New Wave Gym

New Wave Gym We commit to your fitness goals and healthy life style. We provide good services and facilities with affordable price for everyone.

You are warmly welcome to join us.

09/04/2022

New Wave Gym အားအပြီးပိတ်သိမ်း သွားပြီမှာကြာပြီဖြစ်ပါသည်

💢 စာရင်းပေးနိုင်ပါပြီ ခင်ဗျာ 😁😁😁...
18/08/2020

💢 စာရင်းပေးနိုင်ပါပြီ ခင်ဗျာ 😁😁😁...

❇️ Pre Workout Meal-မကစားခင်ကြိုတင်စားသောက်ခြင်း***********************************Weaight Gainပဲဖြစ်ဖြစ်Weight Loss ပြဲ...
18/08/2020

❇️ Pre Workout Meal-
မကစားခင်ကြိုတင်စားသောက်ခြင်း
***********************************
Weaight Gainပဲဖြစ်ဖြစ်
Weight Loss ပဲဖြစ်ဖြစ်
ကျန်းမာချင်လိုပဲဖြစ်ဖြစ်
အလေးတွေနဲ့မကစားခင်မှာ
ခွန်းအားရှိမဲ့ အစားအစာတခုခု
စားသောက်ထားဖို့လိုအပ်ပါတယ်..
-
ဒီလိုပြောလိုက်လို့ Pre Workout
Supplement Powder5-ဂရမ်
လောက် ဖျော်သောက်တာကို
ဆိုလိုတာမဟုတ်ဘူးဆိုတာကိုတော့
သဘောပေါက်စေချင်ပါတယ်..
-
မိမိတို့က ပြင်းပြင်းထန်ထန် အလေးနဲ့
အားသွန်ခွန်စိုက် ကစားရမှာဖြစ်တဲ့
အတွက် အစာအိမ်ဟောင်လောင်းနဲ့
ကစားလို့မဖြစ်ပါဘူး

Pre Workout Powderတွေကလည်း အစာခံမရှိရင် သူ့ရဲ့အာနိသင်ကို
အပြည့်အ၀ မခံစားရပါဘူး..
-
ထမင်းဆိုရင်တော့ ကစားချိန်နဲ့
အနည်းဆုံး 2:00-1:30လောက်
ခြားပေးရပါမယ် ကျန်တဲ့အစားတွေ
ဆိုရင်တော့ 1:00-သို့ မိနစ်30
လောက်ခြားပေးရင်ရပါတယ်
-
ကာယဗလ အဆိုအမိန့်တခုရှိပါတယ်

စားသောက်ချိန်နဲ့ကစားချိန်
တိုက်ဆိုင်နေခဲ့ရင် စားချိန်ကို ဦးစား
ပေးလိုက်ပါ ကစားချိန်ကို နောက်ဆုတ်လိုက်ပါ
အစာအိမ်ဟောင်လောင်းနဲ့
သင်ဘာတခုမှ အပြည့်အ၀ မစွမ်း
ဆောင်နိုင်ပါဘူး တဲ့....

မနက်ပိုင်ကစားတဲ့သူတွေအထူး
သတိပြုရမှာပါ
ဆေးပညာသုတေသနတစ်ခုအရ အသက်40 ကျော်ရင် အိပ်ရာထပြီး
2:00အတွင်းတခုခုစားပေးရမယ် အကယ်၍ မစားပဲ သွေးခုန်နှုံး
မြင်းမားတဲ့ပြင်းထန်သော အလုပ်တခုခုလုပ်ရင် နှလုံခုန်ရပ်ပြီး
ရုတ်တရက်သေဆုံးနိုင်ပါသည်.တဲ့
-

Pre Workout Meal-အကောင်းဆုံး
10 မျိုးထဲမှာ အလွယ်တကူ
ဝယ်ယူစားသောက်လို့ရတဲ့ အကောင်း
ဆုံး1မျိုးကတော့ ငှက်ပြောသီးပါပဲ
အလေးမအားကစားသမားတွေဟာ
မကစားခင် ကယ်လိုရီ 300မှ 500ကြား
ရှိတဲ့ Carb ကို Conpound Clorie
အဖြစ်ရောရာ စားသောက်ပေးရပါမယ်
-
မစားပဲကစားရင်တော့ ပြင်းပြင်း
ထန်ထန်ကစားနိုင်မှာ မဟုတ်တဲ့
အတွက် ဘာအကျိုးအမြတ်မှ ခံစား
ရမှာမဟုတ်ပါဘူး
အခန့်မသင့်ရင် ကစားနေရင်း မူးမော
လာတာတွေ မလှုပ်ချင်မကိုင်ချင်
ဖြစ်လာတာတွေ လေအန်တာတွေ ဖြစ်တတ်ပါတယ်
အလေးတွေလည်းနိုင်မှမဟုတ်ပါဘူး
ကစားသမားတိုင်း တခါတလေခံစား
ဘူးပါလိမ့်မယ်
-
Weight Lossကစားသမားတွေလည်း
စားပေးဖို့လိအပ်ပါတယ်
မကစားခင် အစားစာတာနဲ့ပါတ်သက်လို့ Good Health ကျန်း
မာရေးMagazine မှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း
ဗဟုသုတရအောင် တွဲတင်ပေးလိုက်ပါတယ်...
××××××××××××××××××××××××××××××××××××
-
သင့်ဦးနှောက်တွင် အားကစားချစ်စိတ် စွဲမြဲလာစေရန်
-
ကိုယ့်ခန္ဓာကိုယ် အချိုးအစားကျပြီး
စမတ်ကျကျ ကြည့်ကောင်းနေဖို့
ဆိုရင် အာဟာရနဲ့ အားကစားကို ဟန်ချက်ညီညီ အသုံးပြုဖို့
လိုအပ်ပါတယ်။
အားကစား လုပ်ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုး ကျေးဇူးတွေကို
သင့်ဦးနှောက်က လက်ခံသဘောကျမှ
သာ ဆက်လက်ပြီးအားကစားပြုလုပ်
ချင်စိတ်ရှိလာမှာ ဖြစ်ပါတယ်။
-
အားကစားပြုလုပ်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့
သိကြပြီး ဖြစ်ပေမယ့် အားကစား အစီအစဉ်တစ်ခုကို ပုံမှန်ပြုလုပ်ဖို
အစပိုင်း တွန်းအားလိုနေ တတ်ပါတယ်။
အားကစားကို တကယ်ချစ်ခင်တဲ့သူတွေမှာတော့ အားကစားမလုပ်ရရင် မနေနိုင်
တဲ့အထိ သဘောကျနေတတ်ပါတယ်။
အဲဒီလို ဖြစ်နေဖို့ရာ အတွက် အားကစားအကြောင်း တွေးတောစဉ်းစားသင့်တဲ့
နည်းလမ်းသုံးသွယ်ရှိပါတယ်။

Tips (1)
သင့်တော်တဲ့ အာဟာရရှိရင် အားကစားလုပ်တာက ကြည်နူးမှုပေးတယ်
အားကစားလုပ်နိုင်တဲ့ စွမ်းအင်ရဖို့ အတွက် လုံလောက်တဲ့ကာဗိုဟိုက်ဒရိတ်
ပါဝင်တဲ့ အစားအစာစားပေးဖို့လိုပါတယ်
ကြွက်သားတွေအတွက်အဓိက လောင်စာက ကာဗိုဟိုက်ဒရိတ်ကနေရတဲ့
ဂလူးကို့စ်ဓာတ်ဖြစ်တာကြောင့်ပါ။
ကာဗိုဟိုက်ဒရိတ်မရှိရင် သင်ဟာ အားကစားလုပ်နေချိန်မှာကြွက်သား
တွေ အချိန်တိုအတွင်း နာကျင်တာနဲ့
ပင်ပန်းနွမ်းနယ်တာတွေကို ခံစားရ
တတ်ပါတယ်။
-
အဲဒီအခါမှာ နောက်တစ်ခါအားကစား
လုပ်ရမှာကိုကြောက်လန့်သွားနိုင်ပါတယ်
ကိုယ်အလေးချိန်ကျချင်လို့ဆိုပြီး
ကာဗိုဟိုက်ဒရိတ်ကို လုံးဝ မစားဘဲ
မနေပါနဲ့။ အားကစားလုပ်တဲ့အချိန်
ဆာလောင်ပင်ပန်းမှု မဖြစ်အောင်
တစ်နေ့သုံးနပ် အစာစားတာနဲ့
သရေစာ နှစ်ကြိမ် စားပေးတာတွေကို
ပါ လိုက်နာပေးပါ။
သက်လုံကောင်းစေဖို့ရာအတွက်
ကယ်လိုရီ ၁၅၀-၂၀၀ ပါဝင်တဲ့
သရေစာကို အားကစားမလုပ်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ စားပေးပါ။
-
စားသင့်တဲ့ သရေစာကို ဥပမာအနေနဲ့ ပြောရရင် မြေပဲထောပတ်
ဒါမှမဟုတ် အခွံမာသီး ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ပန်းသီးတစ်လုံး
ဒါမှ မဟုတ် ခရက်ကာမုန့် ခြောက်ချပ်နဲ့ အဆီနည်း ဒိန်ခဲအနည်းငယ်တို့ပဲ
ဖြစ်ပါတယ်။

Tips (2)
အားကစားကို ငွေကြေး စုဆောင်းသလို သဘောထားနိုင်တယ်
ဘဏ်မှာငွေစုရင် အတိုးရော အရင်းပါ
ရတဲ့အတွက် သင့်မှာရှိတဲ့ငွေက တိုးလာ
ပါတယ်။
အားကစားလုပ်တာကိုလည်း အဲဒီလို သဘောထားပါ။
နေ့စဉ်အားကစားလုပ်ရင်း ပိုမိုကြံ့ခိုင်
လာလေလေ အားကစားလုပ်ချိန်နဲ
လုပ်ပြီးချိန်မှာ ကယ်လိုရီ လောင်ကျွမ်း
နှုန်း များပြီး ခန္ဓာကိုယ်အချိုးကျလာ
လေလေဖြစ်မှာပါ။
အားကစားလုပ်တဲ့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာတဲ့အကျိုးကျေးဇူး
အပြင် စိတ်ပေါ့ပါးလန်းဆန်းခြင်းနဲ့ အရွယ်တင်နုပျိုလှပခြင်းဆိုတဲ့ အတိုး
ကိုပါ ရရှိပါလိမ့်မယ်။
-
အားကစားလုပ်တာဟာ ကြွက်သား
တွေကို တည်ဆောက်ပေးပါတယ်။
ကြွက်သား တည်ဆောက်တာဟာ
ကယ်လိုရီကို လောင်ကျွမ်းစေတာပဲ
ဖြစ်လို့ အဝမလွန်အောင် ထိန်းသိမ်းနိုင်
ပါတယ်။
တကယ်လို့ အားကစားလုပ်ဖို့
အစီအစဉ်မရှိသေးရင်တောင်
လမ်းလျှောက်ခြင်းလို လွယ်ကူပေါ့ပါး
တဲ့ အားကစားလုပ်ပါ။
လေ့လာမှု တစ်ရပ်အရ လမ်းလျှောက်
ခြင်းဟာ အစာစားချင်တဲ့ဆန္ဒကို
အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်း
ပေးကြောင်း သိရပါတယ်။

