Goal Perky

Goal Perky Ibet789_555Mix_Sport899_Agent

သက်တော်ရှည်ဘွဲ့အား သည်းခံခြင်းများ ထည့်ပေါင်းထုတ်ရလေသလား။"သက်တော်ရှည်ရခြင်း'' က ဘောလုံးလောကမှာ အတော်လေးစကားပြောပါတယ်။ ကစ...
27/02/2025

သက်တော်ရှည်ဘွဲ့အား သည်းခံခြင်းများ ထည့်ပေါင်းထုတ်ရလေသလား။

"သက်တော်ရှည်ရခြင်း'' က ဘောလုံးလောကမှာ အတော်လေးစကားပြောပါတယ်။ ကစားသမားတစ်ဦးက အသင်းတစ်သင်းမှာ နှစ်ရာသီရှည်ကြာ/ ငယ်မွေးခြံပေါက်အဖြစ်ကနေ အရွယ်ကျချိန်ထိ ကစားနေခဲ့မယ်ဆို နေညိုရင် လေပြိုချင်ပါတဲ့ စိတ်ကို အရည်လောင်းရင် စိုပြေသွားတတ်တဲ့ သဘာဝထက် ခန့်မှန်းလို့ မရကောင်းတာတွေလည်း ရှိနေတယ်။ များများစားစားတော့ မဟုတ်ဘူး။
ပွဲကစားခွင့် ဘယ်လောက်ထိ ရထားသလဲ။ အဲ့တာကို ထပ်ဆောင်းပြောရရင် ရထားတဲ့ ပွဲကစားခွင့်က ပွဲချိန်ကာလရဲ့ ဘယ်အပိုင်းအခြားမှာလဲဆိုတာက နေညိုချိန်ရောက် ဂန္တဝင်ကစားသမားအများစု ကြုံကိုကြုံရမယ့် သဘာဝပါပဲ။
လီဗာပူးလ်က ဂျရတ်၊ ချဲလ်ဆီးက လမ်းပတ်၊ ဘာစီလိုနာက ဇာဗီတို့အတွဲ၊ ရိုးမားက တော့တီ အစရှိသဖြင့် သူတို့ဟာ သူတို့အသင်းတွေအတွက် အတက်အကျအချိန်တိုင်း အသင်းနဲ့အတူတူ ရှိခဲ့ကြပေမယ့်လည်း နေညိုချိန်ရောက်သွားချိန်မှာ ဝမ်းနည်းစရာတွေ အပြည့် စာနာသနားမှုတွေ အဆစ်ပေါင်းခဲ့ကြရတဲ့ ဂန္တဝင်တွေ အများကြီးပါ။

အခုလည်း ဘိုင်ယန်မြူးနစ်အသင်းမှာလည်း သေမတ်မူလာကိစ္စက သဘာဝအတိုင်း ကစားခွင့်သိပ်မရတာနဲ့ ပက်သက်ပီး ဝေဖန်ရေးသတင်းတွေ ထွက်နေပါပီ။

ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီရဲ့ ဘီလူးအသင်းကြီးပါ။ တော်ဝင်ပါကြောင်း ဘွဲ့နာမ မတပ်ရုံတမယ်အသင်းမျိုးပါ။
မူလာသည် ဘိုင်ယန်ရဲ့ ငယ်မွေးခြံပေါက် ၂၅နှစ်တာ သူ့ဘဝတာနီးပါး အချိန်ပေးခဲ့သူဖြစ်တဲ့အပြင် ဂျာမနီနိုင်ငံအတွက် ကမ္ဘာ့ဖလားအောင်မြင်မှုကို ယူပေးခဲ့တဲ့သူ၊ ဘိုင်ယန်မြူးနစ် အောင်ပွဲတွေရဲ့ တစိတ်တပိုင်းဖြစ်နေသူ။
ဒါကို နည်းပြကွန်ပနီက ပွဲပီးခါနီးမှ ထည့်သုံးတဲ့အပြင် ကသားရချိန်က ၄မိနစ်သာသာပဲ ပေးတယ်၊ မူလာရဲ့ ဂုဏ်သိက္ခာကို မငှဲ့ကွက်ကြောင်း၊ ပွဲကစားချိန်နောက်ပိုင်းထည့်သုံးလည်း ၁၅ မိနစ်ဝန်းကျင်ထိ ထည့်သုံးလို့ ဖြစ်သေးတယ်ဆိုပြီး ကွန်ပနီကို ဝေဖန်လာကြပါပီ။

