မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း Maww Aung Kan Futsal Court

  • Home
  • Myanmar
  • Yangon
  • မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း Maww Aung Kan Futsal Court

မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း Maww Aung Kan Futsal Court "မောအောင်ကန်ကွင်းလေးမှာလာကန်ရင်း သ?

04/01/2019
🇲🇲 မောအောင်ကန်ရဲ့ ညီအစ်ကိုရောင်းရင်း အပေါင်းအသင်းတို့ရေ 👬🎉🎊 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ...
04/01/2019

🇲🇲 မောအောင်ကန်ရဲ့ ညီအစ်ကိုရောင်းရင်း အပေါင်းအသင်းတို့ရေ 👬

🎉🎊 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီနေ့ (၄.၁.၂၀၁၉) မှာ

⚽🏃🥅မောအောင်ကန်ကွင်းလေးကို လာရောက်အားပေးကြမယ့် ညီအစ်ကိုတွေကို ⚽❤

🎊🎉 အများပြည်သူ ရုံးပိတ်ရက်မှာ ယူနေကျ ပုံမှန် ကွင်းကြေး (၁၂၀၀၀) ကျပ် မယူဘဲ 🙅‍♂️🙅‍♂️🙅‍♂️😉

🎁🎈 (၅၀) ရာခိုင်နှုန်းတိတိ ပရိုမိုးရှင်း ပေးထားပါတယ်လို့ ထပ်မံအသိပေး ကြေငြာပါရစေဦးနော်

💇‍♂️💆‍♂️🕶👠 လှလှတွေ ပြင်ပြီး စောင့်နေတဲ့ မောအောင်ကန်ကွင်းလေးကို ဒီနေ့ မနက် အစောကြီးကတည်းက သူ့ရဲ့ ချစ်သူ ညီအစ်ကို စတင်ရောက်ရှိနေပြီး အစဉ်အလာမပြတ် အားပေးနေကြပါပြီ ❤😍🎈

🎈 ပျော်စရာ 👬 အချိန်လေးတွေကို ⚽ အတူ ဆင်နွှဲဖို့ 🎊 မောအောင်ကန်ဆီ 💕 ချီတက်ကြပါစို့ 👬

🕒 နေ့လည် ၃ နာရီ နဲ့ 🕓 ၄ နာရီ လောက်မှာ ဝါးတီးးးး နော် ပရိတ်သတ်ကြီး 😃🤣😍😎

❤⚽ အားလုံးပဲ😇 ပျော်ရွှင်ကြပါစေ ⚽🎈

📣🤵📣 ဟုတ်ကဲ့ပါ ခင်ဗျာ 🎉⚽🎊🎈🇲🇲 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ မင်္ဂလာ အခါသမယအတွက် မောအောင်ကန် မိသားစုရဲ့ နောက်ထပ် အစီအ...
28/12/2018

📣🤵📣 ဟုတ်ကဲ့ပါ ခင်ဗျာ 🎉⚽🎊

🎈🇲🇲 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ မင်္ဂလာ အခါသမယအတွက် မောအောင်ကန် မိသားစုရဲ့ နောက်ထပ် အစီအစဉ်လေးကတော့ မုန့်ဟင်းခါး စတုဒီသာ ပါတဲ့ ခင်ဗျ ⚽🎈

🎉🇲🇲🎊 👬 တနည်းအားဖြင့် မောအောင်ကန်ကွင်းကို အားပေးချစ်ခင်ကြတဲ့ ဘောလုံး ဝါသနာရှင် ညီအစ်ကို သူငယ်ချင်း ရောင်းရင်းတွေရဲ့ ပိုက်ဆံလေးတွေထဲကနေ လုပ်တဲ့ ပထမဆုံး စတုဒီသာ အလှူပေါ့ ဗျာ နော့ 🎉🇲🇲🎊

🛎🎊 အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့ 🎊🛎
🏞😋 ချောင်းစီးအောင် မောင်းတီးပြီး လှူမယ့် 📣📣
❤⚽🇲🇲 မောအောင်ကန် မိသားစုရဲ့ စတုဒီသာ မုန့်ဟင်းခါး အလှူကို ဒါနလေး မြောက်အောင် ချီးမြှင့်ပေးဖို့ ၄.၁.၂၀၁၉ နေ့လေးမှာ မောအောင်ကန်ကွင်းလေးကို အရောက် ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ ခင်ဗျာ 👏👏👏

