03/10/2026
💭 Coach တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ကို Detox လုပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
Coach တစ်ယောက်ရဲ့အလုပ်မှာ လူတစ်ယောက်ရဲ့ ပြဿနာတွေ၊ စိတ်ခံစားချက်တွေ၊ အခက်အခဲတွေကို နားထောင်ပေးရတာက အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပါ။
Session တစ်ခု ပြီးသွားတဲ့အခါ Client နဲ့အတူ အဲ့ဒီခံစားချက်တွေကိုလည်း ကိုယ်တိုင် ဆက်သယ်သွားမိရင်တော့ ကိုယ့်စိတ်မှာ Emotional Load တွေ စုပုံလာနိုင်ပါတယ်။
တစ်ခါတလေ Client တစ်ယောက်ရဲ့ Story က Session ပြီးပြီးချင်း မေ့သွားတာမဟုတ်ဘဲ အိမ်ပြန်ရောက်တဲ့အထိ ဆက်တွေးနေမိတာ၊ နောက် Session မစခင် စိတ်က Heavy ဖြစ်နေသေးတာ၊ တခြား Client တစ်ယောက်ကိုတွေ့တဲ့အခါ အရင် Client ရဲ့ခံစားချက်တွေက ကိုယ့်အပေါ်မှာ သက်ရောက်နေသလို ခံစားရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Coach တစ်ယောက်အတွက် Client ကို Care လုပ်သလို ကိုယ့်စိတ်ကိုလည်း Care လုပ်ဖို့လိုပါတယ်။ 🤍
--------------------------------------------------------------------------
Mental Detox ဆိုတာ Client ရဲ့ခံစားချက်တွေကို “ဖယ်ရှားပစ်တာ” မဟုတ်ပါဘူး။
Session ထဲမှာ ကြုံခဲ့ရတဲ့ Emotional Load တွေကို သတိပြုမိပြီး၊ ကိုယ့်အတွင်းမှာ မလိုအပ်တော့တဲ့အရာတွေကို ပြန်ချထားပြီး ကိုယ့်စိတ်ကို Neutral State ပြန်ရောက်အောင် လုပ်ပေးတာပါ။
ဒါဆို ဘယ်လို Detox လုပ်မလဲ? 🌿
✅ Session ပြီးတဲ့အခါ ခဏလောက် တိတ်တိတ်ဆိတ်ဆိတ်နေပြီး “အခု ငါ ဘာခံစားနေရလဲ?” လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
✅ Client ရဲ့ Story ကြောင့် ဖြစ်လာတဲ့ခံစားချက်လား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတစ်ခုခုကို ထိသွားတာလားဆိုတာ ခွဲကြည့်ပါ။ပြီးရင် Session ထဲက အကြောင်းအရာတွေကို ထပ်ခါထပ်ခါ ပြန်တွေးနေမယ့်အစား “ဒီ Session က ဒီမှာပြီးသွားပြီ” ဆိုတဲ့ Mental Closure တစ်ခု ပေးပါ။
✅ အသက်ရှူတာ၊ ခဏလမ်းလျှောက်တာ၊ ရေသောက်တာ၊ ဖုန်းနဲ့အလုပ်တွေကနေ ခဏခွာပြီး တိတ်တိတ်ဆိတ်ဆိတ်နေကြည့်တာလို Physical Reset လေးတွေလည်း စိတ်ကို Transition လုပ်ပေးနိုင်ပါတယ်။ 🌱
အရေးကြီးဆုံးကတော့—
Client ရဲ့ဘဝကို ကူညီပေးရင်း Client ရဲ့ Emotional Weight ကို ကိုယ့်ဘဝထဲအထိ သယ်မသွားမိဖို့ပါ။
🪔 Coach တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဆီမီးခွက် လင်းနေဖို့ဆိုရင် ကိုယ့်ဆီမှာရှိတဲ့ ဆီတွေကို အကုန်မလောင်ကျွမ်းစေဘဲ၊ လိုအပ်လာတိုင်း သန့်စင်ဖြည့်တင်းဖို့ (Mental Detox လုပ်ဖို့) အမြဲလိုအပ်ပါတယ်။
With Love,
Aung Htet Khant (International Certified Coach)
#အောင်ထက်ခန့်