Shwe Fashion Store

Shwe Fashion Store Shwe Fashion provides Fitness Jogging Set, Sport Clothes, Gym Suit and Yoga Sets Jumpsuits in Myanmar.

Shwe Fashion is one of the biggest online fashion stores in Myanmar selling good quality Burmese Traditional Dress with reasonable price.

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးဖြစ်ဖို့ နည်းလမ်း (၁၀)ခု===================================ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်...
14/09/2017

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးဖြစ်ဖို့ နည်းလမ်း (၁၀)ခု
===================================
ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။

သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။

၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။
~~~~~~~~~~~~~~~~
ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာ
သူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာ
တာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီး ရရှိဖို့လိုဖြေမှာမဟုတ်ပါဘူး။

တကယ့်အကြောင်းရင်းအစစ်အမှန်က သူတို့အား
လုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကို
လက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာ
လာခဲ့ကြတာ ဖြစ်ပါတယ်။

၂။ သက်သာဖို့ မစဉ်းစားပါနဲ့။
~~~~~~~~~~~~~~~~~
ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့တွေးပြီး နားနေဖို့ အချိန်
်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်
်ပြည့်ဝပြီး ၀င်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်
လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်
သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။

၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ
ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင်
အောင်မြင်မှုကို အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

၎။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံ
တွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်
်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင်လဲပြိုကျသွားရင်တော့ ဘာမှအဖတ်
ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး
အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ
ဖြစ်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ။
~~~~~~~~~~~~~
စာဖတ်တာကို ဘယ်တော့မှမရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာလုပ်ငန်း
နယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက်
ရှေ့ရောက်နေဖို့ လိုပါတယ်။

၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ။
~~~~~~~~~~~~~~~~~~~~~
အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့
ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေး၀၀
အိပ်စက်ပါ။

၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ၀န်းရံထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ချင်းတူညီသူတွေနဲ့ ၀န်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှအောင်မြင်
်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ၀န်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်
တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို
ရှောင်ပါ။

၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို
ဂရုစိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~
စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။

ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်း
ကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ။
~~~~~~~~~~~~~~~~~~~~~~
လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်း
ရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်က
သင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့
အရေးကြီးပါတယ်။

၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ။
~~~~~~~~~~~~~~~~~~~~
လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘ၀မှာလိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှာ
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
__________________

Ref. ; Gentleman Magazine
ဒိုက်ဒိုက်-မြင်းခြံ

ရေကန်ထဲကဆား=============တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော...
19/08/2017

ရေကန်ထဲကဆား
=============

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်
. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ

ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”

လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.
. မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.” ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်

Credit original writer

Happy Friday To Everyone :-D
09/06/2017

Happy Friday To Everyone :-D

ချစ်တဲ့ Customer တွေအတွက် ဈေးနှုန်းသင့်တင့်ပြီး အရမ်းဝတ်လို့ကောင်းတဲ့ ချည်ပိုး opposite ၀မ်းဆက်လေးတွေပါရှင့်ချုပ်ရိုးချု...
25/05/2017

ချစ်တဲ့ Customer တွေအတွက် ဈေးနှုန်းသင့်တင့်ပြီး အရမ်းဝတ်လို့ကောင်းတဲ့ ချည်ပိုး opposite ၀မ်းဆက်လေးတွေပါရှင့်

ချုပ်ရိုးချုပ်သားနှင့် အရည်အသွေး အထူးစိတ်ချရပြီး ၀ယ်ယူလိုပါက

၁။ဆိုင်အမှတ်၂၁ B, သံလမ်း၊ (၇) ရပ်ကွက်၊ မြေညီိထပ်ရှိ 💃Princess💃 ဆိုင်တွင်လည်းကောင်း

၂။ယုဇနပလာဇာဒုတိယထပ် (စက်လှေကားအနီး) ရှိ 🎼 သံစဉ် 🎼 ဆိုင်တွင်လည်းကောင်း

လက်လီလက်ကား ၀ယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 😘😘

24/05/2017

"စကားတစ်ခွန်းကြောင့် ဘ၀ပြောင်းလဲလိုက်သူ''
***************************************************
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက်ပါတယ်။
ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ်ကို ပြေးတက် သွားပါတယ်။ နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။
နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။
“ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း သတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ်။
နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ၀တ်စားထားတဲ့ သူတစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။
“ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တစ်ယောက်ပါပဲ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲလို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတောထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လို စတင် ကျင့်သုံး ပြုမူခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘ၀ရဲ့ ပဲ့တင်သံတွေပါပဲ။
မိမိအတွေး ပုံရိပ်ထဲမှာ “ငါဟာ သူတောင်းစားပဲ”လို့ တွေးပါများရင် “ငါဟာ သူတောင်းစားပဲ” ဆိုတဲ့ အသံသာ အထပ်ထပ် ပြန်ကြားနေရမှာပါ။ “ငါဟာလုပ်ငန်းရှင်ပဲ” လို့ တွေးလိုက်တာနဲ့ “ငါဟာ လုပ်ငန်းရှင်ပဲ” ဆိုတဲ့အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။
နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင်ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြပါတယ်။ ဒါတွေကိုသင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ် ထွက်ပေါ်ကာ သူ့ဘ၀တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေးတယ်။ ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘ၀တွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ်ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေပါပဲ။
တခြားသူတွေရဲ့ဘ၀ကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်။
သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ်။
Credit ဖူးကျော်ဇင် (Future Wave)

What a Week! TGIF.....Happy Friday!!
19/05/2017

What a Week! TGIF.....Happy Friday!!