📣 ၄.၁.၂၀၁၉ 🕒 နေ့လည် ၃ နာရီ နှင့် ၄ နာရီ 🕓 ကြားတွင် စတုဒီသာ အလှူ အစီအစဉ် စတင်မည် ဖြစ်ပါသည်။ 📣

🇲🇲 မောအောင်ကန်ရဲ့ ညီအစ်ကိုရောင်းရင်း အပေါင်းအသင်းတို့ရေ 👬🎉🎊 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအာ...
27/12/2018

🇲🇲 မောအောင်ကန်ရဲ့ ညီအစ်ကိုရောင်းရင်း အပေါင်းအသင်းတို့ရေ 👬

🎉🎊 (၇၁) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောက်ပါ ပရိုမိုးရှင်း အစီအစဉ်လေးကို မောအောင်ကန် မိသားစုမှ ပျော်ရွှင်ဝမ်းမြောက်စွာ တင်ဆက်လိုက်ပါတယ် 🇲🇲👫

🛎 (၄.၁.၂၀၁၉) မှာ 🇲🇲

⚽🏃🥅မောအောင်ကန်ကွင်းလေးကို လာရောက်အားပေးကြမယ့် ညီအစ်ကိုတွေကို ⚽❤

🎊🎉 အများပြည်သူ ရုံးပိတ်ရက်မှာ ယူနေကျ ပုံမှန် ကွင်းကြေး (၁၂၀၀၀) ကျပ် မယူဘဲ 🙅‍♂️🙅‍♂️🙅‍♂️😉

🎁🎈 (၅၀) ရာခိုင်နှုန်းတိတိ ပရိုမိုးရှင်း ပေးတဲ့အနေနဲ့ 🎈🎁

💸💸💸 ကွင်းကြေး မြန်မာငွေ (၆၀၀၀) ကျပ်တိတိ 💸💸💸သာ ယူပါမယ် ဆိုတဲ့အကြောင်းကို ဒီ မောအောင်ကန် ပေ့ခ်ျလေးကနေ အားလုံး သိအောင် ကြေငြာ မောင်းခတ် အကြောင်းဆက်လိုက်ပါရစေလားဗျာ 📣📣📣😍😍😍

🎉🎈🎊 မကြာခင် ရောက်ရှိတော့မယ့် 🇲🇲 (၇၁) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့လေး 🇲🇲 မှာ ဘော်ဒါတွေ စုံပြီး ပျော်ပျော်ပါးပါး အားကစားလုပ်ရအောင်👬 ❤⚽ အချင်းချင်း မနှေးအမြန် လက်တို့လို့ လူစုပြီး မောအောင်ကန်ကွင်းလေးဆီကို ချီတက်ခဲ့ကြပါ လို့ ⚽🏃⚽🏃

🔜📣 နောက်ထပ် အစီအစဉ်လေး ❤🎈တစ်ခုလည်း ရှိပါသေးတယ် ခင်ဗျာ
🔜 ဆွေးနွေး တိုင်ပင်နေဆဲ ဖြစ်တာကြောင့် အခု ခဏ မီးလေး မှိတ်ခွင့် ပြုပါလို့ 💡🔌

🎤 ဟုတ်ကဲ့ 🤵 ကျွန်တော်တို့ ပြန်လာခဲ့ပါ့မယ် ခင်ဗျာ 😍😁

♦️ အကုန်နီးပါး ပြည့်စုံတယ်မဟုတ်ရင်တောင် လိုအပ်ချက်သိပ်မရှိအောင် ကြိုးစားလေ့ကျင့်သင်ယူပြီးတဲ့နောက် ဖူဆယ်ရဲ့ သွေးကြောဖြစ်တ...
14/10/2018

♦️ အကုန်နီးပါး ပြည့်စုံတယ်မဟုတ်ရင်တောင် လိုအပ်ချက်သိပ်မရှိအောင် ကြိုးစားလေ့ကျင့်သင်ယူပြီးတဲ့နောက် ဖူဆယ်ရဲ့ သွေးကြောဖြစ်တဲ့ အချက် ငါးချက်အတိုင်း ကန်ပါ့မယ် 😎❤️⚽️

