ALPHA Fitness & Gym

ALPHA Fitness & Gym Weight loss, Diet Plan & Fitness

Merry Christmas ပါ အသဲလေးတို့ရေ✨🦌🌹နှစ်သစ်ကနေ စပြီး ကံကောင်းခြင်းတွေ ရရှိပါစေလို့ ALPHA Fitness & Gym Teamမှ နွေးထွေးစွာ ...
25/12/2025

Merry Christmas ပါ အသဲလေးတို့ရေ✨🦌🌹
နှစ်သစ်ကနေ စပြီး ကံကောင်းခြင်းတွေ ရရှိပါစေလို့ ALPHA Fitness & Gym Teamမှ နွေးထွေးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🥰🙏🏻

ပင်ပန်းခဲ့မှု အဆင်မပြေမှုတွေလည်း အမြန်ဆုံးပျောက်ကင်းပြီး toxic area မှလည်း ရုန်းထွက်နိုင်ကြပြီး ကိုယ့်ကို တကယ်ချစ်တဲ့လူ ခင်တဲ့လူတွေနဲ့တွေ့ဆုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်😍🤍

&Gym

24/12/2025

Gymရုံမှာ တော်ရေ တစ်ယောက်ထဲရုန်းကန်လှုပ်ရှားနေရတာ🤧

24/12/2025

Glute Bridge လုပ်ရုံနဲ့ မလုံလောက်ဘူး! "One Man Show" မဟုတ်ဘဲ "Team Work" ကို ပြန်သင်ပေးရမယ် (The Science of Intermuscular Coordination)
Trainer တွေ ဒီလို အခက်အခဲမျိုး ကြုံဖူးလား?
Step 3 (Activation) မှာ Glute ကို နှိုးလိုက်ပြီ။ မီးခလုတ်ပွင့်သွားပြီ။ Clamshell တွေ ဆော့ခိုင်းထားလို့ တင်ပါးလည်း အောင့်နေပြီ။
ဒါပေမဲ့ Client ကို မတ်တပ်ရပ်ခိုင်းပြီး Squat ပြန်ထိုင်ခိုင်းလိုက်တဲ့အခါ...
ဒူးက ပြန်ပြီး အတွင်းဝင်သွားတုန်း (Knee Valgus)၊ ပုံစံမမှန် ဖြစ်နေတုန်းပဲ။ 🤦‍♂️
Trainer တွေ စိတ်ပျက်သွားတတ်တယ်။ "ငါ Glute နှိုးပြီးပြီပဲ.. ဘာလို့ ပြန်ဖြစ်တာလဲ?"
အဖြေက ရှင်းရှင်းလေးပါ 👇
"ကြွက်သားက သန်လာပေမယ့်၊ ဦးနှောက်က သူ့ကို ဘယ်လိုသုံးရမလဲ မသိသေးလို့ပါ။"
(Muscle is strong, but Brain is confused.)
The Science-Intra vs. Inter (တကိုယ်တော်လား? အဖွဲ့လိုက်လား?)
ဒီမှာ Coordination (ညှိနှိုင်းဆောင်ရွက်မှု) ၂ မျိုးကို ကွဲပြားအောင် သိရပါမယ်။
Intramuscular Coordination (Step 3) ဒါက ကြွက်သား တစ်မျိုးတည်းကို စုစည်းတာ။ (ဥပမာ - Glute သီးသန့် အလုပ်လုပ်ခိုင်းတာ - One Man Show)။
Intermuscular Coordination (Step 4) ဒါက ကြွက်သား အများကြီး ပေါင်းစပ်ပြီး "Team Work" အနေနဲ့ လှုပ်ရှားတာ။
The Brain's Secret (ဦးနှောက်ရဲ့ လှို့ဝှက်ချက်)
ဦးနှောက်ဆိုတာ ကြွက်သား (Muscle) ကို သီးသန့်မသိပါဘူး၊ လှုပ်ရှားမှု (Movement) ကိုပဲ မှတ်ဉာဏ်ထဲ သိမ်းထားတာပါ။