Tips (3)
ကိုယ်ခန္ဓာကိုယ်ကို လေ့လာပြီး
အားကစားရဲ့ အကျိုးကျေးဇူးကို
ဆန်းစစ်ပါ
အားကစားလုပ်တာကောင်းကြောင်း သူများပြောတာကိုမယုံရင်တောင်
ကိုယ့်ဘာသာ အားကစားလုပ်ကြည့်ပြီး
ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာကိုယ်ကို လေ့လာဆန်းစစ်ကာ
သိနားလည်အောင် ကြိုးစားပါ။ အားကစားလုပ်တဲ့အခါ
အောက်ပါ အကျိုးကျေးဇူးတွေ သိသိသာသာ ရရှိနိုင်ပါတယ်။

(1)- စိတ်ဓာတ်ကျခြင်း လျော့ပါး
စေတယ်။
(2)-ခန္ဓာကိုယ် ဟန်ချက်ညီပြီး
ယိုင်နဲ့တာတွေ မဖြစ်လွယ်ဘူး။

(3)-သွားလာနေထိုင်ရတာ ပေါ့ပါးသွက်လက်စေတယ်။

(4)-အသားအရေ စိုပြေကျန်းမာ
စေတယ်

(5)-အဆုတ်နဲ့ နှလုံးကျန်းမာပြီး
အမောခံနိုင်စေတယ်။

(6)-နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေ
တယ်။

အားလုံးပဲကျးမာသောခန္ဒာကိုယ်ကို ပိုင်ဆိုင်ကြပါစေ...


Ref: Good Health
~~~~~~~~~~~~~~~~~~~~~~~~~~~~

💢  အဆီချလိုသူများ သိသင့်သော points များ  💢1️⃣ ✅ အဆီအမြန်ချခြင်း ( ဥပမာ တစ်လအတွင်း၊ရက် ၂၀ အတွင်း ကိုယ်အလေးချိန် လျော့ချခြ...
12/08/2020

💢 အဆီချလိုသူများ သိသင့်သော points များ 💢

1️⃣ ✅ အဆီအမြန်ချခြင်း ( ဥပမာ တစ်လအတွင်း၊
ရက် ၂၀ အတွင်း ကိုယ်အလေးချိန် လျော့ချခြင်း)
သည် လုံးဝမကောင်းပါ။ တချို့ က အချိန် ⏰
အကန့် အသတ်ထက် တစ်ပါတ်လျင် ကိုယ်အလေး
ချိန်၏ ၁% လျော့ချခြင်း (ဥပမာ ပေါင် ၂၀၀
ရှိသူတစ်ယောက်က တပါတ်ကို ၂ ပေါင်ချပီး
တလကို ၈ ပေါင်ချခြင်းမျိုး) သည် ခန္ဓာကိုယ်
တွင်းမှ ကြွက်သားမျှင်များပါလောင်ကျွမ်းသွား
ပါသည်။ ❌ ကိုယ်အလေးချိန် မြန်မြန်ချခြင်းသည်
လုံးဝ မကောင်းပါ။ ❌

သုတေသနများအရ တစ်ပါတ်ကို ကိုယ်အလေးချိန်
၁% လျော့ချ သူများနှင့် တစ်ပါတ်လျင် ကိုယ်အလေးချိန်၏ ၀.၇% သာလျော့ချသူများကို ဆန်းစစ်
ကြည့်ရာ အမြန်အဆီချသော အုပ်စုသည် ငါးပါတ်
ခွဲ အကြာတွင် ကိုယ်အလေးချိန် ၉ ပေါင်လျော့ချ
နိုင်ပီး၊ ၎င်းတွင် အဆီ ၇ ပေါင်၊ ကြွက်သား ၁ ပေါင်
ကျသွားပီး၊ အချိန် ⏰ယူပီး အဆီချသော အုပ်စုက
၈.၅ ပါတ်အကြာတွင် အဆီ ၁၁ ပေါင်ကျပီး၊
ကြွက်သား ၂ ပေါင် တက်လာသည် ✅ ကို
တွေ့ ရှိခဲ့ရပါသည်။

အထက်ပါသုတေသနကဲ့သို့ သော အချိန်ယူ၍
အဆီချခြင်းသည် ပိုကောင်းသော ရလာဒ်များ
ကိုဖော်ဆောင်နိုင်ကြောင်း တွေ့ ရှိထားသော သုတေ
သနများစွာရှိပါသည်။ ထို့ ကြောင့် 🚨အဆီအမြန်
ချတာ လုံးးးးးးးးးးဝ မကောင်းပါ🚨

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

2️⃣ ✅ ကျွန်တော်တို့ ကြားဖူးနေကြတာက
အဆီချသူများသည်၊ အနပ်ငယ်များများခွဲစား
ခြင်းသည် ကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်ဆန်စေ
ပီး အဆီချရန် ပိုကောင်းသည်ဟူသော ခံယူချက်
ကိုရပ်တံ့ရပါတော့မည်။ သုတေသီများက
တနေ့ တာလိုအပ်သော ကယ်လိုရီကို အနပ်ငယ်
များစွာ ခွဲစားသော အုပ်စုနှင့်၊ တနေကုန် သမား
ရိုးကျ ၃ နပ်သာ ခွဲစားသောအုပ်စုဟူ၍ ခွဲ၍
လေ့လာကြည့်ရာ အဆီလောင်ကျွမ်းသော
ရလာဒ်မှာ ထူးခြားခြင်းမရှိအတူတူပင် ဖြစ်သည်
ကိုတွေ့ ရပါသည်။

ဤလေ့လာတွေ့ ရှိချက်အရ -
၁- တနေ့ တာလိုအပ်သော ကယ်လိုရီထက်
လျော့စားမည်ဆိုလျင်
၂- အလုပ်များသော သူများအနေနှင့် တစ်နေကုန်
အနပ်ငယ်များစွာ အလုပ်ရှုပ်ခံ၍စားရန် မလိုဘဲ
သမားရိုးကျ သုံးနပ်ကို သတ်မှတ်ထားသော
ကယ်လိုရီ Range အတွင်းစားနိုင်လျင် အဆီကျ
ပါသည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

3️⃣ ✅ ကိုယ်အလေးချိန် လျော့ချရင်းနဲ့  six
Packs ပြူးပြဲထွက်ချင်နေသော ညီငယ်များသတိ👇 သုတေသန တစ်ခုတွင် ပြိုင်ပွဲဝင်ရန်
မာဆယ်ခွဲ ဒိုင်းယက်လုပ်နေသော ကာယဗလ
သမားများကို ဆန်းစစ်ကြည့်ရာ ပြိုင်ပွဲတက်ချိန်
တွင်၎င်းတို့ ကိုယ်တွင်းမှ သိုင်းရွိုက်ဟိုမုန်း
သည် ၆၀% နီးပါး အထိကျဆင်းနေသည်ကို
တွေ့ ရပါသည်။ သို့ ဆိုလျင် RMR လည်းကျနေ
ပီး၊ တက်စတိုစတီရုန်း၊ leptin နှင့် အင်ဆူလင်
တို့ ၏ concentration လည်းကျဆင်းနေမည်
ဖြစိသည်။ ပြိုင်ပွဲပီး ပုံမှန်ပြန်လည်စားသောက်
မှသာ၊ ဟိုမုန်းများ ပုံမှန်အခြေအနေ ပြန်လည်
ရောက်ရှိမည်ဖြစ်သည်။
✅ဒါကြောင့် six packs သည် ကျန်းမာခြင်း
ကိုတိုင်းတာသော ပေတံမဖြစ်သင့်ပါကြောင်း✅

#နိုင်ဦး_၁၁၉


~~~~~~~~~~~~~~~~~~~~~~~~~~~

✅  Body Transformation အတွက် မရှိမဖြစ်အချက်များခန္ဓာကိုယ်ပြောင်းလဲတော့မည်ဆိုလျင်အောက်ဖော်ပြပါ အကြံပြုချက်များကိုဂရုပြုလို...
25/07/2020

✅ Body Transformation အတွက် မရှိမဖြစ်အချက်များ

ခန္ဓာကိုယ်ပြောင်းလဲတော့မည်ဆိုလျင်
အောက်ဖော်ပြပါ အကြံပြုချက်များကို
ဂရုပြုလိုက်နာသင့်ပါသည်။

-စွဲမြဲခြင်း consistency ကအဓိကသော့ချက်🔑
ဖြစ်သည်။

-လေ့ကျင့်ခန်း🏋️‍♂️ကို အကြောင်းမဲ့ မပျက်ကွက်ပါ
နဲ့ ။ လုံးဝပျက်ကွက်သည်ထက် အနည်းငယ်
လေ့ကျင့်နိုင်သည်က ပိုကောင်းပါသည်။

-body transformation အတွက် Strength training ကအကောင်းဆုံးဖြစ်ပါသည်။

-ကာဒီရိုလေ့ကျင့်ခန်းတွေမှာ ကောင်းကျိုးများ
စွာရှိသော်လည်း ၎င်းသည် ဦးစားပေးမဖြစ်
သင့်ပါ။

-တိုးတက်မှု ပုံမှန်ရဖို့ ဆိုရင် စနစ်တကျတည်
ဆောက်ထားတဲ့ လေ့ကျင့်ရေး ပရိုဂရမ်နဲ့ 
လေ့ကျင့်ရပါမယ်။

-ပရိုဂရမ် ဘယ်လောက်ကောင်းနေပါစေ
Workout တခုနဲ့ တခုကြား recover ဖြစ်မနေ
ရင်အလကားပါပဲ။ဆိုလိုတာ အအိပ် အစား
မှန်ကန်ကောင်းမွန်နေဖို့  လိုပါတယ်။