🙂 အဲဒါတွေကတော့ ❤️
✅ (1) Touch
✅ (2)Decision Making
✅ (3)Dribbling
✅ (4)Short passing
✅ (5)Creativity and Shooting

🌟👉 တစ်ယောက်ချင်း နိုင်ချင်ရင် နည်းလမ်းတစ်ခုရှိပါတယ် 🍀 နည်းလမ်းကတော့ လွယ်ပါတယ် 😊 ♦️ လုပ်ရတာကခက်တယ် ♦️

❤️ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဘောလုံးကစားခြင်းဥာဏ်ရည်က အဓိကကျတယ် ♦️

🔴 အဲဒီနည်းကတော့ ပြိုင်ဘက်ရဲ့ အားသာချက်နဲ့ အားနည်းချက်ကို ရအောင်ရှာတာပဲ ♦️
🔴 အရမ်းကောင်းတဲ့ကစားသမားတိုင်းမှာ အားနည်းချက်တစ်ခုတော့ရှိစမြဲပါ ♦️
🔴သူ့ရဲ့ အားသာချက်ကို တားဆီးရမှာဖြစ်ပြီး သူ့ရဲ့ အားနည်းချက်ကို အသုံးချရမှာဖြစ်ပါတယ်♦️

🔺အလိမ်အခေါက်ကောင်းတဲ့သူကို ဝင်မလုဘဲ အလိုက်သင့် နောက်ဆုတ်ပေးတာမျိုး 🔺
♦️ဘောလုံးဆွဲတာ မသေသပ်သူကို ဘောလုံးပေးဆွဲတာမျိုး ♦️
🔴 Slide ကောင်းတဲ့ ဂိုးသမားကို Lob လုပ်တာမျိုး 🔴
❗️ပွဲကစားနေစဉ်အတွင်းမှာပဲ ချက်ချင်းလေ့လာပြီး ချက်ချင်းအသုံးချနိုင်ရင် ဘယ်သူ့ကိုမှ ထိန်းမရနိုင်စရာမရှိပါဘူး 😉😉😉
⚠️ Skill အရမ်းကွာတဲ့ ကစားသမားတွေဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ ⚠️

❤️🥅⚽️🏃‍♂️ အားလုံးပဲ
👉 ပြိုင်ဘက်ရဲ့ 👈
🤲 အားသာချက်ကိုတားဆီပါ ❗️
✊ အားနည်းချက်ကို အသုံးချပါ 👈

❤️ Credit and Special Thanks to
Soccer Guides
https://www.facebook.com/soccerguidesMM/posts/2136270273256463?__tn__=K-R

👉4 👈😊 Physique ပိုင်းကို ထပ်ပြီး ကျွန်တော် ပိုင်နိုင်အောင်လုပ်မယ် ⚽️📌 ABC လို့ခေါ်တဲ့ Agility , Balance and Coordination ...
13/10/2018

👉4 👈

😊 Physique ပိုင်းကို ထပ်ပြီး ကျွန်တော် ပိုင်နိုင်အောင်လုပ်မယ် ⚽️

📌 ABC လို့ခေါ်တဲ့ Agility , Balance and Coordination ပိုင်းရယ် ⚽️
📌 နောက်ပြီးတော့ Power and Strength , Speed နဲ့ Stamina ပိုင်းကို အဓိက ထားမယ် ⚽️

🥅⚽️🏃‍♂️ ဖူဆယ်မှာက လျင်မြန်သွက်လက်မှုက အဓိကပါပဲ ✅
⚠️ Off the ball အနေအထားမှာလည်း Movement လုပ်တာက အစ လျင်မြန်သွက်လက်မှုရှိရတယ် ⚽️
📌 ရုတ်တရက် ပြေးထွက်သွားတာမျိုး ဘောလုံးလိုက်လုတာမျိုးဆို Agility အရမ်းလိုပါတယ် ♦️
🔴✊🔴 နောက်ပြီး ကွင်းထဲမှာ ကျွန်တော့်ကိုကျွန်တော် ပြာယာမခတ်နေအောင်နေမယ် 🙂 တည်တည်ငြိမ်ငြိမ်နဲ့ ပြိုင်ဘက်က ကျွန်တော့်အားနည်းချက်ကို ရှာမရအောင် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာကစားမယ် 🍀 အဲဒီလိုမှ ကျွန်တော့်အသင်းသားတွေက ကျွန်တော့်ကို ယုံကြည်မှုရှိပြီး တစ်သင်းလုံး ညီညီညွတ်ညွတ်ကစားနိုင်မှာပါ ✊✊✊🤝🤝🤝❤️ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အစပ်မိမိ ကစားနိုင်မှာလေ 😎😎😎