ခင်ဗျားက Glute ကို သီးသန့်နှိုးထားပေမယ့်၊ Squat ထိုင်တဲ့ "Program (Engram)" ထဲမှာ Glute ကို ထည့်မသုံးရသေးရင်၊ ဦးနှောက်က အကျင့်ဟောင်းအတိုင်း (Old Pattern) ဒူးကွေးပြီး ပြန်သွားမှာပါ။ Software Update မလုပ်သလိုပေါ့။
The Strategy Integration (အသင်းလိုက် ကစားနည်း သင်ပေးခြင်း)
Integration ဆိုတာ "Isolated Strength" (တစ်ကိုယ်တော် စွမ်းရည်) ကို "Functional Movement" (လက်တွေ့ လှုပ်ရှားမှု) ထဲကို ထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။Glute ကို တစ်ယောက်တည်း မထားဘဲ တခြားသူတွေနဲ့ တွဲလုပ်ခိုင်းရပါမယ်။
The Protocol (Evidence-Based Formula)
ဒီအဆင့်ရောက်ရင် လေ့ကျင့်ခန်းတစ်ခုမှာ ဒီအချက်တွေ ပါရပါမယ် -
Multi-Joint Action-အဆစ်ပေါင်းစုံ လှုပ်ရှားရမယ်။ (တကိုယ်လုံး ချိတ်ဆက်မိအောင်)
Controlled Instability-ဟန်ချက်ထိန်းရတဲ့ အနေအထား ပါရမယ်။ (ဒါမှ Core နဲ့ Stabilizers တွေ အလုပ်လုပ်မှာပါ)
Slow Tempo-နှေးနှေးနဲ့ မှန်မှန် လုပ်ရမယ်။
Low Load, High Reps ၁၀-၁၅ ကြိမ်လောက် လုပ်ပါ။ Form ပျက်တာနဲ့ ရပ်ပါ။
Example for Knee Valgus Fix
* Step 3 (Activation)-Clamshells (ကြမ်းပြင်မှာ လှဲလုပ် - Glute တစ်ကောင်တည်း အလုပ်လုပ်)
Step 4 (Integration) Step-Up to Balance (မတ်တပ်ရပ်၊ ခုံပေါ်တက်၊ ခြေထောက်တစ်ဖက်တည်းရပ်ပြီး Balance ယူ)
ဒီလေ့ကျင့်ခန်းမှာ ဘာထူးခြားလဲ?
Glute Medius က ဒူးမဝင်အောင် ထိန်းရင်း၊ Quadriceps က ခန္ဓာကိုယ်ကို မတင်ရင်း၊ Core က ခါးမတ်အောင် ထိန်းရင်း... ကြွက်သားတွေအားလုံး "System Online" ဖြစ်ပြီး "အသင်းလိုက်" တွဲလုပ်တတ်သွားပါလိမ့်မယ်။
မှတ်ထားပါ...
“Don’t just build the part. Build the pattern.”
(အစိတ်အပိုင်းကိုပဲ တည်ဆောက်မနေပါနဲ့၊ လှုပ်ရှားမှုပုံစံကို တည်ဆောက်ပါ)မှန်ကန်တဲ့ ကို မှာ လာရောက်လေ့လာနိုင်ပါတယ်။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
Founder of MFTA Education Team

24/12/2025

Hello သဲလေးတို့ရေ မင်”တစ်ဖန်ပြန်ပေါ်လာပါပြီနော်😁🤍

ALPHA Fitness & Gym ရဲ့ ownerလည်းဖြစ်သလို
Trainer လည်းဖြစ်တဲ့ ဆရာပြည့်မှ မိတ်ဆက် video လေးနဲ့ ပြန်လည်ကြိုဆ်ိုလိုက်ပါတယ်ရှင်🤗

Private Gymလိုသဘောထားပြီး ဆော့ချင်တဲ့လူတွေအတွက် မင်မင်တို့ ALPHA Gymလေးရှိနေပါပြီနော်📍✨

၃လစာသွင်းတာနဲ့ ၁လ freeပေးမှာဖြစ်တဲ့အတွက် အမြန်ဆုံးလာပြီး စာရင်းပေးလိုက်တော့နော်🥰🤍

