24/04/2026
📅 ၂၄.၄.၂၀၂၆ (သောကြာနေ့)
Future Stars Football Training နှင့် A & T Football Training Center တို့ ပူးပေါင်းကျင်းပသော (တတိယအကြိမ်မြောက်) နွေရာသီအခမဲ့ ဘောလုံးသင်တန်းကြီးကို ယနေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါသည်။ 🥳🏆
သင်တန်းကာလတစ်လျှောက်လုံး မိမိတို့ဝါသနာပါရာ ဘောလုံးပညာရပ်များကို ဇွဲ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားအားထုတ်ခဲ့ကြသည့် ညီငယ်လေးများအားလုံး ယနေ့သင်တန်းပိတ်ပွဲရက်အထိ ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ⚽✨
🥪 အာဟာရဒါန စုပေါင်းအလှူ
ယနေ့ သင်တန်းနောက်ဆုံးရက် အထိမ်းအမှတ်အနေဖြင့် သင်တန်းသားမောင်လေးများ အားလုံး စုပေါင်း၍ စေတနာအပြည့်ဖြင့် "ဆန်းဝှစ် (Sandwich) နှင့် ကော်ဖီ" တို့ကို အာဟာရဒါနအဖြစ် ဝေငှလှူဒါန်းခဲ့ကြပါသည်။
စုပေါင်းလှူဒါန်းကြသည့် သင်တန်းသားများအားလုံးနှင့် မိဘအုပ်ထိန်းသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ယခုကဲ့သို့ စုပေါင်းညီညွတ်စွာဖြင့် နောင်တွင်လည်း အကျိုးရှိသော လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
သင်တန်းစတင်ချိန်မှ အောင်မြင်စွာပြီးဆုံးသည်အထိ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသူများနှင့် မိဘအုပ်ထိန်းသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
📍 တည်နေရာ
မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း (၁) လမ်း၊ စက်ဆန်းရပ်ကွက်၊ New Day ဓာတ်ဆီဆိုင်ဘေးလမ်းကြား။
#နွေရာသီအခမဲ့ဘောလုံးသင်တန်း
&Tfootballtraining