ရိုးရိုးလေးနဲ့လှတဲချည်ပေါင်းသားလေးတွေပါရှင့်၊ နွေရာသီနဲ့တော့ ကွက်တိပဲနော်♥၀ယ်ယူလိုပါက==>၁။ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဝိုင်း၊...
22/04/2017

ရိုးရိုးလေးနဲ့လှတဲချည်ပေါင်းသားလေးတွေပါရှင့်၊ နွေရာသီနဲ့တော့ ကွက်တိပဲနော်♥
ဝယ်ယူလိုပါက==>
၁။ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ 👏'' ငွေဆယ်လက် "👏 ဆိုင်တွင်လည်းကောင်း 👌
၂။ ဆိုင်အမှတ် ၁၂(က)၊ လှည်းတန်း (၅)လမ်းရှိ 🌸စံပယ်ဖြူ 🌸ဆိုင်တွင်လည်းကောင်း
၃။ဆိုင်အမှတိ ၂၁ B, သံလမ်း၊ (၇) ရပ်ကွက်၊ မြေညီိထပ်ရှိ 💃Princess💃 ဆိုင်တွင်လည်းကောင်း
၎။ယုဇနပလာဇာဒုတိယထပ် (စက်လှေကားအနီး) ရှိ 🎼 သံစဉ် 🎼 ဆိုင်တွင်လည်းကောင်း
လက်လီလက်ကား ၀ယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 😘😘

ချစ်တဲ့ Customer တွေအတွက် Shwe Fashion ရဲ့ အေးအေးလေးနဲ့အရမ်း ၀တ်လို့ကောင်းတဲ့ ချည်ပေါင်းသားဒီဇိုင်းအသစ်လေးတွေပါရှင့်၊ နေ...
13/03/2017

ချစ်တဲ့ Customer တွေအတွက် Shwe Fashion ရဲ့ အေးအေးလေးနဲ့အရမ်း ၀တ်လို့ကောင်းတဲ့ ချည်ပေါင်းသားဒီဇိုင်းအသစ်လေးတွေပါရှင့်၊ နွေဦးရာသီနဲ့တော့ ကွက်တိပဲနော်

၁။ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ 👏'' ငွေဆယ်လက် "👏 ဆိုင်တွင်လည်းကောင်း 👌
၂။ ဆိုင်အမှတ် ၁၂(က)၊ လှည်းတန်း (၅)လမ်းရှိ 🌸စံပယ်ဖြူ 🌸ဆိုင်တွင်လည်းကောင်း
၃။ဆိုင်အမှတိ ၂၁ B, သံလမ်း၊ (၇) ရပ်ကွက်၊ မြေညီိထပ်ရှိ 💃Princess💃 ဆိုင်တွင်လည်းကောင်း
၎။ယုဇနပလာဇာဒုတိယထပ် (စက်လှေကားအနီး) ရှိ 🎼 သံစဉ် 🎼 ဆိုင်တွင်လည်းကောင်း
လက်လီလက်ကား ၀ယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 😘😘

Shwe Fashion ကိုအမြဲအားပေးတဲ့ sis လေးတွေအတွက် ဒီတစ်ပတ်အသစ်ထွက်တဲ့ ချည်ပေါင်းသားဝမ်းဆက် လေးတွေပါနော်!အေးအေးလေးနဲ. အရမ်းဝတ...
06/02/2017

Shwe Fashion ကိုအမြဲအားပေးတဲ့ sis လေးတွေအတွက် ဒီတစ်ပတ်အသစ်ထွက်တဲ့ ချည်ပေါင်းသားဝမ်းဆက် လေးတွေပါနော်!
အေးအေးလေးနဲ. အရမ်းဝတ်လို့ကောင်းပါတယ်..
ကိုယ်အတိုင်း နဲ့ ဈေးနှုန်းကို ပုံတိုင်းမှာတင်ထားပေးပါတယ်!
လုံချည်က ကွင်းလုံချည်ကြိုးတပ်ပါ...
အရေအတွက် အကန့်အသက်ရှိလို့ ဆိုဒ်လေးတွေ မကုန်ခင် မြန်မြန်လေးသာ Order တင်ပေးနော် ...
မှာယူမယ်ဆို ..Chat Box ကဆက်သွယ်နိုင်သလို ဖုန်းနံပါတ် 09 785223929 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် :-)
ရန်ကုန်မြို.တွင်း မှာယူပါက(၃)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပြီး နယ်မှ မှာယူသူများ ငွေလွှဲပြီးမှသာ order confirm ဖြစ်ပါမည်။
နယ် Order များကို သက်ဆိုင်ရာ ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ် :-*
''Shwe Fashion'' တံဆိပ်အမည်ဖြင့် အသင့်ချုပ်ပြီးသား မြန်မာဝတ်စုံလေးများကို ---
၁။ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ 👏'' ငွေဆယ်လက် "👏 ဆိုင်တွင်လည်းကောင်း 👌
၂။ ဆိုင်အမှတ် ၁၂(က)၊ လှည်းတန်း (၅)လမ်းရှိ 🌸စံပယ်ဖြူ 🌸ဆိုင်တွင်လည်းကောင်း
လက်လီလက်ကား ၀ယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 😘😘

Happy Friday to you all!
27/01/2017

Happy Friday to you all!

Hello Beautiful
17/01/2017

Hello Beautiful

Dear All,We wish everyone have a great weekend!
14/01/2017

Dear All,

We wish everyone have a great weekend!

Address

Yangon

Alerts

Be the first to know and let us send you an email when Shwe Fashion Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category