06/10/2024
ချစ်သားမောင်သို့ သိစေဘို့….
စစ်သားတွေထဲမှာလည်း လူကောင်းတွေရှိတယ် ဆိုတာ လေး ကို သာဓက ပြချင်ပါတယ်...
ဆရာတို့ အဖေဟာ ဆရာတို့ကို ရိုးရိုးသားသားကြိုးစားဘို့ မတော်လောဘ မရှိဘို့ သူများ ကို အနိုင်မကျင့်ဘို့ ပြော ဆိုဆုံးမတတ်သလို ကိုယ်တိုင် လည်း အမြဲတန်းနှိမ့်ချနေ တတ်ပါတယ်...
ဆရာ့ရဲ့အဖေအကြောင်းကို ကိုမြတ်ဟိန်းက သူ့သမီး ထံ ပေးစာထဲမှာ ရေးထားတာလေး အများသိရအောင် သူ့မူရင်းအတိုင်း ပြန်တင်ပေး လိုက်ပါရစေ...
ဒါကိုကြည့်ရင် ဆရာဘာ့ကြောင့် humble ဖြစ် နှိမ့်ချစွာ နေတတ်တာလည်းဆိုတာ သဘောပေါက်မှာပါ...
(လက်ရှိရော တပ်မတော် ထဲမှာ ရိုးရိုးသားသားကြိုးစားလို့ လောဘအတ္တနည်းပြီး ပြည်သူတွေကို ကိုယ်ချင်းစာတရား နဲ့ အညီ စောင့်ရှောက်မဲ့ ဗိုလ်ချူပ်တွေရှိနိုင်ပါသေးတယ်လို့ မျှော်လင့် မိပါတယ်)
သမီးတို့သိဖို့... (၁၇) (credit ကိုမြတ်ဟိန်း၏ ပေးစာ)
သမီးရေ...
အခုတစ်လော FB ပေါ်မှာ တွေ့နေရတဲ့ ဦးးနေစိုးမောင် အကြောင်းလေးတွေ နဲ့ သူပုံလေး တွေတွေ့ရတော့ ငယ်ငယ် က ကြားခဲ့ဖူးတဲ့ သူ့ဖေဖေအန်ကယ်တင်စိန် အကြောင်း လေး သမီးကိုပြန်ပြောချင်နေမိတယ်။
သမီးရေ...
အန်ကယ်တင်စိန်က ၁၉၂၇ နှစ်မှာ မွေးတာဆိုတော့ သမီးဘိုးဘိုး ထက် ၁နှစ်ပဲကြီးတာပေါ့။ ဒါပေမဲ့ သူက အခုအချိန် အထိ ကျန်းကျန်းမာမာ ရှိနေတုံးပဲ။
သူက ၁၉၇၉ ခုနှစ်ထဲကဗိုလ်ချုပ်ရာထူးဖြစ်နေပြီ။
အဲဒီခေတ်ကဗိုလ်ချုပ် ရာထူး ဆိုတာလက်ချိုးရေလို့ ရတယ် သမီး။
သူက ပြည်သူ့ရဲဘော် ဘဝကနေ တိုင်းမှူးအထိ တာဝန်ထမ်း ဆောင်ခဲ့သလို တပ်မတော် ကာကွယ်ရေးဝန်ကြီး ဋ္ဌာန မှာလည်းဒုဝန်ကြီး အထိတာဝန်ထမ်းဆောင် ခဲ့ဘူးတယ်သမီး။
နောက်တစ်ခါ အရပ်ဖက်မှာလည်း ပထမဆုံးဖွဲ့စည်းတဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန မှာ ပထမဆုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သေး တယ်သမီး။ ၁၉၈၃ ခုနှစ် ကျမှ သမီးရဲ့ ဘိုးဘိုးရဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အငြိမ်းစားယူခဲ့ရပြီး သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးတယ် ။
သမီးရေ...
သမီးကိုပြောပြချင်တာ သူ ဗိုလ်ချုပ်ဘဝ ကဖေဖေကြား ခဲ့ဘူးတဲ့ အဖြစ်အပျက်လေးပေါ့။
ဒီလိုသမီးရဲ့... တစ်ရက် စစ်ဆေးရုံမှာ သူ့ကျန်းမာရေးအတွက် ပြသဖို့လို့တော့ ရိုးရိုး စစ်သားတစ်ယောက် လိုတန်းစီ ပြီးသွားပြသတဲ့...
သူ့အလှည့်ရောက်တော့ တာဝန်ကျသူနာပြု အမျိုးသမီး က ဆေးစာအုပ်မှတ်တမ်းအတွက် သူ့ကို မေးပါတယ်...
နာမည် ဘယ်လိုခေါ်လဲပေါ့၊. အန်ကယ်ကလည်း "ကျွန်တော်တင်စိန်ပါ" လို့ပြန်ဖြေပါ တယ်တဲ့။ ဆက်ပြီးတော့ ရာထူးမေးပြန်ရော... .အန်ကယ် က "ကျွန်တော်ဗိုလ်ချုပ် ပါ" လို့ပြန်ဖြေတော့ သူနာပြုအမျိုးသမီးလည်း မျက်လုံးပြူးပြီး လန့်သွားရှာ တယ်လို့ ဖေဖေကြားဖူးလိုက်တယ်။ .တကယ်တော့တပ်မတော်မှာ အန်ကယ်တို့လိုမျိုးရိုးသား တဲ့ စစ်သားကောင်းတွေ အများကြီးရှိပါတယ်သမီး။ .အဖွဲ့အစည်းတိုင်းမှာတော့ ကောင်းတဲ့သူရော၊ ဆိုးတဲ့သူ ပါရှိပါတယ်သမီး။
သမီးရေ....
သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာလည်းဘိုးဘိုးတို့လို အန်ကယ်တင်စိန် တို့လို တိုင်းပြည် အတွက်ပဲ ပေးဆပ်ခဲ့ ကြတဲ့ စစ်သားကောင်း စစ်သည်ကောင်း တွေကိုတော့
ဖေဖေက လေးစားလို့မဆုံးပါဘူးသမီးရေ...
(Credit: Myat Hein)