-ချွေးများများထွက်ခြင်း နာကျင်ကိုက်ခဲခြင်းနဲ့
နုံးချိသွားခြင်းက workout effectiveness ကို
တိုင်းတာတဲ့ ပေတံမဟုတ်ပါဘူး။

-ကျွန်တော်တို့ ထင်ထားသလို လေ့ကျင့်ခန်း
လုပ်နေစဉ် ကယ်လိုရီအများကြီး မလောင်ကျွမ်း
ပါဘူး။ တကယ်တော့ non exercise activity တွေ
ကကယ်လိုရီ ပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့်
လှုပ်ရှားတက်ကြွစွာနေဖို့ မမေ့ပါနဲ့ ။

-အဆီတိုက်ရိုက် ကျစေတဲ့လေ့ကျင့်ခန်းရယ်လို့ 
မရှိပါဘူး။ သင်စားတဲ့ အာဟာရကသာ အဆီကျ/
မကျ ဆိုတာကို သက်ရောက်မှု ရှိတာပါ။ strength
Training exercises တွေကို ကြွက်သားနဲ့
ခွန်အားတည်ဆောက်ဖို့ အားကိုးပါ။

-လမ်းများများလျောက်ပါ။

လိုချင်တဲ့ body goals အလွယ်တကူ ရောက်ကြ
ပါစေဗျာ။


~~~~~~~~~~~~~~~~~~~~~~~~~

🌈 ကိုယ်လိုချင်တဲ့ Body goals ကို ရဖို့အတွက် စနစ်တကျ နဲ့ လေ့ကျင့်ချင်တယ်ဆိုရင် New Wave Gym ကိုသတိရလိုက်ပါ နော်...

💟 New Wave Gym 💟

🏬အမှတ် ( ၆ - က) ပထမထပ်၊ပင်လုံလမ်းမပေါ် (မန္တလေးလမ်း နှင့်ပင်လုံလမ်းထောင့်အနီး )၊ Easy Top ဖုန်းဆိုင် အပေါ်ထပ်၊ မြောက်ဒဂုံမြို့နယ်(၂၉) ရပ်ကွက်။

☎️ 09 409 408 500

~~~~~~~~~~~~~~~~~~~~~~~~~

💢 ကိုယ်ရဲ့ Body Goal နဲ့ကိုက်ညီအောင် Train နေပီလား??????? 💢💟  ကျွန်တော်အပါအဝင် Gym ကစားသူအများစုကြီးသည် Gym ကစားရတာချစ်လ...
18/07/2020

💢 ကိုယ်ရဲ့ Body Goal နဲ့ကိုက်ညီအောင် Train နေပီလား??????? 💢

💟 ကျွန်တော်အပါအဝင် Gym ကစားသူအများစုကြီး
သည် Gym ကစားရတာချစ်လို့ ၊ ဝါသနာပါလွန်း
လို့  ဟဲဗီးကစား အမုန်းကစားကြသော်လည်း
ကျွန်တော်တို့ အနေနဲ့  ကိုယ်သွားချင်တဲ့ Body
Goal ကဘာလဲ ⁉️ ဆိုတာကို တိတိကျကျ သတ်
မှတ်ထားဖို့ လိုပါတယ်။ သွားမဲ့နေရာ မသတ်မှတ်
ထားရင် ဘယ်နေရာမှ ရောက်ဖို့ မရှိပါဘူး။
အပျော်တမ်း ဆော့သည်ဆိုဦးတော့၊ Goal setting
မရှိယင် improve ဖြစ်တာ အရမ်းနှေးပါတယ်။

🗓 မယုံရင် short term goal လေးတစ်ခုသတ်မှတ်
ကြည့်ပါ။ ကိုယ်သတိမထားမိတဲ့ လိုအပ်ချက်လေး
တွေ တပုံတပင် တွေ့ လာမယ်ဗျ။ ဟုတ်ပီ ဘာGoal
သတ်မှတ်ရမလဲ ယောင်ချာချာ ဖြစ်နေတဲ့ ညီငယ်
တွေအတွက် Training နဲ့ ပါတ်သက်တဲ့ Goal
Setting အချို့ ကိုတင်ပြပေးပါ့မယ်။

✅ Body Transformation အတွက်ဖြစ်စေ
Sport performance အတွက်ဖြစ်စေ Training
တခုတည်းနဲ့ မလုံလောက်ဘဲ အာဟာရနှင့်
လုံလောက်စွာ အနားယူမှုတို့ သည် အလွန့် 
အလွန်အရေးကြီးပါကြောင်း ✅🔑

🏋️‍♂️ Muscular Endurance
ကြွက်သားသက်လုံအတွက် ဆိုရင် လေ့ကျင့်ခန်း
တွေရဲ့  အကျော့တွေတိုးကစားဖို့ လိုအပ်သလို
တစ်ကြော့ချင်းစီမှာလည်း အကြိမ်အရေအတွက်
ကို ၂၀-လောက်အထိရအောင်ကစားပါ။

🏋️‍♂️ Power
လူအတော်များများက ပါဝါအတွက်လို့ ဆိုတာနဲ့ 
အလေးဝန်များများသုံး အရှိန်သုံးကစားခြင်းလို့ 
ထင်ကြပါတယ်။ တကယ်တော့ Power Training
မှာ၊ အလေးဝန် အရမ်းမများသင့်ပါ။ Explosively
Train ဖို့ ပဲလိုတာပါ။ အဲ့အချိန်မှာ အလေးအရမ်း
များနေရင် form မကျရင် injury ကြောင့် ကစား
သမားဘဝ နိဂုံးချုပ်သွားနိုင်ပါတယ်။

🏋️‍♂️ Muscle Toning
ကြွက်သားပုံဖော်ခြင်းဆိုတာ ဒီနေ့ ခေတ် နည်းပြ
အတော်များများ လက်မခံနိုင်တဲ့ case ပါ။ ဒါက
လည်း အဓိပါယ်ဖွင့်ဆိုမှု လွဲလို့ ပါ။ မွေးရာပါ
ကြွက်သားမျှင်တွေရဲ့ တည်ဆောာက်ပုံ structure
ကိုပြောင်းလို့ မရပေမဲ့၊ လက်ရှိကြွက်သားတွေရဲ့ 
အရည်အသွေး ကွာလတီကိုတော့ ပြောင်းလဲလို့ ရ
ပါတယ်။Diet ကိုဂရုပြုရပါမယ်။ Training အတွက်
ဆိုရင် Muscle Endurance Training ပေးကြည့်ပါ
မထူးခြားရင် Hypertrophy Training ပေးပါ။
ဒါမှမဟုတ် ၂ခုလုံးတွဲကစားပါ။

🏋️‍♂️ Hypertrophy
ကြွက်သားအရွယ်အစား ကြီးထွားအောင် လေ့ကျင့်မယ်ဆိုရင်၊ တကျော့မှာ ၈ ကြိမ် မှ ၁၂ ကြိမ်အထိ
လေ့ကျင့်ရန်လိုပီး၊ တဖြည်းဖြည်း လေ့ကျင့်ခန်း
တွေရော၊ အကျော့တွေပါ တိုးကစားသွားနိုင်ပါ
တယ်။

🏋️‍♂️ Muscular Strength
အလေးဝန် တိုးဖို့ လိုသလို လေ့ကျင့်ခန်း 🏋️‍♂️ကို
ပုံကျအောင် ကစားဖို့ လည်း လိုပါတယ်။ တကျော့
နဲ့ တကျော့ကြားမှာ နားချိန် ၂-မိနစ်မှ ၅-မိနစ်အထိ
နားနိုင်ပါတယ်။

🏋️‍♂️ Body Composition Change
ပြောရတာ လွယ်သလောက် လက်ဝင်တဲ့
အတွေ့ အကြုံတွေ လိုအပ်တဲ့ စနစ်ပါ။ ကျွန်တော်
သတိထားမိသလောက် body Composition
Change ဆိုတဲ့ ဝေါဟာရနဲ့ စနစ်က ဒီနိုင်ငံမှာ
ကျွန်တော်တယောက်ပဲ သုံးတယ်လို့ ထင်ပါတယ်။
ကျွန်တော့် MFTA သင်တန်းက သင်တန်းသားတွေ
ကိုတော့ လွန်ခဲ့တဲ့ ၃-နှစ်ကတည်းက သင်ကြား
ပို့ ချပေးလာတာပါ။ Body Composition Change
ဖို့ ဆိုရင်၊ Strength Training ရော၊ Cardio Training နဲ့  Diet သုံးမျိုးလဲုးကို အချိုးကျ ပေါင်း
စပ်အသုံးပြုရမှာပါ။

ကဲ! ဒီတော့ အထက်ပါ အချက်ခြောက်ချက်ထဲက
ဘယ်ပုံစံနဲ့  ကိုယ်လေ့ကျင့်နေမိသလဲ ဆန်းစစ်
ကြည့်ပါ။ ဒါဆို ကိုယ်တွေ Gym ကစားတာက
ဦးတည်ချက်မထားဘဲ၊ Just working out 💪
ဖြစ်နေတာ သတိပြုမိလာပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော့်ဆီက Program ဝယ်တဲ့
ကစားသမားတွေကို တိကျတဲ့ လိုချင်တဲ့ goal
တခုသတ်မှတ်ခိုင်းတာပါ။ ဒီဆောင်းပါးက
ကျွန်တော်လုပ်နေတဲ့ Business ရဲ့  System
ကိုချပြတာပါ။

အနှစ်ချုပ် အကြံပြုရယင်တော့၊ Natural
ကစားသမားတစ်ယောက်အနေနဲ့  ဘာပြိုင်ပွဲမှ
Target မရှိသေးဘူးဆိုရင် မိမိကိုယ်ကို ဘက်စုံ
Improve ဖြစ်အောင် အထက်ပါ Goal တခုချင်း
စီကို တလခွဲ လောက်စီ အချိန်ယူ လေ့ကျင့်
သင့်ပီး Hypertrophy ကိုတော့ ၃ လလောက်
အထိ လေ့ကျင့်သင့်ပါကြောင်း။ ခန္ဓာကိုယ်
အနေနဲ့လည်း၊ ဘက်စုံ improve ဖြစ်နိုငိသည့်
အတွက် ယခုမှစ၍ Goal setting ချပီး စနစ်တကျ
ကစားကြပါစို့ ။
~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~

🌈 မိမိရဲ့ Body Goal ကို ရအောင် သေသေချာချာလေး Train ချင်တယ်ဆိုရင်တော့ New Wave Gym ကို သတိရလိုက်ပါနော် 😊😊😊...