လိပ်စာလေးကတော့ No.001/ 36 C3 Street
Dagon Seiken (Yuzana Garden City)ပါရှင့်🤗🤍

Ph : +09 880 759245

တောင်ဒဂုံ ဒဂုံဆိပ်ကမ်း ယုဇန အနီးတဝိုက်နေသူများအား ဦးစားပေးမည်📌📍Alpha Gymနှင့်အတူ လက်တွဲလုပ်ကိုင်ရန်အတွက် Gym Assistant မ...
01/12/2025

တောင်ဒဂုံ ဒဂုံဆိပ်ကမ်း ယုဇန အနီးတဝိုက်နေသူများအား ဦးစားပေးမည်📌📍

Alpha Gymနှင့်အတူ လက်တွဲလုပ်ကိုင်ရန်အတွက်
Gym Assistant များ အလ်ိုရှိနေပါတယ်နော်😘

Full time / part time
Girl 👩🏻‍🦰or boy👨🏻
Age 18မှ30အတွင်းမည်သူမဆို လျှောက်ထားနိုင်ပါတယ်ရှင်🥰

Service ကောင်း”ပေးတတ်သူဖြစ်ရမည်
ကစားနည်းစနစ်များကို သေချာပြပေးနိုင်သူဖြစ်ရမည်
Bodyအသင့်အတင့်ရှိရမည်
ရုပ်ရည်အသင့်ရှိရမည်
Certificateရှိရမည်။

လစာ/အချ်ိန် ညှိနှိုင်းပါရှင့်🥰❤️

အလုပ်လျှောက်မည်ဆိုပါက cv formနှင့်အတူ အလှဓာတ်ပုံ ၃ပုံ ကို page messengerသို့ပို့၍ လျှောက်ထားနိုင်ပါသည်ရှင့်😘✨

Broccoli ပန်းစိမ်းဆိုတာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး antioxidants ( အန်ဒီအောက်ဆီဒန့် ) ကြွယ်ဝတဲ့ အဟာရတန်ဖိုးမြင့် အကောင်း...
19/11/2025

Broccoli

ပန်းစိမ်းဆိုတာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး antioxidants ( အန်ဒီအောက်ဆီဒန့် ) ကြွယ်ဝတဲ့ အဟာရတန်ဖိုးမြင့် အကောင်းဆုံးအစားအစာ ( superfood ) ဖြစ်ပါတယ်

ပန်းစိမ်မှာပါဝင်တဲ့ အန်ဒီအောက်ဆီဒန့်တွေက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဆဲလ်ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ ပန်းစိမ်းရဲ့ အဆီအနှစ်တွေက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် သိပ္ပံပညာရှင်တွေက ပန်းစိမ်းအပါအဝင် cruciferous vegetables တွေကို “green chemoprevention" မှာ အကျိုးကျေးဇူးကြီးတယ်လို့ ပြောလေ့ရှိကြတယ်။ ပန်းစိမ်းမှာပါဝင်တဲ့ indole-3-carbinol က အကျိတ်တွေကို လျော့ချနိုင်စွမ်း ( antitumor properties ) ရှိတယ်။

အရိုးသန်မာဖို့အတွက် ကယ်ဆီယမ် နှင့် ကော်လဂျင်က အဓိကကျပါတယ်။ ပန်းစိမ်းမှာ ကယ်ဆီယမ် နှင့် ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတဲ့ ဗိုက်တာမင် C ပါဝင်တယ်။ ဒါကြောင့် ပန်းစိမ်းက အကျိုးကျန်းမာရေးအတွက် ကောင်းတယ်။ ဒါပြင် ပန်းစိမ်းမှာ ဗိုက်တာမင် K ပါဝင်ပြီး အရိုးပွခြင်းကို ကာကွယ်နိုင်သေးတယ်။

ပန်းစိမ်းဆိုတာ ဗိုက်တာမင် C ပါဝင်သော အစားအစာဖြစ်ပြီး ခုခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အဖျားရောဂါကို ကာကွယ်ပေးပြီး ဖျားနာချိန်ကို တိုတောင်းစေတယ်။ ဗိုက်တာမင် C က ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး အရေပြားပျက်စီးခြင်းကို ကာကွယ်တယ်။ ဒါကြောင့် ပန်းစိမ်းစားပေးခြင်းဖြင့် အရေပြားကျန်းမာရေးကောင်းစေတယ်။