🛑 Power and Strength ကတော့ အရေးကြီးပါတယ် ⚽️
🛑 ကစားနိုင်စွမ်းရှိပါတဲ့ Stamina ကောင်းပါတယ်ဆိုတဲ့သူတွေတောင် ဖူဆယ်မှာ တကယ်တမ်း Non-stop play 🏃‍♂️🏃‍♂️🏃‍♂️🏃‍♂️🏃‍♂️ ရင် ဆယ်မိနစ်လောက်ဆို မောဟိုက်လာပါတယ် 😥😥😥

❗️တချို့ ကြံ့ခိုင်မှုအားနည်းရင် ခြေထောက်တွေ လေးလံလာမယ်ချွေးထွက်များမယ်
❗️ လူလည်း နုံးလာမယ်
❗️ဒါကြောင့် အပျော်တမ်းမဟုတ်ပဲ ပြိုင်ပွဲရှိတဲ့ရက်တွေဆို ညကတည်းက အိပ်ရေးဝအောင်အိပ်သင့်ပါတယ် 🔺အိပ်ရေးပျက်များတာနဲ့ အလုပ်ပင်ပန်းတာက Power , Strength and Stamina ကို ထိခိုက်စေပါတယ် 🔴

❤️ Credit and Special Thanks to
Soccer Guides
https://www.facebook.com/soccerguidesMM/posts/2136270273256463?__tn__=K-R

👉 3 👈⚽️♦️ Game Intelligence ♦️⚽️ မှာဆိုရင် -🌟 အဓိက နှစ်မျိုးဖြစ်တဲ့ 📌 Spatial Awareness 📌 Risk assessment ကို သိအောင်လုပ...
10/10/2018

👉 3 👈

⚽️♦️ Game Intelligence ♦️⚽️ မှာဆိုရင် -

🌟 အဓိက နှစ်မျိုးဖြစ်တဲ့
📌 Spatial Awareness
📌 Risk assessment ကို သိအောင်လုပ်မယ် 😊

👉 Spatial Awareness 👈 ဆိုတာ
📌 နေရာလွတ်တွေကို ကိုယ်ဘာသာနားလည်သဘောပေါက်ဖို့ပဲ ⚽️
☝️1-2-1 Diamond ဖြစ်နေချိန်မှာ 2 နေရာက နှစ်ယောက်က စည်းပေါ်ကနေ ဘောလုံးတောင်းတာမျိုး ⚽️
☝️အရှေ့က တစ်ယောက်က ဘော်ဒီခုပီး ဘောလုံးလက်ခံဖို့ အသင့်ဖြစ်နေတာမျိုး ⚽️
☝️ဘောလုံးပေးပီးတာနဲ့ ပြန်လက်ခံဖို့ Free space တွေရှာတာမျိုး ⚽️
☝️ကိုယ့်ကစားဖော်ကြောင့်ရတဲ့ နေရာလွတ်တွေကို အသုံးချတတ်အောင် သင်ယူရမယ် ⚽️