💟 New Wave Gym 💟

🏬အမှတ် ( ၆ - က) ပထမထပ်၊ပင်လုံလမ်းမပေါ် (မန္တလေးလမ်း နှင့်ပင်လုံလမ်းထောင့်အနီး )၊ Easy Top ဖုန်းဆိုင် အပေါ်ထပ်၊ မြောက်ဒဂုံမြို့နယ်(၂၉) ရပ်ကွက်။

☎️ 09 409 408 500
~~~~~~~~~~~~~~~~~~~~~~~~~~~

💢 အာရုံစူးစိုက်မှု(Concentration) 💢💫 အကျော့တစ်ကျော့ကို ကစားနေတဲ့အချိန်အတွင်းမှာ ကြွက်သားများ ဘယ်လို အလုပ်လုပ်နေသလဲဆိုပြီ...
14/07/2020

💢 အာရုံစူးစိုက်မှု
(Concentration) 💢

💫 အကျော့တစ်ကျော့ကို ကစားနေတဲ့အချိန်အတွင်းမှာ ကြွက်သားများ ဘယ်လို အလုပ်လုပ်နေသလဲဆိုပြီး ကြွက်သားများဆီသို့ စိတ်က ရောက်ရှိနေခြင်းဟာ စိတ်အာရုံစူးစိုက်မှု ဖြစ်ပါတယ်။ အလေးတွေက ဆင်းလိုက်တက် လိုက် ရွေ့လျားမှုကို စိတ်ရောက်နေမယ့်အစား လေ့ကျင့်ခန်းပြုလုပ်ပုံ မှန်ကန်ရေးနဲ့ ကြွက်သားတွေ အလုပ်လုပ်နေပုံအပေါ်တွင် စိတ်ရောက်နေခြင်းမှာလည်း အာရုံစူးစိုက်မှုပဲဖြစ်ပါတယ်။

ဦးနှောက်နဲ့ကြွက်သား ဆက်သွယ်မှုပြုလုပ်ပေးတဲ့အလုပ်ဟာ ကြွက်သားကြီးထွားမှုအတွက် အလွန်အရေးကြီးတဲ့အလုပ်ဖြစ်ပါတယ်။စိတ်အာရုံစူးစိုက်မှုကို အလေးကစားနေချိန်မှာသာမကဘဲ တစ်ကျော့နဲ့တစ်ကျော့အကြား နားချိန်အတွင်းမှာ တောင် ထားရှိရပါမယ်။

စိတ်ကို ဟိုရောက် ဒီရောက် မဖြစ်အောင် အာရုံစူးစိုက်မှု ပေးနေရမယ်။ ကစားနေတဲ့ ကြွက်သားတွေ ဘယ်လိုကြီးထွားလာသလဲဆိုတာကို စိတ်အာရုံနဲ့ “တွေးထင်မှန်းဆကြည့်ခြင်း´´ (Visualization) ကို ပြုလုပ်ကြည့်ရမယ်။

စိတ်အာရုံစူးစိုက်မှုကို လေ့ကျင့်မှု အချိန်အတွင်း ခွန်အားစိုက်ကစားချိန် တစ်ကျော့နဲ့ တစ်ကျော့အကြား နားချိန်အတွင်းမှာ တောင့်ထားတဲ့နေရာမှာ ကာယဗလလေ့ကျင့်မှုနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာ အသေးစိတ် အချက်အလက်ကလေးတွေကအစ အစားအသောက် အဟာရ၊ ကိုယ့်ရည်မှန်းချက်နဲ့ စိတ်ဓာတ် အပန်းဖြေပြီး အားပြန်ဖြည့်မှုစတာတွေအထိ အာရုံစိုက်တွေးတတ်တဲ့ အလေ့အထကို မွေးယူရပါမယ်။

ကိုယ်ခန္ဓာကြီးရဲ့လိုအပ်ချက်တွေကို အလေးတွေနဲ့ ကစားပြီး ဖြည့်တင်းပေးရုံနဲ့ မလုံလောက်ဘူး။ ကိုယ်ခန္ဓာပြောပြ တောင့်တတဲ့ လိုအပ်ချက်တွေကို အာရုံစူးစိုက်ပြီး ဖြည့်ဆည်းပေးတတ်ဖို့လည်း လိုပါတယ်။

စိတ်အာရုံစူးစိုက်မှုဟာ စိတ်ဓာတ်၊ တန်ခိုးကိုလည်း ကြီးမားစေနိုင်ပါတယ်။ ကိုယ်မထင်တဲ့အလေးကြီးကို မနိုင်စွမ်းအားကို မီးထိုးပေးနိုင်သလို အာရုံစူးစိုက်မှုပျက်သွားလို့ စိတ်ကမရတော့ဘူးလို့ ထင်လိုက်ရင်လည်း ကစားနေတဲ့ အကျော့တစ်ကျော့ဟာ အကြိမ်မစေ့ခင်မှာ ဈာန်လျှောကျသွားတတ်ပါတယ်။စိတ်အာရုံစူးစိုက်မှုဟာ ကာယဗလလေ့ကျင့်မှုကို အောင်မြင်မှုပေးနိုင်တဲ့ လက်နက်စွမ်းတစ်ခုဖြစ်ပါတယ်။

~~~~>~~~~

Crd #အောင်အောင် (လှိုင်)

✳️  ကြွက်သားကြီးထွားအောင် လေ့ကျင့်ခန်း 🏋️‍♂️ရွေးဆော့တော့မယ် ဆိုရင် ✳️🔰 ယေဘူယျ ကြွက်သားကြီးထွားအောင် လုပ်နေပီခန္ဓာကိုယ် ထု...
06/07/2020

✳️ ကြွက်သားကြီးထွားအောင် လေ့ကျင့်ခန်း 🏋️‍♂️
ရွေးဆော့တော့မယ် ဆိုရင် ✳️

🔰 ယေဘူယျ ကြွက်သားကြီးထွားအောင် လုပ်နေပီ
ခန္ဓာကိုယ် ထုထည်ကြီးလာအောင် လုပ်နေပီဆို
ရင်၊ ကျွန်တော်တို့ အနေနဲ့  လေ့ကျင့်ခန်း 🏋️‍♂️
ရွေးချယ်ရာမှာ အနည်းငယ် ဂွကျနိုင်ပါတယ်။
ဘာလို့ လဲဆိုတော့၊ ကျွန်တော်တို့ က ရွေးချယ်
သင့်တာတွေထက်၊ ရွေးချယ်ချင်တာတွေကို
တယူသန် ရွေးချယ်နေကြဆဲပါ။ ဒီတော့ဗျာ
ကိုယ်ကြိုက်တာရွေးချယ်ပါ ဒါပေမဲ့အကျိုးထူး
အောင် အောက်မှာဖော်ပြပေးမဲ့ သဘောတရား
လေးတွေကို အခြေခံလိုက်စေချင်ပါတယ်။

✅ Multi Joint or Compound Exercises
ခွန်အားအတွက်လေ့ကျင့်သည်ဖြစ်စေ၊
ကြွက်သားကြီးထွားဖို့ အတွက်လေ့ကျင့်သည်
ဖြစ်စေ၊ ကြွက်သားတွေအပေါ်မှာ ထိထိရောက်
ရောက် Mechanical Tension ပေးနိုင်ဖို့ အတွက်
အလေးဝန်နိုင်သလောက်များများ သုံးမယ်ဆိုရင်
Compound Exercises တွေကအကောင်းဆုံးပါ။
Compound exercises တွေဆိုတာ အဆစ်တွေ
အများစု ပါဝင်လေ့ကျင့်ရတဲ့ 
-Squat
-Leg press
-Bench press (barbell or dumbbell )
-Dip
-Military Press
-Dead lift
-Rows
-Chin Up
-Barbell or Dumbbell Curl
-Underhand Grip pull up
-Close grip bench press
-Skull Crusher
-Shrug
-Standing Calf raise ——-အစရှိသည့်
လေ့ကျင့်ခန်း 🏋️‍♂️များ ကိုပထမဦးစားပေး
ရွေးချယ်ပါ။

✅ Single Joint or Isolations Exercises
ခန္ဓာကိုယ် ကြီးထွားအောင် လေ့ကျင့်နေသည့်
မိတ်ဆွေများအနေနှင့် Dumbbell fly , Cable
Crossover , lateral raise ——အစရှိသည့်
လေ့ကျင့်ခန်းများကို ကြွက်သားမျှင်များ
ထိထိရောက်ရောက် လှုံ့ ဆော်နိုင်ရန်အတွက်
ထည့်သွင်းလေ့ကျင့်နိုင်ပါသည်။ သို့ သော်ဂရု
ပြုရမည့်အချက်မှာ၊ ၎င်းတို့ သည် ပထမဦး
စားပေးမဖြစ်သင့်ပါ။ ၎င်းတို့ ကို အလေးများ
များဖြင့် လေ့ကျင့်နိုင်သော်လည်း ကျွန်တော်
ကတော့ အလေးလျော့ပီး အကြိမ်တိုးလေ့ကျင့်
သည့်စနစ်ကို ပိုအားပေးပါသည်။ အလေးများ
ပါက injury ဖြစ်နိုင်ချေများပါသည်။

✅ Weak Points
အားနည်းတဲ့ ကြွက်သားအစိတ်အပိုင်းတွေကို
Gym ရောက်ရောက်ခြင်း အားပြည့်နေချိန်မှာ
ဦးစားပေးလေ့ကျင့်ပါ။၎င်းတို့ အတွက် ထိထိမိမိ
ဖြစ်မည့် Compound exercise ကိုရွေးချယ်
လေ့ကျင့်ပါ။

✅ Variety
ကြွက်သားမျှင်များ ၎င်းတို့ ရဲ့  potentials
အတိုင်း အပြည့်အဝကြီးထွားစေရန်၊ ထောင့်စုံ
ဘက်စုံ လေ့ကျင့်ပါ။ ကျွန်တော်ဆိုလိုချင်တာက
Compound, isolation and Body weight
Exercises တွေရော အကြိမ် အကျော့ တွေရော
ပါဝင်ပီးကြွက်သားကို ထောင့်စုံလေ့ကျင့်ဖို့ 
လိုအပ်တာပါ။ ဒါပေမဲ့ 🚨သတိပြုရမှာက
ကြီးထွားအောင် လေ့ကျင့်ချိန်မှာ Variety များ
သွားရင် Over training ဖြစ်ပီး၊ ရလာဒ်တွေ
ရပ်တံ့သွားမယ်ဆိုတာအထူးသတိပြုပါ။🚨
ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်သလောက်သာ
ချင့်ချိန် လေ့ကျင့်နိုင်ပါစေဗျာ။

