02/06/2026
🥋 Olympic Day Movement 2026 တွင် Aikido Demonstration ပြသမည်! 📣
မြန်မာနိုင်ငံ အိုင်ကီဒို အဖွဲ့ချုပ်မှ Olympic Day Movement 2026 အခမ်းအနားတွင် အိုင်ကီဒို သရုပ်ပြအစီအစဉ်ဖြင့် ပါဝင်တင်ဆက်သွားမည် ဖြစ်ပါသည်။
Aikido (အိုင်ကီဒို) သည် ဂျပန်နိုင်ငံမှ ဆင်းသက်လာသော ခေတ်မီ ကိုယ်ခံပညာတစ်ရပ်ဖြစ်ပြီး ပြိုင်ဘက်ကို ထိခိုက်နာကျင်စေရန်ထက် တိုက်ခိုက်မှု၏ အင်အားနှင့် ဦးတည်ချက်ကို အသုံးချကာ ထိန်းချုပ်နိုင်ရန် အလေးပေး သင်ကြားပေးသော ပညာရပ်ဖြစ်ပါသည်။
Aikido လေ့ကျင့်ခြင်းဖြင့် —
✅ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှု တိုးတက်စေခြင်း
✅ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်း မြှင့်တင်ပေးခြင်း
✅ စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်နိုင်စွမ်း တိုးပွားစေခြင်း
✅ လေးစားမှု၊ စည်းကမ်းရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်များ ဖွံ့ဖြိုးစေခြင်း
✅ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရရှိစေခြင်း
တို့ကို ရရှိနိုင်ပါသည်။
Olympic Day Movement 2026 တွင် Aikido ၏ လှပသေသပ်သော နည်းစနစ်များ၊ ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းနှင့် ငြိမ်းချမ်းရေးကို အခြေခံသော ကိုယ်ခံပညာ၏ အနှစ်သာရကို အနီးကပ် ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
📅 Date: 20 June 2026
📍 Venue: ပဒေသာအားကစားကွင်း (၄ထပ်ဆောင်)
⏰ Time: 9 : 00 Am
အားလုံးကို Olympic Day Movement 2026 တွင် လာရောက်ကြည့်ရှု အားပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။