တီထွင်မှုများနှင့် စိတ်ဝင်စားဖွယ် videoများ

  • Home
  • Myanmar
  • Yangon
  • တီထွင်မှုများနှင့် စိတ်ဝင်စားဖွယ် videoများ

တီထွင်မှုများနှင့် စိတ်ဝင်စားဖွယ် videoများ အဟောင်းမှအသစ်သို့

20/12/2025
16/12/2025
ရန်ကုန်မှာ ဘယ်မှာဝယ်လို့ရနိင်ပါလဲခင်ဗျာ
16/12/2025

ရန်ကုန်မှာ ဘယ်မှာဝယ်လို့ရနိင်ပါလဲခင်ဗျာ

အလုပ်မရှိ တော့ လုပ်ချင်ရာလုပ်
01/12/2025

အလုပ်မရှိ တော့ လုပ်ချင်ရာလုပ်

တကယ်ပျက်လား မပျက်လားတော့ သေချာမသိဘူး Service ကတော့ ရှယ်ပေးလိုက်ရတယ်။ စက်ကတော့ အဆင်မပြေသေးဘူးရယ်။ injector တွေထပ်စစ်ရအုန်...
28/11/2025

တကယ်ပျက်လား မပျက်လားတော့ သေချာမသိဘူး
Service ကတော့ ရှယ်ပေးလိုက်ရတယ်။ စက်ကတော့ အဆင်မပြေသေးဘူးရယ်။ injector တွေထပ်စစ်ရအုန်းမယ်။
Khan Sower Solutions

မဂ်လာပါခင်ဗျာ ......ကျွန်တော်တို့ဆီမှာ Crosby ပစွည်းများအနည်းငယ်ရှိပါတယ်ခင်ဗျာ။ပစွည်းများသည် အသုံးပြုထားခြင်းမရှိပါသော အ...
28/11/2025

မဂ်လာပါခင်ဗျာ ......
ကျွန်တော်တို့ဆီမှာ Crosby ပစွည်းများအနည်းငယ်ရှိပါတယ်ခင်ဗျာ။
ပစွည်းများသည် အသုံးပြုထားခြင်းမရှိပါသော အသစ်စက်စက် ပါကင်များဖြစ်ပါသည်။ USA မှပြုလုပ်ထားသောကြောင့် အရေအသွေးကို စိတ်ပူစရာမလိုပါ။
လိုအပ်သူများ လိုချင်သူများ ကျွန်တော်ထံသို့ဆက်သွယ်စုံစမ်းနိင်ပါတယ်။ Viber မှ လည်း ဆက်သွယ် စုံစမ်းနိင်ပါတယ်။
09972320008
09970009652
လာရောက်ကြည့်လို့လည်းရပါတယ်။
လိပ်စာ === မဂ်လာဒုံမြို့နယ် ကျိုက်ကလော့ဘုရားအနီး

အချိန်နှောင်းခဲ့လေပီ
11/10/2025

အချိန်နှောင်းခဲ့လေပီ

**အင်္ဂျင်တွေအကြောင်းတကယ်နားလည်ချင်လား? သေချာဖတ်ကြည့်ပါ**-လေ့လာစ ညီကိုများအတွက်ပါ4Stroke အင်္ဂျင်အကြောင်းအင်္ဂျင်တွေမှာ ...
09/10/2025

**အင်္ဂျင်တွေအကြောင်း
တကယ်နားလည်ချင်လား? သေချာဖတ်ကြည့်ပါ**

-လေ့လာစ ညီကိုများအတွက်ပါ

4Stroke အင်္ဂျင်အကြောင်း

အင်္ဂျင်တွေမှာ 2Stroke နဲ့ 4strokeဆိုပြီးလာပါတယ်
ခုပြောမှာကတော့ 4စတုတ် အကြောင်းပါ။

4strokeတုတ်ဆိုတာနဲ့ အင်္ဂျင်ရဲ့ အခြေခံသဘောတရားက မြက်ရမ်းစက်ကအစ ကားအင်္ဂျင်အဆုံး အကုန်အတူတူပါပဲ

