလုံးကို လေးစားစွာဂုဏ်ပြုလိုက်ပါတယ်ရှင် 🤗

အားလုံးကိုချစ်တဲ့❤️


(ABNLP)

‼️ဝင်​ငွေ = အ​တွေးအ​ခေါ်‼️ဘဝမှာ အ​တွေး​တွေက အရမ်းအ​ရေးပါပါတယ်။ကျွန်မတို့​တွေ တစ်စုံတစ်ရာ လုပ်​တော့မယ်ဆိုရင် အရင်ဆုံး ​တွ...
26/04/2024

‼️ဝင်​ငွေ = အ​တွေးအ​ခေါ်‼️

ဘဝမှာ အ​တွေး​တွေက အရမ်းအ​ရေးပါပါတယ်။
ကျွန်မတို့​တွေ တစ်စုံတစ်ရာ လုပ်​တော့မယ်ဆိုရင် အရင်ဆုံး ​တွေးကြတယ်။ ဘယ်လိုမျိုး​လေး လုပ်ရင်​ကောင်းမယ်။ ဘယ်လိုဆိုရင်​တော့ ​ရှောင်ရမယ်ဆိုတာမျိုး​​လေး​တွေ ​ကြိုပြီး တွေး​လေ့ရှိကြတယ်✅️

ပြီးရင် စိတ်က အဲ့လို​တွေးထားတဲ့အရာအတိုင်းပဲ လက်​တွေ့လည်း လုပ်​ဆောင်ကြတယ်။

🔰ကိုယ်​တွေးထားတဲ့ အရာ​တွေက လက်​တွေ့မှာ တကယ်ဖြစ်လာလို့ အ​တွေး​တွေက အရမ်းအ​​​ရေးကြီးတာကို ဂရုစိုက်ရပါမယ်။

🔰ဒီလိုပါပဲ မိတ်​ဆွေ ကြီးပွားချင်တယ်။ တိုးတက်ချင်တယ်ဆိုရင်လည်း မိတ်​ဆွေစိတ်ထဲမှာ_
▪️ဝင်​ငွေရ​စေမယ့် လုပ်ငန်း​တွေ
▪️ဝင်​ငွေရ​အောင် ကူညီ​ပေးနိုင်မယ့်အရာ​တွေကို အရင်​တွေးပါ။ လိုအပ်မယ့်အရာ​တွေကို ပြင်ဆင်ပြီး သင်ယူရမယ့်အရာ​တွေကို သင်ယူ​လေ့လာပါ။

📌မိတ်​ဆွေရဲ့ အ​တွေး​အ​ခေါ်တွေက မိတ်​​ဆွေကြုံ​တွေ့မယ့် လက်​တွေ့ဘဝနဲ့ တိုက်ရိုက်အချိုးကျတာမလို့

📌ဒီအ​တွေး​တွေကပဲ မိတ်​ဆွေတို့လိုချင်တဲ့ ​ငွေ​ကြေးကို မိတ်​ဆွေတို့ဆီ ယူ​ဆောင်လာ​ပေးမှာပဲ ဖြစ်ပါတယ်💯💯💯

✅️အ​တွေး​တွေကို ဂရုစိုက်ပါ။

အားလုံးကိုချစ်တဲ့❤️


(ABNLP)

Address

Hlaing
Yangon

Website

Alerts

Be the first to know and let us send you an email when Htet Htet Htun - Life Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category