15/08/2023
ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့်အောက်ပိုင်းကြွက်သားလေ့ကျင့်ခန်းပေါင်းစပ်လေ့ကျင့်လို့ရနိုင်သလား?
(Can work out upper & lower body same day)
+++++++++++++++++++++++++++++++++++++++
အဖြေကတော့ ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုပြုလုပ်နိုင်ပါတယ်။ အချိန်ရှားပါးသူတွေအတွက်တော့ ကိ်ုယ်ခန္ဓာတခုလုံးလေ့ကျင်ခန်းပြုလုပ်ခြင်းကြောင့် energy ကယ်လိုရီကိုပိုမိုလောင်ကျွမ်းစေပါတယ်။ သိုပေမယ့် နေ့စဉ်လေ့ကျင့်ဖို့အတွက်ဆိုရင်တော့ ကောင်းမွန်တဲ့စိတ်ကူးမဟုတ်တာတော့အသေအချာပါဘဲ။ အပေါ်ပိုင်းနှင့်အောက်ပိုင်း ကြွက်သားလေ့ကျင့်ခန်းများကို တရက်ထဲပြုလုပ်ဖို့ဆိုရင်တော့ လုံလောက်သောအချိန်နှင့်အတူ အသင့်လျော်ဆုံး အစီအစဉ်ဖြင့် ကြွက်သားအုပ်စုများ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ အစီအစဉ်နှင့်အတူ ခံနိုင်ရည်ဇွဲ၊ စိတ်ဝင်စားမူ၊လှုံဆော်မူ့ရှိဖို့ဘဲလိုအပ်တာပါ။အရေးကြီးဆုံးအချက်ကတော့ လုံလောက်တဲ့ကြွက်သားအနားယူမူနဲ့ လေ့ကျင့်မူ့ဟာမျှတဖို့ပါဘဲ။
စနစ်တကျကြွက်သားအကြီး၊အသေးလေ့ကျင့်မူ့ အစီအစဉ်ချမှတ်လေ့ကျင့်ခြင်း (Sequence)
*********************************
အထိရောက်ဆုံးလေ့ကျင့်မူ့အစီအစဉ်စတင်ဖို့ဆိုရင်တော့ ကိုယ်ခန္ဓာစွမ်းအင်အများဆုံးအသုံးပြုတဲ့ ကြွက်သားအကြီးအုပ်စုကို ပထမဦးစွာလေ့ကျင့်ရပါမယ်။
၁- ရင်ဘတ်
၂- ပုခုံး (ဆုံ)
၃- နောက်ကျော ( ကျောပြင်အလယ်မဏ္ဏိုင်ပင်မကြွက်သား၊ တောင်ပံကြွက်သား)
၄- အောက်ပိုင်း ( ပေါင်ရှေ့၊ ပေါင်အတွင်းပိုင်း)
၅- တင်ပါး (အလေးထမ်းထိုင်ထ)
အထက်ပါလေ့ကျင့်ခန်း ၅ မျိုးလေ့ကျင့်မူ့ပြီးဆုံးပြီဆိုလျှင် ကိုယ်ခန္ဓာစွမ်းအင်အနည်းငယ်သာအသုံးပြောသော ကြွက်သားအသေးအုပ်စုကို လေ့ကျင့်ရပါမယ်။
၆- လက်မောင်း (ရှေ့၊နောက်)
၇- လက်ဖျံ
၈- ခြေသလုံး
၉- ဝမ်းဗိုက်ကြွက်သား
အထက်ပါအစီအစဉ်အတိုင်း မပြုလုပ်ဖြစ်ဘဲလွဲချော်ခဲ့ရင်၊ သို့မဟုတ်မလုပ်ဖြစ်လို့လဲ စိုးရိမ်စရာမရှိပါဘူး။ ဆိုလိုချင်တာက ကြွက်သားအကြီးအုပ်စုလေ့ကျင့်စဉ်ထဲမှာဘဲ ကြွက်သားအသေးတွေဟာပါဝင်ခဲ့ပါတယ်။ ဥပမာ။ ရင်အုပ်ကြွက်သားအတွက် အလေးတွန်းတင်(Bench-press) သို့မဟုတ် Push-up(ဒိုက်ထိုး) လေ့ကျင့်စဉ်မှာဘဲ ကြွက်သားအသေးအုပ်စုထဲက လက်မောင်းရှေ့၊နောက်သား(Bicept,Tricept) ဟာပါဝင်လေ့ကျင့်ခဲ့ပြီးဖြစ်ပါတယ်။ ထိုအတူ သင့်ရဲ့ ဝမ်းဗိုက်နှင့်ကျောပြင် မဏ္ဏိုင်ကြွက်သားတွေကလည်း ကိုယ်ခန္ဓာအနေအထားမှန်ကန်ဖို့နှင့် ဘက်ညီမျှတစေဖို့ပါဝင်နေခဲ့ပြီးဖြစ်ပြန်ပါတယ်။ (Core) မဏ္ဏိုင်ကြွက်သားတွေ ပင်ပန်းလာတာနှင့်အမျှ ခါးကွေးညွတ်ခြင်း(သို့) လက်ပြင်ကွေးကုန်းလာခြင်းများကို လေ့ကျင့်နေစဉ်အတွင်းဖြစ်ပျက်လာတတ်တာကြောင့် ကျောပြင်၊ဝမ်းဗိုက် (Core) မဏ္ဏိုင်ကြွက်သားလေ့ကျင့်ခန်းကို နောက်ဆုံးအဆုံးသတ်မှပြုလုပ်လေ့ကျင့်ခြင်းက ပိုမိုသင့်တော်ပါတယ်။
ကြွက်သားခွန်အားပြန်လည်ပြည့်ဝရန် အနားယူချိန်(Recovery Time)