ပန်းစိမ်းဆိုတာ အမျှင်ဓာတ်ပါဝင်တဲ့စားစရာဖြစ်တာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီ အူလမ်းကြောင်းကျန်းမာစေတဲ့အပြင် အူမကြီးကင်ဆာကိုပါ ကာကွယ်ပေးတယ်။ ဆီးချိုးသမားများရဲ့ သွေးတွင်းသကြားပမာဏကို မျှတစေတယ်။ ပန်းစိမ်းမှာပါဝင်တဲ့ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် နှင့် အန်ဒီအောက်ဆီဒန့်တွေက နှလုံးသွေးကြောရောဂါများကို ကာကွယ်ပေးတယ်။ ပန်းစိမ်းမှာ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်စွမ်း ( anti-inflammatory )ရှိတယ်။ ပန်းစိမ်းမှာပါဝင်တဲ့ sulforaphane ဒြပ်ပေါင်းက ရောင်ရမ်းခြင်းကို ကာကွယ်ပေးတယ်။

ပန်းစိမ်းရဲ့ အဟာရတန်ဖိုးမကျအောင် ပေါင်းစားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

Crd

ဒေါက်တာဖြိုးမောင်မောင်

&Gym

တင်သားလှလှ ထွက်ချင်လားတင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contras...
19/11/2025

တင်သားလှလှ ထွက်ချင်လား

တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။

တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်းသားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူတွေဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။

အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် (၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။ အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့ များများစားပါ။ polyunsaturated fats ပါတဲ့ ငါးအဆီပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာမွန်ငါး၊ တူနာငါး စတာတွေ ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။ တရက်ကို ခြောက်ကြိမ် အစားအသောက် မျှတအောင် စားပေးသင့်တယ်။

(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျုးစားပါ။
(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။
(၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။
(၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။
(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။
(၆) အိပ်ခါနီး protein shake သောက်ပါ။

တင်ပါးလေ့ကျင့်ခန်း မလုပ်ခင် ခန္ဓာဗေဒကို အရင်ဆုံးနားလည်ဖို့ လိုပါတယ်။ တင်ပါးမှာ gluteus muscle ကြွက်သားအစုအဝေးဆိုတာ ရှိတယ်။ အဓိကကြွက်သား သုံးခုရှိတယ်။ ဒီကြွက်သားတွေက ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တယ်။ တင်သားကြီးပြီး လုံးချင်ရင် ဒီကြွက်သားအစုအဝေးကို လေ့ကျင့်ပေးရမှာ ဖြစ်တယ်။

ဘာတွေ လုပ်မလဲ
(၁) လက်ဆန့်ပြီး တင်ပါးကို နောက်ထုတ်ပြီး ထိုင် ထလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို squat ခေါ်တယ်။ တင်ပါးမှာရှိတဲ့ ဂလူးတီးယပ်စ် ကြွက်သားကို ကြီးထွားစေတယ်။ တခါလုပ် အကြိမ် (၂၀)လ၊ သုံးကျော့စီ ပြန်လုပ်သင့်တယ်။
(၂) lunges ဆိုတာ ခါးထောက်ပြီး ခြေထောက်တဖက်စီကို ရှေ့ထုတ်ပြီး ထိုင်ချတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ lunges လုပ်ခြင်းက နောက်ပိုင်းအလှ ကောက်ကြောင်းကို ပေါ်လွင်စေတယ်။
(၃) deadlift ဆိုတာ ခါးကုန်း အလေးမပြီး ခါးဆန့် ပြန်ထရတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ကြွက်သားတွေကို ကြီးထွားစေတယ်။ဘယ်လေ့ကျင့်ခန်းမဆို ခါးနောက်ပ်ုင်းကိုသာ အားထုတ်လုပ်ရမယ်။
(၄) hip extension ဆိုတာ လေးဖက်ထောက်အနေအထားမှ ခြေထောက် နောက်ပစ်လွှဲရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်စဉ် waist trainer လို ဝတ်စုံမျိုးဝတ်သင့်တယ်။ ဒါမှ ခါးမှာရှိတဲ့အဆီတွေက အောင်ပိုင်းကို ကျသွားမှာဖြစ်တယ်။