👉 Risk Assessment 👈 ဆိုတာကတော့
☝️ တစ်စုံတစ်ခုပြုလုပ်ဖို့အတွက် ပိုင်နိုင်တဲ့ဆုံးဖြတ်ချက်ချပီး စွန့်စားမှု လုပ်လိုက်တာမျိုးပါပဲ ⚽️
♦️ ဥပမာ♦️
📌 ဂိုးပေးရတော့မယ့်အနေအထားမှာ Slide လုပ်လိုက်တာမျိုး
📌 ဂိုးရဖို့အတွက် နှစ်ယောက်လုံးကို ဖြတ်ကျော်ရမယ့်အနေအထားမှာ ကိုယ့်ဘက်က နိုင်မယ်ကျိန်းသေလို့ စွန့်စားမှုလုပ်လိုက်တာမျိုး
🤔✊ အာ့လိုလုပ်တဲ့အခါ ကိုယ် ဒဏ်ရာရသွားနိုင်တယ်သိတာတောင် ရင်းလိုက်တာမျိုးပေါ့ 🙄 တစ်ကိုယ်တော်ထိုးဖောက်တာမျိုး 🔺🔴🔺
❗️❗️❗️ဒါပေမယ့် ဖူဆယ်မှာ Risk အရမ်းယူလို့ မကောင်းပါဘူး ⚽️

❤️ Credit and Special Thanks to
Soccer Guides
https://www.facebook.com/soccerguidesMM/posts/2136270273256463?__tn__=K-R

👉 2 👈🌟 Mindset ♦️ မှာဆိုရင်တော့ နည်းနည်းများတယ် ⚽️⚽️♦️ဖူဆယ်ကစားနည်းဟာ တကယ်တမ်းအရမ်း Perfect ဖြစ်တဲ့အသင်းအတွက် ဂိုးတစ်ဂို...
08/10/2018

👉 2 👈
🌟 Mindset ♦️ မှာဆိုရင်တော့ နည်းနည်းများတယ် ⚽️

⚽️♦️ဖူဆယ်ကစားနည်းဟာ တကယ်တမ်းအရမ်း Perfect ဖြစ်တဲ့အသင်းအတွက် ဂိုးတစ်ဂိုးဟာ တစ်မိနစ်မကြာပါဘူး ♦️⚽️
✊ ဒီတော့ လေးငါးဂိုးပြတ် ရှုံးနေလို့လည်း စိတ်ဓာတ်ကျစရာမလိုဘူး 💪
🤔 ဒီတော့ ကျွန်တော် ဘာတွေကြိုတင်လုပ်ထားမလဲ?

🌟❤️ Passion & Drive ❤️🌟
******************************
💥 စိတ်ဆန္ဒပြင်းပြင်းကစားမယ် 💥
📌 ဘာလို့လဲဆိုတော့ စိတ်ပါမှ အဆင်ပြေတာဗျ၊
အရမ်းနိုင်ချင်တယ် အနိုင်ပဲလိုချင်တယ်၊ နိုင်အောင်လည်း ကျွန်တော်အသင်းသားတွေကို ကျွန်တော်ကိုယ်တိုင် မောင်းနှင်မယ် ⚽️
📌 တစ်ခုပဲသတိထားရမယ်၊ နိုင်လိုစိတ်အရမ်းများရင် အမှားပါတတ်တယ် ⚽️

🌟❤️ Mental toughness ❤️🌟
********************************
💥 စိတ်ဓာတ်ခိုင်မာရအောင်နေမယ် 💥
📌 ခုနပြောသလို ကျွန်တော်တို့ရှုံးနေတဲ့အခါ စိတ်ပျက်ကြမယ်၊ အဲဒီစိတ်ကပဲ ခြေစွမ်းကို ပိုထိခိုက်စေတယ် ⚽️
📌 ဒီတော့ ကျွန်တော်ကိုယ်တိုင် စိတ်ဓာတ်မာကျောခိုင်မာအောင်နေမယ်၊ ကျွန်တော့်ကြောင့် ကျွန်တော့်အသင်းသားတွေ စိတ်ဓာတ်မကျစေရဘူး ⚽️

🌟❤️ Leadership ❤️🌟
*************************
💥 လူတိုင်းဟာ ခေါင်းဆောင်တတ်ဖို့လိုတယ် 💥
💥 ခေါင်းဆောင်စိတ်ဓာတ်ရှိဖို့လည်းလိုတယ် 💥
📌 ကျွန်တော့်အသင်းရှုံးနေခဲ့ရင် စိတ်ဓာတ်မြင့်တက်လာအောင် မြှင့်တင်ပေးရမှာ ကျွန်တော့်အလုပ်ပဲ ❤️💪❤️
📌 သူတို့ တက်ကြွနေမှ ကျွန်တော့်အသင်းအနိုင်ရမှာ၊ ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ပွဲရအောင်လုပ်မယ် ⚽️
❤️ ဒါက ဆရာလုပ်တာမဟုတ်ဘူး ☝️ခေါင်းဆောင်စိတ်ဓာတ်မွေးခိုင်းတာ 💐😍