4strokeလို့ခေါ်ရခြင်းက အိပ်ဇောက မီးတစ်ချက်ပေါက်ဖို့ အချက်၄ချက်အလုပ်လုပ်ရလို့ပါ

1.Intake stroke
2.Compression stroke
3.Power stroke
4.Exhaust stroke

အရင်ဆုံး Stroke 4ချက်အကြောင်းမပြောခင်တိုင်ပင်အကြောင်းလေးပြောချင်ပါတယ်

တိုင်ပင်ဆိုတာ အလွယ်ဆုံးပြောရရင် ပစ္စတင်အတက် အဆင်းနဲ့ ဘားအဖွင့်အပိတ်ကို သေချာချိန်ထားတဲ့အရာပေါ့ ဒါကြောင့်စက်တစ်ခုမှာ တိုင်ပင်က အလွန်အရေးကြီးပါတယ် တိုင်ပင်မှားရင် ဘားအဖွင့်အပိတ်နဲ့ ပစ္စတင်အတက်အဆင်းက မမှန်တော့ပါဘူး ဘားနဲ့ ပစ္စတင်ရိုက်ပြီးဘားကောက်တာမျိုးတွေဖြစ်တတ်ပါတယ်

စတုတ်တစ်ခုခြင်းရဲ့အလုပ်လုပ်ပုံများ

1.Intake stroke

Intake stroke ဆိုတာက လေကိုဆွဲတဲ့ပထမဆုံး strokeပါ
ပစ္စတင်ထိပ်နေရာကနေ အောက်ဆုံးထိလေကိုဆွဲမှာပါ
လေကိုဆွဲတဲ့အခါ လေစစ်ဖော့ကနေတစ်ဆင့် ကာပရိုက်တာကိုဝင်ပါတယ်
လေစစ်ဖော့ကဝင်လာတဲ့လေကို သန့်စင်ပေးပါတယ် ဖုန်တွေကိုလေစစ်ကစုပ်ထားပေးပါတယ် ပြီးမှ ကာပရိုက်တာကိုရောက်ပါတယ် ကာပရိုက်တာကိုလေရောက်တဲ့အခါ ကာပရိုက်တာက လေနဲ့ဆီကိုမျှတအောင်ရောနှောပေးရပါတယ်
ဒီအဆင့်မှာက ပစ္စတင်ထိပ်တည့်၂ကနေစပြီးဆင်းမှာပါ ပစ္စတင်အောက်ကိုစပြီးဆင်းပြီဆိုတာနဲ့ အင်းလက်ဘားက ပွင့်လာပြီးရောနှောပြီးသားလေနဲ့ဆီကို စလစ်ထဲ ဆွဲသွင်းပါတယ် အိပ်ဇောဘားကတော့ပိတ်နေတဲ့အနေထားပါ

2.Compression stroke

Compression strokeက ပစ္စတင်အောက်ဆုံးကနေ အပေါ်ဆုံးထိပြန်တက်လာတဲ့အဆင့်ပါ ဒီအဆင့်မှာက အိပ်ဇောရော အင်းလက်ရော ၂ဘားစလုံးကိုပိတ်ထားပြီး ခုနအင်းလက်ကဆွဲထားတဲ့ရေနှောပြီးသားလေနဲ့ဆီကို ပစ္စတင်ကိုထိပ်ဆုံးထိပြန်တွန်းပြီး ဖိအားပေးထားလိုက်တာပါ ပစ္စတင်ကထိပ်တည့်၂ရောက်ပြီးလေဖိအားပေးထားတဲ့အချိန်မှာ ဘားတွေ ပစ္စတင်ဝရိမ်းတွေ လေလုံဖို့လိုပါတယ် မလုံရင် compressionမဖြစ်တော့ပါဘူး
လေကျစ်အားဖြစ်တဲ့အဆင့်ပေါ့
အင်္ဂျင် လေကျစ်အားရှိမရှိစမ်းတဲ့နေရာပေါ့
ပလပ်ချွတ်ပြီးလက်နဲ့ပိတ်ထားရင် အဲဒီအဆင့်မှာလက်ကိုတိုးတာပါ