စျေးကွက်ထဲမှာ တင်သားကြီးစေတဲ့ သောက်ဆေး၊လိမ်းဆေး အမျိုးမျိုးရှိတယ်။ butt enhancing pills ဆိုတာ တင်သားကြီးထွားတဲ့ သောက်ဆေးကို ခေါ်တာ။ အဓိကအားဖြင့် ဟော်မုန်းထိန်းညှိပေးတာဖြစ်တယ်။ ထိန်းညှိတယ်ဆိုတာ မဟော်မုန်း estrogen များစေတာဖြစ်ပြီး ယောကျာ်းဟော်မုန်း androgen နည်းစေတာဖြစ်တယ်။ မဟော်မုန်းများရင် အဆီတွေက ခန္ဓာကိုယ်ရဲ့ ပေါင်၊ရင်သား၊တင်ပါးစတဲ့နေရာတွေသာ စုအောင်းနေမယ်။

သောက်ဆေးအားလုံးထဲမှာ အသုံးများဆုံးက maca root ပါတဲ့ဆေးတွေဖြစ်တယ်။ ဒီဆေးက ပီရူးနိုင်ငံမှာ အားဆေးအနေနဲ့အသုံးများတယ်။ နောက်ပြီး saw palmetto, berries, Fenugreek seed , fennel seed,L-tyrosine တွေ သုံးကြတယ်။ သဘာဝဆေးတွေထဲမှာ Wild Mexican Yam , thistle, Kelp, D**g Quai, Mothers's wort စတဲ့ဆေးတွေ အသုံးများဆုံးပဲ။ အာနိသင်သက်ရောက်မှုက တခုနဲ့တခုကွာမယ်။ ပဲနို့နေ့စဉ်သောက်ပေးခြင်းက တင်သားကို ကြီးထွားစေတယ်။

လိမ်းဆေးတွေလည်း ရှိတယ်။ အပူပိုင်း အာဖရိကမှာ တွေ့တဲ့ Kigelia Africana ကို အခြေခံပြီးထုတ်တာ များတယ်။ အာနိသင်က fibrous တွယ်ဆက်တစ်ရှုး ဖွဲ့စည်းမှုက်ု အားပေးတာဖြစ်လို့ တင်ပါးနဲ့ ရင်သား ကြီးထွားစေတယ်။ လိမ်းဆေးထဲမှာ နာမည်ကြီးတွေက gluteboost, b***y magic , b***y perfect cream, iso sensual curve စတဲ့လိမ်းဆေးတွေ ဖြစ်တယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အချိန်မှန်လိမ်းပေးရတယ်။ တချို့ဆေးတွေထဲမှာ. ရှားစောင်းလက်ပပ်၊ ထောပတ်၊ မက္ကာမြစ်၊ ဘယ်ရီသီး၊ ကော်ဖီစေ့၊ အလှဆီ၊ သံလွင်ဆီ၊ ဗာဒံဆီဂစတာတွေ ပါလေ့ရှိတယ်။

သိပ္ပံနည်းကျမဟုတ်တဲ့ အလွယ်သုံး အရပ်ပြောနည်းတွေလည်း ရှိပါတယ်။ nivea အပြာရောင် လိမ်းဆေးခရင်မ်ကို သံလွင်ဆီနဲ့ရောပြီး တင်ပါးက်ု လိမ်းလို့ရတယ်။ နောက်တနည်းက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး လိမ်း၊ နာရီဝက်ကြာတဲ့အခါ ရေပြန်ဆေးရမယ်။ ပြီးရင် သုံးနေကျ moisturizer တခုခု ထပ် သုံးရမယ်။ တပတ်ကို သုံးကြိမ် လုပ်ပါ။