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

💢 Barbell bench press နှင့် မှားမှန်းမသိသောအမှားများ 💢❇️ ရင်အုပ်လေ့ကျင့်မည့်နေ့တစ်နေ့တွင် သူမပါလျင်မပြီးသလောက်အစွမ်းထက်သ...
03/07/2020

💢 Barbell bench press နှင့် မှားမှန်းမသိသောအမှားများ 💢

❇️ ရင်အုပ်လေ့ကျင့်မည့်နေ့တစ်နေ့တွင် သူမပါလျင်မပြီးသလောက်အစွမ်းထက်သည့်လေ့ကျင့်ခန်းတစ်ခုရှိသည်။အခြေခံလေ့ကျင့်ခန်းတစ်ခုဟုဆိုလျင်ပိုပြည့်စုံပေမည်။ရင်ဘတ်တွန်းခြင်းသာ သင့်လေ့ကျင့်ချိန်တွင် မပါရှိလျှင် သင်၏ ရင်အုပ်မို့မောက်ကြီးထွားလာဖို့ မျှော်လင့်ချက် ကင်းဝေးမည်သာဖြစ်သည်။

ကြီးမားခိုင်ခံ့သော အလေးများနှင့် ပြည့်နေသည့် ရင်အုပ်တွန်းစင်နှင့် ခုံသည် ကြီးမားကျယ်ပြန့်သောရင်အုပ်ပိုင်ရှင်များ၏ သင်္ကေတဖြစ်သည်။ ပြီးတော့ မည်သူသည် အထင်ကြီးအားကျစရာ ရင်အုပ်ကို မပိုင်ဆိုင်လိုသနည်း? ထို့ကြောင့် လေ့ကျင့်ခန်းတစ်ခုရှိသည် – ထိုလေ့ကျင့်ခန်းသည် ရှေးရှေးတုန်းကတည်းကလည်း အစွမ်းထက်ခဲ့ပြီး မနေ့တနေ့က ရှိခဲ့သည့် ယနေ့ကျ ဒိတ်အောက်သွားသော ဆော့ဖ်ဝဲလ်တစ်ခုလို သုံးမရတော့တာမျိုး ဘယ်တော့မှ မဖြစ်သည့် လေ့ကျင့်ခန်း။ ၎င်းသည် ပက်လက်အိပ် ရင်အုပ်တွန်း။

ထိုလေ့ကျင့်ခန်းကြောင့် ရင်အုပ်ကြွက်သားစုတ်ပြဲသွားမှာ၊ ဆုံအဆစ်ထိခိုက်သွားမှာကို စိုးရိမ်ရသည်ဟု သင့်ကို လူအများစုက ပြောကောင်းပြောနိုင်သည်။ သို့သော် သူတို့အတွက် စိတ်မကောင်းစရာသည် မှန်မှန်ကန်ကန်သာ ကစားပါက ပက်လက်အိပ်ရင်ဘတ်တွန်းသည် အပေါ်ပိုင်းကြွက်သားကစားနည်းများ၏ ဘုရင်ကြီး ဖြစ်နေဆဲ ဆိုတာပင်ဖြစ်သည်။

သို့သော်ငြားလည်း လူအမျိုးမျိုးစိတ်အထွေထွေပင် ဘားရှည်ရင်အပြည့်တွန်းမကစားသည့် မောင်အိုလံပီယာများလည်းရှိသည်။ထို့ကြောင် ကာယဗလ မှာ ပုံသေကားချပ်ကြီး သတ်မှတ်ထားလို့လည်းမရပေ။ရင်အုပ်တွန်းနှင့် ပတ်သက်၍ ဒီနေရာကစ ကျွန်တော်တို့ လေ့လာရတော့မည်။ အောက်တွင် ကျွန်တော်ဖော်ပြထားသည်မှာကျယ်ပြန့် မို့မောက်သော ရင်အုပ်တည်ဆောက်ပေးနိုင်သည့် ပက်လက်အိပ်ရင်အုပ်တွန်းကိုဘယ်လိုကောင်း ကောင်း အသုံးချနိုင်မလဲဆိုသော အဆင့်ဆင့် လမ်းညွှန်ချက်ဖြစ်ပြီး စိတ်ညစ်စရာ ကောင်းခဲ့သော၊ ရှောင်လွှဲလို့ မရနိုင်ခဲ့သော မေးခွန်းတစ်ခု၏ အဖြေတို့ဖြစ်သည်။

“ခင်ဗျား ရင်အုပ် ဘယ်လောက်တွန်းနိုင်သလဲ?”ဆိုတာထက် ပုံစံကျအောင် ဘယ်လောက်တွန်းနိုင်ပြီလဲဆိုတာအရင်စမ်းစစ်သင့်သည်။ကာယဗလမှာအလေးများများတွန်းနိုင်ဖို့ဆို တာအရေးမကြီးဘူးဟု မဆိုလို။သို့သော် ပုံစံတကျလေ့ကျင့်တတ်ပြီး တစ်ဆင့်ချင်း အလေးတိုးသွားခြင်း သည်သာ ကောင်းမွန်သော နည်းလမ်းတစ်ခုပင်။

Gymထဲမှ စီနီယာများကို အားကျမခံ ပြိုင်ဆိုင်ရာတွင် အတုယူရမည့် အချက်တစ်ချို့ ရှိကောင်းရှိနိုင်သော်လည်း ဘယ်သောအခါမှ သူ ပေါင် ၁၀၀ တွန်းနေတာ ငါ ပေါင် ၁၀၀ တွန်းနိုင်ရမည်ဆိုတာကို မပြိုင်ပါနှင့် သူ့ကစားသက် နှင့် ကိုယ့်ကစားသက် ဆိုတာကို ထည့်တွေးသင့်သည်။သူ့လို ပေါင် ၁၀၀ သင် နိုင်ကောင်း နိုင်လိမ့်မည် သို့သော် သူ့လို ပုံစံတကျ ကစားတတ်ခြင်း ဖြစ်မဖြစ်ဆိုတာတော့ မိမိကိုယ်ကိုယ်အသိဆုံးပင်ဖြစ်သည်။

Gymတိုင်းတွင် ရှိတတ်သည်မှာ ကစားသမားအချို့သည် စိတ်ဆန္ဒအရမ်းပြင်းပြခြင်းဖြစ်သည်။သို့သော် တစ်လွဲ ဆံပင်ကောင်း မဖြစ်စေရန်အရေးကြီးသည်။အခြေခံအဆင့်ကတည်းက နည်းလမ်းတကျ ပုံစံတကျ တည် ဆောက်ထားမှ ပြည့်စုံလှပသော ဘော်ဒီတစ်ခုပိုင်ဆိုင်နိုင်မည်။

အမှားများစွာဖြင့် စတင်ခဲ့သော ဘော်ဒီ ကို ပြန်လည် ပြုပြင်ခြင်းသည် ပို၍ခက်ခဲစေသည်။ကိုယ်တိုင်ကြုံဖူးသူများသိပါလိမ့်မည်။ထို့ကြောင့် လေ့ကျင့်ခန်းနည်းစနစ်တစ်ချို့ကိုလည်း အလျဉ်းသင့်တိုင်းဖော်ပြပေးခြင်းဖြစ်သည်။ပက်လက်အိပ် ရင်ဘတ်တွန်းခြင်း၏စည်းမျဉ်းတစ်ချို့ကို လေ့လာကြည့်ပါစို့။

၁။ ဘားရှည်သည် ကိုယ့်မျက်လုံးပေါ် တည့်တည့်ဝန်းကျင်မှာ မရှိရပါ။ ရှိခဲ့လျှင် ကိုယ်တွန်းသည့်အခါ၌ အလေးတင်သည့် စင်နှင့် သွားတိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိသည်။

၂။ ခြေထောက်တွေကို ပခုံးအကျယ်ထက် ကျော်ကားထားပြီး ဒူးက ၉၀ံလောက်ကွေးကာ မြေကြီးပေါ် ကပ်ထားပါ။

၃။ ခါးပုံမှန်အနေအထားဖြစ်အောင် ခါးနောက်ကို အနည်းငယ် ကွေး(ကော့)ထားပါ။

၎။ တင်ကြွက်သားများကို တင်းတင်းညှစ်ထားပါ။ ပခုံးများနှင့် တင်ပါးများကို ခုံတန်းပေါ် သေချာ ဖိကပ်ထားပါ။

၅။ ပခုံးအကျယ်ထက် အနည်းငယ်ချဲကာ ဘားကို ဆုပ်ကိုင်ပါ။

၆။ ရင်အုပ်ကြွက်သားပေါ် ထိရောက်မှုပိုစေရန် အသက်ကို ဝအောင် ရှိုက်ရှုထားပြီး ဘားအောက်ကို ချသည့်အခါ အသက်အောင့်ထားပါ။

၇။ ဘားကို ဖြည်းဖြည်းချင်းချပါ။ အဆင်းနှစ်စက္ကန့်၊ အတက်နှစ်စက္ကန့် ကြာပါစေ။ နို့သီးခေါင်းနှင့် တပြေးတည်း သို့မဟုတ် နို့သီးခေါင်းအောက် အနည်းငယ်ဆီသို့ ချပါ။

၈။ ဘားကို အောက်နှိမ့်နေစဉ် နောက်ကျောက လက်ပြင်ရိုးများကို ညှစ်ထားပါ။ ၎င်းသည် ဆုံများ၏ ဟန်ချက်ကို ခိုင်ခံ့စေပြီး နောက်ကျောဝင်းသားများကိုလည်း အလေးပြန်တင်စေရာတွင် အင်အားကို စုစည်းသွားစေသည်။

၉။ ဘားသည် ရင်အုပ်ပေါ်ရောက်သည့်အခါ လက်များသည် L ပုံသဏ္ဌာန်ဖြစ်နေပါစေ။

၁၀။ အလေးကို ပြန်မတွန်းတင်မှီ ဆုံများကို ခုံတန်းရှည်ထဲ နစ်မြုပ်နေပါစေ၊ ခြေဖနောင့်များကို ကြမ်းပြင်ထဲ နစ်မြုပ်နေပါစေ။ (ကိုယ့်ခြေထောက်တွေနှင့် ကြမ်းပြင်ကြီးကို တွန်းထည့်လိုက်သည်ဟု စိတ်ကူးလိုက်ပါ။) အလေးပြန်တွန်းသည့်အခါ အားကို ကိုယ်အပေါ်ပိုင်းဆီရောက်အောင် ခြေထောက်တွေကနေ အားယူတွန်းပါ။ တင်ပါးများကတော့ ခုံတန်းနှင့် ခွာမသွားရပါ။