3.Power stroke

Power strokeဆိုတာ ရုန်းအားရဲ့အသက်ပေါ့ ခုန Compression strokeတုန်းက ပစ္စတင်ထိပ်တည့်၂မှာ လေကိုပူနေအောင်ဖိအားအများကြီးပေးထားတာပါ အဲဒီအချိန်မှာ ပလပ်ကမီးထွက်ပေါက်ကွဲပြီး powerကိုဖြစ်စေတာပါ မီးပေါက်လိုက်တဲ့အချိန်ထိ ဘား၂လုံးစလုံးကပိတ်ထားရမယ့်အနေထားပဲရှိပါသေးတယ် ပေါက်ကွဲတဲ့အရှိန်နဲ့ပစ္စတင်ကအောက်ဆုံးထိရောက်သွားမှာပါ

4.Exhaust stroke

Exhaust strokeကတော့နောက်ဆုံးအဆင့်ပါ
လောင်ကျွမ်းပြီးသား လေတွေကို ပစ္စတင်အောက်ဆုံးကနေပြီး ထိပ်ဆုံးရောက်အောင်တွန်းထုတ်လိုက်တာပါ ဒါကြောင့်အဲဒီအဆင့်မှာပစ္စတင်စပြီးအပေါ်ကိုတက်လာတာနဲ့ အိပ်ဇောဘားကစပြီးပွင့်ပါတယ် အဲဒီအချိန်မှာလေတွေက အိပ်ဇောဘားကတစ်ဆင့်အိပ်ဇောကိုထွက်သွားတာပါ ပစ္စတင်ထိပ်တည့်၂ရောက်တဲ့အခါ
အိပ်ဇောဘားကိုပြန်ပိတ်လိုက်ပြီး အင်းလက်ဘားကိုပြန်ဖွင့်ပါတယ်
ဒီလိုနဲ့ ပစ္စတင်ပြန်ဆင်းပြီး တစ်ပတ်ပြန်လည်ပါတယ်

ဒီမှာတစ်ခါတည်းပြောချင်တာက ဘားချိန်တဲ့နေရာ ပစ္စတင်ထိပ်တည့်တည့်ရောက်တိုင်းချိန်မရပါဘူး စတုတ်၄ခုအတွင်းထိပ်ကို၂ခါရောက်ပါတယ်
လေကျစ်အားဖြစ်နေတဲ့ ထိပ်မှာချိန်မှရပါမယ် စပြီးဆွဲတဲ့ ထိပ်မှာချိန်လို့မရပါဘူး

တိုင်ပင်ချိန်တဲ့အခါလည်း ပစ္စတင်ထိပ်တည့်တည့်မှာတော့ထားရမယ် ဟတ်မှာသာပဲ ဘား၂လုံးစုံပိတ်နေတဲ့နေရာမှာထား ပီနီယံအမှတ်ကိုရှေ့တည့်၂ထားပေါ့

ပီနီယံအမှတ်ကိုနောက်တည့်၂မှာထားမယ်ဆို ဘား၂လုံးစုံထောက်နေတဲ့နေရာမှာထားပေါ့

နားလည်တဲ့အထိထပ်ခါထပ်ခါဖတ်ပါ တိုင်ပင်ချိန်တာနဲ့အင်္ဂျင်အကြောင်းကောင်းကောင်းသိလာပါလေ့မယ်ဗျ

Online class GP အကြောင်း Comment ကLink မှာ ဖတ်ကြည့်ပေးပါဗျ။

မူးရင်း ** Khant Hmhwe Swe ** ပြန်တင်ခွင့်ပြုပါ

ဗဟုသုတအနေနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Address

Minglardon
Yangon

Telephone

+959448034806

Website

Alerts

Be the first to know and let us send you an email when တီထွင်မှုများနှင့် စိတ်ဝင်စားဖွယ် videoများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တီထွင်မှုများနှင့် စိတ်ဝင်စားဖွယ် videoများ:

Shortcuts

Share

Category