ဘိုင်ယန်မြူးနစ်အင်အားကြောင့် ကွန်ပနီက ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ ခံယူဖို့လွယ်ပေမယ့် ဥရောပအောင်မြင်မှုသာ မရခဲ့လို့ရှိရင် မူလာကိစ္စကြောင့် ထိုင်ခုံလှုပ်ခတ်ခံရမယ့် အနာဂတ် ဖြစ်လာနိုင်ပါတယ်။

မြင်အောင်ကြည့်စမ်း ဂိတ်သားတို့
26/02/2025

မြင်အောင်ကြည့်စမ်း ဂိတ်သားတို့

"ကျွန်တော်က အရှုံးကြီးရှုံးဖူးတဲ့သူပါ။ နိုင်ဖူးတာတွေလည်း ရှိပါတယ်။ ရှုံးတာက ခပ်များများပါ'' မာလ်ဒီနီဒါဆို မာလ်ဒီနီက ဘာတွ...
25/02/2025

"ကျွန်တော်က အရှုံးကြီးရှုံးဖူးတဲ့သူပါ။ နိုင်ဖူးတာတွေလည်း ရှိပါတယ်။ ရှုံးတာက ခပ်များများပါ'' မာလ်ဒီနီ

ဒါဆို မာလ်ဒီနီက ဘာတွေကို ဘယ်လိုများ ဘယ်လောက်ထိ အရှုံးနာခဲ့သလဲ-
တစ်အချက်- ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ကြိမ် ရှုံးဖူးတယ်။
နှစ်အချက်- ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၃ကြိမ် ရှုံးဖူးတယ်။
သုံးအချက်- ၁၉၉၄ ကမ္ဘာ့ဖလားရခါနီးမှ ဗိုလ်လုပွဲရှုံးတယ်။
လေးအချက်- ယူရို၂၀၀၀ ဗိုလ်လုပွဲမှာလည်း ရှုံးဖူးတယ်။

ဆိုတော့ ဒီလိုအရှုံးတွေမှာသာ အနိုင်ရခဲ့ရင် မာလ်ဒီနီကို ဘယ်လိုမှတ်တမ်းတင်ကြမလဲ။

Keylor Navas က "ဒီဂီယာရဲ့ စာချုပ်စာတမ်းတွေက အချိန်မီရောက်မလာရင် ရီးယဲလ်မှာ ဆက်နေမယ်လို့ ပြောခံရတဲ့နေ့မှာ ကျွန်တော် တစ်ညလ...
25/02/2025

Keylor Navas က "ဒီဂီယာရဲ့ စာချုပ်စာတမ်းတွေက အချိန်မီရောက်မလာရင် ရီးယဲလ်မှာ ဆက်နေမယ်လို့ ပြောခံရတဲ့နေ့မှာ ကျွန်တော် တစ်ညလုံး ငိုခဲ့ရတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်ကို စွန့်ခွာမသွားချင်ဘူး။"

"ရီးရဲလ်မှာရှိဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ၊ ကျွန်တော်မထွက်ခွာချင်ခဲ့ပါဘူး။ ကျွန်တော် ရှစ်နှစ်သားအရွယ်တုန်းက ကျွန်တော့်မိသားစုနဲ့ စကားပြောပြီး ကျွန်တော်ဟာ ရီးယဲလ်မက်ဒရစ်ကစားသမားတစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို ဒီအခွင့်အရေးကို ပေးခဲ့ပြီး ကျွန်တော်လက်လွတ်မခံချင်ခဲ့ပါဘူး။"

အဲဒီနောက်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း သူက ကော်စတာရီကာနိုင်ငံသား တစ်ယောက်ဖြစ်ပြီး ဥရောပသား/ ဘရာဇီးလ်နိုင်ငံသားမဟုတ်တာကြောင့် လုံးဝတန်ဖိုးထားခံရခြင်းမရှိခဲ့ပါဘူး။

နာပိုလီအသင်းမှာ ဘယ်လ်ဂျီယံသား မာတင်တစ်ယောက် ကစားစဥ်က အီတလီသူအီတလီသားတွေရဲ့ ဘောလုံးအပေါ်ထားရှိတဲ့ ခံယူချက်ကို အခုလိုပြောပ...
24/02/2025