🌟❤️ Coachability ❤️🌟
***************************
👉 ခေါင်းဆောင်စိတ်မွေးရုံနဲ့တော့ မဖြစ်သေးဘူး 👈
♦️ ကျွန်တော့်မှာ ကစားကွက်ကအစ အားနည်းချက် အားသာချက်ကို မြင်နိုင်ပြီး ညွှန်ကြားနိုင်တဲ့ အရည်အသွေးလည်းရှိဖို့လိုအပ်တယ်လို့ထင်တယ် 🤔♦️
🙂 ကျွန်တော်နဲ့ကစားရင် ကျွန်တော်အကြံပေးတာကို ခင်ဗျားနားမထောင်ချင်လည်းကြားနေရမှာပဲ ⚽️
🤝 ဒီနေရာလေးကတော့ ဒီလိုကန်ရင် ပိုအဆင်ပြေတယ် ⚽️ ဒီလိုလေးကစားရင် ပိုကောင်းမယ် 🤝 သူ့ရဲ့ အားနည်းချက်ကို ကျွန်တော်ပြောပြမယ် ♦️ သူ့အားသာချက်ကို သုံးတတ်အောင် ပြောပြပေးမယ် ❤️🤝❤️

🌟❤️ Responsibility ❤️🌟
****************************
💪 ကျွန်တော့်ရဲ့ အသုံးမကျခြင်းတွေကို ကျွန်တော်တာဝန်ယူမယ် ✊
💪 ကျွန်တော့်ကြောင့် ဂိုးပေးလိုက်ရရင် ကျွန်တော်ဂိုးပြန်ရအောင် လုပ်မယ် ✊
💪 ကျွန်တော့်ကြောင့် ဘောလုံးဆုံးရှုံးသွားရင် ပြန်ရအောင်လိုက်လုမယ် ✊
💪 ကျွန်တော့်ရဲ့အမှားကို ကျွန်တော် တာဝန်ယူမယ် ✊

❤️ Credit and Special Thanks to
Soccer Guides
https://www.facebook.com/soccerguidesMM/posts/2136270273256463?__tn__=K-R

🥅⚽️🏃‍♂️🥅⚽️🏃‍♂️🥅⚽️🏃‍♂️ ဘောလုံးဝါသနာရှင် အားကစားသမားများအားလုံးကို မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းမှ ကြိုဆိုပါတယ်...
07/10/2018

🥅⚽️🏃‍♂️🥅⚽️🏃‍♂️🥅⚽️🏃‍♂️ ဘောလုံးဝါသနာရှင် အားကစားသမားများအားလုံးကို မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းမှ ကြိုဆိုပါတယ် ⚽️❤️

🌟 မောအောင်ကန်ကွင်းလေးရဲ့ လိပ်စာက 🌟
🏠 4/15 ဗိုလ်ဗထူးလမ်း၊ နွယ်ခွေ၊ ယမ်ယမ် စက်ရုံဘေး၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ် ⚽️❤️
☎️ ဆက်သွယ်ရန် ဖုန်း 09 4040 36 336, 09 4040 36 363 ⚽️❤️

🙂 ကွင်းကြေးက တစ်နာရီကို ကြားရက် တစ်သောင်း ၊ စနေ တနင်္ဂနွေနဲ့ ပိတ်ရက်ကို တစ်သောင်းနှစ်ထောင်ပါ ⚽️❤️

♦️⚽️ ကွင်းဖွင့်ချိန်က မနက် 🕖 ၇ နာရီ မှ ည 🕘 ၉ နာရီထိ ဖြစ်ပါတယ် ⚽️♦️
📣 အရောက် လှမ်းလာကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ 📣

Address

4/15, Bo Bahtoo Street
Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959404036336

Website

Alerts

Be the first to know and let us send you an email when မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း Maww Aung Kan Futsal Court posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မောအောင်ကန် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်း Maww Aung Kan Futsal Court:

Shortcuts

Share