လူသုံးများတဲ့ အိမ်သုံးနည်းလည်း ရှိဦးမယ်။ ငါးကြီးဆီ နှစ်လုံးကို ဖောက်ပြီး တင်သားတဖက်ကို နှိပ်ပြီး လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးရမယ်။ နှိပ်တဲ့အခါ အနည်းဆုံး ဆယ်မိနစ်ကြာရမယ်။ နာရီဝက် ထားပြီး ရေပြန်ဆေးချပါ။ အာနိသင်ကောင်းဖို့ တနေ့ နှစ်ကြိမ်လုပ်ပါ။ နေ့စဉ်လုပ်ရင် ၃ ပတ်အတွင်း ထူးခြားမှုရှိလာလိမ့်မယ်။

နောက်ဆုံးတနည်းကတော့ butt lifterလို့ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား တွေ ဝတ်တဲ့နည်းပါ။ ဘောင်းဘီကို အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးဆ်ုက်သာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။

crd

ဒေါက်တာ အေးမင်းထူး
၇.၃.၁၇

&gym

မြေပဲထောပတ် (Peanut Butter) အကြောင်း peanut butter (မြေပဲထောပတ်) က 1. ဗီတာမင် E ကြွယ်ဝ ပြီး ဓါတ်တိုး ဆန့်ကျင် သတ္တိရှိတဲ...
19/11/2025

မြေပဲထောပတ် (Peanut Butter) အကြောင်း

peanut butter (မြေပဲထောပတ်) က

1. ဗီတာမင် E ကြွယ်ဝ ပြီး ဓါတ်တိုး ဆန့်ကျင် သတ္တိရှိတဲ့ အတွက် အာရုံးကြော ဆဲလ် လေးတွေရဲ့ အမြှေးပါး ပျက်ဆီးမှု့ ဒါဏ်မှ ကာကွယ်ပေးပါတယ်။

2. နောက်ထပ်လဲ Thiamin (ဗီတာမင် B1) ကြွယ်ဝတဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော လုပ်ငန်းဆောင်တာ တွေ အတွက် တဖက်တလမ်း ကနေ ကူညီပေးပါတယ်။

3. ကလေးတွေ မှာ ဆိုရင် လိုအပ်တဲ့ ကယ်လိုရီ ပမာဏ ပြည့်အောင် peanut မှာ ပါဝင်တဲ့ ကောင်းတဲ့ အဆီ ဓါတ် ကတဆင့် ပေးနိုင်ပါတယ်။အရေးအကြီးဆုံး ကတော့ သကြားထပ်မထည့်ထားတဲ့ peanut butter ကို ကျွေးဖို့လိုအပ်ပါတယ်။

4. သကြားပါဝင်မှု့ နည်းတဲ့ အတွက် ဆီးချိုဝေဒနာရှင်တွေ လည်း စားလို့ရပါတယ်။ ပေါင်မုန့ ကြမ်း ၂ ချပ် နှင့် Peanut Butter လက်ဖက်စားဇွန်း (၂) ဇွန်း လောက် ဆို အဆင်ပြေပါတယ်။

5. ဝိတ်လျှော့နေတဲ့ သူတွေမှာလည်း ယို တွေ စားမယ့် အစား peanut butter စားပေးတာ ပို သင့်တော်ပါတယ်။

Crd

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော

&gym

12/11/2025

𝐀𝐋𝐏𝐇𝐀 𝐅𝐢𝐭𝐧𝐞𝐬𝐬 & 𝐆𝐲𝐦ရဲ့ ညခင်းလေးတစ်ဖြတ်🫶🏻

“သင်ကိုယ်တိုင်ရဲ့ အကောင်းဆုံးပုံစံကို ဖန်တီးပါ။” 💪🏻

🔥 𝐀𝐋𝐏𝐇𝐀 𝐅𝐢𝐭𝐧𝐞𝐬𝐬 & 𝐆𝐲𝐦 🔥
“Push Harder Than Yesterday!” 💪

🏋️‍♂️ Member Fees – 𝟒𝟎,𝟎𝟎𝟎 Ks
🤝 PT Fees – 𝟑𝟎𝟎,𝟎𝟎𝟎 Ks

📍 Address: No.001/36, C3 Street, Dagon Seiken (Yuzana Garden City)

&gym

Address

No. 001/36, C3 Street, Dagon Seiken (Yuzana Garden City)
Yangon
11431

Telephone

+959880759245

Website

Alerts

Be the first to know and let us send you an email when ALPHA Fitness & Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share