နာပိုလီအသင်းမှာ ဘယ်လ်ဂျီယံသား မာတင်တစ်ယောက် ကစားစဥ်က အီတလီသူအီတလီသားတွေရဲ့ ဘောလုံးအပေါ်ထားရှိတဲ့ ခံယူချက်ကို အခုလိုပြောပြဖူးတယ်။

" ကျွန်တော့်တိုက်ခန်းအပေါ်ထပ်မှာ အသက်ကြီးကြီးအမျိုးသမီကြီးနေတာဗျ၊ အသက်က ၇၅ နှစ်ရှိနေပါပီ၊ မနက်တိုင်း ကျွန်တော့်ကို မြင်ပီဆို 'မင်းကစားတာ ကောင်းတယ်ကောင်လေး' ပြောသလို၊ ကျွန်တော်ကစားတာ ညံ့တဲ့နေ့ဆို 'မင်းကဒီထက် ကောင်းကောင်းကစားသင့်တယ်' ဆိုပီး ကျွန်တော့ ပါးကို ပုတ်ပုတ်ပီး ပြောလေ့ရှိတယ်''

အီတလီမှာ ဘောလုံးအနုပညာကို စွဲမက်မှုက အဲ့လိုမျိုးပါ၊ ​မီယမ်မာပြည်ကလို ဘဲက ဒီအသင်းအားပေးလို့ အားပေးကြတဲ့ စော်တွေ၊ ရုပ်ကြည့်နှာထ အားပေးကြတဲ့စော်တေွထက်တော့ အသာကြီးသာတာပေါ့။

မိုဟာမက်ဆာလာ၊ ရာဖင်ဟာနဲ့ အမ်ဘာပေ ဒီသုံးယောက်ဟာ ရာသီကုန်အထိ တူညီတဲ့အဆင့်မှာပဲ ဆက်လက်ပြီး စွမ်းဆောင်ပြနိုင်ကြ ​မယ်ဆိုရင် B...
22/02/2025

မိုဟာမက်ဆာလာ၊ ရာဖင်ဟာနဲ့ အမ်ဘာပေ
ဒီသုံးယောက်ဟာ ရာသီကုန်အထိ တူညီတဲ့အဆင့်မှာပဲ ဆက်လက်ပြီး စွမ်းဆောင်ပြနိုင်ကြ ​မယ်ဆိုရင် Ballon d'Or ဟာ သူတို့ထဲက တစ်ယောက်အတွက် သေချာပေါက် ဖြစ်လာပါမယ်။

ဟုတ်တယ်မလား။

ဂိုးသွင်းပီး ရှုံးနေတာ နေသာကြပါပီဆိုတဲ့ ငနဲတွေတော့ ဆက်ပေးမယ်မထင်ဘူး။

ရွေးချယ်မှုအတွက် အဆုံးအဖြတ်ပေးလာမယ့် အချက်က ချန်ပီယံလိဂ်အောင်မြင်မှု ဖြစ်လာနိုင်တယ်။

တကယ်လို့ လီဗာပူးက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရင် ရွှေဘောလုံးက ဆာလာအတွက် ဖြစ်လာနိုင်မယ်။

အကယ်၍ ရီးယဲလ်မက်ဒရစ်သာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက အမ်ဘတ်ပီအတွက်
ရွှေဘောလုံးဆု ဖြစ်လာမယ်။

ဘာစီလိုနာက ဆုဖလားတွေ ဆွတ်ခူးနိုင်ရင် ရာဖင်ဟာလည်း ရွှေဘောလုံးဆုရလာဖို့ ဖြစ်နိုင်ချေ အတူတူရှိနေတယ်။

ဒါပေမယ့် ဒီသုံးသင်းထဲက ဘယ်အသင်းကမှ ချန်ပီယံဆုကို မရရှိခဲ့ဘူးဆိုရင် Ballon d'Or နဲ့ အနီးစပ်ဆုံးကစားသမားက မိုဟာမက်ဆာလက်ဖြစ်မှာ သေချာပါတယ်။

၂၀၀၆ ခုနှစ် မေလ ၇ ရက်နေ့က ဆန်တီရေဂိုဘာနေဗျူးမှာ ပွဲလာကြည့် ပရိသတ်တစ်ဦးက "ဝီစီကို မမှုတ်ပါနဲ့ ဇီဒန်းက ငါတို့ကို ထားရစ်ခဲ့...
21/02/2025

