11/08/2025
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးနဲ့အတူ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်တွေမှာ မန္တလေး၊ စစ်ကိုင်းနဲ့ ကျောက်ဆည်မြို့နယ်တွေမှာ သောက်ရေသန့်နဲ့ အမိုးအကာပစ္စည်းလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေကို ချက်ချင်းပေးအပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ပံ့ပိုးကူညီမှုအနေနဲ့ ဒုတိယအကြိမ်အဖြစ် မိသားစုပေါင်း ၁၆၀ အတွက် စားသောက်ကုန်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကို ထပ်မံကူညီပေးခဲ့ပါတယ်။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝန်ထမ်းတွေ၊ ဖြန့်ဖြူးသူတွေနဲ့ အရောင်းဆိုင်ပိုင်ရှင်တွေကိုလည်း ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပြီး သူတို့ရဲ့ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေအတွက် စုစုပေါင်း ကျပ်သိန်း ၄,၀၀၀ ကို ပံ့ပိုးပေးခဲ့ပါတယ်။
ပြန်လည်တည်ဆောက်ရေးဆိုတာ ခရီးရှည်တစ်ခုဖြစ်ပြီး မြန်မာပြည်သူလူထုနဲ့အတူ ဒီခရီးကို လျှောက်လှမ်းဖို့ ကျွန်တော်တို့ ကတိပြုလိုက်ပါတယ်။