၁၁။ အမြဲတမ်း လက်မနှင့် ဘားကို ပတ်ကိုင်ပါ။ လက်ကောက်ဝတ်များကို အလွန်ကွေးခြင်းမျိုးမှလည်း ကာကွယ်ပါ။ အဲသည်လိုမဟုတ်လျှင် လက်ဖျံများမှအားထုတ်လွှင့်မှု လျော့နည်းစေသွားပြီး ကိုယ့်ရင်အုပ်တွန်းနိုင်အားကို ထိခိုက်သွားစေသည်။

၁၂။ ဘားဆီသို့ ရင်အုပ်၊ ဆုံနှင့် လက်မောင်းနောက်သားတို့၏ အားကိုသွင်းကာ ညှစ်နိုင်သမျှ ညှစ်တွန်းပါ။

၁၃။ ဘားကို တည့်နိုင်သမျှ တည့်တည့်တွန်းပါ။ လက်ဆုပ်ကိုင်မှုကို မပြောင်းလဲစေဘဲ “ဘားကို နှစ်ခြမ်း စုတ်ဖြဲပစ်သကဲ့သို့“ လက်များကို အပြင်ဖက်ဆီသို့ ကားသွားပါ။

၁၄။ တွန်းရသည့် အခက်အခဲဆုံး အစိတ်အပိုင်းကို ကျော်လွန်ပြီးသည်နှင့် အသက်ပြန်ထုတ်လိုက်ပါ။ သို့မဟုတ် အပေါ်ဆုံး အနေအထားကို ရောက်သည်နှင့် လေပြန်ထုတ်လိုက်ပါ။

၁၅။ ရွေ့လျားမှု၏ ထိပ်ဆုံးမှာ ရင်အုပ်ကို ပြင်းပြင်းထန်ထန် ညှစ်ပါ။ ၎င်းသည် ရင်အုပ်ကြွက်သားများပေါ် အာရုံရောက် ထိစေပြီး ကြွက်သားဖွံ့ဖြိုးစေသည်။

၁၆။ ထိပ်ဆုံးမှာ တံတောင်ဆစ်များကို ဖြောင့်မပစ်ပါနှင့်။ ထိုသို့ ဖြောင့်တန်း ပစ်လိုက်ခြင်းသည် ကြွက်သားများ၏ တင်းအားကို လျော့သွားစေသည်။ဖော်ပြပါအချက်တို့သည် ဘားရှည်ရင်အုပ်တွန်းရာတွင် သတိထားသင့်သည် အချက်တစ်ချို့ကို ဖော်ပြထားခြင်းဖြစ်သည်။ဒီထက်မက အချက်အချို့ရှိသေးသော်လည်း အရေးကြီးသည့်အချက်များကို ဦးစားပေးထားခြင်းဖြစ်သည်။ကျန်အချက်များကို မိမိတို့Gymမှ နည်းပြများကိုမေးမြန်းစူးစမ်းပြီး ဆောင်ရန် ရှောင်ရန်များကိုသတိပြုကြပါလို့တိုက်တွန်းလိုပါတယ်။

အောင်အောင် ( လှိုင် )

~~~~~~~~~~~~~~~~~~~~~~

🌈 အဆီပိုတွေ ဖယ်ရှားပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ် နဲ့ ပျော်ရွှင် လှပတဲ့ ဘဝ တခု တည်ဆောက်ချင်တယ် ဆိုရင်တော့...

🌈 New Wave Gym ကို လှမ်းခဲ့လိုက်ပါနော်...

💟 New Wave Gym 💟

🏬 အမှတ် ( ၆ - က) ပထမထပ်၊ပင်လုံလမ်းမပေါ် (မန္တလေးလမ်း နှင့်ပင်လုံလမ်းထောင့်အနီး )၊ Easy Top ဖုန်းဆိုင် အပေါ်ထပ်၊ မြောက်ဒဂုံမြို့နယ်(၂၉) ရပ်ကွက်။

☎️ 09 409 408 500

~~~~~~~~~~~~~~~~~~~~~~

⭐Skinny Fat(ဗိုက်ပူနံကားများအတွက်)⭐~~~~~~~~~~~~~~~~~~~~~✳️  Skinny Fat ဆိုတာကတော့ ခန္ဓာကိုယ် အပေါ်ပိုင်းဖြစ်တဲ့ ရင်ဘတ်ကြွက...
03/07/2020

⭐Skinny Fat(ဗိုက်ပူနံကားများအတွက်)⭐
~~~~~~~~~~~~~~~~~~~~~

✳️ Skinny Fat ဆိုတာကတော့ ခန္ဓာကိုယ် အပေါ်ပိုင်းဖြစ်တဲ့ ရင်ဘတ်ကြွက်သား (chest)၊ ဆုံ(shiulders)နှင့် လက်မောင်းများတွင် ကြွက်သားများမရှိသော်လည်း ဗိုက်ကတော့ပူနေပြီး၊ ခါးပတ်လည်မှာ အဆီစုနေတဲ့ ပိန်နေသူတွေဖြစ်ပါတယ်။အရပ်ခေါ်မှာတော့ ဗိုက်ပူနံကားလို့အများအားဖြင့် သတ်မှတ်ကြပါတယ်။

Skinny fat အများစုကို အဆီ% တိုင်းကြည့်ရင် 20% ကျော်တတ်ပြီး ကြွက်သားမရှိတတ်ပါဘူး။လူပိန်လို့ခေါ်ရအောင်လည်း ဗိုက်ကပူနေပြန်ပါတယ်။အမှတ်တမဲ့ကြည့်ရင် ဗိုက်ကပူနေလို့ တောင့်တင်းကြံ့ခိုင်တဲ့သူလို့လဲပြောလို့မရပြန်ပါဘူး။ပုံ(၁)၊(၂)မှာလေ့လာကြည့်ပါ။

ပိန်နေတဲ့သူတွေကို weight gain ကစားလို့ရပါတယ်။ ဝ နေတဲ့သူတွေကို weight loss ကစားလို့ရပါတယ်။

Skinny fat တွေကြတော့ အဆီ% များလို့ weight gain ကစားလို့မရပြန်။ အဆီ% များလို့ weight loss ကစားမယ်ဆိုတော့လည်း ကြွက်သားတွေမရှိလို့/ ပိန်နေလို့ weight loss ကစားရင်လည်း အဆင်မပြေပြန်ပါဘူး။အတော်တော့ ခေါင်းစားရပါတယ်။အဲဒီလို လူတွေကို Fit ဖြစ်သွားအောင် ဘယ်လိုလေ့ကျင့်မလဲ ? ဆက်လက်တင်ပြသွားပါမယ်။

🔰 Focus on Resistance Training
~~~~~~~~~~~~~~~~~~~~~

Skinny fat များဟာ ကြွက်သားများအားနည်းသည့်အတွက် Resistance training လို့ခေါ်တဲ့ အလေးမ လေ့ကျင့်ခန်းများကို အသားပေး၍လေ့ကျင့်ရပါမည်။အလေးမ လေ့ကျင့်ခန်းများကိုလေ့ကျင့်ရာတွင် ကြံ့ခိုင်သန်စွမ်းမှုကိုအသားပေးသည့် compound exercise များကို အဓိကထား၍ လေ့ကျင့်ရပါမည်။တစ်ပတ်နှင့်တစ်ပတ် သန်စွမ်းလာမှု ကြံ့ခိုင်မှုကို အသားပေးလေ့ကျင့်ပြီး ရေရှည် program များဖြင့် ဆက်လက်လေ့ကျင့်ရပါမည်။