၂၀၀၆ ခုနှစ် မေလ ၇ ရက်နေ့က ဆန်တီရေဂိုဘာနေဗျူးမှာ ပွဲလာကြည့် ပရိသတ်တစ်ဦးက "ဝီစီကို မမှုတ်ပါနဲ့ ဇီဒန်းက ငါတို့ကို ထားရစ်ခဲ့လိမ့်မယ် ဒိုင်လူကြီးရေ'' ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ဒီပွဲက ဘာနေဗျူး မှာ ရီးရဲလ်ကစားသမားအဖြစ် ဇီဒန်း ရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲ ဖြစ်နေပါတယ်။

၂၀၀၆ ခုနှစ် မေလ ၇ ရက်နေ့တွင် ကစားခဲ့တဲ့ အဆိုပါပွဲက ဗီလာရီးရဲလ်နဲ့ ဖြစ်ပီး ၃-၃ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကတော့ ထိပ်သီးလိပ်ကြီးကို ပီအက်စ်ဂျီနဲ့ ပေးတွေ့ထားသလို စပိန်က ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကလည်း ဆီမီ...
21/02/2025

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကတော့ ထိပ်သီးလိပ်ကြီးကို ပီအက်စ်ဂျီနဲ့ ပေးတွေ့ထားသလို စပိန်က ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကလည်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပါတယ်။
ဆရာခိုလိမ်းလည်း ချန်ပီယံလိဂ်မကိုင်ဖူးတဲ့ ဒဏ်ရာမပျောက်တဲ့ အာဆင်နယ်ကတော့ ကွာတာဖိုင်နယ်ကို တက်ဖို့ သေချာနေပါပီ။

ရီးယဲလ်မက်ဒရစ်က မက်ကယ်လီကို ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးထံ ရောင်းစားပြီး ဘက်ခမ်းကို ခေါ်ယူတုန်းက ရောဘတ်တို ကားလို့စ် ပြောခဲ့တ...
21/02/2025

ရီးယဲလ်မက်ဒရစ်က မက်ကယ်လီကို ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးထံ ရောင်းစားပြီး ဘက်ခမ်းကို ခေါ်ယူတုန်းက ရောဘတ်တို ကားလို့စ် ပြောခဲ့တဲ့ စကားတွေထဲမှာ ကျွန်တော် တကယ်ကို သဘောကျမိတဲ့ စကားတစ်ခွန်းရှိတယ်။

*"မင်း အင်ဂျင်ပါဝါ ကျသွားတဲ့ ဘန့်တ်လေကားကို ဘာလို့များ ရွှေပိန်းချ သုတ်ထားတာလဲ။''

၂၀၀၅ ခုနစ်ဝန်းကျင်မှာ ပြင်သစ်ဘောလုံးရပ်ဝန်းတစ်ခုလုံးကို စိုးမိုးထားတဲ့အသင်းက လိုင်ယွန်အသင်းပဲ။ အဲ့ဒီအချိန်က လိုင်ယွန်အသင...
21/02/2025

၂၀၀၅ ခုနစ်ဝန်းကျင်မှာ ပြင်သစ်ဘောလုံးရပ်ဝန်းတစ်ခုလုံးကို စိုးမိုးထားတဲ့အသင်းက လိုင်ယွန်အသင်းပဲ။ အဲ့ဒီအချိန်က လိုင်ယွန်အသင်း မျိုးဆက်ကို ဥရောပမှာ အသင်းတိုင်းနီးပါး ကြောက်ရွှံ့ရတဲ့ ရီးရဲလ်လို အသင်းမျိုးကတောင် ပြန်လန့်ခဲ့ရဖူးတယ်။

ဥရောပပြိုင်ပွဲမှာသာ တွေ့ကြရတဲ့ အသင်းတွေဖြစ်တာကြောင့် လိုင်ယွန်ကွင်းသွားပီဆိုရင် ရီးရဲလ်အသင်းက တစ်ဂိုးလေးတောင်မျှ ပြန်မသွင်းနိုင် အရှုံးပေးပီး ​လှည့်ပြန်ခဲ့ရတဲ့ အချိန်မျိုးပါ။

Address

Yangon

Telephone

+959792564617

Website

Alerts

Be the first to know and let us send you an email when Goal Perky posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category