**************************************************
ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုလေ့ကျင့်သည်ဖြစ်စေ၊ အထက်ပိုင်းတရက်၊ အောက်ပိုင်းတရက်အဖြစ် ရက်ခွဲလေ့ကျင့်သည်ဖြစ်စေ အရေးကြီးဆုံးအချက်ကတော့ ကြွက်သားခွန်အားပြန်လည်ပြည့်ဝစေဖို့ လုံလောက်သောအနားယူချိန် ၄၈နာရီ(၂ရက်)မှ ၇၂နာရီ(၃ရက်) အထိလိုအပ်ချက်ကတော့အတူတူဘဲဖြစ်ပါတယ်။ Begineer ပထမဦးဆုံးစတင်လေ့ကျင်သူဆိုရင် ကြွက်သားယောင်ယမ်းမူ့ဟာ ၃ရက်ထက်ပိုမိုကြာမြင့်တတ်ပြီး အလေ့အကျင့်ဖြစ်လာသည်နှင့်အမျှ recover timeဟာလျော့နည်းလာတတ်သလို လေ့ကျင့်ခန်းပြီးဆုံးချိန်နောက်ပိုင်း နာကျဉ်ခြင်းဟာ တနည်းအားဖြင့်ကြွက်သားကြီးထွားလာခြင်းဖြစ်တာကြောင့် ပိုနာလေပိုကြီးလာလေလို့ သင်ခံစားမိလာမှာပါ။
ဆန့်ကျင်ဘက်ကြွက်သားများ လေ့ကျင့်ခြင်း (Opposing Muscles)
**************************************************
ကြွက်သားတိုင်းတွင် ဆန့်ကျင်ဘက်ကြွက်သားများက ဆန့်ကျင့်ဘက်အရာ(အားနည်းခြင်း)တွေကိုဖြစ်စေတတ်စမြဲဘဲဖြစ်ပါတယ်။ ပေါင်ရှေ့သားလေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အခြားဆန့်ကျင်ဘက်ကြွက်သား (ပေါင်အနောက်ကြွက်သား(hamstring) ပူးတွဲအသုံးပြုခြင်းကြောင့် ကိုယ်ဟန်အနေအထားယိမ်းယိုင်ခြင်း၊ နာကျင်ခြင်းတို့ဖြစ်ပေါ်စေပါတယ်။ ထို့အတွက်ကိုယ်ခန္ဓာအထက်၊အောက်ကြွက်သားတွေကို တရက်ထဲပေါင်းစုလေ့ကျင့်သည်ဖြစ်စေ၊ အထက်ပိုင်းတရက်၊ အောက်ပိုင်းတရက်အဖြစ် ရက်ခွဲလေ့ကျင့်သည်ဖြစ်စေ ဆန့်ကျင်ဘက်ကြွက်သား(အားနည်းသောကြွက်သား)လေ့ကျင့်ခန်းမှားကို မပျက်မကွက်အတူတကွပူးတွဲလေ့ကျင့်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
လေ့ကျင့်မူ့အကြိမ်အရေအတွက် (Frequency)
********************************************
ကြွက်သားအားလုံးအတွက်လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ၂-၃ရက်ခြားပြီး တပါတ် ၂ ကြိမ်မှ၃ကြိမ်ခန့်လေ့ကျင့်ခြင်းဟာ ကြွက်သားအတွက်ပြည့်ဝလုံလောက်တဲ့ အနားယူမူ့ဖြစ်စေပြီး အကျိုးသက်ရောက်မူဖြစ်စေပါတယ်။ ကြားရက်အနားယူမယ့်နေတွေမှာတော့ ကာဒီယိုလေ့ကျင့်ခန်းကို တပါတ်မှာ ၁၅ မိနစ် (သို့) တရက် ၃၀ မိနစ်ခန့်ပြုလုပ်သင့်ပါတယ်။
Admin အကြိုက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်အဖြစ် အကြံပြုချင်တာကတော့
Day 1-Monday - Upper Body
Day 2-Tuesday - Lower Body
Day 3-Wednesday- Rest or Cardio
Day 4-Thursday - Full Body (heavy day)
Day 5- Friday- Rest or Cardio
Day 6- Saturday - Full Body (light day)
Day 7- Sunday- Rest or Cardio
လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက GYM_Professor page ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း။ အား ခရက်ဒစ်ပေးခြင်းဖြင့် Share & Copy ကူးယူဖော်ပြခြင်းပြုနိုင်ပါတယ်ခင်ဗျာ။
ဒေါမနစ် (စင်္ကာပူ)
၂၁ရက် မတ်လ ၂၀၁၇ (SGT 20:40)