🔰 သတိပြုရမည့်ကယ်လိုရီ
~~~~~~~~~~~~~~

Skinny fat များဟာ ခန္ဓာကိုယ်တွင်းမှာ အဆီပမာဏများသောကြောင့် အဆီချရန် ကယ်လိုရီကို လျော့၍ စားသုံးလေ့ရှိပါသည်။အဆီချခြင်း၏ အခြေခံ သဘောတရားဟာလည်း လောင်းကျွမ်းသွားသည့် ကယ်လိုရီ ထက် စားသုံးသည့် ကယ်လိုရီဟာ နည်းရန်လိုအပ်ပါတယ်။သို့သော် အဆီ% များသဖြင့် အဆီကျချင်သည့် ဆန္ဒကြောင့် ကယ်လိုရီကို လိုအပ်သည်ထက် ပိုမိုလျော့စားတတ်ကြပါသည်။ဤသို့ လျော့စားခြင်းကြောင့် protein စားသုံးမှုလည်းနည်းသည့်အတွက် ကြွက်သားများဆုံးရှုံးမှုထပ်မံဖြစ်ပွားစေပါသည်။ဒုတိယ ပြဿနာ အနေဖြင့် metabolic rate ကို ကျဆင်းစေပါသည်။ Metabolic rate ကျဆင်းသဖြင့် အဆီလောင်ကျွမ်းမှုကိုထပ်မံကျဆင်းစေပါသည်။ ဒီအခြေအနေမျိုးမှာ အတော်များများ တိုင်ပတ်နေတတ်ပါသည်။ အထူးသတိထားရပါမည်။

♨️ ကျွန်တော်ကျွန်မအစားနည်းနည်းစားလည်းဝနေတာပဲဆိုသည့်အခြေအနေမျိုးကိုဒီအချိန်မှာအများဆုံးတွေ့ရတတ်ပါသည်။

💢 ကယ်လိုရီကိုအလွန်မင်းလျော့စားသည့်skinny fat များအတွက်

ကယ်လိုရီ ကို maintenance ပမာဏထက်ပိုမိုလျော့စားမိနေသော skinny fat များဟာ အပတ်စဉ် +150 kcal တိုး၍ (လေ့ကျင့်ခန်းပြုလုပ်သည့်အခါ) ခွန်အားနှင့် သန်စွမ်းလာသည်အထိစားသုံးပေးရပါမည်။တိုးတက်မှုရပ်တန့်သွားပါက ထပ်မံ၍တိုးစားရန်လိုအပ်ပါတယ်။ ဤသို့တိုး၍စားသုံးခြင်းနှင့် resistance training များကိုပြုလုပ်နေခြင်းကြောင့် တစ်ချိန်တည်းမှာ ကြွက်သားများပြန်လည်ဖွံ့ဖြိုးကြီးထွားလာသလို အဆီလည်းလောင်ကျွမ်းလာပါလိမ့်မည်။

💢 ကယ်လိုရီကိုပုံမှန်/အလွန်အကျွံစားသည့် skinny fat များအတွက်

ဤအခြေအနေမျိုးမှာ skinny fat များဟာ quality food များစားသုံးခြင်းကြောင့် ကယ်လိုရီ ပမာဏများ​ခြင်မဟုတ်ပဲ၊ junk food များ၊ beer များသောက်ခြင်းကြောင့် ကယ်လိုရီ များခြင်း​ဖြစ်တတ်ပါသည်။

ကယ်လိုရီ ကို ပုံမှန်(သို့)အလွန်မင်းစားနေသည့် skinny fat များဟာ အမျိုးသမီးတွေဆိုလျင် အဆီ% 20 ထက်ကျော်တတ်ပြီး၊ အမျိုးသားများဆိုလျင် 15% ထက်ကျော်တတ်ပါတယ်။ အဲဒီ skinny fat များအတွက် စားသောက်နေသည့် ကယ်လိုရီ ပမာဏကို 20% အထိလျော့ချ၍ မိမိ၏ အဆီပမာဏကျသွားသည်အထိစားသုံးရပါမည်။အဲဒီနောက် တဖြည်းဖြည်းနဲ့ အဆီကျသွားအောင် ထိန်းချုပ်စားသုံးသင့်ပါသည်။

✳️ အထူးသတိပြုရန်မှာ protein ပမာဏ ကို အနည်းဆုံး(အနည်းဆုံး) မိမိ ခန္ဓာကိုယ် အလေးချိန်၏ 0.6 - 0.8 g/lb စားသုံးပေးရန်အထူးလိုအပ်ပါသည်။

🛑 Cardio Exercise များကို အလွန်အမင်းပြုလုပ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~
Cardio exe များကို အလွန်အမင်းပြုလုပ်ခြင်းဟာလည်း ကြွက်သားများကြီးထွားမှုကို အဟန့်တားဖြစ်စေပါသည်။ဤသို့ဆိုခြင်းအားဖြင့် cardio ကိုမပြုလုပ်ရဘူးဟု ဆိုလိုခြင်းမဟုတ်ပါ။ Skinny fat များအတွက် အလွန်အမင်းမပြုလုပ်ရန်သာဆိုလို့ခြင်းဖြစ်ပါသည်။နေ့စဉ် cardio ပြုလုပ်လေ့ရှိသည်ဆိုပါက လျော့ချ၍ cardio လေ့ကျင့်ခန်းထက် resistance training ကို အချိန်ပေး၍ ပိုမိုပြုလုပ်သင့်ပါသည်။

🌈 အနှစ်ချုပ်အားဖြင့်

* Heavy weight များဖြင့် မနိုင်ဝန် မ နေမည့်အစား အပတ်စဉ် ကြံ့ခိုင်သန်စွမ်းမှုကို ဦးစားပေးသည့် resistance training(compound exercises) ကို ရေရှည် programs များဖြင့် လေ့ကျင့်ရန်။

* cardio အလွန်မင်းပြုလုပ်ခြင်းကို လျော့ချ၍ resistance training ကို focus ထား၍လေ့ကျင့်ရန်။

* ကယ်လိုရီ ပမာဏကို အလွန်မင်းလျော့ချ၍စားသောက်ခြင်း(သို့)အလွန်အကျွံ စားသုံးခြင်းတို့မှ ရှောင်ကျဉ်၍ တင်ပြထားသည့်အတိုင်းအတိုးလျော့ပြုလုပ်စားသုံးခြင်းနှင့် protein ပမာဏကို သတ်မှတ်ထားသည့်အတိုင်းပြည့်မှီအောင်စားသုံးရန်။

~~~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~~~~~

🌈 ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီပိုတွေ လျှော့ချ ပြီး ကျန်းမာ သန်စွမ်း တဲ့ ခန္ဓာကိုယ် နဲ့ ပျော်ရွှင်လှပ တဲ့ ဘဝတခု တည်ဆောက် နိုင်ဖို့ အတွက် ဆိုရင်...

🌈 New Wave Gym ကို လှမ်းခဲ့လိုက်ပါနော် 😊😊😊...

💟 New Wave Gym 💟

🏬 အမှတ် ( ၆ - က) ပထမထပ်၊ပင်လုံလမ်းမပေါ် (မန္တလေးလမ်း နှင့်ပင်လုံလမ်းထောင့်အနီး )၊ Easy Top ဖုန်းဆိုင် အပေါ်ထပ်၊ မြောက်ဒဂုံမြို့နယ်(၂၉) ရပ်ကွက်။

☎️ 09 409 408 500

🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘

♨️ အောက်ပိုင်း ♨️✳️  ယနေ. ကာယဗလ အားကစား သမားအများစုမှာ အဓိက အားနည်းချက်ဖြစ်သလို၊ ကာယဗလ သမား အားလုံး လိုလို ကြောက်ရွံ.ကြတ...
01/07/2020

♨️ အောက်ပိုင်း ♨️

✳️ ယနေ. ကာယဗလ အားကစား သမားအများစုမှာ အဓိက အားနည်းချက်ဖြစ်သလို၊ ကာယဗလ သမား အားလုံး လိုလို ကြောက်ရွံ.ကြတဲ. လေ.ကျင်.ခန်း ကတော. အောက်ပိုင်း ထိုင်ခြင်း လို. ဆိုရင် မလွဲပါဘူး။ လူသစ် ကာယဗလ သမား များသာမက ဝါရင် . ကာယဗလ သမားတော်တော် များများ ပါ ကြောက်ရွံ. ကြသည်။ အချို. ကာယဗလ သမားများသည် လူသစ်ဘ၀တွင် အောက်ပိုင်း ကောင်းကောင်းမထိုင် ဖြစ်ခဲ.သည်.အတွက် ဝါရင်. အဆင်. ရောက်လာသည်.အခါ မျောက်သစ်ကိုင်း လွတ်သလို ဖြစ်တတ်ပါသည်။

ကျွန်တော်ဆိုရင်လည်း အောက်ပိုင်း ထိုင်ရမှာ အလွန်ကြောက်ပါသည်။ ကျွန်တော် လက်ဦးဆရာ ဦး သာအောင် ဆီမှာ ကစားစဉ်က ကျွန်တော် ဆရာ ရဲ. ကစားနည်းက ပြင်းပါတယ်။ တော်ရုံ တန်ရုံ လူဆိုရင် တစ်ပတ် လောက်နဲ. တင်ပြေးပါတယ်။ ကျွန်တော် တို. ကစားစဉ်က ကျွန်တော်တို. အောက်ပိုင်း ထိုင်နေ.ဆိုရင် ဆရာက အနားနားမှာ လက်ပိုက်ပြီး ဟိုကောင် အလေးထပ်ထည်. မင်း အလေးနိုင်သေးတယ်။ ဟို ကောင် မင်းမနိုင်ဘူး။ အလေးလျှော.ပြီးထိုင် စသည်.ဖြင်. အနားမှာ လာရောက် ညွှန်ကြားကာ လိုအပ်သည်များ ပြောပြကာ ကျွန်တော်တို.ကို တော်တော်လေး ပြောလည်းပြော၊ ကိုယ်တိုင်လည်း သရုပ်ပြပေးခဲ. ပါတယ်။

ဆရာဟာ သူရဲ. လက်ကိုင်မူက ဘာ ကို အခြေခံ သလဲဆိုတာ သူပြောပြလို. သိခဲ.ရတာက များများ ကစား၊ များများစား၊ များများ နား ဆိုသလို ပါပဲ။ ကျွန်တော် တို. သူရှိနေတဲ.နေဆိုရင် ကစားရမှာ တော်တော် ကိုကြောက်ပါတယ်။ သူရဲ. တွန်းအားပေးသံ အောက်မှာ ကျွန်တော် တို.မှာ ပြန်လည်းမပြောရဲ ခေါင်းတညိတ်ညိတ် နဲ.သာ ကြိတ်မှိတ်ပြီး ကစားခဲ.ရပါတယ်။ ဘေးနားကနေ အလေးကို များများ ထည်.ပြီး ကစားခိုင်းခြင်း ဖြစ်သည်။ တစ်နေ. အောက်ပိုင်း ထိုင်ရမည်.နေ.တွင် ဆရာက မင်းတို. ကောင်တွေဘာလို. အောက်ပိုင်းထိုင်ရမှာ ကြောက်တာလဲ။

လူတစ်ကိုယ်လုံးမှာ အောက်ပိုင်း ဘယ်လောက်အရေးကြီးလဲဆိုသာ သိလားမသိရင် ပြောပြမယ်ဆိုပြီး ကျွန်တော်တို.ကို ပြောပြခဲ.သောစကားလုံးများမှ မှတ်မိသလောက် ပြန်လည်တင်ပြရရင် အောက်ပိုင်းသန်စွမ်းကြီးထွားရေးအရေးကြီးပုံကာယဗလ အားကစားသမားဖြစ်စေ သို.မဟုတ် အခြား အားကစားသမားဖြစ်စေ ခြေထောက်သည် ခန္ဒာဗေဒ ၏အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ဘောလုံး၊ အပြေး၊ စက်ဘီးနင်း၊ ရေကူးနှင်. အခုန်အပျံ စသောကစားမှု အားလုံးလိုလိုပင် ခြေထောက်၏ စွမ်းအင် များစွာ လိုအပ်ကြောင်း၊ လူတစ်ယောက်၏ ခြေထောက် အိုမင်းသလောက် သူလည်း အိုမင်းရသည်ဟု ကျွန်တော်တို. ကို မကြာခဏ ပြောကြားခဲ.ပါတယ်။ သစ်ပင် တစ်ပင်နှင်. နှိုင်းစာလျှင် သင်. ကိုယ်ခန္ဓာ၏ အောက်ပိုင်းသည် သစ်ပင် တစ်ပင်၏ အမြစ်နှင်. တူကြောင်း အမြစ်ကောင်းမှ အပေါ်က အကိုင်းအခက်သည် ဝေ၀ဆာဆာနှင်. တင်.တယ်ကြောင်း ခိုင်းနှိုင်း ပြောဆိုခဲ.ပါတယ်။

အောက်ပိုင်းအတွက်သတိပြုရန်

(၁)။ အောက်ပိုင်း မထိုင်ခင်မှာ သွေးပူလေ.ကျင်.ခန်းကို ကောင်းကောင်းလုပ်ပါ။

(၂)။ ရိုးရိုးသွေးပူအပြီး အလေးမပါ ကိရိယာအလွတ်ဖြင်. အောက်ပိုင်းအပြည်. အထိုင်အထကို (၂၀-၂၅)ကြိမ်ခန်.ပြုလုပ်ပါ။

(၃)။ ပထမဆုံးအကြိမ် အလေးနဲ. စထိုင်ရာမှာ အလေးပေါ.ပေါ.ဖြင်. မိမိကစားမယ်. အလေးရဲ. သုံးပုံနှစ်ပုံခန်. အလေးနဲ. (၁၅ကြိမ် x၁ ကျော.) စထိုင်ပါ။ (ဥပမာ စကစားမည်. အလေး ၁၅၀ ပေါင် ထည်.မယ်ဆိုရင် ပေါင် ၁၀၀ လောက်နဲ. စထိုင်ပါ။)

(၄)။ ဒုတိယ အကျော.မှာ မိမိ(၁၂)ကြိမ် နိုင်မဲ. အလေးနဲ. စကစားပါ။ ဥပမာ ။ ။၁၅၀ ပေါင် x(၁၂)ကြိမ်

(၅)။ တတိယ အကျော.မှာ အလေးပေါင် ၂၀-၃၀ ခန်.တိုးပြီး ထိုင်ပါ။ ဥပမာ ။ ။ ပေါင် ၁၈၀x၁၀ကြိမ်

(၆)။ စတုတ္တအကျော.မှာ နောက်ထပ် အလေး(၂၀)ပေါင်လောက် တိုးပြီး (၈) ကြိမ်ထိုင်ပါ။ ပေါင်၂၀၀ x ၈ကြိမ်

(၇)။ နောက်ဆုံး အကျော.မှာ အလေး ပေါင် ၃၀ ခန်.ပြန်လျော.ပြီး (၁၂)ကြိမ်ထိုင်ပါ။

(၈)။ အောက်ပိုင်းထိုင်ရာမှာ ကိုယ်နဲ. ခွန်အားတူ ကစားသမား တစ်ဦးဦး (သို. မဟုတ်) နည်းပြတစ်ယောက်လောက် အနားမှာ ရှိနေဖို.အလွန် အရေးကြီးပါတယ်။ ကိုယ်နောက်ကနေ ရပ်ပြီးတော. စောင်.ကြည်.ပေးခြင်းဖြင်. မိမိကိုယ် ကို ရဲ.ရင်. ယုံကြည်စေပါတယ်။

(၉)။ အောက်ပိုင်း ထိုင်ချိန်မှာ အလေးကို အကျော့တိုင်းမှာ ပုံသေ မကစားပါနဲ.။ အလေးကို တတ်နိုင်သရွေ.တိုးကာ အကြိမ်လျှော.ပြီး ပေါင်ညှစ်အား များများဖြင်.ဖြည်းဖြည်း နှင်. မှန်မှန် ထိုင်တတ်ဖို. အလွန်အရေးကြီးပါတယ်။ မိမိရဲ. အား ရှိမှု ၊ မရှိမှုပေါ် မူတည်ကာ အလေးကို အတိုးအလျှော. လုပ်ကစားပါ။

(၁၀)။ အောက်ပိုင်း ထိုင်တဲ.အခါမှာ အောက်မှာ ဖော်ပြထားတဲ. မှန်မှန် ကန်ကန် အောက်ပိုင်းထိုင်နည်း ဆိုတဲ. အချက် (၁၀) ချက်ကို ဂရုပြု မှတ်သားပါ။

သင်.ရဲ. မည်.သည့် ကြွက်သား လေ.ကျင်.သည်ဖြစ်စေ ပုံစံကျကျ ကစားတတ်ဖို. ဟာ အလွန် အရေးကြီးပါတယ်။ ထို.ကြောင်. အောက်ပိုင်း ထိုင်ရာမှာ လိုက်နာရမဲ. အချက်လေးတွေ တင်ပြပေးလိုက်ပါတယ်။

အောက်ပိုင်း မှန်မှန်ကန်ကန်ထိုင်နည်း

(၁)။ ဘားတန်း သံချောင်းကို ဂုတ်ပိုးသား အပေါ်ပိုင်းတွင်တင်ပြီး ထမ်းပါ။ လက်နှစ်ဖက်ကို ပခုံးသားအကျယ်ထက်ဘေး ကို ပို ကားပြီး ကျဲကျဲကိုင်ပါ။ (Rest the barbell on your upper trapezius. Use a wider than shoulder wide grip)

(၂)။ အောက်ပိုင်း ထိုင်ချိန်တွင် တစ်ချိန်လုံး ရှေ.တည်.တည်.ကို ကြည်.ပါ။ (Look directly forward at all time)

(၃)။ အောက်သို.ထိုင်ချရာတွင် တင်ပါး ကို နောက်သို. အနည်းငယ် အရင်ပစ်ပြီးးမှအောက်သို. ထိုင်ချပါ။ အပေါ်ပိုင်းကိုယ်လုံးကို ရှေ.သို. ၄၅ ဒီဂရီ ထက်ပိုပြီး မငိုက်စေရပါ။ (Move your hips first to the rear and then down .your torso should incline no more than 45 degrees forward)

(၄)။ ထို.နောက်ဒူးများကို ကွေးချပါ။ ဒူးများသည် ခြေထောက်၏အပေါ်တွင် တစ်ချိန်လုံး တည်.တည်.ရှိနေပါစေ။ (Your knees should bend next they should remain over your feet at all time)

(၅)။ ခြေဖဝါးကို မကြွဘဲ ကြမ်းပြင်ပေါ်မှာ ပြားပြားထိထားပါ။ ခြေနှစ်ဖကိကို ပခုံး အကျယ်အတိုင်း ရပ်ပါ။ ခြေဖျားနှစ်ဖက်ကို အပြင်ဖက်ကို အနည်းငယ် ကားထုတ်ထားပါ။ ကိုယ်အလေးချိန်ကို ခြေထောက်နှစ်ဖက် အပေါ်တွင် ညီညီမျှမျှ ထားပါ။ (Keep your feet flat on the floor, slightly turned outward and shoulder width apart.Distribute your weight equally on both feet.)

(၆)။ မတ်တတ်ရပ် အနေအထားတွင် အသက်ကို အားရပါးရ ရှုသွင်းလိုက်ပါ။ ပြီးလျှင် အသက်ကိုအောင်.ထားပြီး ကိုယ်ခန္ဒာ အပေါ်ပိုင်းကို ငြိမ်ငြိမ် ထားပြီး ထိုင်ထပြုလုပ်ပါ။ အလေးကို အပေါ်သို. ညှစ်ဆန်. ထုတ်လိုက်ချိန်တွင် အောင်. ထားသော လေကို မှုတ်ထုတ်လိုက်ပါ။ (Inhale and hold your breath during the descent and ascent to stabilize your torso and to generate greater force .Exhale as you push through the most difficult part of the movement.)

(၇)။ အောက်ပိုင်း ထိုင်ထပြုလုပ်ချိန်တွင် ကျော အောက်ပိုင်းရှိ ခါး နောက်ပိုင်း ကြွက်သားများ ကိုတင်းထားပါ။ သို.မှသာ ခါးအောက်ပိုင်းရှိ ကျောရိုးများကို ဖြောင်.ဖြောင်. ထိန်း ထားပေးနိုင်မည် ဖြစ်သည်။ ၀မ်းဗိုက်ကြွက်သားများကိုညှစ်ပြီး ထိုင်ထ မပြုလုပ်ရပါ။ အသက်ရှုပြီးနောက် ၀မ်းဗိုက်ရှပ်အနေအထားဖြင်. ထိုင်ထပြုလုပ်ပါ။ (Keep your erectors (lower back muscle)contracted during ex*****on .this allows you to maintain normal spinal curvature in the lumbar area. Do not contract your abdominals.)

(၈) ထိုင်ခြင်း ၊ ထခြင်း ကို သင်.တော်သော လျင်မြန်မှုအရှိန်ဖြင်. ပြုလုပ်ပါ။ မမြန်လွန်း မနှေးလွန်း စေရပါ။ (Do the exercise at a moderate rate of speed)

(၉)။ အနည်းဆုံး ပေါင်နှစ်ဖက်နှင်. ကြမ်းပြင်မျဉ်းပြိုင် အနေအထား ရောက်သည်.အထိထိုင်ချပါ။ မျဉ်းပြိုင်အနေအထားမှ အောက်သို. အနည်းငယ်ထိုင်ချလျှင် ပိုပြီး ထိရောက်မှုရှိသည်။ (Go to a depth of at least parallel (things,parallel to the floor)it is even better to break parallel.)

(၁၀) ထိုင်ထား သည်.အနေအထားမှ ဆောင်.ပြီး ပြန် မထပါနှင်.။ ဖြည်းဖြည်း ညှစ်ထပါ။ (Do not bounce in the bottom position.)

ကျွန်တော်အခု တင်ပြပေးတဲ. အချက်လေးတွေဟာ အောက်ပိုင်းထိုင်ရာမှာ အနည်းနှင်.အများအထောက်အကူပြုလိမ်.မယ်လို. ထင်ပါတယ်။ အောက်ပိုင်း မထိုင်ခင်လိုက်နာရမဲ. အချက်လေးတွေ အောက်ပိုင်း ထိုင်စဉ် လိုက်နာ၇မဲ. အချက်လေးတွေ အားလုံးဟာ မှတ်သားထိုက်မယ်လို. ထင်ပါတယ်။

အောက်ပိုင်း ထိုင်လေ.ကျင်.ခန်းဟာ ကိုယ်ခန္ဒာ အတွက် မရှိမဖြစ် အရေးကြီးသလို၊ အောက်ပိုင်းထိုင်စဉ်မှာ ဆိုးကျိုး မဖြစ်ဖို. လည်း အရမ်း အရေးကြီးတာ မို.အားလုံး ဂရု စိုက်သင်.တယ်ဆိုတာ တင်ပြရင်း ကမ္ဘာကာယဗလရှေ.ဆောင်လမ်းပြပုဂ္ဂိုလ်ကြီး ဂျိုး ဝီဒါရဲ. စကား တစ်ခွန်းဖြစ်တဲ. Begin your work out with squats when you are full of energy ဆိုတဲ. စကား စုလေနဲ.နိဂုံးချုပ်လိုက်ပါတယ်။

အောင်အောင် (လှိုင်)

Address

Yangon
12345678

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00

Website

Alerts

Be the first to know and let us send you an email when New Wave Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Wave Gym:

Share

Category